HomeEntertainmentFilmနဂိုရုပ်ရှင်ထက် အများကြီး ပိုရယ်ရမယ်ဆိုတဲ့ Aquaman and the Lost Kingdom

နဂိုရုပ်ရှင်ထက် အများကြီး ပိုရယ်ရမယ်ဆိုတဲ့ Aquaman and the Lost Kingdom

အသစ်ထွက်ရှိလာမယ့် Aquaman and the Lost Kingdom ကတော့ နဂိုရုပ်ရှင်ထက် ပိုရယ်ရလိမ့်မယ်လို့ သရုပ်ဆောင် Jason Momoa က ပြောလိုက်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Jason Momoa ၊ Amber Heard ၊ Willem Dafoe ၊ Patrick Wilson ၊ Dolph Lundgren ၊ Yahya Abdul-Mateen II ၊ Temuera Morrison ၊ Nicole Kidman နဲ့ Randall Park တို့ ပြန်လည်ပါဝင်လာမယ့်အပြင် Ben Affleck ရဲ့ Batman လည်း ပါဝင်လာဦးမှာ ဖြစ်ပါတယ်။

photo via screenrant

လောလောဆယ်မှာတော့ ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းအကျဉ်းကို မသိရသေးပေမယ့်လည်း နဂိုရုပ်ရှင်ရဲ့ Credit Scene ကြောင့် Aquaman ဟာ Yahya Abdul-Mateen II ရဲ့ Black Manta နဲ့ ထပ်မံရင်ဆိုင်ရဦးမယ်လို့ ယူဆရပါတယ်။ James Wan ကတော့ ဒါရိုက်တာအနေနဲ့ ပြန်လည်ပါဝင်လာမှာ ဖြစ်ပြီး နဂိုရုပ်ရှင်မှာ ပါဝင်ထားတဲ့ ဇာတ်ညွှန်းရေးဆရာ David Leslie Johnson-McGoldrick ကလည်း ပြန်လည်ပါဝင်လာမှာပါ။

သရုပ်ဆောင် Jason Momoa ကတော့ မကြာသေးခင်ကပဲ GQ သတင်းဌာနနဲ့ အင်တာဗျူး ပြုလုပ်ခဲ့ပြီး အဲဒီအင်တာဗျူးထဲမှာတော့ Aquaman and the Lost Kingdom ဟာ နဂိုရုပ်ရှင်ထက် ပိုပြီးရယ်ရလိမ့်မယ်လို့ ပြောပြသွားပါတယ်။ ဒါ့အပြင် ဒီရုပ်ရှင်ထဲမှာတော့ နဂိုရုပ်ရှင်ကို ပြန်လည်အမှတ်ရသွားစေမယ့် အချက်တွေလည်း ပါဝင်နေတယ်လို့ ပြောသွားပါသေးတယ်။

photo via screenrant

ပထမဆုံး Aquaman ရုပ်ရှင်ကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး Runtime နဲ့ ဇာတ်လမ်းတွေကိုတော့ မကောင်းတဲ့ ဝေဖန်ချက်တွေ ရရှိခဲ့ပေမယ့်လည်း ဒီရုပ်ရှင်ဟာ တခြား DCEU ရုပ်ရှင်တွေထက် ပေါ့ပေါ့ပါးပါးဖြစ်တဲ့ ပုံစံကြောင့် ပရိသတ်တွေနဲ့ ဝေဖန်ရေးသမားတွေ အကြိုက်တွေ့ခဲ့ကြပါတယ်။ Aquaman and the Lost Kingdom ကတော့ အဲဒီရုပ်ရှင်ထက် ပိုပြီးရယ်ရမယ်လို့ ပြောထားတာကြောင့် ဘယ်လိုစိတ်ဝင်စားစရာတွေ မြင်တွေ့ရမလည်း ဆိုတာကိုတော့ ၂၀၂၃ ခုနှစ် မတ်လ (၁၇)ရက်နေ့အထိ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular