HomeCelebs Update NewsInternationalအဆိုတော် Mod Sun နဲ့ စေ့စပ်သွားတဲ့ Avril Lavigne

အဆိုတော် Mod Sun နဲ့ စေ့စပ်သွားတဲ့ Avril Lavigne

Pop Punk ဘုရင်မလေး Avril Lavigne ကတော့ အမေရိကန်အဆိုတော် Mod Sun နဲ့ စေ့စပ်သွားပြီလို့ သိရပါတယ်။

Mod Sun ဟာ ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်က အီဖယ်မျှော်စင်ကြီးရဲ့ အရှေ့မှာ ဒူးထောက်ပြီး Avril ကို လက်ထပ်ခွင့် တောင်းခံခဲ့တာ ဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ Avril ဟာ မကြာသေးခင်အချိန်ကပဲ သူမရဲ့ အင်စတာဂရမ်မှာ ပို့စ်တင်ပြီး ပရိသတ်တွေကို အသိပေးထားတာ ဖြစ်ပါတယ်။

သူမရဲ့ပို့စ်အရ Mod Sun ဟာ ပြီးခဲ့တဲ့ မတ်လ(၂၇)ရက်နေ့တုန်းက သူမကို လက်ထပ်ခွင့် တောင်းခံခဲ့တာ ဖြစ်ပါတယ်။ အဆိုပါပို့စ်ရဲ့ caption မှာတော့ “Yes … ရှင့်ကို အမြဲတမ်း ချစ်သွားမှာပါ … ” လို့ အဓိပ္ပာယ်ရတဲ့ စကားကို ပြင်သစ်ဘာသာနဲ့ ရေးသားထားတာ တွေ့ရပါတယ်။

Photo: avrillavigne/ Instagram

Mod Sun ကလည်း သူတို့ချစ်သူနှစ်ဦးရဲ့ ပျော်ရွှင်စရာ အထိမ်းအမှတ်နေ့ကို အင်စတာဂရမ်မှာ မှတ်တမ်းတင်ထားပါသေးတယ်။ သူ့ရဲ့ပို့စ်မှာတော့ သူဟာ Avril ကို သူ့ရဲ့ဇနီးမယားဖြစ်ပေးဖို့ တောင်းခံတဲ့အကြောင်း အိပ်မက်မက်တယ်လို့ ဆိုထားပြီး အဆိုပါ အိပ်မက်ထဲက လက်ထပ်ခွင့် တောင်းခံမှုကတော့ ပါရီမြို့မှာ ဖြစ်တယ်လို့ ကဗျာပုံစံလေးနဲ့ ရေးသားထားတာ တွေ့ရပါတယ်။

“ကိုယ်ဒူးထောက်ပြီး မင်းရဲ့မျက်ဝန်းတွေထဲကို ကြည့်လိုက်တယ်။ စကားလုံးတွေနဲ့ ဖော်ပြဖို့ မလုံလောက်အောင်ပဲ မင်းဟာ လှပနေခဲ့တယ်။ မင်းရဲ့ လက်ကလေးကို ဆွဲကိုင်ပြီး အသက်ပြင်းပြင်း ရှူကာ ကိုယ့်ကို လက်ထပ်နိုင်မလားလို့ မေးမြန်းခဲ့တယ်။ သူမကတော့ Yes လို့ ပြန်ဖြေတယ်လေ … ” လို့ Mod Sun က သူ့ရဲ့ အင်စတာဂရမ်ပို့စ်မှာ ပြောထားပါသေးတယ်။

Photo: modsun/ Instagram

“ဒါက အပြည့်စုံဆုံးနဲ့ ရိုမန့်တစ်အဆန်ဆုံး ပရိုပို့စ်လေးပါပဲ။ ကျွန်မတို့က ပါရီမြို့က Seine မြစ်ပေါ်မှာ လှေတစ်စီးနဲ့ ရောက်နေတာ။ ပြီးတော့ တယောသမားတစ်ယောက်လည်း ပါတယ်။ နှင်းဆီပန်းတွေနဲ့ ရှမ်ပိန်လည်း ပါတယ်။ တကယ် အချိန်တွေ ရပ်သွားသလိုပဲ ခံစားရပါတယ်။ အဲဒီအခိုက်အတန့်လေးက ကျွန်မတို့နှစ်ယောက်တည်းအတွက်ပဲ ရှိနေသလိုပါပဲ … ” လို့ Avril ကတော့ သူမရဲ့ ရင်ခုန်ကြည်နူးဖွယ်ရာ ပရိုပို့စ်လေးအကြောင်းကို People မဂ္ဂဇင်းကို မျှဝေထားပါတယ်။

Avril ဟာ Mod Sun နဲ့ စတင်တွေ့ဆုံတဲ့ အချိန်တည်းက သူမအတွက် မှန်ကန်တဲ့ လက်တွဲဖော်လို့ ခံစားခဲ့ရပေမယ့် ယခုလက်ထပ်ခွင့် တောင်းခံမှုကတော့ တကယ့်ကို surprise ပါပဲလို့ ဆိုပါတယ်။ Avril နဲ့ Mod Sun တို့ဟာ Avril ရဲ့ နောက်ဆုံးထွက်ထားတဲ့ အယ်လ်ဘမ် “Love Sux” ကို တူတူရေးသား ဖန်တီးကြရင်း နီးစပ်ခဲ့ကြတာ ဖြစ်ပါတယ်။

Photo: avrillavigne/ Instagram

သူတို့နှစ်ဦး တွဲနေကြတယ်ဆိုတဲ့ သတင်းတွေ စတင်ထွက်ပေါ်လာချိန်ကတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ ဖြစ်ပါတယ်။ ဒီလိုနဲ့ ၂၀၂၁ ခုနှစ်ရဲ့ MTV Video Music Awards ဆုပေးပွဲမှာတော့ စုံတွဲလိုက် ပွဲတက်ပြီး တွဲနေကြောင်း အသိပေးခဲ့ပါတယ်။ ဒါ့အပြင် Mod Sun ဟာ Avril ရဲ့အမည်ကို သူ့ရဲ့လည်ပင်းမှာ တက်တူးထိုးပြီး အချစ်ကို သက်သေပြထားပါသေးတယ်။

Mod Sun မတိုင်ခင်မှာတော့ Avril ဟာ ယခင်အိမ်ထောင်နှစ်ဆက် ရှိခဲ့ဖူးပါတယ်။ ပထမဆုံးအိမ်ထောင်ကတော့ Sum 41 အဖွဲ့က lead singer Deryck Whibley နဲ့ ဖြစ်ပြီး ၂၀၀၆ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိ ပေါင်းဖက်ခဲ့ကြပါတယ်။ ဒုတိယအိမ်ထောင်ကတော့ Nickelback band ရဲ့ အဖွဲ့ဝင် Chad Kroeger နဲ့ ဖြစ်ပြီး ၂၀၁၃ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ နှစ်နှစ်တာ ပေါင်းဖက်ခဲ့ပါတယ်။ Mod Sun ကတော့ Avril မတိုင်ခင်မှာ Disney Star တစ်ယောက်ဖြစ်တဲ့ Bella Thorne နဲ့ တွဲခဲ့ပါသေးတယ်။

Vancouver

Source: hollywoodlife

RELATED ARTICLES

Most Popular