HomeEntertainmentFilmနှစ်ကာလတွေတလျှောက် Batman ဇာတ်ရုပ်မှာ သရုပ်ဆောင်ခဲ့ဖူးတဲ့ မင်းသားများ

နှစ်ကာလတွေတလျှောက် Batman ဇာတ်ရုပ်မှာ သရုပ်ဆောင်ခဲ့ဖူးတဲ့ မင်းသားများ

Batman ဇာတ်ကောင်ကတော့ DC comics ရဲ့ နာမည်ကြီး ကာရိုက်တာတစ်ခု ဖြစ်ပြီး လူကြိုက်များတဲ့ ဇာတ်ရုပ်တစ်ခုလည်း ဖြစ်ပါတယ်။ Caped Crusader အဖြစ် သရုပ်ဆောင်ချင်ကြတဲ့ သရုပ်ဆောင်ပေါင်းများစွာ ရှိပေမယ့်လည်း ဒီဇာတ်ရုပ်ကို တကယ်တမ်း သရုပ်ဆောင်နိုင်ခဲ့သူတွေကတော့ လက်ချိုးရေလို့ ရပါတယ်။ ဒါကြောင့်ပဲ ကောမစ်ဇာတ်ကောင် အဖြစ်ကနေ live action အဖြစ် ပြောင်းလဲ ဖန်တီးရာမှာ နှစ်ကာလတွေတလျှောက် Batman အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသားတွေကို ဖော်ပြပေးလိုက်ပါတယ်။

Robert Pattinson

Photo Credit: Warner Bros. Studios/ DC Films

Robert Pattinson ကတော့ ယခုလက်ရှိ ရုံတင်ပြသနေတဲ့ The Batman ရုပ်ရှင်ထဲမှာ Bruce Wayne အဖြစ် သရုပ်ဆောင်ထားပါတယ်။ Robert ကတော့ Twilight ဇာတ်ကားတွေထဲက Edward Cullen အဖြစ် လူသိအများဆုံး ဖြစ်ပေမယ့် ၂၀၀၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ Harry Potter and the Goblet of Fire ထဲမှာတည်းက ပရိသတ်နှစ်သက်တဲ့ ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ခဲ့ရသူ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ Water For Elephants ၊ Remember Me အစရှိတဲ့ အမျိုးအစား မတူညီတဲ့ ဇာတ်ကားတွေထဲမှာ သရုပ်ဆောင်ထားပါတယ်။

Ben Affleck

Photo Credit: Warner Bros. Studios/ DC Films

Ben Affleck ကတော့ ရုပ်ရှင်သရုပ်ဆောင် တစ်ယောက်လည်း ဖြစ်သလို ဒါရိုက်တာ၊ ထုတ်လုပ်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူကတော့ ၁၉၉၀ ပြည့်နှစ်တွေတည်းက ဟောလိဝုဒ်မှာ ရေပန်းစားလာတဲ့ မင်းသားတစ်ယောက် ဖြစ်ပြီး နာမည်ကျော်ဇာတ်ကားများစွာမှာ သရုပ်ဆောင်ထားသူ ဖြစ်ပါတယ်။ Ben ကတော့ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Batman v Superman: Dawn of Justice ဇာတ်ကားထဲမှာ စတင်ပြီး Batman အဖြစ် သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

Christian Bale

Photo Credit: Warner Bros. Studios/ DC Films

Christian Bale ကတော့ DC ပရိသတ်တွေကြားမှာ ရေပန်းစားတဲ့ The Dark Knight trilogy မှာ သရုပ်ဆောင်ထားသူ ဖြစ်ပါတယ်။ ဒီ trilogy မှာတော့ ၂၀၀၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ Batman Begins ၊ ၂၀၀၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ The Dark Knight နဲ့ ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ The Dark Knight Rises တို့ ပါဝင်ပါတယ်။

Christian Bale ကတော့ ကလေးသရုပ်ဆောင်အဖြစ်နဲ့ ဟောလိဝုဒ်ရုပ်ရှင်လောကကို စတင်ဝင်ရောက်လာခဲ့သူ ဖြစ်ပြီး Empire of the Sun ၊ American Psycho ၊ The Mechanist ၊ The Prestige အစရှိတဲ့ ဇာတ်ကားတွေနဲ့ ပရိသတ်အားပေးမှု တခဲနက် ရရှိထားတဲ့ မင်းသားတစ်လက် ဖြစ်ပါတယ်။

George Clooney

Photo via screenrant

မင်းသားကြီး George Clooney ကတော့ ၁၉၉၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ Batman & Robin ထဲမှာ Batman အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ မင်းသားကြီးတော့ Batman အဖြစ် ရုပ်ရှင်တစ်ကားတည်းမှာ သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ George ကတော့ Ocean’s ဇာတ်ကားတွေနဲ့ မြန်မာပရိသတ်တွေကြားမှာ ကျော်ကြားသလို အခြားသော အက်ရှင်၊ စပိုင် အစရှိတဲ့ ဇာတ်ကားအမျိုးအစားများစွာနဲ့ နာမည်ကြီးသူလည်း ဖြစ်ပါတယ်။

Val Kilmer

Photo via gamerant

မင်းသားကြီး Val Kilmer ကတော့ ၁၉၉၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ Batman Forever ရုပ်ရှင်ထဲမှာ Bruce Wayne အဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။ မင်းသားကြီးကတော့ ၁၉၈၀ နဲ့ ၁၉၉၀ ပြည့်လွန်ကာလတွေကြားမှာ ရေပန်းစားခဲ့တဲ့ မင်းသားကြီးတစ်လက် ဖြစ်ပါတယ်။ သူ့ရဲ့ နာမည်ကြီးဇာတ်ကား အချို့ကတော့ The Saint ၊ Top Secret ၊ Real Genius ၊ Tombstone အစရှိတဲ့ ဇာတ်ကားတွေပဲ ဖြစ်ပါတယ်။

Michael Keaton

Photo via trendfool

မင်းသားကြီး Michael Keaton ကတော့ ဒါရိုက်တာ Tim Burton ရိုက်ကူးခဲ့တဲ့ ၁၉၈၉ ခုနှစ်ထွက် Batman ရုပ်ရှင်နဲ့ ၁၉၉၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Batman Returns တို့မှာ သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၂၂ ခုနှစ်မှာ ထွက်ရှိလာမယ့် The Flash နဲ့ Batgirl ရုပ်ရှင်တွေထဲမှာလည်း အသက်ကြီးသွားတဲ့ Bruce Wayne နေရာက ပါဝင်ထားပါသေးတယ်။

Adam West

Photo Credit: EVERETT COLLECTION/ SHUTTERSTOCK

မင်းသားကြီး Adam West ကတော့ ပထမဆုံး live action Batman သရုပ်ဆောင် မဟုတ်ပေမယ့် ပရိသတ်အများစုရဲ့ မှတ်ဉာဏ်ထဲမှာတော့ ပထမဆုံး Batman အဖြစ် အမှတ်ရနေစေသူလည်း ဖြစ်ပါတယ်။ မင်းသားကြီးတော့ ၁၉၆၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ ရုပ်ရှင်နဲ့ ၁၉၆၆ ခုနှစ်ကနေ ၁၉၆၈ ခုနှစ်အထိ season သုံးခုနဲ့ ပြသခဲ့တဲ့ Batman ဇာတ်လမ်းတွဲမှာ Batman အဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။ မင်းသားကြီးကတော့ animated ရုပ်ရှင်တွေမှာ အသံသရုပ်ဆောင်အဖြစ် အများဆုံး သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။

Lewis Wilson

Photo via pinterest

မင်းသားကြီး Lewis Wilson ကတော့ DC ရဲ့ နာမည်အကြီးဆုံး ဇာတ်ကောင်တစ်ခုဖြစ်တဲ့ Batman ဇာတ်ရုပ်ကို ပထမဆုံး ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်မှာ သရုပ်ဆောင်ခဲ့တဲ့ ပထမဆုံး Batman သရုပ်ဆောင် ဖြစ်ပါတယ်။ အဲဒီရုပ်ရှင်ကတော့ ၁၉၄၃ ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီး အခန်းပေါင်း(၁၅)ခန်း ပါဝင်တဲ့ အခန်းဆက် ရုပ်ရှင်တစ်ခုလည်း ဖြစ်ပါတယ်။ ဒီအခန်းဆက်ရုပ်ရှင်ကိုတော့ Columbia Pictures စတူဒီယိုက စီစဉ်ခဲ့တာ ဖြစ်ပြီး Batman ရဲ့ကောမစ်ဇာတ်ရုပ် ပွဲထွက်ပြီး လေးနှစ်အကြာမှာ ထွက်ရှိလာတာလည်း ဖြစ်ပါတယ်။

Will Arnett

Photo Credit: REX/ SHUTTERSTOCK

Will Arnett ကတော့ The LEGO Batman Movie ထဲမှာ Batman နေရာက အသံသရုပ်ဆောင်ထားသူ ဖြစ်ပါတယ်။ ဒီ animation ကတော့ ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။

Kevin Conroy

Photo Credit: REX/ SHUTTERSTOCK

မင်းသားကြီး Kevin Conroy ကတော့ ၁၉၉၀ ပြည့်နှစ်တွေမှာ ထွက်ရှိခဲ့တဲ့ ကာတွန်းစီးရီး Batman: The Animated Series ထဲမှာ Bruce Wayne အဖြစ် အသံသရုပ်ဆောင်ထားသူ ဖြစ်ပါတယ်။

ဒါကတော့ Batman ဇာတ်ကောင်ရဲ့ ပထမဆုံး live action မှသည် ယနေ့အချိန်အထိ နှစ်ကာလတွေတလျှောက် Bruce Wayne နေရာမှာ သရုပ်ဆောင်ခဲ့ဖူးတဲ့ မင်းသားတွေပဲ ဖြစ်ပါတယ်။ ဘယ်မင်းသားရဲ့ သရုပ်ဆောင်မှုက စာဖတ်သူတို့ရဲ့အကြိုက် ဖြစ်စေလည်းဆိုတာ ပြောပြခဲ့ပါဦး။

Glasgow
RELATED ARTICLES

Most Popular