HomeEntertainmentFilmရုံတင်ပြီး (၁၂)ရက်အတွင်းမှာတင် Box Office (၁)ဘီလျံ ရရှိသွားတော့မယ့် Avatar 2

ရုံတင်ပြီး (၁၂)ရက်အတွင်းမှာတင် Box Office (၁)ဘီလျံ ရရှိသွားတော့မယ့် Avatar 2

Avatar: The Way of Water ကတော့ ရုံတင်ပြီး (၁၂)ရက်အတွင်းမှာတင် Box Office (၁)ဘီလျံ ရရှိသွားတော့မှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ ဒီဇင်ဘာ (၁၆)ရက်နေ့မှာ စတင်ရုံတင်ခဲ့ပြီး ရုံတင်ခါစမှာတော့ ခန့်မှန်းထားတာတွေထက် ဝင်ငွေနည်းနေပေမယ့် ယခုအချိန်မှာတော့ တဖြည်းဖြည်းနဲ့ (၁)ဘီလျံ ရရှိသွားတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီရုပ်ရှင်ရဲ့ ရုံတင်ရက်ဟာ တစ်လတောင် မပြည့်သေးတာကြောင့် ဝင်ငွေတွေ ထပ်မံတိုးလာဦးမှာ ဖြစ်ပါတယ်။

photo via screenrant

Avatar: The Way of Water ကတော့ ရုံတင်ပြီး ဒုတိယမြောက် အင်္ဂါနေ့မှာတော့ Box Office မှာ (၁)ဘီလျံ ရရှိသွားမယ်လို့ Deadline သတင်းဌာနက ဖော်ပြထားပါတယ်။ ရုံတင်ပြီး ဒုတိယ တနင်္လာနေ့မှာ (၉၅၅)သန်းကျော် ရရှိထားတာကြောင့် အင်္ဂါနေ့မှာတော့ အလွယ်တကူပဲ (၁)ဘီလျံ ပြည့်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Avatar: The Way of Water ရုပ်ရှင်ဟာ ရုံတင်ပြီး (၁၂)ရက်အတွင်းမှာတင် (၁)ဘီလျံရရှိသွားမှာ ဖြစ်ပါတယ်။

အစတုန်းကတော့ ဒီရုပ်ရှင်ရဲ့ အလွန်များပြားတဲ့ ဘတ်ဂျက်တွေကြောင့်ရော ပထမရုပ်ရှင်ရဲ့ Box Office စံချိန်ကို ချိူးနိုင်ပါ့မလား ဆိုပြီး ပူပင်မှုတွေ ရှိခဲ့ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ယခုအချိန်မှာတော့ ဒီရုပ်ရှင်ဟာ ဝင်ငွေအများဆုံးရုပ်ရှင် ဆယ်ကားရဲ့ ထိပ်ဆုံးငါးနေရာလောက်မှာ ရှိနေဖို့တော့ သေချာသလောက် ဖြစ်နေပါပြီ။ ပထမ Avatar ရုပ်ရှင်ရဲ့ Box Office စံချိန်ဖြစ်တဲ့ ဒေါ်လာ (၂.၉၂၃)ဘီလျံကို ကျော်တက်သွားနိုင်မလား ဆိုတာတော့ စောင့်ကြည့်ရမှာပါ။

photo via screenrant

လောလောဆယ်မှာတော့ Avatar: The Way of Water ဟာ (၁၂)ရက်အတွင်းမှာတင် ၂၀၂၂ ခုနှစ်ရဲ့ တတိယမြောက် ဝင်ငွေအများဆုံး ရုပ်ရှင်ဖြစ်နေပါပြီ။ ၂၀၂၂ ခုနှစ်ရဲ့ ဒုတိယမြောက် ဝင်ငွေအများဆုံးကတော့ Black Panther: Wakanda Forever ပဲ ဖြစ်ပြီး Box Office (၁.၃၈၂)ဘီလျံ ရရှိထားပါတယ်။ ပထမအများဆုံးကတော့ Top Gun: Maverick ပဲ ဖြစ်ပြီး (၁.၄၈၈)ဘီလျံ ရရှိထားပါတယ်။ ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ Top Gun: Maverick တောင်မှ (၁)ဘီလျံ ပြည့်ဖို့အတွက် (၃၁)ရက် ကြာမြင့်ခဲ့ပြီး Avatar: The Way of Water ကတော့ (၁၂)ရက်နဲ့တင် (၁)ဘီလျံ ရရှိသွားမယ် ဆိုတာက အတော်လေး အံ့ဩစရာကောင်းပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular