HomeEntertainmentFilmApple TV+ မှာ ကြည့်ရှုရတော့မယ့် Luck Animated ရုပ်ရှင်

Apple TV+ မှာ ကြည့်ရှုရတော့မယ့် Luck Animated ရုပ်ရှင်

Skydance Animation နဲ့ Apple TV တို့ဟာ သူတို့ရဲ့ ပထမဆုံး Animated ရုပ်ရှင်ဖြစ်တဲ့ Luck ရဲ့ ထွေလာကို ထွက်ရှိပေးခဲ့ပါတယ်။ ဒီ Animated ရုပ်ရှင်ကိုတော့ ဩဂုတ်လမှာ Apple TV+ ကနေ ပြသသွားမှာ ဖြစ်ပါတယ်။ ဒီ Animation ထဲမှာတော့ Simon Pegg ၊ Jane Fonda ၊ Lil Rey Howery ၊ John Ratzenberger ၊ Whoopi Goldberg နဲ့ Eva Noblezada တို့က အဓိကပါဝင်ပြီး အသံသရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ Sam Greenfield ဆိုတဲ့ ကမ္ဘာ့ကံအဆိုးဆုံး မိန်းကလေးတစ်ယောက်ဟာ ဘယ်သူမှ မရောက်ခဲ့ဖူးတဲ့ Land of Luck လို့ခေါ်တဲ့ ကံကောင်းခြင်းနယ်မြေကို ရောက်ရှိသွားပါတယ်။ ဒါကြောင့်ပဲ သူမဟာ မှော်သတ္တဝါတွေနဲ့ ပူးပေါင်းပြီး သူမရဲ့ ကံတရားကို ပြောင်းလဲဖို့ ကြိုးစားနေရင်း ကံတရားထက်တောင် စွမ်းအားကြီးတဲ့ Force တစ်ခုကို အနိုင်ယူဖို့ ကြိုးစားရပါတော့တယ်။

Apple TV ရဲ့ YouTube Channel ကတော့ ဒီ Animation ရဲ့ ထွေလာကို မကြာသေးခင်ကပဲ ပရိသတ်တွေအတွက် မျှဝေပေးခဲ့ပါတယ်။ ဒီထွေလာထဲမှာတော့ Simon Pegg အသံသရုပ်ဆောင်ထားတဲ့ ကြောင်နက်လေးကို အဓိကထား ပြသသွားပါတယ်။ အဲဒီကြောင်နက်လေးဟာ Land of Luck အကြောင်းကို ရှင်းပြနေတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ ဘယ်သူမှ မမျှော်လင့်ထားဘဲ မိန်းကလေးတစ်ယောက်ဟာ Land of Luck ထဲကို ဝင်ရောက်လာပါတော့တယ်။

ဒီ Animation ကတော့ Apple TV ရဲ့ ပထမဆုံး Animation ပဲ ဖြစ်ပြီး Apple TV+ ဟာ Skydance Animation နဲ့လည်း နောက်ထပ် ရုပ်ရှင်ကားတွေအတွက်အတွက် စာချုပ်ချုပ်ထားတယ်လို့ သိရပါတယ်။ ဒါကြောင့်ပဲ နောက်ပိုင်းမှာလည်း Apple TV+ ရဲ့ Animation တွေကို ထပ်မံမြင်တွေ့သွားရမှာပဲ ဖြစ်ပါတယ်။ Luck Animation ကိုတော့ ဩဂုတ်လ (၅)ရက်နေ့မှာ Apple TV+ ကနေ ကြည့်ရှုနိုင်ပြီ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular