HomeEntertainmentFilmBarbie ချစ်သူနဲ့ Barbie မုန်းသူအားလုံးအတွက် ရုံတင်တော့မယ့် Barbie ရုပ်ရှင်

Barbie ချစ်သူနဲ့ Barbie မုန်းသူအားလုံးအတွက် ရုံတင်တော့မယ့် Barbie ရုပ်ရှင်

မကြာသေးခင်ကပဲ Warner Bros. စတူဒီယိုဟာ Barbie ရုပ်ရှင်ရဲ့ ထွေလာအသစ်ကို ထုတ်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Ryan Gosling နဲ့ Margot Robbie တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ Greta Gerwig က ရိုက်ကူးထားပါတယ်။ ဒီရုပ်ရှင်ကတော့ သာမန် Barbie ဇာတ်လမ်းတွေလို မဟုတ်ဘဲ တမူထူးခြားတဲ့ပုံစံနဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

photo credit Warner Bros. Pictures

ဒီထွေလာထဲမှာတော့ ဒီရုပ်ရှင်ဟာ သာမန် Barbie ဇာတ်လမ်းမျိုး မဟုတ်ဘူးဆိုတာ တွေ့လိုက်ရပါတယ်။ အစတုန်းကတော့ Margot Robbie ရဲ့ Barbie ဟာ အရာရာပြီးပြည့်စုံနေပြီး အိပ်မက်ဆန်တဲ့ BarbieLand မှာ နေထိုင်နေပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာတော့ Margot Robbie ရဲ့ Barbie ဟာ တဖြည်းဖြည်းနဲ့ Barbie မဆန်တော့ဘဲ သာမန်လူတစ်ယောက်လို ဖြစ်လာပါတယ်။ ဒါကြောင့်ပဲ သူမဟာ အမှန်တရားကို ရှာဖွေဖို့ တကယ့်ကမ္ဘာဆီကို ထွက်လာခဲ့ပြီး Ken ကလည်း သူမနဲ့အတူ လိုက်လာခဲ့ပါတယ်။

အဲဒီနောက်မှာတော့ သူမနဲ့ Ken တို့ဟာ တကယ့်ကမ္ဘာမှာ အခက်အခဲတွေများစွာနဲ့ ကြုံတွေ့နေကြပါတယ်။ အဲဒီနောက်မှာတော့ အရုပ်ကုမ္ပဏီတစ်ခုရဲ့ CEO ဟာ သူတို့နှစ်ယောက်ကို ထိန်းချုပ်ဖို့ ကြိုးစားနေတာကိုလည်း တွေ့ခဲ့ရပါတယ်။ လောလောဆယ်မှာ‌တော့ BarbieLand ဟာ ဘယ်လိုနေရာလည်းဆိုတာ သေချာမသိရသေးပေမယ့် သေချာတာတစ်ခုကတော့ BarbieLand ၊ Ken နဲ့ Barbie တွေကို လူတွေက တစ်နည်းနည်းနဲ့ ဖန်တီးထားတယ်ဆိုတာပဲ ဖြစ်ပါတယ်။

ဒါကြောင့်ပဲ Margot Robbie ရဲ့ Barbie နဲ့ Ryan Gosling ရဲ့ Ken ဟာ အရုပ်တွေပဲ ဖြစ်နေမလား၊ ဒါမှမဟုတ် ဘာတွေဖြစ်နေမလည်း ဆိုတာကိုတော့ ဒီရုပ်ရှင်ထွက်လာမှပဲ သိရမှာပါ။ ဒီရုပ်ရှင်ကတော့ လာမယ့် ဇူလိုင်လ (၂၁)ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပြီး ထွေလာကြည့်ရုံနဲ့ စိတ်ဝင်စားစရာကောင်းနေပြီ ဆိုတာတော့ ငြင်းမရပါဘူး။

Legos

Source: Screenrant

RELATED ARTICLES

Most Popular