HomeCelebs Update NewsInternationalDespacito ကို ကျော်တက်ပြီး YouTube မှာ လူကြည့်အများဆုံး ဗွီဒီယိုဖြစ်လာတဲ့ Baby Shark

Despacito ကို ကျော်တက်ပြီး YouTube မှာ လူကြည့်အများဆုံး ဗွီဒီယိုဖြစ်လာတဲ့ Baby Shark

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ကလေးပရိသတ်အတွက် ဖန်တီးထားတဲ့ Baby Shark သီချင်းဟာ အခုချိန်မှာတော့ စံချိန်သစ်တစ်ခုကို တင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အဲ့ဒါကတော့ view ပေါင်း (၇)ဘီလျံကျော်နဲ့ YouTube ပေါ်မှာ လူကြည့်အများဆုံး ဗွီဒီယို ဖြစ်လာတာပဲ ဖြစ်ပါတယ်။ ဒီသီချင်းကိုတော့ ၂၀၁၆ခုနှစ် ဇွန်လ (၁၇)ရက်မှာ တောင်ကိုရီးယား ကလေးငယ်တွေအတွက် ပညာရေးဗွီဒီယိုတွေကို ဖန်တီးတဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Pinkfong ကနေ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

Baby Shark ဟာ ၂၀၁၉ခုနှစ် ဇန်နဝါရီလမှာလည်း Billboard Hot 100 ထဲမှာ နံပါတ်(၃၂)နေရာမှာ ရပ်တည်ခဲ့ပါတယ်။ ဒါ့အပြင် UK Top 40 ထဲမှာလည်း ပါဝင်ခဲ့ပြီး ကလေးတွေ အပါအဝင် လူကြီးတွေရော လူငယ်တွေကြားမှာပါ အလွန်ရေပန်းစားခဲ့ပါတယ်။ လေးနှစ်ဆိုတဲ့ ကာလအတွင်းမှာပဲ Baby Shark ဟာ ၂၀၁၇ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Luis Fonsi ရဲ့ Despacito ကို ကျော်တက်ပြီးတော့ YouTube ပေါ်မှာ လူကြည့်အများဆုံး ဗွီဒီယို ဖြစ်လာခဲ့ပါတယ်။

ကမ္ဘာကျော် ဆယ်လီတွေဖြစ်တဲ့ Ellen DeGeneres ၊ James Cordon နဲ့ Sophie Turner တို့ကလည်း ဆိုရှယ်မီဒီယာတွေပေါ်မှာ challenge အနေနဲ့ ဒီသီချင်းကို ပြန်လည်ဖန်တီးခဲ့ကြပါသေးတယ်။ ဒါ့အပြင် Washington အမျိုးသား ဘေ့စ်ဘောအသင်းဟာလည်း ဒီသီချင်းကို anthem အနေနဲ့ အသုံးပြုခဲ့ပြီး ပြီးခဲ့တဲ့နှစ်က World Series မှာ အနိုင်ရခဲ့ပါသေးတယ်။

လတ်တလော YouTube ပေါ်က လူကြည့်အများဆုံး ဗွီဒီယိုငါးခုကတော့ Baby Shark ၊ Despacito ၊ Shape of You ၊ See You Again နဲ့ Masha and The Bear – Recipe For Disater တို့ပဲ ဖြစ်ပါတယ်။

Legos

Source: indian express

(Zawgyi Version)

ကေလးပရိသတ္အတြက္ ဖန္တီးထားတဲ့ Baby Shark သီခ်င္းဟာ အခုခ်ိန္မွာေတာ့ စံခ်ိန္သစ္တစ္ခုကို တင္ႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။ အဲ့ဒါကေတာ့ view ေပါင္း (၇)ဘီလ်ံေက်ာ္နဲ႔ YouTube ေပၚမွာ လူၾကည့္အမ်ားဆုံး ဗြီဒီယို ျဖစ္လာတာပဲ ျဖစ္ပါတယ္။ ဒီသီခ်င္းကိုေတာ့ ၂၀၁၆ခုႏွစ္ ဇြန္လ (၁၇)ရက္မွာ ေတာင္ကိုရီးယား ကေလးငယ္ေတြအတြက္ ပညာေရးဗြီဒီယိုေတြကို ဖန္တီးတဲ့ ကုမၸဏီတစ္ခုျဖစ္တဲ့ Pinkfong ကေန ထုတ္လုပ္ခဲ့တာ ျဖစ္ပါတယ္။

Baby Shark ဟာ ၂၀၁၉ခုႏွစ္ ဇန္နဝါရီလမွာလည္း Billboard Hot 100 ထဲမွာ နံပါတ္(၃၂)ေနရာမွာ ရပ္တည္ခဲ့ပါတယ္။ ဒါ့အျပင္ UK Top 40 ထဲမွာလည္း ပါဝင္ခဲ့ၿပီး ကေလးေတြ အပါအဝင္ လူႀကီးေတြေရာ လူငယ္ေတြၾကားမွာပါ အလြန္ေရပန္းစားခဲ့ပါတယ္။ ေလးႏွစ္ဆိုတဲ့ ကာလအတြင္းမွာပဲ Baby Shark ဟာ ၂၀၁၇ခုႏွစ္တုန္းက ထြက္ရွိခဲ့တဲ့ Luis Fonsi ရဲ႕ Despacito ကို ေက်ာ္တက္ၿပီးေတာ့ YouTube ေပၚမွာ လူၾကည့္အမ်ားဆုံး ဗြီဒီယို ျဖစ္လာခဲ့ပါတယ္။

ကမာၻေက်ာ္ ဆယ္လီေတြျဖစ္တဲ့ Ellen DeGeneres ၊ James Cordon နဲ႔ Sophie Turner တို႔ကလည္း ဆိုရွယ္မီဒီယာေတြေပၚမွာ challenge အေနနဲ႔ ဒီသီခ်င္းကို ျပန္လည္ဖန္တီးခဲ့ၾကပါေသးတယ္။ ဒါ့အျပင္ Washington အမ်ိဳးသား ေဘ့စ္ေဘာအသင္းဟာလည္း ဒီသီခ်င္းကို anthem အေနနဲ႔ အသုံးျပဳခဲ့ၿပီး ၿပီးခဲ့တဲ့ႏွစ္က World Series မွာ အႏိုင္ရခဲ့ပါေသးတယ္။

လတ္တေလာ YouTube ေပၚက လူၾကည့္အမ်ားဆုံး ဗြီဒီယိုငါးခုကေတာ့ Baby Shark ၊ Despacito ၊ Shape of You ၊ See You Again နဲ႔ Masha and The Bear – Recipe For Disater တို႔ပဲ ျဖစ္ပါတယ္။

Legos

Source: indian express

RELATED ARTICLES

Most Popular