HomeCelebs Update NewsInternationalသီခ်င္းသစ္နဲ႔အတူ အခ်စ္သစ္ေတြ႕ေနၿပီဆိုတဲ့ Ariana Grande

သီခ်င္းသစ္နဲ႔အတူ အခ်စ္သစ္ေတြ႕ေနၿပီဆိုတဲ့ Ariana Grande

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

The Blast မီဒီယာရဲ႕ အဆိုအရ Ariana Grande တစ္ေယာက္ကေတာ့ အခ်စ္သစ္နဲ႔ ေတြ႕ေနၿပီလို႔ သိရပါတယ္။ Ariana ဟာ  ၿပီးခဲ့တဲ့ ၾသဂုတ္လ(၁)ရက္ေန႔က  “Boyfriend” ဆိုတဲ့ ဆင္ဂယ္လ္သီခ်င္း အသစ္တစ္ပုဒ္ကို Social House အဖြဲ႔နဲ႔ တြဲဖက္ထြက္ရိွအၿပီးမွာ Social House အဖြဲ႔၀င္ Mikey Foster နဲ႔ တြဲေနတယ္လို႔ သိခဲ့ရတာ ျဖစ္ပါတယ္။

https://www.instagram.com/p/B0rQHcRBqXh/

အဆိုပါ သီခ်င္းအသစ္ “Boyfriend” ရဲ႕ MV ထဲမွာေတာ့ Ariana နဲ႔ Mikey Foster တို႔ရဲ႕ သူငယ္ခ်င္းမက ရည္းစားမက် ဆက္ဆံေရးမ်ိဳးကို ပုံေဖာ္ထားပါတယ္။ ႏွစ္ေယာက္သား တြဲေနတာလားဆိုတဲ့ ေကာလာဟလကေတာ့ ဒီသီခ်င္းမထြက္ခင္ Ariana ရဲ႕ ေမြးေန႔ကတည္းက ထြက္ေနခဲ့တာ ျဖစ္ပါတယ္။

ဇြန္လမွာ က်ေရာက္ခဲ့တဲ့ Ariana ရဲ႕ ေမြးေန႔ကို Mikey Foster က ခံစားခ်က္အျပည့္နဲ႔ ဆုေတာင္းေပးတဲ့ ပုိ႔စ္တစ္ခု တင္ၿပီးတည္းက ႏွစ္ေယာက္ၾကားက ဆက္ဆံေရးကို ပရိသတ္ေတြက စိတ္၀င္စားေနခဲ့ၾကတာပါ။ Mikey Foster က “မင္းဟာ ဒီစၾက၀ဠာႀကီးထဲက အ့ံၾသစရာအေကာင္းဆုံး လူသားတစ္ေယာက္ပါ။ ဒီႏွစ္ဟာ မင္းအတြက္ ဘာမွမေပးႏိုင္ဘူးဆိုရင္ေတာင္ ေပ်ာ္ရႊင္ျခင္းေတြေတာ့ ေပးစြမ္းမယ္လို႔ ေမွ်ာ္လင့္ပါတယ္။ခ်စ္တယ္။ ဟက္ပီးဘက္ေဒးပါ” ဆိုၿပီး Ariana ငယ္ငယ္က ပုံေလးနဲ႔ IG အေကာင့္မွာ ဆုေတာင္းေပးခဲ့ပါတယ္။

https://www.instagram.com/p/BzMIgqVBI2A/?utm_source=ig_embed

ဒီကိစၥနဲ႔ ပတ္သက္ၿပီး ႏွစ္ေယာက္လုံးက တရား၀င္ ၀န္ခံတာမ်ိဳး၊ ထုတ္ေျပာတာမ်ိဳးေတာ့ မရိွေသးေပမယ့္ ခိုင္မာတဲ့ အတြင္းသတင္းေတြအရ ႏွစ္ေယာက္ၾကားမွာ သူငယ္ခ်င္းဆက္ဆံေရးထက္ တစ္ဆင့္ပိုေနတဲ့ အေနအထားေတြ ေတြ႕ရတယ္လို႔ သိရပါတယ္။

Social House အဖြဲ႔ဟာ Ariana ရဲ႕ ေပါက္သီခ်င္းေတြျဖစ္တဲ့ “Thank U, Next” နဲ႔ “7 Rings”တို႔ကို တြဲဖက္ေရးစပ္ေပးခဲ့ၿပီး Tour ေဖ်ာ္ေျဖေရး ခရီးစဥ္ေတြမွာ အတူတကြ လိုက္ပါေဖ်ာ္ေျဖေနတာ ျဖစ္ပါတယ္။ Social House ဟာ Mikey Foster နဲ႔ Charles Anderson ဆိုတဲ့ အဖြဲ႔၀င္ႏွစ္ေယာက္နဲ႔ ဖြဲ႔စည္းထားတာပါ။

https://www.instagram.com/p/BxQdUzIBLPf/

Ariana နဲ႔ Social House အဖြဲ႔ဟာ ေတးသီခ်င္း ဖန္တီးမႈေတြအတြက္ အျပန္အလွန္ ကူညီေနရင္း အတူတကြ ေဖ်ာ္ေျဖေရးခရီးစဥ္ သြားေနၾကတာကေတာ့ အေတာ္ေလး ၾကာေနၿပီလို႔ ေျပာရမွာပါ။ Ariana ရဲ႕ အခ်စ္ေရးကေတာ့ ၿပီးခဲ့တဲ့ ေဆာင္းဦးရာသီတုန္းက Pete Davidson နဲ႔ လမ္းခြဲျပတ္စဲခဲ့ၿပီးကတည္းက ဆင္ဂယ္လ္အေနအထားနဲ႔ ရိွေနခဲ့ပါတယ္။ Pete Davidson နဲ႔ ျပတ္ကာစမွာတုန္းကေတာ့ ၂၀၁၉တစ္ႏွစ္လုံးကို တစ္ကိုယ္တည္းပဲ ျဖတ္သန္းသြားမယ္လို႔ ေျပာခဲ့ဖူးတဲ့ Ariana ဟာ အခုေတာ့ အေနနီးစပ္မႈေၾကာင့္ ထိန္းခ်ဳပ္မရတဲ့ အခ်စ္ေတြ ျဖစ္လာပုံ ရပါတယ္။

https://www.instagram.com/p/B0rQJd6B5IK/

Ariana နဲ႔ Social House ရဲ႕ သီခ်င္းအသစ္ Boyfriend ကေတာ့ ထြက္ရိွၿပီး ႏွစ္ရက္အၾကာမွာ ၾကည့္ရႈနားဆင္သူေပါင္း (၂၅)သန္းေက်ာ္သြားခဲ့ပါၿပီ။ ႏွစ္ေယာက္ၾကားက အသည္းယားစရာ ဆက္ဆံေရးကိုလည္း ေအာက္က ဗီြဒီယိုေလးမွာ ခံစားၾကည့္ရႈလိုက္ပါဦး။

Xei

Ref: people

(Unicode Version)

The Blast မီဒီယာရဲ့ အဆိုအရ Ariana Grande တစ်ယောက်ကတော့ အချစ်သစ်နဲ့ တွေ့နေပြီလို့ သိရပါတယ်။ Ariana ဟာ  ပြီးခဲ့တဲ့ သြဂုတ်လ(၁)ရက်နေ့က  “Boyfriend” ဆိုတဲ့ ဆင်ဂယ်လ်သီချင်း အသစ်တစ်ပုဒ်ကို Social House အဖွဲ့နဲ့ တွဲဖက်ထွက်ရှိအပြီးမှာ Social House အဖွဲ့ဝင် Mikey Foster နဲ့ တွဲနေတယ်လို့ သိခဲ့ရတာ ဖြစ်ပါတယ်။

https://www.instagram.com/p/B0rQHcRBqXh/

အဆိုပါ သီချင်းအသစ် “Boyfriend” ရဲ့ MV ထဲမှာတော့ Ariana နဲ့ Mikey Foster တို့ရဲ့ သူငယ်ချင်းမက ရည်းစားမကျ ဆက်ဆံရေးမျိုးကို ပုံဖော်ထားပါတယ်။ နှစ်ယောက်သား တွဲနေတာလားဆိုတဲ့ ကောလာဟလကတော့ ဒီသီချင်းမထွက်ခင် Ariana ရဲ့ မွေးနေ့ကတည်းက ထွက်နေခဲ့တာ ဖြစ်ပါတယ်။

ဇွန်လမှာ ကျရောက်ခဲ့တဲ့ Ariana ရဲ့ မွေးနေ့ကို Mikey Foster က ခံစားချက်အပြည့်နဲ့ ဆုတောင်းပေးတဲ့ ပို့စ်တစ်ခု တင်ပြီးတည်းက နှစ်ယောက်ကြားက ဆက်ဆံရေးကို ပရိသတ်တွေက စိတ်ဝင်စားနေခဲ့ကြတာပါ။ Mikey Foster က “မင်းဟာ ဒီစကြဝဠာကြီးထဲက အံ့သြစရာအကောင်းဆုံး လူသားတစ်ယောက်ပါ။ ဒီနှစ်ဟာ မင်းအတွက် ဘာမှမပေးနိုင်ဘူးဆိုရင်တောင် ပျော်ရွှင်ခြင်းတွေတော့ ပေးစွမ်းမယ်လို့ မျှော်လင့်ပါတယ်။ချစ်တယ်။ ဟက်ပီးဘက်ဒေးပါ” ဆိုပြီး Ariana ငယ်ငယ်က ပုံလေးနဲ့ IG အကောင့်မှာ ဆုတောင်းပေးခဲ့ပါတယ်။

https://www.instagram.com/p/BzMIgqVBI2A/?utm_source=ig_embed

ဒီကိစ္စနဲ့ ပတ်သက်ပြီး နှစ်ယောက်လုံးက တရားဝင် ဝန်ခံတာမျိုး၊ ထုတ်ပြောတာမျိုးတော့ မရှိသေးပေမယ့် ခိုင်မာတဲ့ အတွင်းသတင်းတွေအရ နှစ်ယောက်ကြားမှာ သူငယ်ချင်းဆက်ဆံရေးထက် တစ်ဆင့်ပိုနေတဲ့ အနေအထားတွေ တွေ့ရတယ်လို့ သိရပါတယ်။

Social House အဖွဲ့ဟာ Ariana ရဲ့ ပေါက်သီချင်းတွေဖြစ်တဲ့ “Thank U, Next” နဲ့ “7 Rings”တို့ကို တွဲဖက်ရေးစပ်ပေးခဲ့ပြီး Tour ဖျော်ဖြေရေး ခရီးစဉ်တွေမှာ အတူတကွ လိုက်ပါဖျော်ဖြေနေတာ ဖြစ်ပါတယ်။ Social House ဟာ Mikey Foster နဲ့ Charles Anderson ဆိုတဲ့ အဖွဲ့ဝင်နှစ်ယောက်နဲ့ ဖွဲ့စည်းထားတာပါ။

https://www.instagram.com/p/BxQdUzIBLPf/

Ariana နဲ့ Social House အဖွဲ့ဟာ တေးသီချင်း ဖန်တီးမှုတွေအတွက် အပြန်အလှန် ကူညီနေရင်း အတူတကွ ဖျော်ဖြေရေးခရီးစဉ် သွားနေကြတာကတော့ အတော်လေး ကြာနေပြီလို့ ပြောရမှာပါ။ Ariana ရဲ့ အချစ်ရေးကတော့ ပြီးခဲ့တဲ့ ဆောင်းဦးရာသီတုန်းက Pete Davidson နဲ့ လမ်းခွဲပြတ်စဲခဲ့ပြီးကတည်းက ဆင်ဂယ်လ်အနေအထားနဲ့ ရှိနေခဲ့ပါတယ်။ Pete Davidson နဲ့ ပြတ်ကာစမှာတုန်းကတော့ ၂၀၁၉တစ်နှစ်လုံးကို တစ်ကိုယ်တည်းပဲ ဖြတ်သန်းသွားမယ်လို့ ပြောခဲ့ဖူးတဲ့ Ariana ဟာ အခုတော့ အနေနီးစပ်မှုကြောင့် ထိန်းချုပ်မရတဲ့ အချစ်တွေ ဖြစ်လာပုံ ရပါတယ်။

https://www.instagram.com/p/B0rQJd6B5IK/

Ariana နဲ့ Social House ရဲ့ သီချင်းအသစ် Boyfriend ကတော့ ထွက်ရှိပြီး နှစ်ရက်အကြာမှာ ကြည့်ရှုနားဆင်သူပေါင်း (၂၅)သန်းကျော်သွားခဲ့ပါပြီ။ နှစ်ယောက်ကြားက အသည်းယားစရာ ဆက်ဆံရေးကိုလည်း အောက်က ဗွီဒီယိုလေးမှာ ခံစားကြည့်ရှုလိုက်ပါဦး။

Xei

Ref: people

 

RELATED ARTICLES

Most Popular