HomeEntertainmentFilmDisney ရဲ့ရေသူမလေး Ariel ဖြစ်လာစေခဲ့တဲ့ လက်တွေ့ဘဝက အမျိူးသမီး(၄)ယောက်

Disney ရဲ့ရေသူမလေး Ariel ဖြစ်လာစေခဲ့တဲ့ လက်တွေ့ဘဝက အမျိူးသမီး(၄)ယောက်

ရေသူမလေး Ariel ကတော့ Disney ရဲ့ အအောင်မြင်ဆုံး Princess တစ်ယောက် ဖြစ်ပါတယ်။ Disney ကတော့ ၁၉၃၇ ခုနှစ်မှာ Snow White and the Seven Dwarfs ကို ထုတ်လုပ်ပြီးနောက်မှာ Princess တွေကို ဆက်တိုက်ဖန်တီးခဲ့ပါတယ်။ The Little Mermaid ကတော့ Hans Christian Andersen ရဲ့ စာအုပ်ကို အခြေခံဖန်တီးထားတာ ဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာလည်း Live Action ဗားရှင်း ထွက်ရှိလာဦးမှာ ဖြစ်ပါတယ်။

photo via screenrant

ရေသူမလေး Ariel ရဲ့ ပုံစံကိုတော့ Disney စတူဒီယိုရဲ့ Legend တစ်ယောက် ဖြစ်တဲ့ Glen Keane က အဓိကဖန်တီးခဲ့တာ ဖြစ်ပါတယ်။ Emily Zemler ရေးသားခဲ့တဲ့ Disney Princess: Beyond The Tiara စာအုပ်ထဲမှာတော့ Glen Keane ဟာ လက်တွေ့ဘဝက အမျိူးသမီးလေးယောက်ရဲ့ ပုံစံကို အခြေခံပြီး Ariel ကို ဖန်တီးခဲ့တယ်လို့ ရေးသားထားပါတယ်။ အဲဒီအမျိူးသမီးလေးယောက်ကတော့ Glen Keane ရဲ့ ဇနီးဖြစ်သူ Linda ၊ မော်ဒယ်လ် Christie Brinkley ၊ သရုပ်ဆောင် Alyssa Milano နဲ့ Comedian ဖြစ်သူ Sherri Stoner တို့ပဲ ဖြစ်ပါတယ်။

အများအားဖြင့် မော်ဒယ်လ် Christie Brinkley နဲ့ သရုပ်ဆောင် Alyssa Milano တို့ရဲ့ ပုံစံအများစုကို အခြေခံပြီး Ariel ကို ဖန်တီးထားတယ်လို့ သိရပါတယ်။ Ariel ရဲ့ ဆံပင်ပုံစံကတော့ ၁၉၇၀ နဲ့ ၁၉၈၀ ကျော်လောက်က Fashion Icon ဖြစ်ခဲ့တဲ့ မော်ဒယ်လ် Christie Brinkley ရဲ့ ဆံပင်ပုံစံကို ဖန်တီးထားတာ ဖြစ်ပြီး သူမရဲ့လှပတဲ့ အပြာရောင်မျက်လုံးဟာလည်း Ariel ဆီမှာ မြင်တွေ့ရပါတယ်။ Ariel ရဲ့ မျက်နှာပုံပန်း သဏ္ဍာန်ကိုတော့ သရုပ်ဆောင် Alyssa Milano ကို အခြေခံပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။

photo via screenrant

Ariel ရဲ့ စိတ်နေစိတ်ထားနဲ့ အမူအရာတွေကိုတော့ Glen Keane ရဲ့ ဇနီးဖြစ်သူ Linda နဲ့ Comedian Sherri Stoner တို့ကို အခြေခံပြီး ဖန်တီးခဲ့တယ်လို့ Glen Keane ကိုယ်တိုင်က ပြောခဲ့ဖူးပါတယ်။ Ariel ရဲ့ အပြုံးနဲ့ လက်ဟန်ခြေဟန် အမူအရာတွေကိုတော့ Sherri Stoner ရဲ့ အမူအရာတွေကို ကြည့်ပြီး ဖန်တီးထားတာ ဖြစ်ကာ Sherri ကိုယ်တိုင်ကလည်း သူမရဲ့သူငယ်ချင်းတွေက Ariel ကို ကြည့်လိုက်ရင် သူမရဲ့ အမူအရာတွေကို မြင်တွေ့ရတယ်လို့ ပြောခဲ့ဖူးကြောင်း သိရပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular