HomeEntertainmentFilmAquaman 2 ထဲကနေ လုံးဝထုတ်ခံရနိုင်ချေ ရှိနေတဲ့ Amber Heard

Aquaman 2 ထဲကနေ လုံးဝထုတ်ခံရနိုင်ချေ ရှိနေတဲ့ Amber Heard

သရုပ်ဆောင် Amber Heard ကတော့ Aquaman and the Lost Kingdom ရုပ်ရှင်ထဲမှာ သူမရဲ့ ဇာတ်ဝင်ခန်းတွေ ပါဝင်လာပါ့ဦးမလားဆိုတာ မသေချာတော့ဘူးလို့ ပြောလိုက်ပါတယ်။ Amber ကတော့ ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Justice League ထဲမှာ Mera အနေနဲ့ စတင်ပါဝင်ခဲ့ပြီး အဲဒီနောက်မှာတော့ Aquaman Franchise ထဲမှာ Jason Momoa နဲ့အတူ ဆက်လက် သရုပ်ဆောင်ခဲ့ပါတယ်။

photo via screenrant

Amber Heard နဲ့ Johnny Depp တို့ရဲ့ တရားစွဲဆိုမှုတွေ စတင်တဲ့ အချိန်ကတည်းက ပရိသတ်တွေဟာ သူမကို Aquaman and the Lost Kingdom ထဲက ထုတ်ပစ်ဖို့အတွက် အွန်လိုင်းပေါ်မှာ လက်မှတ်ထိုးပြီး တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း သူမဟာ ဒီရုပ်ရှင်ထဲမှာ ဆက်လက် ပါဝင်ခွင့်ရခဲ့ပြီး ဒီဇာတ်ကောင်အတွက် လေ့ကျင့်မှုတွေနဲ့ ရိုက်ကွင်းနောက်ကွယ်က ပုံတချို့ကိုတောင် အွန်လိုင်းပေါ်မှာ တင်ခဲ့ပါသေးတယ်။ ယခုအချိန်မှာတော့ လက်မှတ်ထိုး တောင်းဆိုနေကြတဲ့ ပရိသတ်တွေဟာ (၄)သန်းကျော်နေပြီ ဖြစ်ပြီး Amber ရဲ့ DCEU ထဲက အနာဂတ်ကလည်း မရေမရာ ဖြစ်နေပါပြီ။

တရားရုံးမှာ ကြားနာစစ်ဆေးမှုတွေ ပြုလုပ်နေတဲ့ အချိန်မှာတော့ Amber ဟာ Warner Bros. စတူဒီယိုက သူမရဲ့စာချုပ်ကို ဖျက်သိမ်းလိုက်တယ်လို့ ပြောပြခဲ့ပါတယ်။ သို့သော်လည်း သူမဟာ ဒီရုပ်ရှင်ထဲမှာ ဆက်လက်ပါဝင်နိုင်ဖို့ ကြိုးစားခဲ့တာကြောင့် စတူဒီယိုဘက်က ပါဝင်ခွင့်ပေးလိုက်တယ်လို့ ဆိုပါတယ်။

“ဒီရုပ်ရှင်ရဲ့ finale Cut ထဲမှာ ကျွန်မ ဘယ်လောက်အထိ ပါဝင်လာမလည်း၊ ဒါမှမဟုတ် ပါဝင်ပါ့ဦးမလား ဆိုတာတောင် မသိတော့ပါဘူး …”

photo via screenrant

သူတို့နှစ်ဦးကြားက အမှုအခင်းတွေကြောင့် Johnny Depp ဟာလည်း Pirates of the Caribbean Franchise နဲ့ Fantastic Beasts Franchise တို့ကို ဆုံးရှုံးခဲ့ရပြီး အလားတူပဲ Amber Heard ရဲ့ သရုပ်ဆောင်ဘဝ အနာဂတ်ကလည်း မရေရာ ဖြစ်နေပါတယ်။ ဒီတရားရင်ဆိုင်မှု ပြီးဆုံးသွားတဲ့ အချိန်ကျရင်တော့ သူတို့နှစ်ယောက်လုံးရဲ့ သရုပ်ဆောင်ဘဝဟာ ဘယ်လိုတွေ ဆက်ဖြစ်သွားမလည်းဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular