HomeEntertainmentFilmFan Theory အရ Arthur ဟာ ဘယ်တုန်းကမှ Arkham Asylum က မထွက်သွားနိုင်ခဲ့ပါဘူး။

Fan Theory အရ Arthur ဟာ ဘယ်တုန်းကမှ Arkham Asylum က မထွက်သွားနိုင်ခဲ့ပါဘူး။

၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Joker ရုပ်ရှင်ထဲမှာတော့ Joaquin Phoenix ဟာ Arthur Fleck နေရာက သရုပ်ဆောင်ထားပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ သူဟာ အကြောင်းအရာမျိူးစုံကြောင့် တဖြည်းဖြည်းနဲ့ စိတ်ကျန်းမာရေးမကောင်းတဲ့ လူသတ်သမားအထိ ဖြစ်လာတာကို မြင်တွေ့ခဲ့ရပါတယ်။ ယခုဖော်ပြမယ့် သီအိုရီအရ ဆိုရင်တော့ Arthur ဟာ Arkham Asylum ကနေ ထွက်မလာနိုင်ခဲ့ဘဲ ဒီရုပ်ရှင်တစ်ကားလုံးဟာ သူ့ရဲ့ခေါင်းထဲမှာ ဖြစ်ပျက်နေတဲ့ အရာတွေလို့ ဆိုပါတယ်။

photo via screenrant

ဒီရုပ်ရှင်ရဲ့ အစမှာတော့ Arthur Fleck ဟာ Arkham Asylum မှာ ဆေးကုသမှု ခံယူခဲ့ရတယ်လို့ ပြောထားပါတယ်။ ဒီသီအိုရီအရ ဆိုရင်တော့ သူဟာ Arkham Asylum ထဲကနေ ဘယ်တုန်းကမှ ထွက်မလာခဲ့ဘူးလို့ ဆိုပါတယ်။ ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Arthur ဟာ ရေခဲသေတ္တာကိုဖွင့်ပြီး အထဲမှာ ဝင်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ အဲ့ဒီအချိန်မှာတော့ ရေခဲသေတ္တာရဲ့ တံခါးဟာ Arkham Asylum မှာ Arthur နေထိုင်ခဲ့ရတဲ့ အခန်းရဲ့ တံခါးနဲ့ ဆင်တူနေတာကို တွေ့ရပါတယ်။

တခြားသီအိုရီတစ်ခုကတော့ အဲ့ဒီဇာတ်ဝင်ခန်းမှာပဲ Arthur ဟာ သူ့ကိုယ်သူ သတ်သေသွားတယ်လို့ ဆိုပါတယ်။ နောက်ထပ်တစ်ချက်ကတော့ ဒီရုပ်ရှင်ထဲမှာ နာရီတွေကို မကြာခဏ မြင်တွေ့ခဲ့ရပါတယ်။ ထူးဆန်းစွာနဲ့ပဲ နာရီတွေကို မြင်တွေ့ရတဲ့ အချိန်တိုင်းမှာ နာရီတွေဟာ (၁၁:၁၁)နာရီ အချိန်ကိုပဲ ပြသနေပါတယ်။ ဒီလိုအချိန်တွေ အမြဲတူညီနေရတဲ့အချက်ကတော့ ဒီရုပ်ရှင်တစ်ကားလုံးဟာ Arthur ရဲ့ခေါင်းထဲမှာ ဖြစ်ပျက်နေတာကြောင့်ပါလို့ ဆိုပါတယ်။ Arthur ဟာ စိတ်ကျန်းမာရေး ချို့တဲ့နေသူတစ်ယောက် ဖြစ်တာကြောင့် သူ့အတွက် အချိန်တွေဟာ အတူတူပဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။

photo via screenrant

ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာကတော့ ဒီရုပ်ရှင်ရဲ့ အဆုံးနားမှာ Arthur ဝတ်ဆင်ထားတဲ့ ဝတ်စုံကတော့ Arkham Asylum ထဲက ပရိဘောဂတွေနဲ့ နံရံဆေးအရောင်တွေနဲ့ ဆင်တူနေတာပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်တစ်ကားလုံးနီးပါးဟာ Arthur ရဲ့ အမြင်ရှုထောင့်ကနေ ပြသသွားတာ ဖြစ်ပြီး ဇာတ်သိမ်းနားမှာဆိုရင်လည်း Bruce Wayne ရဲ့ အဖေနဲ့ အမေကို သတ်သွားတာကို Arthur က မြင်နေရသလို ရိုက်ပြသွားပါတယ်။

အဲ့ဒီအချိန်မှာတော့ Arthur ဟာ ရဲကားထဲမှာ အရိုက်ခံနေရတာကြောင့် ဒီအဖြစ်အပျက်ကို မြင်ရတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါတင်မကသေးဘဲ သူကြောင့်ပဲ တော်လှန်ရေးကြီးတစ်ခုလို ဖြစ်လာပြီး သူ့ရဲ့နောက်လိုက်တွေများစွာလည်း ရှိလာတာ ပြသထားပါတယ်။ ဒါကြောင့်ပဲ ဒီသီအိုရီအရ ဆိုရင်တော့ သူ့ရဲ့ အရေးပါချင်စိတ်နဲ့ နာကြည်းမှုတွေကြောင့် ဒီအဖြစ်အပျက်တွေက သူ့ခေါင်းထဲမှာ ဖြစ်ပျက်နေတာပါလို့ ဆိုထားပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular