HomeCelebs Update NewsInternationalမာလီဘူးကမ္းေျခမွာ အနမ္းေတြေျခြေနၾကတဲ့ Dua Lipa နဲ႔ Anwar Hadid

မာလီဘူးကမ္းေျခမွာ အနမ္းေတြေျခြေနၾကတဲ့ Dua Lipa နဲ႔ Anwar Hadid

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

Dua Lipa နဲ႔ Anwar Hadid တို႔ရဲ႕ ေႏြရာသီအခ်စ္ဇာတ္လမ္းေလးကေတာ့ ပိုၿပီးခိုင္ၿမဲလာသေယာင္ ရိွေနပါတယ္။ Dua Lipa ရဲ႕ ေမြးေန႔အၿပီး ေနာက္တစ္ရက္ ၾသဂုတ္လ(၂၃)ရက္ ေသာၾကာေန႔မွာပဲ မာလီဘူးကမ္းေျခမွာ အခ်စ္ေတြ ဖလွယ္ရင္း အနမ္းေတြေျခြေနၾကတာကို ေတြ႕ျမင္လိုက္ရတာ ျဖစ္ပါတယ္။

Dua Lipa ကိုေတာ့ New Rules ၊ One Kiss စတဲ့ သီခ်င္းေတြနဲ႔ ျမန္မာပရိသတ္ေတြၾကားမွာ အကၽြမ္းတ၀င္ ရိွၾကမွာပါ။ Anwar Hadid ဆိုတာကေတာ့ နာမည္ႀကီး စူပါေမာ္ဒယ္လ္ေတြျဖစ္တဲ့ Bella Hadid နဲ႔ Gigi Hadid တို႔ရဲ႕ ေမာင္ေလး ျဖစ္ပါတယ္။

https://www.instagram.com/p/B0v8KWjBsNo/

အသက္(၂၄)ႏွစ္အရြယ္ရိွ ၿဗိတိန္အဆိုေတာ္မေလး Dua Lipa နဲ႔ အသက္(၂၀) အရြယ္ရိွ ေမာ္ဒယ္လ္ Anwar Hadid တို႔ဟာ ၿပီးခဲ့တဲ့ အေမရိကန္ႏိုင္ငံရဲ႕ လြတ္လပ္ေရးေန႔ ဇူလိုင္လ(၄)ရက္ေန႔တည္းက ခ်စ္ကၽြမ္း၀င္ေနၾကတာ ျဖစ္ပါတယ္။ သူတို႔ႏွစ္ေယာက္ရဲ႕ အခ်စ္ဇာတ္လမ္းကို တရား၀င္ ဖြင့္ေျပာၿပီး အတည္ျပဳတာမ်ိဳးေတာ့ မရိွေပမယ့္ လူအမ်ားေရွ႕မွာ ခ်စ္ၾကည္ႏူးၿပီး မခြဲအတူ ရိွေနတာက သက္ေသျဖစ္လို႔ေနပါတယ္။

မာလီဘူးကမ္းေျခက ထြက္ေပၚလာတဲ့ ဓာတ္ပုံေတြထဲမွာေတာ့ ႏွစ္ေယာက္သား ၿပံဳးရယ္ရႊင္ပ်လ်က္ ေပ်ာ္ရႊင္ေနၾကၿပီး Dua Lipa က Anwar ရဲ႕ ရင္ခြင္ထဲကို ၀င္ကာ Anwar ကေတာ့ Dua Lipa ရဲ႕ ေရစုိေနတဲ့ ဆံစေလးေတြကို ကလူက်ီစယ္ ထိတို႔ေနတာကို ေတြ႕ရပါတယ္။

Photo Credit: hollywoodlife

ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕ရဲ႕ ေနသာတဲ့ ရာသီဥတုမွာ ကမ္းေျခဟာ ေနပူစာလႈံဖို႔ အေကာင္းဆုံး ေနရာျဖစ္တာေၾကာင့္လည္း ႏွစ္ေယာက္သားက အသားကပ္ လည္သာ ေရကူး၀တ္စုံအရွည္ေတြနဲ႔ ကမ္းေျခမွာ ေပ်ာ္ျမဴးေနၾကတာ ျဖစ္ပါတယ္။

သူတို႔အတြဲဟာ မာလီဘူးမွာ သြားေရာက္လည္ပတ္ေနၾကတာ ရက္အတန္ၾကာေနခဲ့ပါၿပီ။ ၿပီးခဲ့တဲ့ ရက္အနည္းငယ္က က်ေရာက္ခဲ့တဲ့ Dua Lipa ရဲ႕ (၂၄)ႏွစ္ျပည့္ ေမြးေန႔ပြဲကိုလည္း ေစ်းႀကီးလြန္းတဲ့ ဂ်ပန္စားေသာက္ဆိုင္မွာ ျပဳလုပ္ခဲ့ၿပီး သူမရဲ႕အရင္းႏွီးဆုံးသူငယ္ခ်င္းေတြကို ဖိတ္ၾကားကာ ခ်စ္သူ Anwar နဲ႔အတူ ေပ်ာ္ေပ်ာ္ပါးပါး ဆင္ႏႊဲခဲ့ပါတယ္။

https://www.instagram.com/p/BSsesqSlPJp/

Anwar Hadid ဟာ ဒီမတိုင္ခင္တုန္းကေတာ့ နာမည္ေက်ာ္ ေမာ္ဒယ္လ္ Kendall Jenner ေၾကာင့္ အသည္းကြဲဖူးၿပီး Dua Lipa ကေတာ့ လြန္ခဲ့တဲ့ ရက္သတၱပတ္(၈)ပတ္ခန္႔အၾကာ ဇြန္လ(၃၀)ရက္ေန႔က နာမည္ေက်ာ္ စူပါမင္းသမီး Gwyneth Paltrow ရဲ႕ ခင္ပြန္းေဟာင္း၊ နာမည္ေက်ာ္ Coldplay ဂီတ၀ိုင္းရဲ႕ ေခါင္းေဆာင္ အဆိုေတာ္ Chris Martin နဲ႔ နမ္းရႈံ႕ေနတယ္ဆိုတဲ့ သတင္းေတြ ထြက္လာဖူးခဲ့ပါေသးတယ္။

https://www.instagram.com/p/B1CA_-Sh55e/

သူတို႔ႏွစ္ဦးရဲ႕အခ်စ္ဟာ ခိုင္ၿမဲသြားမွာလား။ ဘယ္ေလာက္ၾကာၾကာ ခံမွာလည္းဆိုတာကေတာ့ ဆက္လက္ေစာင့္ၾကည့္ၾကရမွာပဲ ျဖစ္ပါတယ္။

Xei

Source: hollywoodlife

(Unicode Version)

Dua Lipa နဲ့ Anwar Hadid တို့ရဲ့ နွေရာသီအချစ်ဇာတ်လမ်းလေးကတော့ ပိုပြီးခိုင်မြဲလာသယောင် ရှိနေပါတယ်။ Dua Lipa ရဲ့ မွေးနေ့အပြီး နောက်တစ်ရက် သြဂုတ်လ(၂၃)ရက် သောကြာနေ့မှာပဲ မာလီဘူးကမ်းခြေမှာ အချစ်တွေ ဖလှယ်ရင်း အနမ်းတွေခြွေနေကြတာကို တွေ့မြင်လိုက်ရတာ ဖြစ်ပါတယ်။

Dua Lipa ကိုတော့ New Rules ၊ One Kiss စတဲ့ သီချင်းတွေနဲ့ မြန်မာပရိသတ်တွေကြားမှာ အကျွမ်းတဝင် ရှိကြမှာပါ။ Anwar Hadid ဆိုတာကတော့ နာမည်ကြီး စူပါမော်ဒယ်လ်တွေဖြစ်တဲ့ Bella Hadid နဲ့ Gigi Hadid တို့ရဲ့ မောင်လေး ဖြစ်ပါတယ်။

https://www.instagram.com/p/B0v8KWjBsNo/

အသက်(၂၄)နှစ်အရွယ်ရှိ ဗြိတိန်အဆိုတော်မလေး Dua Lipa နဲ့ အသက်(၂၀) အရွယ်ရှိ မော်ဒယ်လ် Anwar Hadid တို့ဟာ ပြီးခဲ့တဲ့ အမေရိကန်နိုင်ငံရဲ့ လွတ်လပ်ရေးနေ့ ဇူလိုင်လ(၄)ရက်နေ့တည်းက ချစ်ကျွမ်းဝင်နေကြတာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကို တရားဝင် ဖွင့်ပြောပြီး အတည်ပြုတာမျိုးတော့ မရှိပေမယ့် လူအများရှေ့မှာ ချစ်ကြည်နူးပြီး မခွဲအတူ ရှိနေတာက သက်သေဖြစ်လို့နေပါတယ်။

မာလီဘူးကမ်းခြေက ထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေထဲမှာတော့ နှစ်ယောက်သား ပြုံးရယ်ရွှင်ပျလျက် ပျော်ရွှင်နေကြပြီး Dua Lipa က Anwar ရဲ့ ရင်ခွင်ထဲကို ဝင်ကာ Anwar ကတော့ Dua Lipa ရဲ့ ရေစိုနေတဲ့ ဆံစလေးတွေကို ကလူကျီစယ် ထိတို့နေတာကို တွေ့ရပါတယ်။

Photo Credit: hollywoodlife

လော့စ်အိန်ဂျလိစ်မြို့ရဲ့ နေသာတဲ့ ရာသီဥတုမှာ ကမ်းခြေဟာ နေပူစာလှုံဖို့ အကောင်းဆုံး နေရာဖြစ်တာကြောင့်လည်း နှစ်ယောက်သားက အသားကပ် လည်သာ ရေကူးဝတ်စုံအရှည်တွေနဲ့ ကမ်းခြေမှာ ပျော်မြူးနေကြတာ ဖြစ်ပါတယ်။

သူတို့အတွဲဟာ မာလီဘူးမှာ သွားရောက်လည်ပတ်နေကြတာ ရက်အတန်ကြာနေခဲ့ပါပြီ။ ပြီးခဲ့တဲ့ ရက်အနည်းငယ်က ကျရောက်ခဲ့တဲ့ Dua Lipa ရဲ့ (၂၄)နှစ်ပြည့် မွေးနေ့ပွဲကိုလည်း ဈေးကြီးလွန်းတဲ့ ဂျပန်စားသောက်ဆိုင်မှာ ပြုလုပ်ခဲ့ပြီး သူမရဲ့အရင်းနှီးဆုံးသူငယ်ချင်းတွေကို ဖိတ်ကြားကာ ချစ်သူ Anwar နဲ့အတူ ပျော်ပျော်ပါးပါး ဆင်နွှဲခဲ့ပါတယ်။

https://www.instagram.com/p/BSsesqSlPJp/

Anwar Hadid ဟာ ဒီမတိုင်ခင်တုန်းကတော့ နာမည်ကျော် မော်ဒယ်လ် Kendall Jenner ကြောင့် အသည်းကွဲဖူးပြီး Dua Lipa ကတော့ လွန်ခဲ့တဲ့ ရက်သတ္တပတ်(၈)ပတ်ခန့်အကြာ ဇွန်လ(၃၀)ရက်နေ့က နာမည်ကျော် စူပါမင်းသမီး Gwyneth Paltrow ရဲ့ ခင်ပွန်းဟောင်း၊ နာမည်ကျော် Coldplay ဂီတဝိုင်းရဲ့ ခေါင်းဆောင် အဆိုတော် Chris Martin နဲ့ နမ်းရှုံ့နေတယ်ဆိုတဲ့ သတင်းတွေ ထွက်လာဖူးခဲ့ပါသေးတယ်။

https://www.instagram.com/p/B1CA_-Sh55e/

သူတို့နှစ်ဦးရဲ့အချစ်ဟာ ခိုင်မြဲသွားမှာလား။ ဘယ်လောက်ကြာကြာ ခံမှာလည်းဆိုတာကတော့ ဆက်လက်စောင့်ကြည့်ကြရမှာပဲ ဖြစ်ပါတယ်။

Xei

Source: hollywoodlife

 

 

RELATED ARTICLES

Most Popular