HomeEntertainmentFilmသမီးဖြစ်သူကို ထိတ်လန့်တကြား ငိုကျွေးစေခဲ့တဲ့ Terminator 2 ထဲက Arnold ရဲ့အထူးမိတ်ကပ်

သမီးဖြစ်သူကို ထိတ်လန့်တကြား ငိုကျွေးစေခဲ့တဲ့ Terminator 2 ထဲက Arnold ရဲ့အထူးမိတ်ကပ်

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Terminator ဇာတ်ကားတွေဟာ မင်းသားကြီး Arnold Schwarzenegger အတွက် ကြီးမားတဲ့ အောင်မြင်မှုတွေကို ယူဆောင်ပေးနိုင်ခဲ့ပေမယ့် သူ့ရဲ့သမီးလေးအတွက်ကိုတော့ ထိတ်လန့်ရတဲ့ ခံစားချက်ကိုပဲ ပေးစွမ်းခဲ့တယ်လို့ သိရပါတယ်။

ဒီအဖြစ်အပျက်ကိုတော့ Kindergarten Cop ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့သူတွေ ပြန်လည်တွေ့ဆုံကြတဲ့ပွဲမှာ မင်းသားကြီး Arnold Schwarzenegger က ပြောပြခဲ့တာ ဖြစ်ပါတယ်။ Terminator 2 ဟာ ဝင်ငွေတွေလည်း ကောင်းခဲ့သလို ကောင်းမွန်တဲ့ ဝေဖန်ချက်တွေကိုလည်း ရရှိခဲ့ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ Arnold Schwarzenegger ၊ Linda Hamilton ၊ Robert Patrick နဲ့ Edward Furlong တို့ အဓိက ပါဝင်ထားပြီး အော်စကာဆု လေးဆုတောင် ရရှိထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ရဲ့ အထူးပြုလုပ်ချက်တွေ၊ မိတ်ကပ်တွေဟာ ကြည့်ရှုသူတွေကို အတော်လေး ဆွဲဆောင်နိုင်ခဲ့ပေမယ့်လည်း Arnold ရဲ့ သမီးလေးကတော့ အဲ့ဒါတွေကို ကြောက်လန့်ခဲ့ပါတယ်။

photo via screenrant

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက Arnold ဟာ Kindergarten Cop ရုပ်ရှင်မှာ ကလေးသရုပ်ဆောင်တွေအဖြစ် ပါဝင်ခဲ့သူတွေနဲ့ Yahoo ကနေတစ်ဆင့် ပြန်လည်တွေ့ဆုံခဲ့ပါတယ်။ Arnold ဟာ သူတို့နဲ့ စကားပြောဆိုရင်း Terminator 2 ရိုက်ကွင်းပေါ်မှာ ဖြစ်ခဲ့တဲ့ သူ့သမီးလေးနဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။ များသောအားဖြင့်တော့ သူ့ရဲ့ဇနီး Maria Shriver နဲ့ သူ့ရဲ့ကလေးတွေဟာ ရိုက်ကွင်းပေါ်မှာ သူသရုပ်ဆောင်နေတာကို ကြည့်ရှုရတာ သဘောကျကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့သမီးလေး Katherine ကတော့ ရိုက်ကွင်းပေါ် ရောက်လာရင် မကြာခဏ ငိုလေ့ရှိတယ်လို့ ပြောပြခဲ့ပါတယ်။

Arnold ပြောခဲ့တဲ့ စကားအပြည့်အစုံကတော့ “ကျွန်တော်တို့က Terminator 2 ကို ရိုက်ကူးနေတဲ့အချိန်မှာ Maria က ရိုက်ကွင်းပေါ်ကို ရောက်လာတယ်။ ပြီးတော့ ကျွန်တော့်ရဲ့ မျက်နှာတစ်ခြမ်းက မရှိတော့ဘဲ မျက်လုံးက အရောင်တွေ ထွက်နေတဲ့ မိတ်ကပ်ပုံစံကို ကျွန်တော်ရဲ့သမီးက တွေ့သွားတယ်။ အဲ့လိုမျိူး ထူးဆန်းတဲ့ မိတ်ကပ်ပုံစံတွေကြောင့် သူလည်း ကျွန်တော့်ကို တွေ့တာနဲ့ ငိုတော့တာပဲ။ ဘာလို့လည်းဆိုတော့ ကျွန်တော့်ရဲ့ပုံစံက ဘာကြောင့် ဒီလိုမျိူး ဖြစ်နေတာလည်းဆိုတာ သူ မသိတာကြောင့်လေ …. ” လို့ ပြောပြခဲ့ပါတယ်။

photo via screenrant

ငယ်ငယ်တုန်းက ဖခင်ဖြစ်သူရဲ့ မိတ်ကပ်ကြောင့် ထိတ်လန့်ပြီး ငိုကျွေးခဲ့တဲ့ Catherine ဟာ အခုချိန်မှာတော့ အသက် (၃၁)နှစ်ရှိပြီ ဖြစ်ပါတယ်။ ဒါ့အပြင် သူမဟာ စာရေးဆရာမတစ်ယောက် ဖြစ်ပြီး မင်းသား Chris Pratt နဲ့ ၂၀၁၉ ခုနှစ်မှာ လက်ထပ်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ သူတို့ဇနီးမောင်နှံရဲ့ ပထမဆုံးရင်သွေးလေးကို ရရှိခဲ့ပြီး Arnold ကလည်း ” Chris Pratt ဟာ သူမအတွက် ခင်ပွန်းကောင်းတစ်ယောက်နဲ့ ကျွန်တော့်အတွက် သားမက်ကောင်းတစ်ယောက်ပါ …” လို့ ပြောသွားပါသေးတယ်။

အဲ့ဒီ့ခေတ်ကာလ အခြေအနေနဲ့ ဒီမျက်နှာတစ်ဖက် မရှိတော့တဲ့ မိတ်ကပ်ကြီးဟာ ကလေးတွေအတွက်တော့ တကယ် ကြောက်စရာ ဖြစ်ခဲ့တယ်ဆိုတာ ငယ်ငယ်က ဒီရုပ်ရှင်ကို ကြည့်ခဲ့ဖူးသူတွေဆိုရင် ပိုပြီးတော့ သိလိမ့်မယ်ဆိုတာ အသေအချာပါပဲ။

Legos

Source : Screenrant

(Zawgyi Version)

Terminator ဇာတ္ကားေတြဟာ မင္းသားႀကီး Arnold Schwarzenegger အတြက္ ႀကီးမားတဲ့ ေအာင္ျမင္မႈေတြကို ယူေဆာင္ေပးႏိုင္ခဲ့ေပမယ့္ သူ႔ရဲ႕သမီးေလးအတြက္ကိုေတာ့ ထိတ္လန႔္ရတဲ့ ခံစားခ်က္ကိုပဲ ေပးစြမ္းခဲ့တယ္လို႔ သိရပါတယ္။

ဒီအျဖစ္အပ်က္ကိုေတာ့ Kindergarten Cop ဇာတ္ကားထဲမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့သူေတြ ျပန္လည္ေတြ႕ဆုံၾကတဲ့ပြဲမွာ မင္းသားႀကီး Arnold Schwarzenegger က ေျပာျပခဲ့တာ ျဖစ္ပါတယ္။ Terminator 2 ဟာ ဝင္ေငြေတြလည္း ေကာင္းခဲ့သလို ေကာင္းမြန္တဲ့ ေဝဖန္ခ်က္ေတြကိုလည္း ရရွိခဲ့ပါတယ္။ သ႐ုပ္ေဆာင္ေတြအေနနဲ႔ Arnold Schwarzenegger ၊ Linda Hamilton ၊ Robert Patrick နဲ႔ Edward Furlong တို႔ အဓိက ပါဝင္ထားၿပီး ေအာ္စကာဆု ေလးဆုေတာင္ ရရွိထားတာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ရဲ႕ အထူးျပဳလုပ္ခ်က္ေတြ၊ မိတ္ကပ္ေတြဟာ ၾကည့္ရႈသူေတြကို အေတာ္ေလး ဆြဲေဆာင္ႏိုင္ခဲ့ေပမယ့္လည္း Arnold ရဲ႕ သမီးေလးကေတာ့ အဲ့ဒါေတြကို ေၾကာက္လန႔္ခဲ့ပါတယ္။

photo via screenrant

ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔တုန္းက Arnold ဟာ Kindergarten Cop ႐ုပ္ရွင္မွာ ကေလးသ႐ုပ္ေဆာင္ေတြအျဖစ္ ပါဝင္ခဲ့သူေတြနဲ႔ Yahoo ကေနတစ္ဆင့္ ျပန္လည္ေတြ႕ဆုံခဲ့ပါတယ္။ Arnold ဟာ သူတို႔နဲ႔ စကားေျပာဆိုရင္း Terminator 2 ႐ိုက္ကြင္းေပၚမွာ ျဖစ္ခဲ့တဲ့ သူ႔သမီးေလးနဲ႔အေၾကာင္းကို ေျပာျပခဲ့ပါတယ္။ မ်ားေသာအားျဖင့္ေတာ့ သူ႔ရဲ႕ဇနီး Maria Shriver နဲ႔ သူ႔ရဲ႕ကေလးေတြဟာ ႐ိုက္ကြင္းေပၚမွာ သူသ႐ုပ္ေဆာင္ေနတာကို ၾကည့္ရႈရတာ သေဘာက်ၾကတယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္လည္း သူ႔ရဲ႕သမီးေလး Katherine ကေတာ့ ႐ိုက္ကြင္းေပၚ ေရာက္လာရင္ မၾကာခဏ ငိုေလ့ရွိတယ္လို႔ ေျပာျပခဲ့ပါတယ္။

Arnold ေျပာခဲ့တဲ့ စကားအျပည့္အစုံကေတာ့ “ကြၽန္ေတာ္တို႔က Terminator 2 ကို ႐ိုက္ကူးေနတဲ့အခ်ိန္မွာ Maria က ႐ိုက္ကြင္းေပၚကို ေရာက္လာတယ္။ ၿပီးေတာ့ ကြၽန္ေတာ့္ရဲ႕ မ်က္ႏွာတစ္ျခမ္းက မရွိေတာ့ဘဲ မ်က္လုံးက အေရာင္ေတြ ထြက္ေနတဲ့ မိတ္ကပ္ပုံစံကို ကြၽန္ေတာ္ရဲ႕သမီးက ေတြ႕သြားတယ္။ အဲ့လိုမ်ိဴး ထူးဆန္းတဲ့ မိတ္ကပ္ပုံစံေတြေၾကာင့္ သူလည္း ကြၽန္ေတာ့္ကို ေတြ႕တာနဲ႔ ငိုေတာ့တာပဲ။ ဘာလို႔လည္းဆိုေတာ့ ကြၽန္ေတာ့္ရဲ႕ပုံစံက ဘာေၾကာင့္ ဒီလိုမ်ိဴး ျဖစ္ေနတာလည္းဆိုတာ သူ မသိတာေၾကာင့္ေလ …. ” လို႔ ေျပာျပခဲ့ပါတယ္။

photo via screenrant

ငယ္ငယ္တုန္းက ဖခင္ျဖစ္သူရဲ႕ မိတ္ကပ္ေၾကာင့္ ထိတ္လန႔္ၿပီး ငိုေကြၽးခဲ့တဲ့ Catherine ဟာ အခုခ်ိန္မွာေတာ့ အသက္ (၃၁)ႏွစ္ရွိၿပီ ျဖစ္ပါတယ္။ ဒါ့အျပင္ သူမဟာ စာေရးဆရာမတစ္ေယာက္ ျဖစ္ၿပီး မင္းသား Chris Pratt နဲ႔ ၂၀၁၉ ခုႏွစ္မွာ လက္ထပ္ခဲ့ပါတယ္။ ဒီႏွစ္မွာေတာ့ သူတို႔ဇနီးေမာင္ႏွံရဲ႕ ပထမဆုံးရင္ေသြးေလးကို ရရွိခဲ့ၿပီး Arnold ကလည္း ” Chris Pratt ဟာ သူမအတြက္ ခင္ပြန္းေကာင္းတစ္ေယာက္နဲ႔ ကြၽန္ေတာ့္အတြက္ သားမက္ေကာင္းတစ္ေယာက္ပါ …” လို႔ ေျပာသြားပါေသးတယ္။

အဲ့ဒီ့ေခတ္ကာလ အေျခအေနနဲ႔ ဒီမ်က္ႏွာတစ္ဖက္ မရွိေတာ့တဲ့ မိတ္ကပ္ႀကီးဟာ ကေလးေတြအတြက္ေတာ့ တကယ္ ေၾကာက္စရာ ျဖစ္ခဲ့တယ္ဆိုတာ ငယ္ငယ္က ဒီ႐ုပ္ရွင္ကို ၾကည့္ခဲ့ဖူးသူေတြဆိုရင္ ပိုၿပီးေတာ့ သိလိမ့္မယ္ဆိုတာ အေသအခ်ာပါပဲ။

Legos

Source : Screenrant

RELATED ARTICLES

Most Popular