HomeCelebs Update NewsInternationalနှလုံးခွဲစိတ်မှု ခံယူခဲ့ရပေမယ့် ဒေါင်ဒေါင်မြည် ကျန်းမာနေတုန်းပဲဆိုတဲ့ Arnold Schwarzenegger 

နှလုံးခွဲစိတ်မှု ခံယူခဲ့ရပေမယ့် ဒေါင်ဒေါင်မြည် ကျန်းမာနေတုန်းပဲဆိုတဲ့ Arnold Schwarzenegger 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ကမ္ဘာကျော်မင်းသားကြီး Arnold Schwarzenegger ဟာ နှလုံးခွဲစိတ်မှု ခံယူခဲ့ရပေမယ့် အခုအချိန်မှာတော့ ပြန်လည်နေကောင်း ကျန်းမာလာပြီလို့ သိရပါတယ်။

“ကျွန်တော် ပြီးခဲ့တဲ့အခေါက်တုန်းက နှလုံးအဆို့ရှင် ခွဲစိတ်မှု လုပ်ခဲ့ရတော့ အခုက ပင်မသွေးလွှတ်ကြောမှာရှိတဲ့ အဆို့ရှင်ကို ထပ်ခွဲရတာပါ။ ကျွန်တော် နေလို့သိပ်ကောင်းပါတယ်။ အဲ့ဒါကြောင့် Cleveland မှာတောင် လမ်းတွေလျှောက်နေပါပြီ …” လို့ Terminator မင်းသားကြီး တစ်ဖြစ်လည်း ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ အငြိမ်းစား ပြည်နယ်အုပ်ချုပ်ရေးမှူး Arnold Schwarzenegger က သူ့ရဲ့ Twitter စာမျက်နှာမှာ ပြောပြထားပါတယ်။

photo via indianexpress

အဆိုပါ တွစ်တာက ပို့စ်မှာတော့ အသက်(၇၃)နှစ် ရှိပြီဖြစ်တဲ့ မင်းသားကြီး Arnold ဟာ Cleveland ဆေးရုံက လူနာကုတင်ပေါ်မှာ လဲလျောင်းရင်း လက်မထောင်ထားတဲ့ ဓာတ်ပုံကို မျှဝေထားပြီး သူ့ကိုကုသပေးခဲ့တဲ့ ဆေးဝန်ထမ်းတွေကိုလည်း ကျေးဇူးတင်ကြောင်း ပြောထားပါတယ်။

မင်းသားကြီး Arnold ဟာ မွေးရာပါ နှလုံးအားနည်း၊ချွတ်ယွင်းသူ ဖြစ်ပြီး ၂၀၁၈ခုနှစ်မှာလည်း အရေးပေါ် နှလုံးခွဲစိတ်ကုသခဲ့ရပြီး နှလုံးအဆို့ရှင် အစားထိုး ကုသမှုခံယူခဲ့ရပါသေးတယ်။

photo: schwarzenegger/ twitter

မင်းသားကြီး Arnold ဟာ ၁၉၈၀ခုနှစ်လောက်က စတင်ပြီး Conan the Barbarian ၊ The Terminator ၊ Twins ရုပ်ရှင်ဇာတ်ကားတွေနဲ့ တစ်ကမ္ဘာလုံးအနှံ့ နာမည်ကျော်ကြားလာခဲ့တဲ့ ဝါရင့်သရုပ်ဆောင် မင်းသားကြီး ဖြစ်ပါတယ်။

ဒါ့အပြင် မင်းသားကြီးဟာ သရုပ်ဆောင်အလုပ်အပြင် နိုင်ငံရေးမှာလည်း ရာထူးအကြီးပိုင်းကနေ တာဝန်ယူ ထမ်းဆောင်ခဲ့ပါသေးတယ်။ ၂၀၀၃ခုနှစ်မှာ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် ရွေးကောက်ခံခဲ့ရပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ရွေးကောက်ခံ သက်တမ်းပြည့်တဲ့ ၂၀၁၁ခုနှစ်နောက်ပိုင်းတော့ သူဟာ ရုပ်ရှင်လောကကို ပြန်လည်ဝင်ရောက်လာပြီး The Expendables 2 နဲ့ Terminator နောက်ဆက်တွဲ ဇာတ်ကားတွေမှာ မြင်တွေ့ခဲ့ရပါတယ်။

အက်ရှင်ပရိသတ်တွေ ကြိုက်နှစ်သက်ကြတဲ့ မင်းသားကြီးဟာ အခုအရွယ်ထိလည်း နှလုံးခွဲစိတ်ထားရပေမယ့် ဒေါင်ဒေါင်မြည် ကျန်းမာနေဆဲပါပဲလို့ ဆိုရင်း … ။

C 21

Source: indian express

(Zawgyi version)

ကမာၻေက်ာ္မင္းသားႀကီး Arnold Schwarzenegger ဟာ ႏွလုံးခြဲစိတ္မႈ ခံယူခဲ့ရေပမယ့္ အခုအခ်ိန္မွာေတာ့ ျပန္လည္ေနေကာင္း က်န္းမာလာၿပီလို႔ သိရပါတယ္။

“ကြၽန္ေတာ္ ၿပီးခဲ့တဲ့အေခါက္တုန္းက ႏွလုံးအဆို႔ရွင္ ခြဲစိတ္မႈ လုပ္ခဲ့ရေတာ့ အခုက ပင္မေသြးလႊတ္ေၾကာမွာရွိတဲ့ အဆို႔ရွင္ကို ထပ္ခြဲရတာပါ။ ကြၽန္ေတာ္ ေနလို႔သိပ္ေကာင္းပါတယ္။ အဲ့ဒါေၾကာင့္ Cleveland မွာေတာင္ လမ္းေတြေလွ်ာက္ေနပါၿပီ …” လို႔ Terminator မင္းသားႀကီး တစ္ျဖစ္လည္း ကယ္လီဖိုးနီးယားျပည္နယ္ရဲ႕ အၿငိမ္းစား ျပည္နယ္အုပ္ခ်ဳပ္ေရးမႉး Arnold Schwarzenegger က သူ႔ရဲ႕ Twitter စာမ်က္ႏွာမွာ ေျပာျပထားပါတယ္။

photo via indianexpress

အဆိုပါ တြစ္တာက ပို႔စ္မွာေတာ့ အသက္(၇၃)ႏွစ္ ရွိၿပီျဖစ္တဲ့ မင္းသားႀကီး Arnold ဟာ Cleveland ေဆး႐ုံက လူနာကုတင္ေပၚမွာ လဲေလ်ာင္းရင္း လက္မေထာင္ထားတဲ့ ဓာတ္ပုံကို မွ်ေဝထားၿပီး သူ႔ကိုကုသေပးခဲ့တဲ့ ေဆးဝန္ထမ္းေတြကိုလည္း ေက်းဇူးတင္ေၾကာင္း ေျပာထားပါတယ္။

မင္းသားႀကီး Arnold ဟာ ေမြးရာပါ ႏွလုံးအားနည္း၊ခြၽတ္ယြင္းသူ ျဖစ္ၿပီး ၂၀၁၈ခုႏွစ္မွာလည္း အေရးေပၚ ႏွလုံးခြဲစိတ္ကုသခဲ့ရၿပီး ႏွလုံးအဆို႔ရွင္ အစားထိုး ကုသမႈခံယူခဲ့ရပါေသးတယ္။

photo: schwarzenegger/ twitter

မင္းသားႀကီး Arnold ဟာ ၁၉၈၀ခုႏွစ္ေလာက္က စတင္ၿပီး Conan the Barbarian ၊ The Terminator ၊ Twins ႐ုပ္ရွင္ဇာတ္ကားေတြနဲ႔ တစ္ကမာၻလုံးအႏွံ႔ နာမည္ေက်ာ္ၾကားလာခဲ့တဲ့ ဝါရင့္သ႐ုပ္ေဆာင္ မင္းသားႀကီး ျဖစ္ပါတယ္။

ဒါ့အျပင္ မင္းသားႀကီးဟာ သ႐ုပ္ေဆာင္အလုပ္အျပင္ ႏိုင္ငံေရးမွာလည္း ရာထူးအႀကီးပိုင္းကေန တာဝန္ယူ ထမ္းေဆာင္ခဲ့ပါေသးတယ္။ ၂၀၀၃ခုႏွစ္မွာ ကယ္လီဖိုးနီးယားျပည္နယ္ရဲ႕ ျပည္နယ္အုပ္ခ်ဳပ္ေရးမႉးအျဖစ္ ေ႐ြးေကာက္ခံခဲ့ရၿပီး သဘာဝပတ္ဝန္းက်င္ဆိုင္ရာ မူဝါဒမ်ားကို ေအာင္ျမင္စြာ ေဆာင္႐ြက္ႏိုင္ခဲ့ပါတယ္။ ေ႐ြးေကာက္ခံ သက္တမ္းျပည့္တဲ့ ၂၀၁၁ခုႏွစ္ေနာက္ပိုင္းေတာ့ သူဟာ ႐ုပ္ရွင္ေလာကကို ျပန္လည္ဝင္ေရာက္လာၿပီး The Expendables 2 နဲ႔ Terminator ေနာက္ဆက္တြဲ ဇာတ္ကားေတြမွာ ျမင္ေတြ႕ခဲ့ရပါတယ္။

အက္ရွင္ပရိသတ္ေတြ ႀကိဳက္ႏွစ္သက္ၾကတဲ့ မင္းသားႀကီးဟာ အခုအ႐ြယ္ထိလည္း ႏွလုံးခြဲစိတ္ထားရေပမယ့္ ေဒါင္ေဒါင္ျမည္ က်န္းမာေနဆဲပါပဲလို႔ ဆိုရင္း … ။

C 21

Source: indian express

 

RELATED ARTICLES

Most Popular