HomeEntertainmentFilmAnya Taylor-Joy နဲ့ Ralph Fiennes တို့ရဲ့ Horror ရုပ်ရှင်သစ် The Menu

Anya Taylor-Joy နဲ့ Ralph Fiennes တို့ရဲ့ Horror ရုပ်ရှင်သစ် The Menu

Queen Gambit ဇာတ်လမ်းတွဲထဲက မင်းသမီးလေး Anya Taylor-Joy နဲ့ X-Men ရုပ်ရှင်တွေထဲက သရုပ်ဆောင် Nicholas Holt တို့ကိုတော့ အသစ်ထွက်ရှိလာမယ့် The Menu ဆိုတဲ့ Horror ရုပ်ရှင်ထဲမှာ အတူမြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။

The Menu ထဲမှာတော့ သူတို့နှစ်ယောက်အပြင် တခြားနာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ Ralph Fiennes ၊ Hong Chau ၊ Janet McTeer ၊ Judith Light ၊ Reed Birney ၊ Paul Adelstein ၊ Aimee Carrero ၊ Arturo Castro ၊ Rob Yang နဲ့ John Leguizamo တို့လည်း ပါဝင်လာဦးမှာ ဖြစ်ပါတယ်။

photo via screenrant

ဒီရုပ်ရှင်ကိုတော့ ဒါရိုက်တာ Mark Mylod က ရိုက်ကူးထားပြီး Seth Reiss နဲ့ Will Tracy တို့က ဇာတ်ညွှန်းဖန်တီးသွားမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ စုံတွဲတစ်တွဲဟာ နာမည်ကြီးစားဖိုမှူးတစ်ယောက် ပြင်ဆင်ပေးထားတဲ့ ညစာကို စားသောက်ဖို့အတွက် လူသူမနီးတဲ့ ကျွန်းတစ်ခုကို တခြားဧည့်သည် (၁၀)ယောက်နဲ့အတူ ရောက်လာခဲ့ကြပါတယ်။ ဒါပေမယ့်လည်း သူတို့အတွက် အဲဒီညစာထက် ပိုပြီးတော့ စိတ်လှုပ်ရှားဖို့ကောင်းတဲ့အရာတွေ စောင့်ကြိုနေတယ် ဆိုတာကိုတော့ မသိခဲ့ကြပါဘူး။

Searchlight Pictures စတူဒီယိုကတော့ ဒီရုပ်ရှင်ရဲ့ ထွေလာကိုလည်း မကြာခင်ကပဲ ထုတ်လုပ်ပေးထားပါတယ်။ ဒီထွေလာထဲမှာတော့ Anya Taylor-Joy တို့စုံတွဲနှစ်ယောက်နဲ့ တခြားဧည့်သည်တွေဟာ ထူးဆန်းတဲ့ ဂိမ်းတစ်ခုထဲကို ရောက်နေတာ တွေ့ရပါတယ်။ ဒီထွေလာရဲ့ အဆုံးသတ်မှာတော့ ဧည့်သည်တွေဟာ အမဲလိုက်မခံရခင် တောထဲကို ပြေးဖို့အတွက် (၄၅)စက္ကန့် အချိန်ကြိုပေးနေတာကိုလည်း တွေ့ရပါသေးတယ်။

ဒီထွေလာထဲမှာ မြင်တွေ့ခဲ့ရသလောက် ဆိုရင်‌တော့ အဲဒီနာမည်ကြီးစားဖိုမှူးဟာ လူတွေ ထင်ထားသလို မဟုတ်ဘဲ ရောက်လာတဲ့ ဧည့်သည်တွေကို အမဲလိုက်သတ်ဖြတ်တော့မယ်လို့ ယူဆရပါတယ်။ ဒီရုပ်ရှင်ကတော့ Horror-Comedy အမျိူးအစားပဲ ဖြစ်ပြီး Dark Joke တွေလည်း ပါဝင်နေနိုင်ပါတယ်။ The Menu ရုပ်ရှင်ကိုတော့ လာမယ့် နိုဝင်ဘာလ (၁၈)ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular