HomeEntertainmentFilm(၅၇)ကြိမ်မြောက် Baeksang ဆုပေးပွဲမှာ ဆွတ်ခူးခဲ့ကြတဲ့ ကိုရီးယားအနုပညာရှင်များ

(၅၇)ကြိမ်မြောက် Baeksang ဆုပေးပွဲမှာ ဆွတ်ခူးခဲ့ကြတဲ့ ကိုရီးယားအနုပညာရှင်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

(၅၇)ကြိမ်မြောက် Baeksang Arts Awards ဆုပေးပွဲကြီးကိုတော့ အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။ Baeksang ဆုပေးပွဲဟာ ရုပ်မြင်သံကြား၊ ရုပ်ရှင်နဲ့ ပြဇာတ် နယ်ပယ်တွေမှာ တစ်နှစ်တာအတွင်း ထူးချွန်ပြောင်မြောက်ဆုံး artist တွေကို ချီးမြှင့်ပေးနေတဲ့ ဆုပေးပွဲတစ်ခု ဖြစ်ပါတယ်။

ယခုနှစ်ရဲ့ ဆုပေးပွဲကိုတော့ Ilsan က KINTEX ခန်းမကြီးမှာ ဧည့်ပရိသတ် မပါဘဲ ပြုလုပ်ခဲ့ပါတယ်။ ယခုနှစ် ဆုပေးပွဲကိုတော့ လေးနှစ်ဆက်တိုက် အစီအစဉ် တင်ဆက်သူတွေအဖြစ် တင်ဆက်လာကြတဲ့ Suzy နဲ့ Shin Dong Yup တို့ကပဲ တာဝန်ယူ တင်ဆက်ပေးထားပါတယ်။

Photo via soompi

ရုပ်ရှင်နယ်ပယ်အတွက် Grand Prize ကိုတော့ The Book of Fish ဇာတ်ကားက ရရှိသွားပြီး ရုပ်မြင်သံကြား နယ်ပယ်မှာတော့ Grand Prize ကို Yoo Jae Suk က ဆွတ်ခူးသွားပါတယ်။ ဒါ့အပြင် MBC ရုပ်သံလိုင်းမှာ ထုတ်လွှင့်နေတဲ့ Yoo Jae Suk ရဲ့ “How Do You Play? ” ဆိုတဲ့ variety show ကလည်း Best Variety Show ဆုကို ရရှိခဲ့ပါသေးတယ်။

ရုပ်မြင်သံကြားနယ်ပယ်မှာ နောက်ထပ် ဆွတ်ခူးခဲ့တာကတော့ JTBC ရုပ်သံလိုင်းရဲ့ Beyond Evil ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ Best Drama ဆု၊ Best Screenplay ဆုတွေအပြင် စီးရီးထဲက သရုပ်ဆောင် Shin Ha Kyun ကလည်း Best Actor ဆုကိုပါ ရရှိသွားပါတယ်။

Photo via soompi

Best Actress ဆုကိုတော့ SBS ရဲ့ သောက်သောက်လဲ အောင်မြင်တဲ့ စီးရီး The Penthouse ထဲက သရုပ်ဆောင် Kim So Yeon က ဆွတ်ခူးသွားပါတယ်။

ရုပ်ရှင်နယ်ပယ်မှာတော့ Voice of Silence ဇာတ်ကားနဲ့ Yoo Ah In က Best Actor ဆု ရရှိခဲ့သလို မင်းသမီး Jeon Jong Seo ကတော့ The Call ဇာတ်ကားနဲ့ Best Actress ဆုကို ရရှိခဲ့ပါတယ်။

Photo via soompi

ဆုရရှိခဲ့တဲ့ စတားတွေရဲ့ စာရင်းအပြည့်အစုံကတော့ အောက်ပါအတိုင်းပါပဲ။

ရုပ်မြင်သံကြား

ရုပ်ရှင်

ပြဇာတ်

Linda December

Source: soompi

(Zawgyi Version)

(၅၇)ႀကိမ္ေျမာက္ Baeksang Arts Awards ဆုေပးပြဲႀကီးကိုေတာ့ ေအာင္ျမင္စြာ က်င္းပ ၿပီးစီးခဲ့ၿပီ ျဖစ္ပါတယ္။ Baeksang ဆုေပးပြဲဟာ ႐ုပ္ျမင္သံၾကား၊ ႐ုပ္ရွင္နဲ႔ ျပဇာတ္ နယ္ပယ္ေတြမွာ တစ္ႏွစ္တာအတြင္း ထူးခြၽန္ေျပာင္ေျမာက္ဆုံး artist ေတြကို ခ်ီးျမႇင့္ေပးေနတဲ့ ဆုေပးပြဲတစ္ခု ျဖစ္ပါတယ္။

ယခုႏွစ္ရဲ႕ ဆုေပးပြဲကိုေတာ့ Ilsan က KINTEX ခန္းမႀကီးမွာ ဧည့္ပရိသတ္ မပါဘဲ ျပဳလုပ္ခဲ့ပါတယ္။ ယခုႏွစ္ ဆုေပးပြဲကိုေတာ့ ေလးႏွစ္ဆက္တိုက္ အစီအစဥ္ တင္ဆက္သူေတြအျဖစ္ တင္ဆက္လာၾကတဲ့ Suzy နဲ႔ Shin Dong Yup တို႔ကပဲ တာဝန္ယူ တင္ဆက္ေပးထားပါတယ္။

Photo via soompi

႐ုပ္ရွင္နယ္ပယ္အတြက္ Grand Prize ကိုေတာ့ The Book of Fish ဇာတ္ကားက ရရွိသြားၿပီး ႐ုပ္ျမင္သံၾကား နယ္ပယ္မွာေတာ့ Grand Prize ကို Yoo Jae Suk က ဆြတ္ခူးသြားပါတယ္။ ဒါ့အျပင္ MBC ႐ုပ္သံလိုင္းမွာ ထုတ္လႊင့္ေနတဲ့ Yoo Jae Suk ရဲ႕ “How Do You Play? ” ဆိုတဲ့ variety show ကလည္း Best Variety Show ဆုကို ရရွိခဲ့ပါေသးတယ္။

႐ုပ္ျမင္သံၾကားနယ္ပယ္မွာ ေနာက္ထပ္ ဆြတ္ခူးခဲ့တာကေတာ့ JTBC ႐ုပ္သံလိုင္းရဲ႕ Beyond Evil ဇာတ္လမ္းတြဲ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲဟာ Best Drama ဆု၊ Best Screenplay ဆုေတြအျပင္ စီးရီးထဲက သ႐ုပ္ေဆာင္ Shin Ha Kyun ကလည္း Best Actor ဆုကိုပါ ရရွိသြားပါတယ္။

Photo via soompi

Best Actress ဆုကိုေတာ့ SBS ရဲ႕ ေသာက္ေသာက္လဲ ေအာင္ျမင္တဲ့ စီးရီး The Penthouse ထဲက သ႐ုပ္ေဆာင္ Kim So Yeon က ဆြတ္ခူးသြားပါတယ္။

႐ုပ္ရွင္နယ္ပယ္မွာေတာ့ Voice of Silence ဇာတ္ကားနဲ႔ Yoo Ah In က Best Actor ဆု ရရွိခဲ့သလို မင္းသမီး Jeon Jong Seo ကေတာ့ The Call ဇာတ္ကားနဲ႔ Best Actress ဆုကို ရရွိခဲ့ပါတယ္။

Photo via soompi

ဆုရရွိခဲ့တဲ့ စတားေတြရဲ႕ စာရင္းအျပည့္အစုံကေတာ့ ေအာက္ပါအတိုင္းပါပဲ။

႐ုပ္ျမင္သံၾကား

႐ုပ္ရွင္

ျပဇာတ္

Linda December

Source: soompi

RELATED ARTICLES

Most Popular