HomeEntertainmentFilm၂၀၂၂ခုနှစ်မှာ Ant-Man 3 ကို ကြည့်ရဖို့ ရှိ၊မရှိနဲ့ Marvel phase 4 အကြောင်း သိသင့်သမျှ 

၂၀၂၂ခုနှစ်မှာ Ant-Man 3 ကို ကြည့်ရဖို့ ရှိ၊မရှိနဲ့ Marvel phase 4 အကြောင်း သိသင့်သမျှ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Marvel စတူဒီယိုဟာ Ant-Man 3 ရုပ်ရှင်အတွက် ထွက်ရှိမယ့်ရက်ကို တရားဝင် မကြေညာသေးပေမယ့်လည်း ထွက်ရှိလာတဲ့ သတင်းစကားများအရ ၂၀၂၂ခုနှစ်မှာ ရုံတင်ဖို့ လျာထားတယ်လို့ သိရှိရပါတယ်။

Marvel Cinematic Universe ရဲ့ phase 3 ဟာ ၂၀၁၉ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Spider-Man: Far From Home ဇာတ်ကား ထွက်ရှိအပြီးမှာ အဆုံးသတ်ခဲ့ပြီး မကြာခင်မှာပဲ phase 4 အတွက် ကြေညာချက်တွေ ထွက်လာခဲ့ပါတယ်။ phase 4 အတွက် ကြေညာချက်တွေအရ ရုပ်ရှင်ကားပေါင်းများစွာနဲ့ Disney+ မှာ ပြသမယ့် ဇာတ်လမ်းတွဲတွေကိုပါ သိခဲ့ရပါတယ်။ သို့ပေမယ့် ကိုဗစ်ကပ်ရောဂါ စတင်ဖြစ်ပွားလာတဲ့အချိန်မှာ phase 4 ရဲ့ calendar ဟာလည်း ပြောင်းလဲသွားခဲ့ပြီး ရုပ်ရှင်ကားအများစု ရက်တွေရွှေ့လိုက်ရတာကြောင့် Ant-Man 3 အတွက် ရုံတင်ရက်ကလည်း တရားဝင် ထွက်မလာသေးတာကို တွေ့ရပါတယ်။

Photo via IMDb

ပထမထွက်ရှိထားတဲ့ Ant-Man ဇာတ်ကားနှစ်ကားဟာ Marvel စတူဒီယိုအတွက် အလယ်အလတ် box-office ကို ရယူပေးနိုင်ခဲ့ပြီး တတိယမြောက်ဇာတ်ကားကတော့ တစ်စုံတစ်ရာ ကြေညာခြင်း မရှိသေးပေမယ့် စတင်ပြင်ဆင်မှုတွေ ပြုလုပ်နေပြီလို့တော့ သတင်းကြားနေရပါတယ်။ တတိယမြောက် ထွက်ရှိလာမယ့် Ant-Man ဇာတ်ကားအတွက်လည်း ရှေ့နှစ်ကားကို ရိုက်ကူးပေးခဲ့တဲ့ ဒါရိုက်တာ Peyton Reed ကပဲ ပြန်လည်ရိုက်ကူးပေးဦးမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းကိုတော့ Rick & Morty ကို ရေးသားပေးခဲ့တဲ့ Jeff Loveness က တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

လောလောဆယ်မှာ ဇာတ်လမ်း၊ ဇာတ်ညွှန်းပိုင်းတွေပဲ လုပ်နေတာ ဖြစ်နိုင်လို့ ရိုက်ကူးရေးကတော့ ၂၀၂၁ခုနှစ်လောက်မှာမှ စတင်နိုင်မယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒါကြောင့် ရုံတင်ရက်ကို ခန့်မှန်းကြည့်မယ့်ဆိုရင် ၂၀၂၂ခုနှစ်လောက်မှာ ဖြစ်မယ်လို့ သတင်းထွက်နေတာ ဖြစ်ပါတယ်။

Photo via IMDb

ဒါ့အပြင် Yahoo သတင်းဌာနက ဒါရိုက်တာ Peyton Reed နဲ့ တွေ့ဆုံမေးမြန်းထားရာမှာ Ant-Man 3 နဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေလည်း ပါဝင်ခဲ့ပြီး Ant-Man 3 ကို ၂၀၂၂ခုနှစ်မှာ ရုံတင်ဖို့ လျာထားပါတယ်လို့လည်း ဖော်ပြထားတာ တွေ့ရပါတယ်။ Marvel ကတော့ ဒီသတင်းကို အတည်မပြုသေးသလို ရုံတင်ရက်ကိုလည်း တရားဝင် မထုတ်ပြန်သေးပါဘူး။

လက်ရှိအချိန်အထိ Marvel ဟာ phase 4 အတွက် ရုပ်ရှင်လေးကားကို တရားဝင် ရုံတင်ရက် ကြေညာပြီးသား ဖြစ်ပါတယ်။ လေးကားစလုံးဟာ ၂၀၂၂ အစောပိုင်းမှာ ရုံတင်ဖို့ကို ကြေညာထားတာပါ။ ကိုဗစ်ကြောင့် ရက်ရွှေ့ထားတဲ့ ရုံတင်ရက်တွေကတော့ Thor: Love and Thunder ကို ဖေဖော်ဝါရီလ၊ Doctor Strange in the Multiverse of Madness ကို မတ်လ၊ Black Panther 2 ကို မေလ၊ Captain Marvel 2 ကိုလည်း ဇူလိုင်လ ဆိုပြီး အသီးသီး သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ဒါတင်မက အမည်မသိရသေးတဲ့ Marvel ရုပ်ရှင်တစ်ကားကို အောက်တိုဘာလမှာ ထွက်ရှိလာဖို့ Disney က လျာထားတယ်ဆိုပြီးလည်း သတင်းကြားနေရတာကြောင့် အဲ့ဒီ့ရုပ်ရှင်ကို Ant-Man လို့ ခန့်မှန်းနေကြတာလည်း ဖြစ်ပါတယ်။

Photo via IMDb

ခြွင်းချက်အနေနဲ့ Black Panther 2 ကတော့ သရုပ်ဆောင် Chadwick Boseman ရုတ်တရက် ကွယ်လွန်သွားတာကြောင့် အပြောင်းအလဲတွေ ဖြစ်လာဖို့ ရှိနေပါတယ်။

Black Widow ဆိုလိုရုပ်ရှင်ကတော့ ယခုနှစ် နိုဝင်ဘာလမှာ ရုံတင်ဖို့ စီစဉ်ထားပေမယ့် လတ်တလော ကိုဗစ်ရဲ့အခြေအနေအရ ရုံတင်ဖြစ်မှာလား၊ ရက်ရွှေ့သွားမှာလား၊ ဒါမှမဟုတ် Mulan လိုပဲ Disney+ မှာ ပြသသွားမှာလားဆိုတာ မရေရာသေးပါဘူး။ ကိုဗစ်ကြောင့် ရိုက်ကူးရေးတွေ ရပ်တန့်ထားရတဲ့ အနေအထားမှာ Eternals နဲ့ Shang-Chi and the Lengend of the Ten Rings တွေဟာလည်း ၂၀၂၁ခုနှစ် အစောပိုင်းမှာ ရုံတင်ပြသနိုင်ဦးမှာလားဆိုတာ သိရဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်လို့ တင်ပြရင်း … ။

Glasgow

Ref: screenrant

(Zawgyi Version)

Marvel စတူဒီယိုဟာ Ant-Man 3 ႐ုပ္ရွင္အတြက္ ထြက္ရွိမယ့္ရက္ကို တရားဝင္ မေၾကညာေသးေပမယ့္လည္း ထြက္ရွိလာတဲ့ သတင္းစကားမ်ားအရ ၂၀၂၂ခုႏွစ္မွာ ႐ုံတင္ဖို႔ လ်ာထားတယ္လို႔ သိရွိရပါတယ္။

Marvel Cinematic Universe ရဲ႕ phase 3 ဟာ ၂၀၁၉ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Spider-Man: Far From Home ဇာတ္ကား ထြက္ရွိအၿပီးမွာ အဆုံးသတ္ခဲ့ၿပီး မၾကာခင္မွာပဲ phase 4 အတြက္ ေၾကညာခ်က္ေတြ ထြက္လာခဲ့ပါတယ္။ phase 4 အတြက္ ေၾကညာခ်က္ေတြအရ ႐ုပ္ရွင္ကားေပါင္းမ်ားစြာနဲ႔ Disney+ မွာ ျပသမယ့္ ဇာတ္လမ္းတြဲေတြကိုပါ သိခဲ့ရပါတယ္။ သို႔ေပမယ့္ ကိုဗစ္ကပ္ေရာဂါ စတင္ျဖစ္ပြားလာတဲ့အခ်ိန္မွာ phase 4 ရဲ႕ calendar ဟာလည္း ေျပာင္းလဲသြားခဲ့ၿပီး ႐ုပ္ရွင္ကားအမ်ားစု ရက္ေတြေ႐ႊ႕လိုက္ရတာေၾကာင့္ Ant-Man 3 အတြက္ ႐ုံတင္ရက္ကလည္း တရားဝင္ ထြက္မလာေသးတာကို ေတြ႕ရပါတယ္။

Photo via IMDb

ပထမထြက္ရွိထားတဲ့ Ant-Man ဇာတ္ကားႏွစ္ကားဟာ Marvel စတူဒီယိုအတြက္ အလယ္အလတ္ box-office ကို ရယူေပးႏိုင္ခဲ့ၿပီး တတိယေျမာက္ဇာတ္ကားကေတာ့ တစ္စုံတစ္ရာ ေၾကညာျခင္း မရွိေသးေပမယ့္ စတင္ျပင္ဆင္မႈေတြ ျပဳလုပ္ေနၿပီလို႔ေတာ့ သတင္းၾကားေနရပါတယ္။ တတိယေျမာက္ ထြက္ရွိလာမယ့္ Ant-Man ဇာတ္ကားအတြက္လည္း ေရွ႕ႏွစ္ကားကို ႐ိုက္ကူးေပးခဲ့တဲ့ ဒါ႐ိုက္တာ Peyton Reed ကပဲ ျပန္လည္႐ိုက္ကူးေပးဦးမွာ ျဖစ္ပါတယ္။ ဇာတ္လမ္းကိုေတာ့ Rick & Morty ကို ေရးသားေပးခဲ့တဲ့ Jeff Loveness က တာဝန္ယူသြားမွာ ျဖစ္ပါတယ္။

ေလာေလာဆယ္မွာ ဇာတ္လမ္း၊ ဇာတ္ၫႊန္းပိုင္းေတြပဲ လုပ္ေနတာ ျဖစ္ႏိုင္လို႔ ႐ိုက္ကူးေရးကေတာ့ ၂၀၂၁ခုႏွစ္ေလာက္မွာမွ စတင္ႏိုင္မယ္လို႔ ခန႔္မွန္းထားၾကပါတယ္။ ဒါေၾကာင့္ ႐ုံတင္ရက္ကို ခန႔္မွန္းၾကည့္မယ့္ဆိုရင္ ၂၀၂၂ခုႏွစ္ေလာက္မွာ ျဖစ္မယ္လို႔ သတင္းထြက္ေနတာ ျဖစ္ပါတယ္။

Photo via IMDb

ဒါ့အျပင္ Yahoo သတင္းဌာနက ဒါ႐ိုက္တာ Peyton Reed နဲ႔ ေတြ႕ဆုံေမးျမန္းထားရာမွာ Ant-Man 3 နဲ႔ ပတ္သက္တဲ့ ေဆြးေႏြးမႈေတြလည္း ပါဝင္ခဲ့ၿပီး Ant-Man 3 ကို ၂၀၂၂ခုႏွစ္မွာ ႐ုံတင္ဖို႔ လ်ာထားပါတယ္လို႔လည္း ေဖာ္ျပထားတာ ေတြ႕ရပါတယ္။ Marvel ကေတာ့ ဒီသတင္းကို အတည္မျပဳေသးသလို ႐ုံတင္ရက္ကိုလည္း တရားဝင္ မထုတ္ျပန္ေသးပါဘူး။

လက္ရွိအခ်ိန္အထိ Marvel ဟာ phase 4 အတြက္ ႐ုပ္ရွင္ေလးကားကို တရားဝင္ ႐ုံတင္ရက္ ေၾကညာၿပီးသား ျဖစ္ပါတယ္။ ေလးကားစလုံးဟာ ၂၀၂၂ အေစာပိုင္းမွာ ႐ုံတင္ဖို႔ကို ေၾကညာထားတာပါ။ ကိုဗစ္ေၾကာင့္ ရက္ေ႐ႊ႕ထားတဲ့ ႐ုံတင္ရက္ေတြကေတာ့ Thor: Love and Thunder ကို ေဖေဖာ္ဝါရီလ၊ Doctor Strange in the Multiverse of Madness ကို မတ္လ၊ Black Panther 2 ကို ေမလ၊ Captain Marvel 2 ကိုလည္း ဇူလိုင္လ ဆိုၿပီး အသီးသီး သတ္မွတ္ထားတာ ျဖစ္ပါတယ္။ ဒါတင္မက အမည္မသိရေသးတဲ့ Marvel ႐ုပ္ရွင္တစ္ကားကို ေအာက္တိုဘာလမွာ ထြက္ရွိလာဖို႔ Disney က လ်ာထားတယ္ဆိုၿပီးလည္း သတင္းၾကားေနရတာေၾကာင့္ အဲ့ဒီ့႐ုပ္ရွင္ကို Ant-Man လို႔ ခန႔္မွန္းေနၾကတာလည္း ျဖစ္ပါတယ္။

Photo via IMDb

ႁခြင္းခ်က္အေနနဲ႔ Black Panther 2 ကေတာ့ သ႐ုပ္ေဆာင္ Chadwick Boseman ႐ုတ္တရက္ ကြယ္လြန္သြားတာေၾကာင့္ အေျပာင္းအလဲေတြ ျဖစ္လာဖို႔ ရွိေနပါတယ္။

Black Widow ဆိုလို႐ုပ္ရွင္ကေတာ့ ယခုႏွစ္ ႏိုဝင္ဘာလမွာ ႐ုံတင္ဖို႔ စီစဥ္ထားေပမယ့္ လတ္တေလာ ကိုဗစ္ရဲ႕အေျခအေနအရ ႐ုံတင္ျဖစ္မွာလား၊ ရက္ေ႐ႊ႕သြားမွာလား၊ ဒါမွမဟုတ္ Mulan လိုပဲ Disney+ မွာ ျပသသြားမွာလားဆိုတာ မေရရာေသးပါဘူး။ ကိုဗစ္ေၾကာင့္ ႐ိုက္ကူးေရးေတြ ရပ္တန႔္ထားရတဲ့ အေနအထားမွာ Eternals နဲ႔ Shang-Chi and the Lengend of the Ten Rings ေတြဟာလည္း ၂၀၂၁ခုႏွစ္ အေစာပိုင္းမွာ ႐ုံတင္ျပသႏိုင္ဦးမွာလားဆိုတာ သိရဖို႔ ခက္ခဲေနဆဲ ျဖစ္ပါတယ္လို႔ တင္ျပရင္း … ။

Glasgow

Ref: screenrant

 

RELATED ARTICLES

Most Popular