HomeCelebs Update NewsInternationalအိမ်ခြံမြေအကျိုးဆောင် Dalton Gomez နဲ့ စေ့စပ်သွားပြီဖြစ်တဲ့ Ariana Grande 

အိမ်ခြံမြေအကျိုးဆောင် Dalton Gomez နဲ့ စေ့စပ်သွားပြီဖြစ်တဲ့ Ariana Grande 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ကမ္ဘာကျော်အဆိုရှင်တစ်ဦးဖြစ်တဲ့ Ariana Grande ကတော့ စေ့စပ်သွားပြီ ဖြစ်ပါတယ်။ Ariana ဟာ သူမရဲ့ချစ်သူနဲ့ စေ့စပ်လိုက်တဲ့ သတင်းကိုတော့ နှစ်ယောက်တွဲ ဓာတ်ပုံတွေနဲ့ စေ့စပ်လက်စွပ်ပုံတွေကို အင်စတာဂရမ်မှာ ပို့စ်တင်ပြီး အသိပေးလိုက်တာ ဖြစ်ပါတယ်။

Photo: arianagrande/ Instagram

“Positions” သီချင်းရှင် Ariana ဟာ သူမရဲ့ချစ်သူ Dalton Gomez နဲ့ နှစ်ယောက်တွဲ ရိုက်ထားတဲ့ ဓာတ်ပုံတွေနဲ့ ဒီသတင်းလေးကို ဝေမျှပေးလိုက်တာ ဖြစ်ပါတယ်။ သူမရဲ့ခင်ပွန်းလောင်း Dalton Gomez ကတော့ အနုပညာသမား မဟုတ်သလို နာမည်ကြီး ဆယ်လီတစ်ယောက်လည်း မဟုတ်ပါဘူး။ Dalton Gomez ဟာ တန်ဖိုးကြီး ဇိမ်ခံ အိမ်ခြံမြေအကျိုးဆောင်တစ်ယောက်ဖြစ်ပြီး နာမည်ကျော်စတားတွေရဲ့ ဒေါ်လာသန်းနဲ့ချီတန်တဲ့ အိမ်ခြံမြေတွေကို ရောင်းဝယ်တဲ့ ကိစ္စတွေမှာ ပြုလုပ်ပေးနေသူ ဖြစ်ပါတယ်။

Photo: arianagrande/ Instagram

အဆိုပါပို့စ်မှာတော့ Ariana ဟာ “forever n then some” လို့ caption ရေးထားတာ တွေ့ရပါတယ်။ သူမရဲ့မိခင်ဖြစ်သူကလည်း ဒီမင်္ဂလာသတင်းကို ဝမ်းမြောက်စွာ ကြိုဆိုပြီး သူမရဲ့တွစ်တာအကောင့်မှာ ဂုဏ်ပြုစကား ပြောထားတာ တွေ့ရပါသေးတယ်။

Ariana နဲ့ Dalton တို့ တွဲနေကြတဲ့သတင်းကိုတော့ ယခုနှစ် အစောပိုင်းမှာ People magazine က ဖော်ပြခဲ့ဖူးပါတယ်။ သူတို့နှစ်ဦးဟာ ကိုဗစ်ကာလမှာလည်း အတူတူ ကွာရန်တင်း နေထိုင်နေကြတာ ဖြစ်ပါတယ်။ ဒါဟာ ချစ်သူတွေအဖြစ် ရှစ်လကြာ တွဲပြီးနောက်မှာ တကယ် အတည်ရှေ့ဆက်ကြဖို့ နောက်တစ်ဆင့် တက်လိုက်တာပဲ ဖြစ်ပါတယ်။

Photo: arianagrande/ Instagram

Ariana ဟာ ၂၀၁၈ခုနှစ်တုန်းကလည်း “Saturday Night Live” အဖွဲ့ဝင် တင်ဆက်သူ Pete Davidson နဲ့ စေ့စပ်ခဲ့ဖူးပါသေးတယ်။ ဒါပေမယ့် တစ်နှစ်ကြာပြီးနောက်တော့ သူတို့ရဲ့အချစ်ဇာတ်လမ်းဟာ တစ်ခန်းရပ်ခဲ့ပါတယ်။

ဂီတနဲ့ပတ်သက်ရင်တော့ Ariana ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလကပဲ “Positions” သီချင်းအယ်လ်ဘမ်ကို ထွက်ရှိထားပါတယ်။ ဒါ့အပြင် သူမရဲ့ “Sweetener” ကမ္ဘာလှည့် ဖျော်ဖြေရေးခရီးစဉ်အကြောင်း ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင် “Excuse Me, I Love You” ကိုလည်း ဒီဇင်ဘာလ (၂၁)ရက်နေ့ တနင်္လာနေ့မှာ Netflix ကနေ စတင်ထုတ်လွှင့် ပြသသွားမှာ ဖြစ်ပါတယ်။

C 21

Source: indian express

(Zawgyi version)

ကမာၻေက်ာ္အဆိုရွင္တစ္ဦးျဖစ္တဲ့ Ariana Grande ကေတာ့ ေစ့စပ္သြားၿပီ ျဖစ္ပါတယ္။ Ariana ဟာ သူမရဲ႕ခ်စ္သူနဲ႔ ေစ့စပ္လိုက္တဲ့ သတင္းကိုေတာ့ ႏွစ္ေယာက္တြဲ ဓာတ္ပုံေတြနဲ႔ ေစ့စပ္လက္စြပ္ပုံေတြကို အင္စတာဂရမ္မွာ ပို႔စ္တင္ၿပီး အသိေပးလိုက္တာ ျဖစ္ပါတယ္။

Photo: arianagrande/ Instagram

“Positions” သီခ်င္းရွင္ Ariana ဟာ သူမရဲ႕ခ်စ္သူ Dalton Gomez နဲ႔ ႏွစ္ေယာက္တြဲ ႐ိုက္ထားတဲ့ ဓာတ္ပုံေတြနဲ႔ ဒီသတင္းေလးကို ေဝမွ်ေပးလိုက္တာ ျဖစ္ပါတယ္။ သူမရဲ႕ခင္ပြန္းေလာင္း Dalton Gomez ကေတာ့ အႏုပညာသမား မဟုတ္သလို နာမည္ႀကီး ဆယ္လီတစ္ေယာက္လည္း မဟုတ္ပါဘူး။ Dalton Gomez ဟာ တန္ဖိုးႀကီး ဇိမ္ခံ အိမ္ၿခံေျမအက်ိဳးေဆာင္တစ္ေယာက္ျဖစ္ၿပီး နာမည္ေက်ာ္စတားေတြရဲ႕ ေဒၚလာသန္းနဲ႔ခ်ီတန္တဲ့ အိမ္ၿခံေျမေတြကို ေရာင္းဝယ္တဲ့ ကိစၥေတြမွာ ျပဳလုပ္ေပးေနသူ ျဖစ္ပါတယ္။

Photo: arianagrande/ Instagram

အဆိုပါပို႔စ္မွာေတာ့ Ariana ဟာ “forever n then some” လို႔ caption ေရးထားတာ ေတြ႕ရပါတယ္။ သူမရဲ႕မိခင္ျဖစ္သူကလည္း ဒီမဂၤလာသတင္းကို ဝမ္းေျမာက္စြာ ႀကိဳဆိုၿပီး သူမရဲ႕တြစ္တာအေကာင့္မွာ ဂုဏ္ျပဳစကား ေျပာထားတာ ေတြ႕ရပါေသးတယ္။

Ariana နဲ႔ Dalton တို႔ တြဲေနၾကတဲ့သတင္းကိုေတာ့ ယခုႏွစ္ အေစာပိုင္းမွာ People magazine က ေဖာ္ျပခဲ့ဖူးပါတယ္။ သူတို႔ႏွစ္ဦးဟာ ကိုဗစ္ကာလမွာလည္း အတူတူ ကြာရန္တင္း ေနထိုင္ေနၾကတာ ျဖစ္ပါတယ္။ ဒါဟာ ခ်စ္သူေတြအျဖစ္ ရွစ္လၾကာ တြဲၿပီးေနာက္မွာ တကယ္ အတည္ေရွ႕ဆက္ၾကဖို႔ ေနာက္တစ္ဆင့္ တက္လိုက္တာပဲ ျဖစ္ပါတယ္။

Photo: arianagrande/ Instagram

Ariana ဟာ ၂၀၁၈ခုႏွစ္တုန္းကလည္း “Saturday Night Live” အဖြဲ႕ဝင္ တင္ဆက္သူ Pete Davidson နဲ႔ ေစ့စပ္ခဲ့ဖူးပါေသးတယ္။ ဒါေပမယ့္ တစ္ႏွစ္ၾကာၿပီးေနာက္ေတာ့ သူတို႔ရဲ႕အခ်စ္ဇာတ္လမ္းဟာ တစ္ခန္းရပ္ခဲ့ပါတယ္။

ဂီတနဲ႔ပတ္သက္ရင္ေတာ့ Ariana ဟာ ၿပီးခဲ့တဲ့ ႏိုဝင္ဘာလကပဲ “Positions” သီခ်င္းအယ္လ္ဘမ္ကို ထြက္ရွိထားပါတယ္။ ဒါ့အျပင္ သူမရဲ႕ “Sweetener” ကမာၻလွည့္ ေဖ်ာ္ေျဖေရးခရီးစဥ္အေၾကာင္း ႐ိုက္ကူးထားတဲ့ မွတ္တမ္း႐ုပ္ရွင္ “Excuse Me, I Love You” ကိုလည္း ဒီဇင္ဘာလ (၂၁)ရက္ေန႔ တနလၤာေန႔မွာ Netflix ကေန စတင္ထုတ္လႊင့္ ျပသသြားမွာ ျဖစ္ပါတယ္။

C 21

Source: indian express

RELATED ARTICLES

Most Popular