HomeEntertainmentFilmThe Batman 2 နဲ့ ပတ်သက်ပြီး သိထားသင့်သမျှ

The Batman 2 နဲ့ ပတ်သက်ပြီး သိထားသင့်သမျှ

The Batman ရုပ်ရှင်ကတော့ ပြီးခဲ့တဲ့ မတ်လမှာ ထွက်ရှိခဲ့ပြီး IMDb rating (8.3)နဲ့ Rotten Tomatoes 85% ရရှိထားပါတယ်။ ဒီရုပ်ရှင်ဟာ ယခုလိုမျိူး Rating ကောင်းတွေ ရရှိထားတဲ့အပြင် ပရိသတ်တွေရဲ့ တခဲနက် အားပေးမှုတွေကိုလည်း ရရှိထားပါတယ်။ ရုပ်ရှင်ရဲ့ အဆုံးသတ်မှာတော့ Sequel အတွက် Setup တွေ ပြုလုပ်သွားတာကြောင့်လည်း ပရိသတ်တွေဟာ The Batman 2 ကို စောင့်မျှော်နေကြပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ The Batman 2 နဲ့ ပတ်သက်ပြီး သိထားသင့်သမျှ အချက်တွေကို ဖော်ပြပေးချင်ပါတယ်။

The Batman 2 ဟာ သေချာပေါက် ထွက်ရှိလာမှာပါ။

photo via screenrant

The Batman 2 အတွက် Warner Bros. နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ ဒါရိုက်တာ Matt Reeves ကိုယ်တိုင်က အတည်ပြုထားပါတယ်။ ဒါတင်မကသေးဘဲ ဒီရုပ်ရှင်ရဲ့ Spin-Off ဇာတ်လမ်းတွဲ သုံးခုကိုလည်း ထပ်မံဖန်တီးသွားဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ ထုတ်လုပ်သူ Dylan Clark ကလည်း The Batman 2 ကို နောက်ထပ် ငါးနှစ်အတွင်းမှာ ထွက်ရှိလာမယ်လို့ ပြောထားပါသေးတယ်။ ဒီအချက်တွေကြောင့်ပဲ The Batman 2 ဟာ သေချာပေါက် ထွက်ရှိလာမယ်လို့ ပြောနိုင်တာ ဖြစ်ပါတယ်။ ပရောဂျက်တစ်ခု ဖန်တီးဖို့အတွက် အနည်းဆုံး တစ်နှစ်ကျော်လောက် အချိန်ယူကြတာကြောင့် အစောဆုံး ထွက်ရှိလာရင်တောင် ၂၀၂၄ ခုနှစ်လောက်မှ ထွက်ရှိလာနိုင်ပါတယ်။

ပါဝင်လာနိုင်တဲ့ ဗီလိန်များ

photo via screenrant

ဒီရုပ်ရှင်ရဲ့ အဆုံးသတ်မှာတော့ Riddler ဟာ Joker နဲ့ စကားပြောဆိုနေတာကို ပြသသွားပြီး The Batman 2 ထဲမှာတော့ သူတို့နှစ်ယောက် ပူးပေါင်းသွားတာကို မြင်တွေ့ရနိုင်သလို Joker တစ်ယောက်တည်းကပဲ အဓိကဗီလိန်အဖြစ် ပါဝင်လာတာလည်း ဖြစ်နိုင်ပါတယ်။ အကယ်၍ Matt Reeves က Joker ကို ဒီ Franchise ရဲ့ နောက်ဆုံးရုပ်ရှင်မှသာ အဓိကဗီလိန်အဖြစ် ထည့်သွင်းဖို့ စီစဉ်ထားတယ် ဆိုရင်တောင် The Batman 2 ထဲမှာတော့ သေချာပေါက် Joker ရဲ့ အခန်းကဏ္ဍကို ပိုမိုမြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် Joker ပြောသွားတဲ့ ပဟေဠိကလည်း Court of Owls ကို အရိပ်အမြွက် ဖော်ပြသွားပါသေးတယ်။ Court of Owls ကတော့ Gotham မြို့ရဲ့ အချမ်းသာဆုံးလူတွေ စုစည်းထားတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး သူတို့ဟာ Gotham မြို့ကြီးကို နောက်ကွယ်ကနေ ကြိုးကိုင်နေတာ ဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ Carmine Falcone သေဆုံးသွားတဲ့ နောက်မှာတော့ အဲ့ဒီလစ်ဟာသွားတဲ့ နေရာကို ရယူဖို့အတွက် ရာဇဝတ်သားတွေက ကြိုးစားကြဦးမှာ ဖြစ်ပြီး Penguin ဟာလည်း ပိုပြီးအရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်လာနိုင်ပါတယ်။

photo via screenrant

Batman ဟာ ဗီလိန်တွေ အများအပြားရှိတဲ့ ဟီးရိုးတစ်ယောက် ဖြစ်တာကြောင့် ကောမစ်ထဲက တခြားဗီလိန်တွေကိုလည်း The Batman 2 ထဲမှာ ထည့်သွင်းသွားနိုင်ပါသေးတယ်။ Live Action တွေမှာ မြင်တွေ့ခဲ့ဖူးတဲ့ Two-Face ၊ Poison Ivy ၊ Scarecrow နဲ့ Bane တို့အပြင် Live Action ထဲမှာ မပါဝင်ရသေးတဲ့ ဇာတ်ကောင်တွေလည်း ပါဝင်လာနိုင်ပါသေးတယ်။ ဒါတင်မကသေးဘဲ Live Action မှာ မမြင်တွေ့ရတာ ကြာပြီဖြစ်တဲ့ Batman နဲ့ Robin တို့ အတွဲကိုလည်း မြင်တွေ့ရနိုင်ပါသေးတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular