HomeEntertainmentFilmAnya Taylor-Joy သရုပ်ဆောင်ထားတဲ့ Horror ရုပ်ရှင်ကားကောင်းများ

Anya Taylor-Joy သရုပ်ဆောင်ထားတဲ့ Horror ရုပ်ရှင်ကားကောင်းများ

သရုပ်ဆောင် Anya Taylor-Joy ကတော့ ဇာတ်လမ်းတွဲတွေထဲမှာ အရံနေရာက စတင်ပါဝင်ခဲ့ပြီး ပထမဆုံးအကြိမ် ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ခဲ့တာကတော့ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Witch ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ ယခုအချိန်မှာတော့ သူမဟာ ဇာတ်လမ်းအမျိူးအစားမျိူးစုံမှာ ပါဝင်ခဲ့ဖူးပြီး Horror ရုပ်ရှင်တွေမှာလည်း မကြာခဏ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Anya Taylor-Joy ရဲ့ အကောင်းဆုံး Horror ရုပ်ရှင်တွေကို ဖော်ပြပေးချင်ပါတယ်။

(5) Morgan

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (5.8) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ သုတေသနကုမ္ပဏီတစ်ခုက သိပ္ပံပညာရှင်တွေဟာ Morgan ဆိုတဲ့ ကောင်မလေးတစ်ယောက်ကို လေ့လာနေကြပါတယ်။ အဲဒီနောက်မှာတော့ Morgan ဟာ တဖြည်းဖြည်း ထိန်းချုပ်ရ ခက်ခဲလာပြီး မြင်သမျှ လူတွေအားလုံးကို သတ်ပစ်ပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Kate Mara ၊ Anya Taylor-Joy နဲ့ Rose Leslie တို့ အဓိက ပါဝင်ထားပါတယ်။

(4) Marrowbone

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (6.6) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ မောင်နှမလေးယောက်ဟာ သူတို့မိခင် ကွယ်လွန်ပြီးတဲ့ နောက်မှာတော့ သူတို့ရဲ့မျိူးရိုးစဉ်ဆက် ပိုင်ဆိုင်ထားတဲ့ စံအိမ်ကြီးကို ပြောင်းရွှေ့လာကြပါတယ်။ သိပ်မကြာခင်မှာတော့ အဲဒီအိမ်ကြီးဟာ သူတို့အတွက် နားခိုရာတစ်ခု ဖြစ်မလာခဲ့ဘဲ မကောင်းတဲ့ အရာတွေပဲ ဖြစ်ပျက်လာပါတော့တယ်။ သရုပ်ဆောင်တွေကတော့ George MacKay ၊ Charlie Heaton နဲ့ Anya Taylor-Joy တို့က အဓိက ပါဝင်ထားပါတယ်။

(3) The Witch

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (6.9) ရရှိထားပါတယ်။ ဇာတ်လမ်းကိုတော့ အင်္ဂလန်နိုင်ငံရဲ့ (၁၇)ရာစုအချိန်ကာလမှာ ဇာတ်အိမ်တည်ထားပါတယ်။ နယ်နှင်ဒဏ် ပေးခံထားရတဲ့ မိသားစုတစ်စုဟာ ကြီးမားတဲ့ တောအုပ်ကြီးတစ်ခုရဲ့ အစွန်အဖျားမှာ သီးသန့်နေထိုင်နေကြပါတယ်။ ဒါပေမယ့်လည်း သိပ်မကြာခင်မှာပဲ သူတို့မိသားစုလေးဟာ ဆိုးရွားတဲ့ ကံကြမ္မာကို ကြုံတွေ့ရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Anya Taylor-Joy ၊ Ralph Ineson နဲ့ Kate Dickie တို့က အဓိက ပါဝင်ထားပါတယ်။

(2) Last Night in Soho

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၂၁ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.2) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ဟာ ထူးဆန်းစွာပဲ ၁၉၆၆ ခုနှစ်ကို ရောက်ရှိသွားပါတယ်။ အဲဒီနောက်မှာတော့ သူမရဲ့စိတ်ဟာ သူမရဲ့ idol အဆိုတော်ဖြစ်တဲ့ Sandy ရဲ့ ခန္ဓာကိုယ်ထဲကို ရောက်နေမှန်း သိလိုက်ရပါတယ်။ ဒါကြောင့်ပဲ သူမဟာ အဆိုတော် Sandy အဖြစ်နဲ့ နေထိုင်ရင်း ဘာတွေဖြစ်လာမလည်းဆိုတာ ကြည့်ရှုရမှာပါ။ သရုပ်ဆောင်တွေကတော့ Anya Taylor-Joy ၊ Thomasin McKenzie နဲ့ Matt Smith တို့က အဓိက ပါဝင်ထားပါတယ်။

(1) Split

photo via screenrant

ဒီဇာတ်ကားကတော့ ၂၀၁၆ ခုနှစ်တုန်းက ထွက်ရှိခဲ့ပြီးတော့ IMDb (7.3) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ လူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာအကြောင်းကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ Kevin လို့ခေါ်တဲ့ လူတစ်ယောက်ဟာ လူတစ်ယောက်တည်းကနေ စိတ်တွေ အမျိုးမျိုး ကွဲထွက်နေတဲ့ စိတ်ရောဂါတစ်မျိုးကို ခံစားနေရပါတယ်။ သူဟာ လူတစ်ယောက်တည်းနဲ့ စိတ်ပေါင်း(၂၃)မျိုး ကွဲထွက်နေပြီးတော့ ကောင်မလေးသုံးယောက်ကိုလည်း ပြန်ပေးဆွဲထားပါတယ်။ အဲဒီနောက်မှာတော့ ပြန်ပေးဆွဲခံထားရတဲ့ ကောင်မလေးတွေဟာ လွတ်မြောက်ဖို့ ဘယ်လို ကြိုးစားကြမလည်းဆိုတာနဲ့ Kevin ရဲ့စိတ်ရောဂါအကြောင်းကိုလည်း စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။ James McAvoy ၊ Anya Taylor-Joy ၊ M. Night Shyamalan နဲ့ Betty Buckley တို့က အဓိက ပါဝင်ထားပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular