HomeCelebs Update NewsInternationalTonys ဆုပေးပွဲမှာ Andrew Garfield ရဲ့ပေါင်ပေါ်မှာထိုင်ပြီး သီချင်းဆိုသွားတဲ့ Ariana DeBose

Tonys ဆုပေးပွဲမှာ Andrew Garfield ရဲ့ပေါင်ပေါ်မှာထိုင်ပြီး သီချင်းဆိုသွားတဲ့ Ariana DeBose

မင်းသမီး Ariana DeBose ကတော့ ၂၀၂၂ ခုနှစ်ရဲ့ Tony Awards ဆုပေးပွဲမှာ ပရိသတ်တွေ သဘောကျသွားတဲ့ ဖျော်ဖြေတစ်ခုနဲ့ တင်ဆက်ခဲ့ပါတယ်။ အဲဒါကတော့ သူမဟာ မင်းသား Andrew Garfield ရဲ့ပေါင်ပေါ်မှာ ထိုင်ပြီး သီချင်းဆိုသွားခဲ့တာပါပဲ။

အဆိုတော်လည်းဖြစ်၊ သရုပ်ဆောင်လည်း ဖြစ်တဲ့ Ariana DeBose ဟာ ယခုနှစ်ရဲ့ Tony Awards ဆုပေးပွဲမှာတော့ ပွဲတက်ပရိသတ်တွေကြားထဲမှာ သီချင်းဆိုပြီး ဖျော်ဖြေခဲ့တာ ဖြစ်ပါတယ်။ ပွဲတက်ပရိသတ်တွေကြားထဲမှာ သူမ ရွေးချယ်ခဲ့တဲ့သူကတော့ မင်းသား Andrew Garfield ပဲ ဖြစ်ပါတယ်။ Andrew ကတော့ သူမ အနားကပ်လာတည်းက ရှက်ရွံ့နေတဲ့ပုံ ဖြစ်နေခဲ့တာပါ။ သို့သော်လည်း Ariana ကတော့ သူမ သီချင်းထဲက စာသားနဲ့ လိုက်ဖက်ညီမှုရှိအောင် Andrew ရဲ့ပေါင်ပေါ်မှာ ထိုင်လိုက်တဲ့အခါမှာတော့ Andrew ဟာ အလိုက်သင့်လေး အနောက်ကနေ သိုင်းဖက်ထားလိုက်ပါတယ်။

Photo Credit: CBS

သူမ သီဆိုသွားတဲ့ စာသားတွေကတော့ “I am close to you, Oh! so close to you / I am touching you, there’s not a lot that you can do / I’m sitting on you / ’cause what they say is true / ’cause there is not escaping us in the audience …” လို့ သီဆိုသွားတာ ဖြစ်ပါတယ်။

Andrew ကတော့ သူ့ပေါင်ပေါ်မှာ ထိုင်ပြီး သီချင်းဆိုနေတဲ့ Ariana ကြောင့် ရှက်လည်းရှက်၊ ပြုံးဖြီးဖြီးကြီးလည်း ဖြစ်နေပါတယ်။ တကယ်တော့ သူတို့နှစ်ယောက်ဟာ ပရောဂျက်တစ်ခုတည်းမှာ အတူတူ အလုပ်လုပ်ဖူးတာမျိုးတော့ မရှိပါဘူး။ သို့သော်လည်း နှစ်ယောက်စလုံးဟာ Spider-Man universe နဲ့တော့ ဆက်နွယ်မှုတွေ ရှိနေကြပါတယ်။

Andrew ကတော့ မကြာသေးခင်က ထွက်ရှိထားတဲ့ Spider-Man: No Way Home ရုပ်ရှင်ထဲမှာ Spider-Man အဖြစ် ပြန်လည် ပါဝင်ထားပြီး Ariana ကတော့ Sony နဲ့ Marvel ပူးပေါင်းထုတ်လုပ်မယ့် Kraven the Hunter ရုပ်ရှင်မှာ ပါဝင်လာမှာ ဖြစ်ပါတယ်။ Ariana ကတော့ Kraven the Hunter ရုပ်ရှင်ထဲမှာ Calypso ဇာတ်ရုပ်ကနေ ပါဝင်လာမှာ ဖြစ်ပါတယ်။

Sergei Kravinoff တဖြစ်လည်း Kraven ဟာ Spider-Man ရဲ့ရန်သူတစ်ယောက် ဖြစ်ပြီး နောက်ယောင်ခံ၊ ခြေရာကောက်ခြင်းနဲ့ အမဲလိုက်ခြင်းတို့မှာ အထူးကျွမ်းကျင်သူ ဖြစ်ပါတယ်။ Kraven ဇာတ်ရုပ်ကိုတော့ Aaron Taylor-Johnson က သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular