HomeEntertainmentFilmရုပ်ရှင်အဖြစ်သာ ရိုက်ကူးသွားတော့မယ် ဆိုတဲ့ Armor Wars

ရုပ်ရှင်အဖြစ်သာ ရိုက်ကူးသွားတော့မယ် ဆိုတဲ့ Armor Wars

MCU ရဲ့ Phase 5 ထဲမှာ ပါဝင်နေတဲ့ Armor Wars ဇာတ်လမ်းကတော့ အစတုန်းက Disney+ ကနေ ပြသသွားမယ့် ဇာတ်လမ်းတွဲအဖြစ် ဖန်တီးသွားမယ်လို့ ကြေညာထားပြီး ယခုအချိန်မှာတော့ ရုပ်ရှင်အဖြစ်ပဲ ဖန်တီးသွားတော့မယ်လို့ သိရပါတယ်။ Armor Wars ဇာတ်လမ်းတွဲ ထွက်ရှိလာမယ် ဆိုတာကို ၂၀၂၀ ခုနှစ်ကတည်းက ကြေညာခဲ့တာ ဖြစ်ပြီး ယခုအချိန်ထိလည်း ရိုက်ကူးရေး မစတင်ရသေးဘဲ နှောင့်နှေးနေပါတယ်။

photo via screenrant

Armor Wars ဇာတ်လမ်းကတော့ သရုပ်ဆောင် Don Cheadle ရဲ့ War Machine ကို အဓိက မြင်တွေ့ရမှာ ဖြစ်ပြီး ဒီဇာတ်လမ်းဟာ Secret Invasion ဇာတ်လမ်းတွဲအပြီးမှာ ဇာတ်အိမ်တည်ထားတယ်လို့ သိရပါတယ်။ Marvel ကတော့ ဒီဇာတ်လမ်းအကြောင်းကို ဘာမှမကြေညာထားပေမယ့်လည်း Don Cheadle ကတော့ အင်တာဗျူးတစ်ခုမှာ ဇာတ်လမ်းအကျဉ်းကို ပြောပြသွားခဲ့ပါတယ်။ အဲဒါကတော့ Tony Stark ရဲ့ နည်းပညာတွေဟာ အခိုးခံလိုက်ရတာကြောင့် War Machine ဟာ ဒီနည်းပညာတွေကို မကောင်းတဲ့သူတွေ လက်ထဲမရောက်သွားအောင် တားဆီးတာကို မြင်တွေ့ရမှာပါ။

မကြာခင်ကပဲ Armor Wars ဇာတ်လမ်းဟာ ဇာတ်လမ်းတွဲ မဟုတ်တော့ဘဲ ရုပ်ရှင်အနေနဲ့ပဲ ဖန်တီးသွားတော့မယ်လို့ The Hollywood Reporter သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ Marvel စတူဒီယိုဟာ ဒီဇာတ်လမ်းကို သေချာဖန်တီးသွားဖို့ ဆုံးဖြတ်ထားပြီး အပိုင်း (၆)ပိုင်း ပါဝင်တဲ့ ဇာတ်လမ်းတွဲထက် ရုပ်ရှင်အဖြစ် ဖန်တီးလိုက်တာက ပိုပြီးကောင်းလိမ့်မယ်လို့ ယူဆခဲ့ကြပါတယ်။

photo via screenrant

War Machine ဟာ MCU ရဲ့ ပရောဂျက်များစွာမှာ ပါဝင်ခဲ့ဖူးပေမယ့်လည်း သူဟာ Screentime လည်း သိပ်မရခဲ့သလို အရံနေရာကပဲ ပါဝင်ခဲ့ရတာ ဖြစ်ပါတယ်။ ယခုလိုမျိူး Armor Wars ဇာတ်လမ်းဟာ ရုပ်ရှင်အဖြစ် ပြောင်းလဲသွားတဲ့ အချက်ကတော့ Don Cheadle သရုပ်ဆောင်ထားတဲ့ War Machine ဇာတ်ကောင်အတွက် သတင်းကောင်းပဲ ဖြစ်ပြီး သူဟာ MCU ရဲ့ ပိုပြီးအရေးပါတဲ့ ဇာတ်ကောင် ဖြစ်လာတော့မှာပါ။

Legos

Source: Screenrant

RELATED ARTICLES

Most Popular