HomeCelebs Update NewsInternationalJean Grey ၊ Rouge နဲ့ Beast တို့နေရာမှာ သရုပ်ဆောင်ချင်တယ်ဆိုတဲ့ Aya Cash

Jean Grey ၊ Rouge နဲ့ Beast တို့နေရာမှာ သရုပ်ဆောင်ချင်တယ်ဆိုတဲ့ Aya Cash

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ပရိသတ်တွေကြားထဲမှာ လက်ရှိ နာမည်ကြီးနေတဲ့ The Boys ဇာတ်လမ်းတွဲထဲမှာ Stormfront အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသမီး Aya Cash ဟာ MCU ထဲက X-Men တွေဖြစ်တဲ့ Jean Grey ၊ Rouge နဲ့ Beast တို့နေရာမှာ သရုပ်ဆောင်ချင်တဲ့အကြောင်း အင်တာဗျူးတစ်ခုမှာ ပြောလိုက်ပါတယ်။

Marvel ဟာ ၁၉၉၀နောက်ပိုင်းလောက်မှာ X-Men တွေရဲ့ မူပိုင်ခွင့်ကို 20th Century Fox ကို ရောင်းချခဲ့ပါတယ်။ ဒါပေမယ့်လည်း အခုချိန်မှာတော့ Disney ဟာ 20th Century Fox ကို ဝယ်ယူခဲ့တာကြောင့် X-Men တွေရဲ့ မူပိုင်ခွင့်ကို Marvel က ပြန်လည်ပိုင်ဆိုင်သွားပြီ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ ပရိသတ်တွေကလည်း MCU ထဲမှာ X-Men တွေကို ဘယ်လိုမျိူး မြင်တွေ့ရမလည်းဆိုပြီးတော့ စိတ်ဝင်စားနေကြပါတယ်။

photo via screenrant

Aya Cash သရုပ်ဆောင်ထားတဲ့ Stormfront ဇာတ်ကောင်က ဟီးရိုးဆိုတာထက် ဗီလိန်ပိုဆန်နေပေမယ့်လည်း သူမအတွက်တော့ စူပါဟီးရိုးဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ဖို့ဟာ သိပ်ပြီးအထူးအဆန်း ဖြစ်မနေပါဘူး။ The Boys ဇာတ်လမ်းတွဲထဲမှာတော့ သူမဟာ အလွန်အမင်း လူမျိူးရေးခွဲခြားသူတစ်ယောက် ဖြစ်တဲ့အပြင် နာဇီတွေ ခေတ်ကတည်းက အသက်ရှင်သန်နေခဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူမကိုယ်တိုင်ကလည်း အခုလိုမျိူး ဗီလိန်ပုံစံသရုပ်ဆောင်ရတာဟာ စိတ်မသက်သာ ဖြစ်ရပါတယ် ဆိုပြီးတော့ ပြောခဲ့ပါသေးတယ်။ သိပ်မကြာသေးခင်တုန်းက ScreenGeek သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ သူမရဲ့ခံစားချက်တွေကို ဖွင့်ဟခဲ့ပါတယ်။

photo via maybeayacash/instagram

“အခုက တစ်ကမ္ဘာလုံး ကိုရိုနာဗိုင်းရပ်စ်ကို ခံစားနေရတာကြောင့် ဘာအလုပ်မှ လုပ်စရာမရှိပါဘူး။ အဲ့ဒါကြောင့်ပဲ အလုပ်တွေ အကုန်လုံးလည်း ရပ်ထားရပါတယ်။ ကျွန်မကတော့ အားနေတာကြောင့် ကျွန်မဆီဖုန်းခေါ်ဖို့ သူတို့ကို ပြောထားပါတယ်။ ကျွန်မက ငယ်ငယ်ကတည်းက X-Men တွေနဲ့ ကြီးပြင်းလာတာကြောင့် ကျွန်မရဲ့ စိတ်ကူးယဉ်ကမ္ဘာထဲမှာဆိုရင် ကျွန်မက Jean Grey ပါပဲ။ ကျွန်မဟာ အရင်ကတည်းက X-Men တွေရဲ့ တစ်စိတ်တစ်ပိုင်းနေရာက ပါဝင်ခွင့်ရချင်ခဲ့တာပါ။ Jean Grey လို့ပဲ ပြောပေမယ့် X-Men တွေထဲက အကြိုက်ဆုံးဇာတ်ကောင်ကတော့ Beast ပဲ ဖြစ်ပါတယ်။ ကျွန်မသာ ရွေးချယ်ခွင့်ရမယ် ဆိုရင်တော့ Rouge ၊ Beast နဲ့ Jean Grey တို့နေရာမှာ သရုပ်ဆောင်ချင်ပါတယ်… ” ဆိုပြီးတော့ အဲ့ဒီအင်တာဗျူးမှာ ပြောကြားထားပါတယ်။

photo via maybeayacash/instagram

ဒါကတော့ သူမ ဖြစ်ချင်တဲ့ ဆန္ဒတစ်ခု ဖြစ်ပြီးတော့ တကယ်ဖြစ်လာမလား ဆိုတာကတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သူမ ပြောသွားတဲ့ ဇာတ်ကောင်သုံးယောက်လုံးဟာ အရင်က Live Action ထဲမှာ ပါဝင်ခဲ့ဖူးပါတယ်။ အဲ့ဒါကြောင့်ပဲ တကယ်လို့ သူမသာ အဲ့ဒီဇာတ်ကောင်တွေရဲ့ နေရာကို ရရှိပြီး သရုပ်ဆောင်မယ်ဆိုရင် စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကောင်တွေ ဖြစ်လာမှာတော့ အသေအချာပါပဲ။

Legos

Source: screenrant

(Zawgyi Version)

ပရိသတ္ေတြၾကားထဲမွာ လက္ရွိ နာမည္ႀကီးေနတဲ့ The Boys ဇာတ္လမ္းတြဲထဲမွာ Stormfront အျဖစ္ သ႐ုပ္ေဆာင္ထားတဲ့ မင္းသမီး Aya Cash ဟာ MCU ထဲက X-Men ေတြျဖစ္တဲ့ Jean Grey ၊ Rouge နဲ႔ Beast တို႔ေနရာမွာ သ႐ုပ္ေဆာင္ခ်င္တဲ့အေၾကာင္း အင္တာဗ်ဴးတစ္ခုမွာ ေျပာလိုက္ပါတယ္။

Marvel ဟာ ၁၉၉၀ေနာက္ပိုင္းေလာက္မွာ X-Men ေတြရဲ႕ မူပိုင္ခြင့္ကို 20th Century Fox ကို ေရာင္းခ်ခဲ့ပါတယ္။ ဒါေပမယ့္လည္း အခုခ်ိန္မွာေတာ့ Disney ဟာ 20th Century Fox ကို ဝယ္ယူခဲ့တာေၾကာင့္ X-Men ေတြရဲ႕ မူပိုင္ခြင့္ကို Marvel က ျပန္လည္ပိုင္ဆိုင္သြားၿပီ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ ပရိသတ္ေတြကလည္း MCU ထဲမွာ X-Men ေတြကို ဘယ္လိုမ်ိဴး ျမင္ေတြ႕ရမလည္းဆိုၿပီးေတာ့ စိတ္ဝင္စားေနၾကပါတယ္။

photo via screenrant

Aya Cash သ႐ုပ္ေဆာင္ထားတဲ့ Stormfront ဇာတ္ေကာင္က ဟီး႐ိုးဆိုတာထက္ ဗီလိန္ပိုဆန္ေနေပမယ့္လည္း သူမအတြက္ေတာ့ စူပါဟီး႐ိုးဇာတ္ေကာင္ေနရာမွာ သ႐ုပ္ေဆာင္ဖို႔ဟာ သိပ္ၿပီးအထူးအဆန္း ျဖစ္မေနပါဘူး။ The Boys ဇာတ္လမ္းတြဲထဲမွာေတာ့ သူမဟာ အလြန္အမင္း လူမ်ိဴးေရးခြဲျခားသူတစ္ေယာက္ ျဖစ္တဲ့အျပင္ နာဇီေတြ ေခတ္ကတည္းက အသက္ရွင္သန္ေနခဲ့သူလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ သူမကိုယ္တိုင္ကလည္း အခုလိုမ်ိဴး ဗီလိန္ပုံစံသ႐ုပ္ေဆာင္ရတာဟာ စိတ္မသက္သာ ျဖစ္ရပါတယ္ ဆိုၿပီးေတာ့ ေျပာခဲ့ပါေသးတယ္။ သိပ္မၾကာေသးခင္တုန္းက ScreenGeek သတင္းဌာနနဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာေတာ့ သူမရဲ႕ခံစားခ်က္ေတြကို ဖြင့္ဟခဲ့ပါတယ္။

photo via maybeayacash/instagram

“အခုက တစ္ကမာၻလုံး ကို႐ိုနာဗိုင္းရပ္စ္ကို ခံစားေနရတာေၾကာင့္ ဘာအလုပ္မွ လုပ္စရာမရွိပါဘူး။ အဲ့ဒါေၾကာင့္ပဲ အလုပ္ေတြ အကုန္လုံးလည္း ရပ္ထားရပါတယ္။ ကြၽန္မကေတာ့ အားေနတာေၾကာင့္ ကြၽန္မဆီဖုန္းေခၚဖို႔ သူတို႔ကို ေျပာထားပါတယ္။ ကြၽန္မက ငယ္ငယ္ကတည္းက X-Men ေတြနဲ႔ ႀကီးျပင္းလာတာေၾကာင့္ ကြၽန္မရဲ႕ စိတ္ကူးယဥ္ကမာၻထဲမွာဆိုရင္ ကြၽန္မက Jean Grey ပါပဲ။ ကြၽန္မဟာ အရင္ကတည္းက X-Men ေတြရဲ႕ တစ္စိတ္တစ္ပိုင္းေနရာက ပါဝင္ခြင့္ရခ်င္ခဲ့တာပါ။ Jean Grey လို႔ပဲ ေျပာေပမယ့္ X-Men ေတြထဲက အႀကိဳက္ဆုံးဇာတ္ေကာင္ကေတာ့ Beast ပဲ ျဖစ္ပါတယ္။ ကြၽန္မသာ ေ႐ြးခ်ယ္ခြင့္ရမယ္ ဆိုရင္ေတာ့ Rouge ၊ Beast နဲ႔ Jean Grey တို႔ေနရာမွာ သ႐ုပ္ေဆာင္ခ်င္ပါတယ္… ” ဆိုၿပီးေတာ့ အဲ့ဒီအင္တာဗ်ဴးမွာ ေျပာၾကားထားပါတယ္။

photo via maybeayacash/instagram

ဒါကေတာ့ သူမ ျဖစ္ခ်င္တဲ့ ဆႏၵတစ္ခု ျဖစ္ၿပီးေတာ့ တကယ္ျဖစ္လာမလား ဆိုတာကေတာ့ ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ သူမ ေျပာသြားတဲ့ ဇာတ္ေကာင္သုံးေယာက္လုံးဟာ အရင္က Live Action ထဲမွာ ပါဝင္ခဲ့ဖူးပါတယ္။ အဲ့ဒါေၾကာင့္ပဲ တကယ္လို႔ သူမသာ အဲ့ဒီဇာတ္ေကာင္ေတြရဲ႕ ေနရာကို ရရွိၿပီး သ႐ုပ္ေဆာင္မယ္ဆိုရင္ စိတ္ဝင္စားဖို႔ေကာင္းတဲ့ ဇာတ္ေကာင္ေတြ ျဖစ္လာမွာေတာ့ အေသအခ်ာပါပဲ။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular