HomeCelebs Update NewsInternationalချစ်သူ Dalton Gomez နဲ့ လက်ထပ်သွားပြီဖြစ်တဲ့ Ariana Grande 

ချစ်သူ Dalton Gomez နဲ့ လက်ထပ်သွားပြီဖြစ်တဲ့ Ariana Grande 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော် အဆိုတော်၊ သရုပ်ဆောင် Ariana Grande ကတော့ ချစ်သူ Dalton Gomez နဲ့ လက်ထပ်သွားပါပြီ။

ဒီသတင်းကိုတော့ Ari ရဲ့ ကိုယ်စားလှယ် ကိုယ်တိုင်က People သတင်းဌာနကို အတည်ပြုပေးထားတာ ဖြစ်ပါတယ်။ မင်္ဂလာပွဲကိုတော့ ရင်းနှီးတဲ့ လူနည်းစုနဲ့ နှစ်ဘက်မိသားစုတွေကိုသာ ဖိတ်ကြားခဲ့တာ ဖြစ်ပြီး ဧည့်သည် အယောက်နှစ်ဆယ်လောက်ကိုပဲ ဖိတ်ကြားခဲ့တာလို့ သိရပါတယ်။

Photo: arianagrande/ Instagram

Ari ဟာ သူမ ချစ်ခင်သူတွေနဲ့သာ မင်္ဂလာပွဲလေးကို အကျဉ်းရုံး ကျင်းပခဲ့တာဖြစ်ပြီး ကယ်လီဖိုးနီးယားပြည်နယ်၊ Montecito က သူမရဲ့နေအိမ်မှာ ကျင်းပခဲ့တာလို့ သိရပါတယ်။ Ari နဲ့ Dalton တို့ နှစ်ယောက်လုံးဟာ အဆိုပါ Montecito က ခန့်ငြားလှပတဲ့ သမိုင်းဝင်နေအိမ်ကြီးကို အလွန်နှစ်ခြိုက်ကြတာကြောင့် အဲ့ဒီအိမ်မှာ အချိန်အများစုကို ကုန်ဆုံးလေ့ ရှိတယ်လို့ ဆိုပါတယ်။

“သူတို့ လက်ထပ်သွားပါပြီ။ မင်္ဂလာပွဲလေးကတော့ သေးသေးလေးနဲ့ နွေးထွေး ချစ်ခင်စရာလေးပါ။ ဧည့်သည်ကတော့ လူအယောက်နှစ်ဆယ်လောက်ပဲ ရှိမှာပါ။ ပွဲလေးထဲမှာတော့ ပျော်စရာလည်းကောင်း၊ ချစ်ခြင်းမေတ္တာတွေနဲ့လည်း ပြည့်လျှံနေတာပါပဲ။ မင်္ဂလာမောင်နှံရော၊ နှစ်ဘက်မိဘတွေပါ ပျော်မဆုံး ဖြစ်နေကြပါတယ် … ” လို့ Ari ရဲ့ ကိုယ်စားလှယ်က ပြောပါတယ်။

Photo: arianagrande/ Instagram

အသက်(၂၇)နှစ် ရှိပြီဖြစ်တဲ့ Ari ရဲ့ ခင်ပွန်းအသစ်စက်စက်လေးကတော့ အသက်(၂၅)နှစ်သာ ရှိသေးပြီး အိမ်ခြံမြေအကျိုးဆောင် အေးဂျင့်တစ်ယောက် ဖြစ်ပါတယ်။ သူတို့နှစ်ဦး စေ့စပ်လိုက်တဲ့ အကြောင်းကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလကပဲ Ari က သူမရဲ့ အင်စတာဂရမ်ကတဆင့် ပရိသတ်တွေဆီ အသိပေးခဲ့ပါသေးတယ်။

သူတို့နှစ်ဦးဟာ ၂၀၂၀ခုနှစ် ဇန်နဝါရီလလောက်မှာ ချစ်သူတွေ ဖြစ်ခဲ့ကြတာ ဖြစ်ပြီး အဲ့ဒီနောက်မှာ ကိုဗစ်ကပ်ရောဂါ ဖြစ်လာတာကြောင့် သူမရဲ့ လော့စ်အိန်ဂျလိစ်က နေအိမ်မှာ နှစ်ယောက်အတူ နေထိုင်ရင်း ကွာရန်တင်း လုပ်ခဲ့ကြပါသေးတယ်။ ကိုဗစ်ကာလ အပြင်မထွက်ရတဲ့ အခြေအနေကြောင့်ပဲ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးဟာ ပိုပြီး အလေးအနက်ထားစရာ အဆင့်ထိ တက်လှမ်းနိုင်ခဲ့တယ်ဆိုလည်း မမှားပါဘူး။

Photo: arianagrande/ Instagram

The Voice အဆိုပြိုင်ပွဲရဲ့ ဒိုင်အသစ်စက်စက် ဖြစ်လာမယ့် Ari ဟာ သူမဘဝအတွက် ပြည့်စုံတဲ့ အိမ်ထောင်ဘက်ကို ရရှိခဲ့တာလို့ ဆိုနေပြီး သူမရဲ့မိဘတွေကလည်း Dalton ကို သဘောကျနေကြပါတယ်။ Ari ဟာ Dalton နဲ့ အတူရှိရတာကို ပျော်ရွှင်နေပြီး သူမရဲ့မိသားစုတွေကလည်း Dalton ကို ချစ်ခင်ကြတယ်လို့ သူမရဲ့ ကိုယ်စားလှယ်က ဆိုထားပါတယ်။

Linda December

Source: People

(Zawgyi Version)

နာမည္ေက်ာ္ အဆိုေတာ္၊ သ႐ုပ္ေဆာင္ Ariana Grande ကေတာ့ ခ်စ္သူ Dalton Gomez နဲ႔ လက္ထပ္သြားပါၿပီ။

ဒီသတင္းကိုေတာ့ Ari ရဲ႕ ကိုယ္စားလွယ္ ကိုယ္တိုင္က People သတင္းဌာနကို အတည္ျပဳေပးထားတာ ျဖစ္ပါတယ္။ မဂၤလာပြဲကိုေတာ့ ရင္းႏွီးတဲ့ လူနည္းစုနဲ႔ ႏွစ္ဘက္မိသားစုေတြကိုသာ ဖိတ္ၾကားခဲ့တာ ျဖစ္ၿပီး ဧည့္သည္ အေယာက္ႏွစ္ဆယ္ေလာက္ကိုပဲ ဖိတ္ၾကားခဲ့တာလို႔ သိရပါတယ္။

Photo: arianagrande/ Instagram

Ari ဟာ သူမ ခ်စ္ခင္သူေတြနဲ႔သာ မဂၤလာပြဲေလးကို အက်ဥ္း႐ုံး က်င္းပခဲ့တာျဖစ္ၿပီး ကယ္လီဖိုးနီးယားျပည္နယ္၊ Montecito က သူမရဲ႕ေနအိမ္မွာ က်င္းပခဲ့တာလို႔ သိရပါတယ္။ Ari နဲ႔ Dalton တို႔ ႏွစ္ေယာက္လုံးဟာ အဆိုပါ Montecito က ခန႔္ျငားလွပတဲ့ သမိုင္းဝင္ေနအိမ္ႀကီးကို အလြန္ႏွစ္ၿခိဳက္ၾကတာေၾကာင့္ အဲ့ဒီအိမ္မွာ အခ်ိန္အမ်ားစုကို ကုန္ဆုံးေလ့ ရွိတယ္လို႔ ဆိုပါတယ္။

“သူတို႔ လက္ထပ္သြားပါၿပီ။ မဂၤလာပြဲေလးကေတာ့ ေသးေသးေလးနဲ႔ ေႏြးေထြး ခ်စ္ခင္စရာေလးပါ။ ဧည့္သည္ကေတာ့ လူအေယာက္ႏွစ္ဆယ္ေလာက္ပဲ ရွိမွာပါ။ ပြဲေလးထဲမွာေတာ့ ေပ်ာ္စရာလည္းေကာင္း၊ ခ်စ္ျခင္းေမတၱာေတြနဲ႔လည္း ျပည့္လွ်ံေနတာပါပဲ။ မဂၤလာေမာင္ႏွံေရာ၊ ႏွစ္ဘက္မိဘေတြပါ ေပ်ာ္မဆုံး ျဖစ္ေနၾကပါတယ္ … ” လို႔ Ari ရဲ႕ ကိုယ္စားလွယ္က ေျပာပါတယ္။

Photo: arianagrande/ Instagram

အသက္(၂၇)ႏွစ္ ရွိၿပီျဖစ္တဲ့ Ari ရဲ႕ ခင္ပြန္းအသစ္စက္စက္ေလးကေတာ့ အသက္(၂၅)ႏွစ္သာ ရွိေသးၿပီး အိမ္ၿခံေျမအက်ိဳးေဆာင္ ေအးဂ်င့္တစ္ေယာက္ ျဖစ္ပါတယ္။ သူတို႔ႏွစ္ဦး ေစ့စပ္လိုက္တဲ့ အေၾကာင္းကိုေတာ့ ၿပီးခဲ့တဲ့ ဒီဇင္ဘာလကပဲ Ari က သူမရဲ႕ အင္စတာဂရမ္ကတဆင့္ ပရိသတ္ေတြဆီ အသိေပးခဲ့ပါေသးတယ္။

သူတို႔ႏွစ္ဦးဟာ ၂၀၂၀ခုႏွစ္ ဇန္နဝါရီလေလာက္မွာ ခ်စ္သူေတြ ျဖစ္ခဲ့ၾကတာ ျဖစ္ၿပီး အဲ့ဒီေနာက္မွာ ကိုဗစ္ကပ္ေရာဂါ ျဖစ္လာတာေၾကာင့္ သူမရဲ႕ ေလာ့စ္အိန္ဂ်လိစ္က ေနအိမ္မွာ ႏွစ္ေယာက္အတူ ေနထိုင္ရင္း ကြာရန္တင္း လုပ္ခဲ့ၾကပါေသးတယ္။ ကိုဗစ္ကာလ အျပင္မထြက္ရတဲ့ အေျခအေနေၾကာင့္ပဲ သူတို႔ႏွစ္ေယာက္ရဲ႕ အခ်စ္ေရးဟာ ပိုၿပီး အေလးအနက္ထားစရာ အဆင့္ထိ တက္လွမ္းႏိုင္ခဲ့တယ္ဆိုလည္း မမွားပါဘူး။

Photo: arianagrande/ Instagram

The Voice အဆိုၿပိဳင္ပြဲရဲ႕ ဒိုင္အသစ္စက္စက္ ျဖစ္လာမယ့္ Ari ဟာ သူမဘဝအတြက္ ျပည့္စုံတဲ့ အိမ္ေထာင္ဘက္ကို ရရွိခဲ့တာလို႔ ဆိုေနၿပီး သူမရဲ႕မိဘေတြကလည္း Dalton ကို သေဘာက်ေနၾကပါတယ္။ Ari ဟာ Dalton နဲ႔ အတူရွိရတာကို ေပ်ာ္႐ႊင္ေနၿပီး သူမရဲ႕မိသားစုေတြကလည္း Dalton ကို ခ်စ္ခင္ၾကတယ္လို႔ သူမရဲ႕ ကိုယ္စားလွယ္က ဆိုထားပါတယ္။

Linda December

Source: People

 

RELATED ARTICLES

Most Popular