HomeCharacterကောမစ်ထဲက Aquaman ရဲ့ အကောင်းဆုံး ဗားရှင်း(၁၀)မျိူး

ကောမစ်ထဲက Aquaman ရဲ့ အကောင်းဆုံး ဗားရှင်း(၁၀)မျိူး

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Aquaman ဟာ Justice League ရဲ့ စွမ်းအားအကြီးဆုံး အဖွဲ့ဝင်တွေထဲကတစ်ယောက် ဖြစ်ပြီးတော့ အတ္တလန်တိတ်သမုဒ္ဒရာကို အုပ်ချုပ်နိုင်တဲ့ ခေါင်းဆောင်နိုင်စွမ်းရှိသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် အခုနောက်ပိုင်းမှာတော့ Live Action လည်း ထွက်ပြီးပြီ ဖြစ်တာကြောင့် ပရိသတ်တွေကြားမှာ ပိုပြီးရေပန်းစားလာပါတယ်။ သူဟာလည်း တစ်ခြား DC ဇာတ်ကောင်တွေလိုပဲ universe မတူတာတွေ၊ timeline မတူတာတွေကြောင့် ကောမစ်ထဲမှာ သူ့ရဲ့ဗားရှင်းအမျိူးမျိူး ဖြစ်ပေါ်လာခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ ကောမစ်ထဲက Aquaman ရဲ့ အကောင်းဆုံး ဗားရှင်း (၁၀)မျိူးကို ဖော်ပြပေးချင်ပါတယ်။

(10) Kingdom Come Aquaman – King Arthur of Atlantis
photo via cbr

Kingdom Come ဆိုတဲ့ ကောမစ်စီးရီးထဲမှာတော့ ပရိသတ်တွေဟာ ပိုပြီးတော့ စွမ်းအားကြီးသလို၊ အသက်လည်း ပိုကြီးတဲ့ aquaman ဗားရှင်းကို တွေ့ခဲ့ရပါတယ်။ အဲ့ဒါကြောင့်ပဲ ဒီကောမစ်ထဲက တချို့ဇာတ်ကောင်တွေကတော့ စွမ်းအားအကြီးဆုံး အခြေအနေလောက်ကို ရောက်နေပြီး ပိုပြီးလည်း ရက်စက်တတ်တဲ့ ပုံစံမျိူးတွေကို မြင်တွေ့ခဲ့ရပါတယ်။ အဲ့ဒီထဲမှာတော့ Aquaman ဟာ Atlantis မှာ အချိန်ပြည့် ဘုရင်လုပ်ဖို့အတွက် ဟီးရိုးအဖြစ်ကနေ အနားယူခဲ့တာကို တွေ့ရပါတယ်။ ဒီကောမစ်ထဲက Aquaman ဟာ တစ်ခြားကောမစ်တွေထဲမှာထက် ပိုပြီးစွမ်းအားကြီးသလို ပိုပြီးလည်း ရက်စက်တတ်ပါတယ်။

(9) Flashpoint Aquaman
photo via cbr

Flashpoint ကတော့ Barry ဟာ အတိတ်ကို အချိန်ခရီးသွားပြီးတော့ သူ့ရဲ့အမေကို ကယ်တင်ခဲ့တာကြောင့် ဖြစ်ပေါ်လာတဲ့ timeline အသစ်တစ်ခု ဖြစ်ပါတယ်။ အဲ့ဒီ timeline မှာတော့ ဟီးရိုးတွေဟာ မြင်နေကျ ပုံစံမျိူးမဟုတ်တော့ဘဲ အရာအားလုံးက ပြောင်းလဲသွားခဲ့ပါတယ်။ အဲ့ဒီ timeline ထဲမှာတော့ Aquaman ဟာ Wonder Woman နဲ့ ဖောက်ပြန်ခဲ့ပါတယ်။

အဲ့ဒါကို Mera က သိသွားပြီး Wonder Woman နဲ့ တိုက်ခိုက်ကြတဲ့ အချိန်မှာတော့ Wonder Woman ဟာ သွေးအေးအေးနဲ့ပဲ Mera ကို သတ်ပစ်ခဲ့ပါတယ်။ အဲ့ဒီအဖြစ်အပျက်ကြောင့်ပဲ Aquaman ဟာ အမေဇုန်သူတွေနဲ့ စစ်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ Aquaman ရဲ့ ဒီဗားရှင်းကတော့ သူ့ရဲ့လမ်းမှာ ပိတ်နေတဲ့ ဘယ်သူ့ကိုမဆို သတ်ပစ်ဖို့ ဝန်မလေးတဲ့ ရက်စက်သူတစ်ယောက် ဖြစ်ပါတယ်။

(8) Aquawoman (Earth-11)
photo via cbr

Earth-11 ဟာ Earth-1 နဲ့ အတော်လေး ဆင်တူပြီး ကွာခြားနေတာဆိုလို့ တစ်ချက်ပဲ ရှိပါတယ်။ အဲ့ဒါကတော့ ဟီးရိုးတွေဟာ ယောကျာ်းနဲ့ မိန်းမ လွဲနေတာပဲ ဖြစ်ပါတယ်။ Earth-11 မှာ Superman နဲ့ Batman တို့က မိန်းကလေးတွေ ဖြစ်နေပြီး Wonder Woman ကတော့ ယောကျာ်းလေး ဖြစ်နေခဲ့ပါတယ်။ အလားတူပဲ Aquaman ကလည်း မိန်းကလေးဗားရှင်း ဖြစ်နေပြီး Aquawoman လို့ခေါ်ကာ နာမည်အရင်းကတော့ Anna Curry ဖြစ်နေပါတယ်။

(7) Aquaflash (Earth-32)
photo via cbr

ကောမစ်ထဲမှာတော့ Earth-32 ရဲ့ ဇာတ်လမ်းဟာ လူသိနည်းတဲ့ ဇာတ်လမ်းတွေထဲမှာ ပါဝင်ပြီးတော့ တစ်ခြားဇာတ်လမ်းတွေနဲ့ မတူတဲ့ အရသာတစ်ခုကို ခံစားရမှာ ဖြစ်ပါတယ်။ အကြောင်းကတော့ Earth-32 မှာ ဟီးရိုးတွေ ပေါင်းစပ်ထားပြီး Superman နဲ့ Martian Manhunter ၊ Batman နဲ့ Green Lantern ၊ Wonder Woman နဲ့ Hawkgirl တို့အပြင် Aquaman နဲ့ Flash တို့ ပေါင်းစပ်ထားပါတယ်။ Aquaflash ကတော့ Aquaman ရဲ့ စွမ်းအားတွေလည်း ရှိသလို Flash ရဲ့ စွမ်းအားတွေပါ ရရှိထားတာ ဖြစ်ပါတယ်။

(6) Aquaman One Million – Aquaman of The 853rd Century
photo via cbr

၁၉၉၈ခုနှစ်တုန်းက DC One Million ဆိုတဲ့ ကောမစ်စီးရီးတစ်ခု ထွက်ရှိခဲ့ပြီး အဲ့ဒီကောမစ်ကတော့ (၈၅၃)ရာစုနှစ်မှာ ဇာတ်အိမ်တည်ထားတာကြောင့် ဇာတ်ကောင်တွေရဲ့ အနာဂတ်ဗားရှင်းတွေကို မြင်တွေ့ခဲ့ရပါတယ်။ အဲ့ဒီကောမစ်ထဲမှာတော့ Aquaman ဟာ ပရိသတ်တွေ မြင်တွေ့နေကျပုံစံနဲ့ အတော်လေးကို ကွဲလွဲနေပါတယ်။ အကြောင်းကတော့ သူဟာ အပြာရောင်အသားရည်နဲ့ ပါးဟပ်တွေပါ ရှိနေပြီးတော့ အတ္တလန်တိတ်သား တစ်ယောက်ပုံစံ ပိုပြီးတော့ ပေါ်လွင်နေပါတယ်။

(5) Sea King (Earth-3)
photo via cbr

Earth-3 မှာတော့ Justice League ရဲ့ ဗီလိန်ဗားရှင်းကို မြင်တွေ့ခဲ့ရပြီး သူတို့အဖွဲ့ကိုတော့ Crime Syndicate လို့ ခေါ်ပါတယ်။ အဲ့ဒီထဲက ဗီလိန်တစ်ယောက်ကတော့ Sea King ဖြစ်ပြီး Aquaman ရဲ့ ဗီလိန်ဗားရှင်းပဲ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ သူတို့ဟာ Earth-1 က Justice League နဲ့ တွေ့ဆုံခဲ့ကြပြီး Sea King ဟာ အစောကြီး သေဆုံးသွားတာကြောင့် သူ့ရဲ့အကြောင်းကိုတော့ သိပ်ပြီးတော့ မသိခဲ့ရပါဘူး။

(4) Aqualord
photo via cbr

ဒီဗားရှင်းကတော့ တစ်ခြား universe တစ်ခုမှာ ရှိတာဖြစ်ပြီး Aqualord ဟာ ရက်စက်ပြီး အန္တရာယ်ရှိတဲ့ အကြမ်းဖက်သမား အဖွဲ့ဝင်တစ်ယောက် ဖြစ်ပါတယ်။ သူတို့အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သူဟာ Kamburu နိုင်ငံမှာ ပုန်းခိုနေတာကြောင့် သူကိုယ်တိုင် ဦးဆောင်ပြီး Justice League ကို တိုက်ခိုက်ခဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ Aqualord ရဲ့ ပုံစံကတော့ ၁၉၉၀ကျော်လောက်တုန်းက ကောမစ်ထဲက Aquaman ရဲ့ပုံစံနဲ့ ဆင်တူပါတယ်။

(3) Aquawoman (Earth-2)
photo via cbr

Earth-2 မှာတော့ Merela လို့ခေါ်တဲ့ Aquawoman ကို မြင်တွေ့ခဲ့ရပါတယ်။ သူမဟာ Earth-1 က Aquaman နဲ့ လုံးဝကို မတူဘဲ ပိုပြီးလည်း အစွမ်းထက်ပါတယ်။ ဒါ့အပြင် သူမရဲ့စွမ်းအားတွေဟာ Arthur ထက် Mera နဲ့ ပိုပြီးတော့ နီးစပ်ပါတယ်။ Earth-2 မှာဆိုရင် သူမဟာ အစွမ်းထက်ဆုံး ဟီးရိုးတွေထဲမှာ ပါဝင်ပြီးတော့ အဲ့ဒီ universe ရဲ့ ကယ်တင်ရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။

(2) Aquaman Ramon Raymond (Earth-6)
photo via cbr

ဒီဗားရှင်းရဲ့ ထူးခြားချက်တစ်ခုကတော့ Stan Lee က ဒီဇာတ်ကောင်ကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ Ramon Raymond ဟာ ဇီဝဗေဒပညာရှင်တစ်ယောက် ဖြစ်ပြီး တစ်နေ့မှာတော့ သူ့ကိုယ်သူ ရေအဖြစ် ပြောင်းလဲသွားနိုင်တဲ့အပြင် ရေတွေကို ထိန်းချုပ်နိုင်ခြင်းနဲ့ သာမန်လူတွေထက် သာလွန်တဲ့ ခွန်အားတွေကို ရရှိခဲ့ပါတယ်။ သူဟာ Aquaman ရဲ့ ဗားရှင်းတစ်ခု ဆိုပေမယ့်လည်း သူဟာ Arthur နဲ့ လုံးဝမတူဘဲ တစ်ခြားဟီးရိုးတစ်ယောက်လို့တောင် ပြောလို့ရပါတယ်။

(1) Aquaman II/Kaldur’ahm (Earth-16)
photo via cbr

Young Justice animated series ထဲမှာတော့ Aquaman ဟာ နှစ်တွေအကြာကြီး ဟီးရိုးအဖြစ် နေထိုင်ခဲ့ပြီး Atlantis မှာ ဘုရင်အဖြစ် နေထိုင်ဖို့ အနားယူသွားပါတယ်။ Kingdom Come ကောမစ်ထဲကလိုပဲ သူဟာ အနားယူသွားတာ ဖြစ်ပြီးတော့ Kaldur’ahm ကို Aquaman အသစ် ဖြစ်လာစေခဲ့ပါတယ်။ ဒါ့အပြင် Kaldur’ahm ဟာ Aqualad အဖြစ်လည်း နေထိုင်ခဲ့ဖူးသူတစ်ယောက် ဖြစ်ပါတယ်။

ဒါကတော့ ကောမစ်ထဲမှာ တွေ့ခဲ့ရတဲ့ Aquaman ဗားရှင်းတွေထဲက အကောင်းဆုံးဗားရှင်း (၁၀)မျိုး ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်တဲ့ အခြားဗားရှင်းတွေရှိရင်လည်း ပြန်လည်မျှဝေခဲ့ပါဦး။ အခုလို ဆောင်းပါးတွေ ဖတ်ရတာ နှစ်သက်တယ်ဆိုရင်လည်း ဆံရစ်ဝိုင်းပေ့ချ်ကို Like & See First လုပ်ထားပေးပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Aquaman ဟာ Justice League ရဲ႕ စြမ္းအားအႀကီးဆုံး အဖြဲ႕ဝင္ေတြထဲကတစ္ေယာက္ ျဖစ္ၿပီးေတာ့ အတၱလန္တိတ္သမုဒၵရာကို အုပ္ခ်ဳပ္ႏိုင္တဲ့ ေခါင္းေဆာင္ႏိုင္စြမ္းရွိသူ တစ္ေယာက္လည္း ျဖစ္ပါတယ္။ ဒါ့အျပင္ အခုေနာက္ပိုင္းမွာေတာ့ Live Action လည္း ထြက္ၿပီးၿပီ ျဖစ္တာေၾကာင့္ ပရိသတ္ေတြၾကားမွာ ပိုၿပီးေရပန္းစားလာပါတယ္။ သူဟာလည္း တစ္ျခား DC ဇာတ္ေကာင္ေတြလိုပဲ universe မတူတာေတြ၊ timeline မတူတာေတြေၾကာင့္ ေကာမစ္ထဲမွာ သူ႔ရဲ႕ဗားရွင္းအမ်ိဴးမ်ိဴး ျဖစ္ေပၚလာခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ ဒီတစ္ခါမွာေတာ့ ေကာမစ္ထဲက Aquaman ရဲ႕ အေကာင္းဆုံး ဗားရွင္း (၁၀)မ်ိဴးကို ေဖာ္ျပေပးခ်င္ပါတယ္။

(10) Kingdom Come Aquaman – King Arthur of Atlantis
photo via cbr

Kingdom Come ဆိုတဲ့ ေကာမစ္စီးရီးထဲမွာေတာ့ ပရိသတ္ေတြဟာ ပိုၿပီးေတာ့ စြမ္းအားႀကီးသလို၊ အသက္လည္း ပိုႀကီးတဲ့ aquaman ဗားရွင္းကို ေတြ႕ခဲ့ရပါတယ္။ အဲ့ဒါေၾကာင့္ပဲ ဒီေကာမစ္ထဲက တခ်ိဳ႕ဇာတ္ေကာင္ေတြကေတာ့ စြမ္းအားအႀကီးဆုံး အေျခအေနေလာက္ကို ေရာက္ေနၿပီး ပိုၿပီးလည္း ရက္စက္တတ္တဲ့ ပုံစံမ်ိဴးေတြကို ျမင္ေတြ႕ခဲ့ရပါတယ္။ အဲ့ဒီထဲမွာေတာ့ Aquaman ဟာ Atlantis မွာ အခ်ိန္ျပည့္ ဘုရင္လုပ္ဖို႔အတြက္ ဟီး႐ိုးအျဖစ္ကေန အနားယူခဲ့တာကို ေတြ႕ရပါတယ္။ ဒီေကာမစ္ထဲက Aquaman ဟာ တစ္ျခားေကာမစ္ေတြထဲမွာထက္ ပိုၿပီးစြမ္းအားႀကီးသလို ပိုၿပီးလည္း ရက္စက္တတ္ပါတယ္။

(9) Flashpoint Aquaman
photo via cbr

Flashpoint ကေတာ့ Barry ဟာ အတိတ္ကို အခ်ိန္ခရီးသြားၿပီးေတာ့ သူ႔ရဲ႕အေမကို ကယ္တင္ခဲ့တာေၾကာင့္ ျဖစ္ေပၚလာတဲ့ timeline အသစ္တစ္ခု ျဖစ္ပါတယ္။ အဲ့ဒီ timeline မွာေတာ့ ဟီး႐ိုးေတြဟာ ျမင္ေနက် ပုံစံမ်ိဴးမဟုတ္ေတာ့ဘဲ အရာအားလုံးက ေျပာင္းလဲသြားခဲ့ပါတယ္။ အဲ့ဒီ timeline ထဲမွာေတာ့ Aquaman ဟာ Wonder Woman နဲ႔ ေဖာက္ျပန္ခဲ့ပါတယ္။

အဲ့ဒါကို Mera က သိသြားၿပီး Wonder Woman နဲ႔ တိုက္ခိုက္ၾကတဲ့ အခ်ိန္မွာေတာ့ Wonder Woman ဟာ ေသြးေအးေအးနဲ႔ပဲ Mera ကို သတ္ပစ္ခဲ့ပါတယ္။ အဲ့ဒီအျဖစ္အပ်က္ေၾကာင့္ပဲ Aquaman ဟာ အေမဇုန္သူေတြနဲ႔ စစ္ပြဲေတြ ျဖစ္ခဲ့ပါတယ္။ Aquaman ရဲ႕ ဒီဗားရွင္းကေတာ့ သူ႔ရဲ႕လမ္းမွာ ပိတ္ေနတဲ့ ဘယ္သူ႔ကိုမဆို သတ္ပစ္ဖို႔ ဝန္မေလးတဲ့ ရက္စက္သူတစ္ေယာက္ ျဖစ္ပါတယ္။

(8) Aquawoman (Earth-11)
photo via cbr

Earth-11 ဟာ Earth-1 နဲ႔ အေတာ္ေလး ဆင္တူၿပီး ကြာျခားေနတာဆိုလို႔ တစ္ခ်က္ပဲ ရွိပါတယ္။ အဲ့ဒါကေတာ့ ဟီး႐ိုးေတြဟာ ေယာက်ာ္းနဲ႔ မိန္းမ လြဲေနတာပဲ ျဖစ္ပါတယ္။ Earth-11 မွာ Superman နဲ႔ Batman တို႔က မိန္းကေလးေတြ ျဖစ္ေနၿပီး Wonder Woman ကေတာ့ ေယာက်ာ္းေလး ျဖစ္ေနခဲ့ပါတယ္။ အလားတူပဲ Aquaman ကလည္း မိန္းကေလးဗားရွင္း ျဖစ္ေနၿပီး Aquawoman လို႔ေခၚကာ နာမည္အရင္းကေတာ့ Anna Curry ျဖစ္ေနပါတယ္။

(7) Aquaflash (Earth-32)
photo via cbr

ေကာမစ္ထဲမွာေတာ့ Earth-32 ရဲ႕ ဇာတ္လမ္းဟာ လူသိနည္းတဲ့ ဇာတ္လမ္းေတြထဲမွာ ပါဝင္ၿပီးေတာ့ တစ္ျခားဇာတ္လမ္းေတြနဲ႔ မတူတဲ့ အရသာတစ္ခုကို ခံစားရမွာ ျဖစ္ပါတယ္။ အေၾကာင္းကေတာ့ Earth-32 မွာ ဟီး႐ိုးေတြ ေပါင္းစပ္ထားၿပီး Superman နဲ႔ Martian Manhunter ၊ Batman နဲ႔ Green Lantern ၊ Wonder Woman နဲ႔ Hawkgirl တို႔အျပင္ Aquaman နဲ႔ Flash တို႔ ေပါင္းစပ္ထားပါတယ္။ Aquaflash ကေတာ့ Aquaman ရဲ႕ စြမ္းအားေတြလည္း ရွိသလို Flash ရဲ႕ စြမ္းအားေတြပါ ရရွိထားတာ ျဖစ္ပါတယ္။

(6) Aquaman One Million – Aquaman of The 853rd Century
photo via cbr

၁၉၉၈ခုႏွစ္တုန္းက DC One Million ဆိုတဲ့ ေကာမစ္စီးရီးတစ္ခု ထြက္ရွိခဲ့ၿပီး အဲ့ဒီေကာမစ္ကေတာ့ (၈၅၃)ရာစုႏွစ္မွာ ဇာတ္အိမ္တည္ထားတာေၾကာင့္ ဇာတ္ေကာင္ေတြရဲ႕ အနာဂတ္ဗားရွင္းေတြကို ျမင္ေတြ႕ခဲ့ရပါတယ္။ အဲ့ဒီေကာမစ္ထဲမွာေတာ့ Aquaman ဟာ ပရိသတ္ေတြ ျမင္ေတြ႕ေနက်ပုံစံနဲ႔ အေတာ္ေလးကို ကြဲလြဲေနပါတယ္။ အေၾကာင္းကေတာ့ သူဟာ အျပာေရာင္အသားရည္နဲ႔ ပါးဟပ္ေတြပါ ရွိေနၿပီးေတာ့ အတၱလန္တိတ္သား တစ္ေယာက္ပုံစံ ပိုၿပီးေတာ့ ေပၚလြင္ေနပါတယ္။

(5) Sea King (Earth-3)
photo via cbr

Earth-3 မွာေတာ့ Justice League ရဲ႕ ဗီလိန္ဗားရွင္းကို ျမင္ေတြ႕ခဲ့ရၿပီး သူတို႔အဖြဲ႕ကိုေတာ့ Crime Syndicate လို႔ ေခၚပါတယ္။ အဲ့ဒီထဲက ဗီလိန္တစ္ေယာက္ကေတာ့ Sea King ျဖစ္ၿပီး Aquaman ရဲ႕ ဗီလိန္ဗားရွင္းပဲ ျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူတို႔ဟာ Earth-1 က Justice League နဲ႔ ေတြ႕ဆုံခဲ့ၾကၿပီး Sea King ဟာ အေစာႀကီး ေသဆုံးသြားတာေၾကာင့္ သူ႔ရဲ႕အေၾကာင္းကိုေတာ့ သိပ္ၿပီးေတာ့ မသိခဲ့ရပါဘူး။

(4) Aqualord
photo via cbr

ဒီဗားရွင္းကေတာ့ တစ္ျခား universe တစ္ခုမွာ ရွိတာျဖစ္ၿပီး Aqualord ဟာ ရက္စက္ၿပီး အႏၲရာယ္ရွိတဲ့ အၾကမ္းဖက္သမား အဖြဲ႕ဝင္တစ္ေယာက္ ျဖစ္ပါတယ္။ သူတို႔အဖြဲ႕ရဲ႕ ေခါင္းေဆာင္ျဖစ္သူဟာ Kamburu ႏိုင္ငံမွာ ပုန္းခိုေနတာေၾကာင့္ သူကိုယ္တိုင္ ဦးေဆာင္ၿပီး Justice League ကို တိုက္ခိုက္ခဲ့သူ တစ္ေယာက္လည္း ျဖစ္ပါတယ္။ Aqualord ရဲ႕ ပုံစံကေတာ့ ၁၉၉၀ေက်ာ္ေလာက္တုန္းက ေကာမစ္ထဲက Aquaman ရဲ႕ပုံစံနဲ႔ ဆင္တူပါတယ္။

(3) Aquawoman (Earth-2)
photo via cbr

Earth-2 မွာေတာ့ Merela လို႔ေခၚတဲ့ Aquawoman ကို ျမင္ေတြ႕ခဲ့ရပါတယ္။ သူမဟာ Earth-1 က Aquaman နဲ႔ လုံးဝကို မတူဘဲ ပိုၿပီးလည္း အစြမ္းထက္ပါတယ္။ ဒါ့အျပင္ သူမရဲ႕စြမ္းအားေတြဟာ Arthur ထက္ Mera နဲ႔ ပိုၿပီးေတာ့ နီးစပ္ပါတယ္။ Earth-2 မွာဆိုရင္ သူမဟာ အစြမ္းထက္ဆုံး ဟီး႐ိုးေတြထဲမွာ ပါဝင္ၿပီးေတာ့ အဲ့ဒီ universe ရဲ႕ ကယ္တင္ရွင္တစ္ေယာက္လည္း ျဖစ္ပါတယ္။

(2) Aquaman Ramon Raymond (Earth-6)
photo via cbr

ဒီဗားရွင္းရဲ႕ ထူးျခားခ်က္တစ္ခုကေတာ့ Stan Lee က ဒီဇာတ္ေကာင္ကို ဖန္တီးခဲ့တာ ျဖစ္ပါတယ္။ Ramon Raymond ဟာ ဇီဝေဗဒပညာရွင္တစ္ေယာက္ ျဖစ္ၿပီး တစ္ေန႔မွာေတာ့ သူ႔ကိုယ္သူ ေရအျဖစ္ ေျပာင္းလဲသြားႏိုင္တဲ့အျပင္ ေရေတြကို ထိန္းခ်ဳပ္ႏိုင္ျခင္းနဲ႔ သာမန္လူေတြထက္ သာလြန္တဲ့ ခြန္အားေတြကို ရရွိခဲ့ပါတယ္။ သူဟာ Aquaman ရဲ႕ ဗားရွင္းတစ္ခု ဆိုေပမယ့္လည္း သူဟာ Arthur နဲ႔ လုံးဝမတူဘဲ တစ္ျခားဟီး႐ိုးတစ္ေယာက္လို႔ေတာင္ ေျပာလို႔ရပါတယ္။

(1) Aquaman II/Kaldur’ahm ( Earth-16)
photo via cbr

Young Justice animated series ထဲမွာေတာ့ Aquaman ဟာ ႏွစ္ေတြအၾကာႀကီး ဟီး႐ိုးအျဖစ္ ေနထိုင္ခဲ့ၿပီး Atlantis မွာ ဘုရင္အျဖစ္ ေနထိုင္ဖို႔ အနားယူသြားပါတယ္။ Kingdom Come ေကာမစ္ထဲကလိုပဲ သူဟာ အနားယူသြားတာ ျဖစ္ၿပီးေတာ့ Kaldur’ahm ကို Aquaman အသစ္ ျဖစ္လာေစခဲ့ပါတယ္။ ဒါ့အျပင္ Kaldur’ahm ဟာ Aqualad အျဖစ္လည္း ေနထိုင္ခဲ့ဖူးသူတစ္ေယာက္ ျဖစ္ပါတယ္။

ဒါကေတာ့ ေကာမစ္ထဲမွာ ေတြ႕ခဲ့ရတဲ့ Aquaman ဗားရွင္းေတြထဲက အေကာင္းဆုံးဗားရွင္း (၁၀)မ်ိဳး ျဖစ္ပါတယ္။ စာဖတ္သူတို႔ ႏွစ္သက္တဲ့ အျခားဗားရွင္းေတြရွိရင္လည္း ျပန္လည္မွ်ေဝခဲ့ပါဦး။ အခုလို ေဆာင္းပါးေတြ ဖတ္ရတာ ႏွစ္သက္တယ္ဆိုရင္လည္း ဆံရစ္ဝိုင္းေပ့ခ်္ကို Like & See First လုပ္ထားေပးပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular