HomeCharacterဟီးရိုးထက် ဗီလိန်အနေနဲ့ ပိုပြီးလိုက်ဖက်တဲ့ Avengers အဖွဲ့ဝင်များ

ဟီးရိုးထက် ဗီလိန်အနေနဲ့ ပိုပြီးလိုက်ဖက်တဲ့ Avengers အဖွဲ့ဝင်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Avengers အဖွဲ့ဟာ ကောမစ်ထဲမှာတော့ သူတို့ရဲ့ ရန်သူတွေကို ခွင့်လွှတ်ပေးပြီး Avengers အဖွဲ့ဝင်တွေ ဖြစ်လာစေလေ့ ရှိပါတယ်။ တချို့အခြေအနေတွေမှာတော့ ဒီလိုလုပ်ရပ်ဟာ ကောင်းမွန်ပေမယ့်လည်း တချို့အခြေအနေတွေမှာတော့ လူတွေကို ပိုပြီးတော့ ဆိုးရွားတဲ့ အန္တရာယ်တွေကို ဖြစ်လာစေတာမျိူးတွေလည်း ရှိပါတယ်။ Black Widow နဲ့ Hawkeye တို့လို ဗီလိန်အဖြစ်ကနေ Avengers အဖွဲ့ဝင် ဖြစ်လာပြီး ပိုနာမည်ကြီးလာသူတွေလည်း ရှိပေမယ့် တချို့ဇာတ်ကောင်တွေကတော့ ဟီးရိုးထက် ဗီလိန်အနေနဲ့ ပိုပြီးတော့ လိုက်ဖက်တာကို တွေ့ရလေ့ရှိပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ ဟီးရိုးထက် ဗီလိန်အနေနဲ့ ပိုပြီးတော့ လိုက်ဖက်တဲ့ Avengers အဖွဲ့ဝင်တွေကို ဖော်ပြပေးချင်ပါတယ်။

(7) Scarlet Witch
photo via cbr

Scarlet Witch ဟာ Marvel ကောမစ်လောကထဲကို စတင်ဝင်ရောက်လာတဲ့အချိန်မှာ သူမဟာ Brotherhood of Evil Mutants အဖွဲ့ဝင်တစ်ယောက် ဖြစ်ခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက သူမဟာ သန္ဓေပြောင်းလူသားလို့ သိခဲ့ရပြီး နောက်ပိုင်းမှာတော့ Magneto ရဲ့ သမီးလို့လည်း သိခဲ့ရပါတယ်။ ဒါပေမယ့်လည်း အဲ့ဒါတွေဟာ တစ်ခုမှ အမှန်တရားတွေ မဟုတ်ခဲ့ပါဘူး။ သူမဟာ Avengers အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ကောင်းတဲ့လုပ်ရပ်တွေ အများကြီးကို လုပ်ခဲ့ဖူးပေမယ့်လည်း Marvel ကောမစ်သမိုင်းရဲ့ အဆိုးရွားဆုံး ဖြစ်ရပ်အချို့အတွက်တော့ သူမဟာ တာဝန်ရှိနေသူလည်း ဖြစ်ပါတယ်။

(6) Namor
photo via cbr

Namor နဲ့ ပတ်သက်လာရင်တော့ အကောင်းနဲ့အဆိုး ဆိုတာတွေ မရှိပါဘူး။ အကြောင်းကတော့ သူဟာ anti-hero တစ်ယောက် ဖြစ်ပြီး သူ့ကို အကောင်းဆုံး အကျိူးရှိစေမယ့် လုပ်ရပ်တွေကိုပဲ ပြုလုပ်လေ့ရှိပါတယ်။ သူဟာ Avengers ၊ Fantastic Four ၊ X-Men တို့နဲ့ မကြာခဏ မဟာမိတ်တွေ ဖြစ်ခဲ့ဖူးပေမယ့်လည်း သူတို့အဖွဲ့တွေရဲ့ ဗီလိန်လည်း မကြာခဏ ဖြစ်ခဲ့ဖူးပါတယ်။

သူဟာ Avengers တွေအတွက် စွမ်းအားကြီးတဲ့ မဟာမိတ်တစ်ယောက် ဖြစ်ပေမယ့်လည်း Avengers တွေရဲ့ ဗီလိန်အနေနဲ့ ဆိုရင်တော့ အဲ့ဒီဇာတ်လမ်းဟာ ပိုပြီးတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒါ့အပြင် များသောအားဖြင့် သူ့ရဲ့ တစ်ကိုယ်ကောင်းဆန်မှုဟာ သူ့ရဲ့ဟီးရိုးဆန်မှုကို လွှမ်းမိုးထားလေ့ရှိပါတယ်။

(5) Sentry
photo via cbr

Sentry ကတော့ Marvel ကောမစ်ထဲမှာ အတော်လေးကို စွမ်းအားကြီးတဲ့ ဟီးရိုးတစ်ယောက် ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူဟာ လူတစ်ကိုယ် စိတ်နှစ်မျိူး ဖြစ်နေသူ တစ်ယောက်ပါ။ ဟီးရိုးဖြစ်နေတဲ့အချိန်မှာဆို Sentry ဖြစ်ပြီး ဗီလိန်အဖြစ် ပြောင်းလဲသွားတဲ့အချိန်မှာ ဆိုရင်တော့ Void ဖြစ်နေပါတယ်။ အဲ့ဒီအချက်ကြောင့်သာ မဟုတ်ရင် သူဟာ ကမ္ဘာပေါ်မှာ စွမ်းအားအကြီးဆုံး ဟီးရိုးတစ်ယောက် ဖြစ်နေမှာပါ။ ဒါ့အပြင် သူဟာ ဟီးရိုးဖြစ်နေတဲ့ အချိန်ထက် ဗီလိန်ဖြစ်နေတဲ့အချိန်ဆိုရင် ပိုပြီးတော့ စွမ်းအားကြီးပါတယ်။

(4) Red Hulk
photo via cbr

ဗိုလ်မှူး Thunderbolt Ross ဟာ အချိန်အတော်ကြာအောင် အန္တရာယ်များတဲ့ နည်းလမ်းနဲ့ Hulk ကို စွဲလမ်းနေပါတယ်။ ဒါ့အပြင် သူ့ရဲ့သမီးကလည်း Banner နဲ့ ချစ်ကြိုက်သွားတဲ့ အချိန်မှာတော့ သူ့အတွက် Hulk နဲ့ ပတ်သက်ပြီး ပိုပြီးတော့ မကျေနပ်ချက်တွေ များလာပါတယ်။ ဒီလိုနဲ့ Thunderbolt ဟာ Red Hulk ဖြစ်လာတဲ့အချိန်မှာတော့ အခြေအနေတွေဟာ ပိုပြီးတော့ စိတ်ဝင်စားဖို့ ကောင်းလာပါတယ်။

Thunderbolt ဟာ သူ့ရဲ့ဘဝတစ်ခုလုံးနီးပါးကို Hulk ကို ဖျက်ဆီးပစ်ဖို့အတွက်ပဲ ကြံစည်ရင်း ကုန်ဆုံးခဲ့တာ ဖြစ်သလို Red Hulk ဖြစ်သွားတဲ့အချိန်မှာတော့ သူဟာ Hulk ရဲ့ အဆိုးရွားဆုံး ဗီလိန်တွေထဲကတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူဟာ လူကောင်းတစ်ယောက် ဖြစ်လာပြီး Avengers အဖွဲ့ဝင်တောင် ဖြစ်လာခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း Red Hulk ဟာ ဟီးရိုးတစ်ယောက်အနေထက် Hulk ကိုပဲ အနိုင်ယူဖျက်ဆီးဖို့ ကြံစည်နေတဲ့ ဗီလိန်တစ်ယောက်ပုံစံက ပိုပြီးတော့ စိတ်ဝင်စားဖို့ကောင်းပါတယ်။

(3) Venom
photo via cbr

Venom ကတော့ Spider-Man ရဲ့ အဆိုးရွားဆုံး ဗီလိန်တွေထဲကတစ်ယောက် ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နှစ်တွေ ကြာမြင့်လာတဲ့အချိန်မှာတော့ Spider-Man အပေါ်မှာထားတဲ့ သူ့ရဲ့အမုန်းတရားတွေဟာ တဖြည်းဖြည်း ပျော့ပြောင်းလာပြီး ဗီလိန်ဆိုတာထက် anti-hero ဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် Venom ဟာ Eddie တစ်ယောက်တည်း မဟုတ်ဘဲ အခြားလူတွေ အများကြီးကိုလည်း ပူးကပ်ခဲ့ဖူးပါတယ်။ သူဟာ Flash Thompson ကို ပူးကပ်ခဲ့တုန်းကဆိုရင် ဟီးရိုးတစ်ယောက် ဖြစ်လာပြီး Avengers အဖွဲ့ဝင် ဖြစ်လာခဲ့ပါသေးတယ်။ Mac Gargan ကို ပူးကပ်တုန်းကဆိုရင် သူဟာ ပုံမှန်ထက် လူတွေကို ပိုပြီးတော့ စားသုံးပါတယ်။ ဒါပေမယ့်လည်း Venom အတွက် အကောင်းဆုံး ပူးပေါင်းမှုကတော့ Eddie Brook ဖြစ်ပြီး လူတိုင်းလည်း ကြိုက်နှစ်သက်ကြပါတယ်။

(2) Iron Lad
photo via cbr

Iron Lad ဟာ ဘယ်တုန်းကမှ Avengers အဖွဲ့ဝင်တစ်ယောက် မဖြစ်ခဲ့ဖူးပေမယ့်လည်း Young Avengers အဖွဲ့ရဲ့ အဓိကအဖွဲ့ဝင်တော့ ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း အချိန်ခရီးသွားတဲ့ ဇာတ်ကောင်တွေရဲ့ ထုံးစံအတိုင်း သူဟာ ရှုပ်ထွေးတဲ့ ဇာတ်ကောင်တစ်ယောက် ဖြစ်ပါတယ်။

နောက်မှသိလိုက်ရတဲ့ အချက်ကတော့ Iron Lad ဟာ Kang ဆိုတဲ့ ဗီလိန်တစ်ယောက်ရဲ့ ငယ်ဘဝဖြစ်ပြီး သူ့ကိုယ်သူ ဒီလိုမျိူး ဗီလိန် ဖြစ်မလာအောင် ကြိုးစားနေသူ ဖြစ်ပါတယ်။ သူ့ကိုတော့ Iron Lad ပုံစံထက် Marvel ရဲ့ အကောင်းဆုံး ဗီလိန်တစ်ယောက် ဖြစ်တဲ့ Kang အဖြစ် မြင်တွေ့ရတာက ပိုပြီးတော့ စိတ်ဝင်စားဖို့ကောင်းတာတော့ အမှန်ပါပဲ။

(1) Doctor Doom
photo via cbr

Vector ကတော့ Namor လိုမျိူးပဲ ကောင်းတာ၊ ဆိုးတာထက် သူ့ရဲ့ပန်းတိုင်ကို ရောက်ရှိဖို့အတွက်ပဲ ဂရုစိုက်သူ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် သူ့ရဲ့ပန်းတိုင်ကို ရောက်ရှိဖို့အတွက် ပြုလုပ်လိုက်တဲ့ ရွေးချယ်မှုတွေကတော့ ကောင်းတာရော၊ ဆိုးတာရော ပါဝင်နေနိုင်ပါတယ်။ ဒါပေမယ့်လည်း သူ့ကိုတော့ ဟီးရိုးတစ်ယောက်အနေနဲ့ မြင်တွေ့ရတာက ဘယ်လိုမှ မလိုက်ဖက်ဘူး ဖြစ်နေပါတယ်။

ဒါ့အပြင် မကြာသေးခင်က ကောမစ်ထဲမှာ Vector ဟာ Iron Man အသစ် ဖြစ်လာပြီး Avengers တွေနဲ့အတူ ဟီးရိုးတစ်ယောက်အနေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ဒီအချက်ကတော့ သေချာပေါက်ကို ကြောင်တောင်တောင်နိုင်ပြီး ဘယ်လိုမှ လိုက်ဖက်တယ်လို့ မခံစားရဘူး ဖြစ်နေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Doctor Doom ဟာ ဗီလိန်တစ်ယောက်အနေနဲ့ ပိုပြီး လိုက်ဖက်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Avengers အဖြဲ႕ဟာ ေကာမစ္ထဲမွာေတာ့ သူတို႔ရဲ႕ ရန္သူေတြကို ခြင့္လႊတ္ေပးၿပီး Avengers အဖြဲ႕ဝင္ေတြ ျဖစ္လာေစေလ့ ရွိပါတယ္။ တခ်ိဳ႕အေျခအေနေတြမွာေတာ့ ဒီလိုလုပ္ရပ္ဟာ ေကာင္းမြန္ေပမယ့္လည္း တခ်ိဳ႕အေျခအေနေတြမွာေတာ့ လူေတြကို ပိုၿပီးေတာ့ ဆိုး႐ြားတဲ့ အႏၲရာယ္ေတြကို ျဖစ္လာေစတာမ်ိဴးေတြလည္း ရွိပါတယ္။ Black Widow နဲ႔ Hawkeye တို႔လို ဗီလိန္အျဖစ္ကေန Avengers အဖြဲ႕ဝင္ ျဖစ္လာၿပီး ပိုနာမည္ႀကီးလာသူေတြလည္း ရွိေပမယ့္ တခ်ိဳ႕ဇာတ္ေကာင္ေတြကေတာ့ ဟီး႐ိုးထက္ ဗီလိန္အေနနဲ႔ ပိုၿပီးေတာ့ လိုက္ဖက္တာကို ေတြ႕ရေလ့ရွိပါတယ္။ ဒါေၾကာင့္ပဲ ဒီတစ္ခါမွာေတာ့ ဟီး႐ိုးထက္ ဗီလိန္အေနနဲ႔ ပိုၿပီးေတာ့ လိုက္ဖက္တဲ့ Avengers အဖြဲ႕ဝင္ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(7) Scarlet Witch
photo via cbr

Scarlet Witch ဟာ Marvel ေကာမစ္ေလာကထဲကို စတင္ဝင္ေရာက္လာတဲ့အခ်ိန္မွာ သူမဟာ Brotherhood of Evil Mutants အဖြဲ႕ဝင္တစ္ေယာက္ ျဖစ္ခဲ့ပါတယ္။ အဲ့ဒီအခ်ိန္တုန္းက သူမဟာ သေႏၶေျပာင္းလူသားလို႔ သိခဲ့ရၿပီး ေနာက္ပိုင္းမွာေတာ့ Magneto ရဲ႕ သမီးလို႔လည္း သိခဲ့ရပါတယ္။ ဒါေပမယ့္လည္း အဲ့ဒါေတြဟာ တစ္ခုမွ အမွန္တရားေတြ မဟုတ္ခဲ့ပါဘူး။ သူမဟာ Avengers အဖြဲ႕ဝင္တစ္ေယာက္အေနနဲ႔ ေကာင္းတဲ့လုပ္ရပ္ေတြ အမ်ားႀကီးကို လုပ္ခဲ့ဖူးေပမယ့္လည္း Marvel ေကာမစ္သမိုင္းရဲ႕ အဆိုး႐ြားဆုံး ျဖစ္ရပ္အခ်ိဳ႕အတြက္ေတာ့ သူမဟာ တာဝန္ရွိေနသူလည္း ျဖစ္ပါတယ္။

(6) Namor
photo via cbr

Namor နဲ႔ ပတ္သက္လာရင္ေတာ့ အေကာင္းနဲ႔အဆိုး ဆိုတာေတြ မရွိပါဘူး။ အေၾကာင္းကေတာ့ သူဟာ anti-hero တစ္ေယာက္ ျဖစ္ၿပီး သူ႔ကို အေကာင္းဆုံး အက်ိဴးရွိေစမယ့္ လုပ္ရပ္ေတြကိုပဲ ျပဳလုပ္ေလ့ရွိပါတယ္။ သူဟာ Avengers ၊ Fantastic Four ၊ X-Men တို႔နဲ႔ မၾကာခဏ မဟာမိတ္ေတြ ျဖစ္ခဲ့ဖူးေပမယ့္လည္း သူတို႔အဖြဲ႕ေတြရဲ႕ ဗီလိန္လည္း မၾကာခဏ ျဖစ္ခဲ့ဖူးပါတယ္။

သူဟာ Avengers ေတြအတြက္ စြမ္းအားႀကီးတဲ့ မဟာမိတ္တစ္ေယာက္ ျဖစ္ေပမယ့္လည္း Avengers ေတြရဲ႕ ဗီလိန္အေနနဲ႔ ဆိုရင္ေတာ့ အဲ့ဒီဇာတ္လမ္းဟာ ပိုၿပီးေတာ့ စိတ္ဝင္စားဖို႔ ေကာင္းပါတယ္။ ဒါ့အျပင္ မ်ားေသာအားျဖင့္ သူ႔ရဲ႕ တစ္ကိုယ္ေကာင္းဆန္မႈဟာ သူ႔ရဲ႕ဟီး႐ိုးဆန္မႈကို လႊမ္းမိုးထားေလ့ရွိပါတယ္။

(5) Sentry
photo via cbr

Sentry ကေတာ့ Marvel ေကာမစ္ထဲမွာ အေတာ္ေလးကို စြမ္းအားႀကီးတဲ့ ဟီး႐ိုးတစ္ေယာက္ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း သူဟာ လူတစ္ကိုယ္ စိတ္ႏွစ္မ်ိဴး ျဖစ္ေနသူ တစ္ေယာက္ပါ။ ဟီး႐ိုးျဖစ္ေနတဲ့အခ်ိန္မွာဆို Sentry ျဖစ္ၿပီး ဗီလိန္အျဖစ္ ေျပာင္းလဲသြားတဲ့အခ်ိန္မွာ ဆိုရင္ေတာ့ Void ျဖစ္ေနပါတယ္။ အဲ့ဒီအခ်က္ေၾကာင့္သာ မဟုတ္ရင္ သူဟာ ကမာၻေပၚမွာ စြမ္းအားအႀကီးဆုံး ဟီး႐ိုးတစ္ေယာက္ ျဖစ္ေနမွာပါ။ ဒါ့အျပင္ သူဟာ ဟီး႐ိုးျဖစ္ေနတဲ့ အခ်ိန္ထက္ ဗီလိန္ျဖစ္ေနတဲ့အခ်ိန္ဆိုရင္ ပိုၿပီးေတာ့ စြမ္းအားႀကီးပါတယ္။

(4) Red Hulk
photo via cbr

ဗိုလ္မႉး Thunderbolt Ross ဟာ အခ်ိန္အေတာ္ၾကာေအာင္ အႏၲရာယ္မ်ားတဲ့ နည္းလမ္းနဲ႔ Hulk ကို စြဲလမ္းေနပါတယ္။ ဒါ့အျပင္ သူ႔ရဲ႕သမီးကလည္း Banner နဲ႔ ခ်စ္ႀကိဳက္သြားတဲ့ အခ်ိန္မွာေတာ့ သူ႔အတြက္ Hulk နဲ႔ ပတ္သက္ၿပီး ပိုၿပီးေတာ့ မေက်နပ္ခ်က္ေတြ မ်ားလာပါတယ္။ ဒီလိုနဲ႔ Thunderbolt ဟာ Red Hulk ျဖစ္လာတဲ့အခ်ိန္မွာေတာ့ အေျခအေနေတြဟာ ပိုၿပီးေတာ့ စိတ္ဝင္စားဖို႔ ေကာင္းလာပါတယ္။

Thunderbolt ဟာ သူ႔ရဲ႕ဘဝတစ္ခုလုံးနီးပါးကို Hulk ကို ဖ်က္ဆီးပစ္ဖို႔အတြက္ပဲ ႀကံစည္ရင္း ကုန္ဆုံးခဲ့တာ ျဖစ္သလို Red Hulk ျဖစ္သြားတဲ့အခ်ိန္မွာေတာ့ သူဟာ Hulk ရဲ႕ အဆိုး႐ြားဆုံး ဗီလိန္ေတြထဲကတစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ သူဟာ လူေကာင္းတစ္ေယာက္ ျဖစ္လာၿပီး Avengers အဖြဲ႕ဝင္ေတာင္ ျဖစ္လာခဲ့ပါေသးတယ္။ ဒါေပမယ့္လည္း Red Hulk ဟာ ဟီး႐ိုးတစ္ေယာက္အေနထက္ Hulk ကိုပဲ အႏိုင္ယူဖ်က္ဆီးဖို႔ ႀကံစည္ေနတဲ့ ဗီလိန္တစ္ေယာက္ပုံစံက ပိုၿပီးေတာ့ စိတ္ဝင္စားဖို႔ေကာင္းပါတယ္။

(3) Venom
photo via cbr

Venom ကေတာ့ Spider-Man ရဲ႕ အဆိုး႐ြားဆုံး ဗီလိန္ေတြထဲကတစ္ေယာက္ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ႏွစ္ေတြ ၾကာျမင့္လာတဲ့အခ်ိန္မွာေတာ့ Spider-Man အေပၚမွာထားတဲ့ သူ႔ရဲ႕အမုန္းတရားေတြဟာ တျဖည္းျဖည္း ေပ်ာ့ေျပာင္းလာၿပီး ဗီလိန္ဆိုတာထက္ anti-hero ျဖစ္လာခဲ့ပါတယ္။

ဒါ့အျပင္ Venom ဟာ Eddie တစ္ေယာက္တည္း မဟုတ္ဘဲ အျခားလူေတြ အမ်ားႀကီးကိုလည္း ပူးကပ္ခဲ့ဖူးပါတယ္။ သူဟာ Flash Thompson ကို ပူးကပ္ခဲ့တုန္းကဆိုရင္ ဟီး႐ိုးတစ္ေယာက္ ျဖစ္လာၿပီး Avengers အဖြဲ႕ဝင္ ျဖစ္လာခဲ့ပါေသးတယ္။ Mac Gargan ကို ပူးကပ္တုန္းကဆိုရင္ သူဟာ ပုံမွန္ထက္ လူေတြကို ပိုၿပီးေတာ့ စားသုံးပါတယ္။ ဒါေပမယ့္လည္း Venom အတြက္ အေကာင္းဆုံး ပူးေပါင္းမႈကေတာ့ Eddie Brook ျဖစ္ၿပီး လူတိုင္းလည္း ႀကိဳက္ႏွစ္သက္ၾကပါတယ္။

(2) Iron Lad
photo via cbr

Iron Lad ဟာ ဘယ္တုန္းကမွ Avengers အဖြဲ႕ဝင္တစ္ေယာက္ မျဖစ္ခဲ့ဖူးေပမယ့္လည္း Young Avengers အဖြဲ႕ရဲ႕ အဓိကအဖြဲ႕ဝင္ေတာ့ ျဖစ္ခဲ့ဖူးပါတယ္။ ဒါေပမယ့္လည္း အခ်ိန္ခရီးသြားတဲ့ ဇာတ္ေကာင္ေတြရဲ႕ ထုံးစံအတိုင္း သူဟာ ရႈပ္ေထြးတဲ့ ဇာတ္ေကာင္တစ္ေယာက္ ျဖစ္ပါတယ္။

ေနာက္မွသိလိုက္ရတဲ့ အခ်က္ကေတာ့ Iron Lad ဟာ Kang ဆိုတဲ့ ဗီလိန္တစ္ေယာက္ရဲ႕ ငယ္ဘဝျဖစ္ၿပီး သူ႔ကိုယ္သူ ဒီလိုမ်ိဴး ဗီလိန္ ျဖစ္မလာေအာင္ ႀကိဳးစားေနသူ ျဖစ္ပါတယ္။ သူ႔ကိုေတာ့ Iron Lad ပုံစံထက္ Marvel ရဲ႕ အေကာင္းဆုံး ဗီလိန္တစ္ေယာက္ ျဖစ္တဲ့ Kang အျဖစ္ ျမင္ေတြ႕ရတာက ပိုၿပီးေတာ့ စိတ္ဝင္စားဖို႔ေကာင္းတာေတာ့ အမွန္ပါပဲ။

(1) Doctor Doom
photo via cbr

Vector ကေတာ့ Namor လိုမ်ိဴးပဲ ေကာင္းတာ၊ ဆိုးတာထက္ သူ႔ရဲ႕ပန္းတိုင္ကို ေရာက္ရွိဖို႔အတြက္ပဲ ဂ႐ုစိုက္သူ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ သူ႔ရဲ႕ပန္းတိုင္ကို ေရာက္ရွိဖို႔အတြက္ ျပဳလုပ္လိုက္တဲ့ ေ႐ြးခ်ယ္မႈေတြကေတာ့ ေကာင္းတာေရာ၊ ဆိုးတာေရာ ပါဝင္ေနႏိုင္ပါတယ္။ ဒါေပမယ့္လည္း သူ႔ကိုေတာ့ ဟီး႐ိုးတစ္ေယာက္အေနနဲ႔ ျမင္ေတြ႕ရတာက ဘယ္လိုမွ မလိုက္ဖက္ဘူး ျဖစ္ေနပါတယ္။

ဒါ့အျပင္ မၾကာေသးခင္က ေကာမစ္ထဲမွာ Vector ဟာ Iron Man အသစ္ ျဖစ္လာၿပီး Avengers ေတြနဲ႔အတူ ဟီး႐ိုးတစ္ေယာက္အေနနဲ႔ တိုက္ခိုက္ခဲ့ပါတယ္။ ဒီအခ်က္ကေတာ့ ေသခ်ာေပါက္ကို ေၾကာင္ေတာင္ေတာင္ႏိုင္ၿပီး ဘယ္လိုမွ လိုက္ဖက္တယ္လို႔ မခံစားရဘူး ျဖစ္ေနပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ Doctor Doom ဟာ ဗီလိန္တစ္ေယာက္အေနနဲ႔ ပိုၿပီး လိုက္ဖက္တယ္လို႔ ေျပာရမွာ ျဖစ္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular