HomeEntertainmentFilmAnt-Man 3 ထဲမှာ Big Cameo တွေ ပါလာမယ်ဆိုတဲ့ Paul Rudd

Ant-Man 3 ထဲမှာ Big Cameo တွေ ပါလာမယ်ဆိုတဲ့ Paul Rudd

MCU Phase 5 ရဲ့ ပထမဆုံးရုပ်ရှင်ဖြစ်တဲ့ Ant-Man and the Wasp: Quantumania ထဲမှာတော့ Big Cameo တွေ ပါဝင်လာမယ်လို့ သရုပ်ဆောင် Paul Rudd က ပြောထားပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Scott Lang ၊ Hope van Dyne ၊ Hank Pym ၊ Janet van Dyne ၊ Cassie Lang တို့ ပြန်လည်ပါဝင်လာကြမှာ ဖြစ်ပြီး Kang the Conqueror နဲ့ MODOK တို့လည်း ပါဝင်လာဦးမှာ ဖြစ်ပါတယ်။

photo via screenrant

မကြာသေးခင်ကပဲ ဒီရုပ်ရှင်ထဲက သရုပ်ဆောင်တွေဟာ Fandango သတင်းဌာနနဲ့ အင်တာဗျူး ပြုလုပ်ခဲ့ကြပါတယ်။ ဒီအင်တာဗျူးထဲမှာတော့ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ Cameo တွေ ပါဝင်လာမှာလားလို့ မေးမြန်းတဲ့အခါ Paul Rudd ဟာ ချက်ချင်းပဲ ပြန်လည်ဖြေကြားခဲ့ပါတယ်။

“ဒီရုပ်ရှင်ထဲမှာ တကယ်ကောင်းတဲ့ Cameo တွေ ပါမယ်လို့ ကျွန်တော် ထင်ပါတယ်။ တကယ်မိုက်တဲ့ Cameo တွေပါ။ အဲဒါတွေက ဘယ်သူလည်း ဆိုတာတော့ မပြောသေးပါဘူး။ ဒါပေမယ့် ပရိသတ်တွေက သူတို့ကို မြင်ရင်တော့ Rating 10 မှာ 10 ပေးလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ် …”

photo via screenrant

MCU ရဲ့ အဓိကကျတဲ့ ဇာတ်ကောင်တွေဟာ ဒီရုပ်ရှင်ထဲမှာ Cameo အဖြစ် ပါဝင်လာမယ်လို့ ပရိသတ်တွေက ယူဆထားခဲ့ကြတာ ကြာပါပြီ။ လူပြောအများဆုံး သီအိုရီတစ်ခုကတော့ ဒီရုပ်ရှင်ထဲမှာ Fantastic Four အဖွဲ့ဝင် တစ်ယောက်ယောက် ပါဝင်လာမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒီရုပ်ရှင်ထဲက Cassie Lang ကတော့ Young Avengers အဖွဲ့ဝင် ဖြစ်လာနိုင်တာကြောင့် Kate Bishop တို့လို ဇာတ်ကောင်တွေကိုလည်း မြင်တွေ့ရနိုင်ချေ ရှိပါတယ်။ Ant-Man 3 ကတော့ ထွက်ရှိလာဖို့ တစ်လလောက်ပဲ လိုတော့တာကြောင့် ဘယ်လို Cameo တွေ ပါဝင်လာမလည်းဆိုတာ မကြာခင်မှာ မြင်တွေ့ရတော့မှာပါ။

Legos

Source: Screenrant

RELATED ARTICLES

Most Popular