HomeCelebs Update NewsInternationalကားလေးစီး ဆင့်တိုက်မှုမှာ သေကံမရောက် သက်မပျောက်ခဲ့တဲ့ မင်းသားကြီး Arnold 

ကားလေးစီး ဆင့်တိုက်မှုမှာ သေကံမရောက် သက်မပျောက်ခဲ့တဲ့ မင်းသားကြီး Arnold 

ပရိသတ်အချစ်တော် အက်ရှင်မင်းသားကြီး Arnold Schwarzenegger ကတော့ ကားလေးစီး ဆင့်တိုက်တဲ့ မတော်တဆမှုတစ်ခုမှာ ပါဝင်ခဲ့ပြီး ကံကောင်းထောက်မစွာနဲ့ အသက်ဘေးမှ ကင်းလွတ်ခဲ့တယ်လို့ သိရပါတယ်။

အသက်(၇၄)နှစ်ရှိပြီ ဖြစ်တဲ့ မင်းသားကြီးဟာ သူ့ရဲ့နေအိမ်အနီးအနားမှာပဲ အခုလို ယာဉ်တိုက်မှုနဲ့ ကြုံတွေ့လိုက်ရတာ ဖြစ်ပါတယ်။ အခင်းဖြစ်ပွားရာနေရာဟာ မင်းသားကြီးရဲ့အိမ်နဲ့ တစ်မိုင်ခန့်သာ ကွာဝေးတယ်လို့လည်း သိရပါတယ်။

Photo: schwarzenegger/ Instagram

“လော့စ်အိန်ဂျလိစ်ရဲ့ Sunset လမ်းမကြီးနဲ့ Allenford လမ်းမထောင့်မှာ ဒီကနေ့ ညနေ(၄:၃၅)နာရီ အချိန်လောက်မှာ ကားလေးစီး ဆင့်တိုက်တဲ့ မတော်တဆမှုတစ်ခု ဖြစ်ခဲ့ပါတယ်။ အခင်းဖြစ်ပုံကတော့ ကားတစ်စီးက နောက်တစ်စီးအပေါ်ကို တစ်ပတ်လည်ပြီး တက်သွားတာပါ … ”

“ဒါက ဒီနေ့ Sunset လမ်းမကြီးမှာ ဖြစ်တဲ့ တစ်ခုတည်းသော မတော်တဆမှုပါပဲ။ ဘယ်သူမှ ဆေးရုံရောက်သွားတယ်လို့တော့ မကြားရပါဘူး … ” လို့ LAPD ရဲ့ ရဲအရာရှိ Drake Madison က Hollywood Life သတင်းဌာနကို ပြောကြားကြောင်း သိရပါတယ်။

Photo Credit: Daily Mail

ရဲအရာရှိ Drake ရဲ့ ပြောကြားမှုမှာတော့ မတော်တဆမှုမှာ ပါဝင်ခဲ့ကြသူတွေရဲ့ ထိခိုက်ဒဏ်ရာ ရရှိမှုအခြေအနေတွေကိုလည်း မဖော်ပြခဲ့သလို ဘယ်သူဘယ်ဝါတွေ ပါဝင်ခဲ့တယ်ဆိုတာကိုလည်း ပြောပြသွားခြင်း မရှိပါဘူး။

ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း ဖြစ်တဲ့ မင်းသားကြီး Arnold ဟာ သူ့ရဲ့ Yukon SUV အမျိုးအစား ကားကို မောင်းနှင်လာခဲ့တာ ဖြစ်ပြီး Sunset လမ်းမကြီးပေါ်ကို ကွေ့ဖို့ လုပ်တဲ့အချိန် တစ်ဖက်က အနီရောင် Prius ကားတစ်စီးက ဂငယ်ကွေ့ ကွေ့လာတဲ့အချိန်မှာ တိုက်မိသွားတာလို့ TMZ သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ကားအချင်းချင်း တိုက်မိသွားတဲ့အရှိန်ဟာ ပြင်းထန်လွန်းပြီး Arnold ရဲ့ SUV ကားဟာ Prius ကားပေါ်ကနေ တစ်ပတ်လိမ့်သွားပြီး နောက်ထပ် Porsche Cayenne ကားရဲ့ ဘယ်ဘက်အခြမ်း အပေါ်ပိုင်းကိုပါ ကြိတ်မိသွားတယ်လို့ ဆိုပါတယ်။

Photo Credit: TMZ

“ဖြစ်သွားပုံက ကြောက်စရာကြီးပဲ။ ရုပ်ရှင်ထဲက စတန့်ပြကွက်တွေကို ကြည့်လိုက်ရသလိုပဲ … ” လို့ အဆိုပါ မတော်တဆမှုကို မြင်တွေ့လိုက်သူက TMZ သတင်းဌာနကို ပြောထားပါတယ်။

Prius ကားထဲက အမျိုးသမီးကတော့ ပြင်းထန်စွာ ဒဏ်ရာရရှိသွားတယ်လို့ သိရပြီး ဦးခေါင်းပိုင်းမှာ သွေးတွေ လွန်ကဲစွာ ထွက်ထားတယ်လို့လည်း ဆိုပါတယ်။ အခင်းဖြစ်ပွားရာနေရာကို လူနာတင်ယာဉ်တစ်စီး ရောက်ရှိလာပြီး သူမကို ဆေးရုံကို ခေါ်ဆောင်သွားတယ်လို့လည်း သိရပါတယ်။

Photo Credit: TMZ

Terminator မင်းသားကြီးကတော့ ထိခိုက်ဒဏ်ရာ တစုံတရာ ရရှိထားတာ မတွေ့ရဘဲ အသက်ဘေးက သီသီလေး လွတ်ခဲ့တယ်လို့ ဆိုပါတယ်။ အနီးနားက လူတစ်ယောက်ရဲ့ ပြောပြချက်အရ မင်းသားကြီးဟာ ထိခိုက်မိသွားတဲ့ အမျိုးသမီးကို အမြန်ဆုံး သွားရောက်ကြည့်ရှုဖို့ လုပ်နေတယ်လို့လည်း သိရပါတယ်။

အဆိုပါ အခင်းဖြစ်ပွားရာ နေရာမှာတော့ မင်းသားကြီး Arnold တင် မဟုတ်ဘဲ အမေရိကန်သရုပ်ဆောင် Jake Steinfeld ကိုလည်း တွေ့ရပြီး ထိခိုက်မှု တစုံတရာ ရရှိထားတာ မတွေ့ရဘူးလို့လည်း ဆိုပါတယ်။

Glasgow

Source: hollywoodlife

RELATED ARTICLES

Most Popular