HomeCharacterပထမဆုံးကောမစ်ထဲမှာ costume party ရဲ့ ပထမဆုကို အနိုင်ရရှိခဲ့တဲ့ Batman

ပထမဆုံးကောမစ်ထဲမှာ costume party ရဲ့ ပထမဆုကို အနိုင်ရရှိခဲ့တဲ့ Batman

ေအာက္တြင္‌ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Batman #1 ကောမစ်ထဲမှာ စာဖတ်သူတွေကို Joker နဲ့ Catwoman တို့ကို မိတ်ဆက်ပေးခဲ့တဲ့အပြင် Batman ဟာ မတော်တဆအဖြစ်နဲ့ costume party မှာ အနိုင်ရရှိခဲ့ပါသေးတယ်။ Batman #1 ဟာ Batman ရဲ့ ပထမဆုံးဆိုလို ကောမစ်စီးရီးရဲ့ ပထမဆုံးအပိုင်းပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အဲ့ဒီကောမစ်ထဲမှာ Joker ဟာ ပထမဆုံးအကြိမ် သေဆုံးခဲ့ပြီး Batman ဟာလည်း သူ့ရဲ့အရက်စက်ဆုံး လူသတ်မှုတစ်ခုကို ကျူးလွန်ခဲ့ပါတယ်။ အကြောင်းကတော့ Batman ဟာ လွတ်မြောက်လာတဲ့ စိတ်ကျန်းမာရေး ကုသခံနေရသူ တစ်ယောက်ကို Batplane မှာ ကြိုးဆွဲချသလို တွဲလောင်းဆွဲထားခဲ့ပြီး နောက်ဆုံးမှာတော့ အလောင်းကို မြေပြင်ပေါ် ပစ်ချခဲ့ပါတယ်။ Batman ဟာ သူ့ရဲ့ ပထမဆုံးဆိုလိုကောမစ်ထဲမှာတင် အဖြစ်အပျက်အများကြီးကို ကြုံတွေ့ခဲ့ရပါတယ်။

photo via screenrant

ဇာတ်လမ်းရဲ့အစမှာတော့ အထက်တန်းလွှာ အပျော်စီးရွက်လှေတစ်စီးပေါ်မှာ ပါလာတဲ့ ဒေါ်လာသန်းတစ်ဝက်လောက် တန်ကြေးရှိတဲ့ လည်ဆွဲတစ်ခုကြောင့် လူစိတ်ဝင်စားခြင်း ခံနေရပါတယ်။ အဲ့ဒါကြောင့်ပဲ Batman ဟာ တစ်ခြားမှုခင်းတွေကို စုံစမ်းနေတဲ့အချိန်မှာ Robin ကို အဲ့ဒီရွက်လှေဆီကို သွားပြီး စောင့်ရှောက်စေခဲ့ပါတယ်။ Robin ကတော့ အဲ့ဒီရွက်လှေရဲ့ အလုပ်သမားတစ်ယောက်အနေနဲ့ ရုပ်ဖျက်ပြီးတော့ သွားရောက်စုံစမ်းခဲ့ပါတယ်။

သိပ်မကြာခင်မှာပဲ အဲ့ဒီလည်ဆွဲကို The Cat လို့ ခေါ်တဲ့ သူခိုးတစ်ယောက်က ခိုးယူသွားခဲ့ပါတယ်။ ( အဲ့ဒီအချိန်တုန်းကတော့ Catwoman လို့ မဖော်ပြသေးဘဲ The Cat လို့ပဲ ဖော်ပြခဲ့ပါတယ်။) အဲ့ဒါတင်မဟုတ်ဘဲ လက်နက်ကိုင်ဆောင်ထားတဲ့ လူတစ်စုဟာလည်း အဲ့ဒီလည်ဆွဲကိုပဲ လုယူဖို့အတွက် ရောက်လာကြပါတယ်။ သူတို့ရောက်လာတဲ့အချိန်မှာတော့ အဲ့ဒီဆွဲကြိုးဟာ မရှိတော့တာကြောင့် ရွက်လှေပေါ်မှာရှိတဲ့ လူတွေရဲ့ ပစ္စည်းတွေကိုပဲ လုယက်ပြီးတော့ ထွက်ပြေးသွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Batman ဟာလည်း ရွက်လှေပေါ်ကို ရောက်လာပြီးတော့ Robin နဲ့အတူ ပူးပေါင်းကာ အဲ့ဒီရာဇဝတ်သားတွေနောက်ကို လိုက်သွားခဲ့ပါတယ်။

photo via screenrant

Batman နဲ့ Robin တို့ဟာ အဲ့ဒီရာဇဝတ်သားတွေအများစုကို နှိမ်နင်းပြီးသွားတဲ့နောက်မှာတော့ Batman ဟာ ဆိုးရွားလွန်းတဲ့ ကလေးသူငယ် အန္တရာယ်ဖြစ်စေမှု တစ်ခုကို ကျူးလွန်ခဲ့တယ်လို့တောင် ပြောလို့ရပါတယ်။ အကြောင်းကတော့ အဲ့ဒီရာဇဝတ်သားတွေဟာ သေနတ်မရှိရင် ဘာတွေလုပ်နိုင်သေးလည်း ဆိုတာကို သိချင်တာကြောင့် ရာဇဝတ်သားလေးယောက်ကို Robin တစ်ယောက်တည်းနဲ့ ရင်ဆိုင်စေခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ Batman ဟာ ဘာမှမလုပ်ဘဲ ထိုင်ကြည့်နေခဲ့ပါတယ်။ ဒါပေမယ့်လည်း ထုံးစံအတိုင်း အဲ့ဒီရာဇဝတ်သား လေးယောက်ဟာ Robin ကို ယှဉ်ပြီး မတိုက်ခိုက်နိုင်ဘဲ ရှုံးနိမ့်သွားတာကြောင့် Batman ဟာလည်း စိတ်ပျက်သွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ရာဇဝတ်သားတွေ လုယူလာတဲ့ ပစ္စည်းတွေအကုန်လုံးကို ရွက်လှေဆီကို ပြန်ယူလာခဲ့ပါတယ်။

photo via screenrant

ရွက်လှေပေါ်မှာတော့ အဲ့ဒီအချိန်မှာ costume party ကျင်းပနေကြပြီး Batman ရောက်လာချင်းမှာပဲ လူတိုင်းဟာ အံ့ဩသွားပြီး ချက်ချင်းပဲ Batman ကို ဆုပေးခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ Batman ဟာ သူယူလာတဲ့ ပစ္စည်းတွေကို ပိုင်ရှင်တွေဆီ ပြန်ပေးခဲ့ပြီး သူဟာ တကယ့် Batman ပါလို့ သက်သေပြခဲ့ပါတယ်။ ဒါပေမယ့်လည်း လည်ဆွဲကတော့ ပျောက်ဆုံးနေဆဲပဲ ဖြစ်ပြီးတော့ The Cat ကလည်း လွတ်နေဆဲပဲ ဖြစ်ပါတယ်။ The Cat ဟာ သူ့ကိုယ်သူ အဘွားကြီးတစ်ယောက်အဖြစ် ရုပ်ဖျက်ထားပြီးတော့ Batman ကတော့ Scooby Doo စတိုင်နဲ့ မျက်နှာဖုံးကို ချွတ်ကာ တကယ့်တရားခံကို ဖော်ထုတ်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ မျက်နှာဖုံးအောက်မှာ ချောမောလှပတဲ့ မိန်းကလေးတစ်ယောက်ကို မြင်တွေ့ခဲ့ရပါတယ်။

အဲ့ဒါကြောင့်ပဲ လည်ဆွဲကို ပြန်ရယူနိုင်ခဲ့ပေမယ့်လည်း The Cat ရဲ့ နာမည်အရင်းကို ဘယ်တုန်းကမှ မသိခဲ့ရပါဘူး။ ဒါ့အပြင် သူမဟာ Batman ကိုလည်း သူမနဲ့အတူတူ ရာဇဝတ်မှုတွေ ကျူးလွန်တဲ့နေရာမှာ တွဲဖက်အဖြစ် ပူးပေါင်းဖို့ ကမ်းလှမ်းခဲ့ပါသေးတယ်။ Batman ဟာလည်း ချက်ချင်း ငြင်းပယ်ခဲ့ခြင်းမရှိဘဲ စိတ်ဝင်စားဖို့ကောင်းတဲ့ ကမ်းလှမ်းမှုပဲလို့ ပြန်ပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း သူတို့နှစ်ယောက်ဟာ ဉပဒေရဲ့ မတူညီတဲ့ဘက် နှစ်ခုမှာ နေထိုင်နေကြတာပါလို့လည်း ပြောခဲ့ပါတယ်။ ဒါ့အပြင် သူမက ထွက်ပြေးတော့မယ့်အချိန်မှာလည်း Batman ဟာ Robin ကို တားဆီးခဲ့ပြီး သူမကို လွှတ်ပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူတို့နှစ်ယောက်ဟာ ဂေါ့သမ်ဆီကို ပြန်လာပြီးတော့ Robin က ကားမောင်းနေတဲ့အချိန်မှာ Batman က The Cat ရဲ့ လှပတဲ့မျက်လုံးလေးတွေကို ပြန်မြင်နေရင်းနဲ့ ဇာတ်သိမ်းသွားခဲ့ပါတယ်။

photo via screenrant

Batman #1 ထဲက ဇာတ်လမ်းတွေဟာ စိတ်ဝင်စားစရာတွေ အများကြီး ပြည့်နှက်နေပြီး အခုချိန်မှာ ကျွန်တော်တို့သိထားတဲ့ Batman နဲ့ အတော်လေး ကွဲပြားတဲ့ Batman ကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း Batman #1 ထဲက စိတ်ဝင်စားဖို့ကောင်းတဲ့ တစ်ခြားအချက်တွေကိုလည်း ဖော်ပြသွားဖို့အတွက် အစီအစဉ်ရှိပြီးတော့ Batman နဲ့ Catwoman တို့ရဲ့ ပထမဆုံးအကြိမ် တွေ့ဆုံဖို့အတွက် အကြောင်းဖန်လာစေတဲ့ လည်ဆွဲလေးကလည်း Martha Wayne ရဲ့ လည်ဆွဲလေးပဲ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Batman #1 ေကာမစ္ထဲမွာ စာဖတ္သူေတြကို Joker နဲ႔ Catwoman တို႔ကို မိတ္ဆက္ေပးခဲ့တဲ့အျပင္ Batman ဟာ မေတာ္တဆအျဖစ္နဲ႔ costume party မွာ အႏိုင္ရရွိခဲ့ပါေသးတယ္။ Batman #1 ဟာ Batman ရဲ႕ ပထမဆုံးဆိုလိုေကာမစ္စီးရီးရဲ႕ ပထမဆုံးအပိုင္းပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ အဲ့ဒီေကာမစ္ထဲမွာ Joker ဟာ ပထမဆုံးအႀကိမ္ ေသဆုံးခဲ့ၿပီး Batman ဟာလည္း သူ႔ရဲ႕အရက္စက္ဆုံး လူသတ္မႈတစ္ခုကို က်ဴးလြန္ခဲ့ပါတယ္။ အေၾကာင္းကေတာ့ Batman ဟာ လြတ္ေျမာက္လာတဲ့ စိတ္က်န္းမာေရး ကုသခံေနရသူ တစ္ေယာက္ကို Batplane မွာ ႀကိဳးဆြဲခ်သလို တြဲေလာင္းဆြဲထားခဲ့ၿပီး ေနာက္ဆုံးမွာေတာ့ အေလာင္းကို ေျမျပင္ေပၚ ပစ္ခ်ခဲ့ပါတယ္။ Batman ဟာ သူ႔ရဲ႕ ပထမဆုံးဆိုလိုေကာမစ္ထဲမွာတင္ အျဖစ္အပ်က္အမ်ားႀကီးကို ႀကဳံေတြ႕ခဲ့ရပါတယ္။

photo via screenrant

ဇာတ္လမ္းရဲ႕အစမွာေတာ့ အထက္တန္းလႊာ အေပ်ာ္စီး႐ြက္ေလွတစ္စီးေပၚမွာ ပါလာတဲ့ ေဒၚလာသန္းတစ္ဝက္ေလာက္ တန္ေၾကးရွိတဲ့ လည္ဆြဲတစ္ခုေၾကာင့္ လူစိတ္ဝင္စားျခင္း ခံေနရပါတယ္။ အဲ့ဒါေၾကာင့္ပဲ Batman ဟာ တစ္ျခားမႈခင္းေတြကို စုံစမ္းေနတဲ့အခ်ိန္မွာ Robin ကို အဲ့ဒီ႐ြက္ေလွဆီကို သြားၿပီး ေစာင့္ေရွာက္ေစခဲ့ပါတယ္။ Robin ကေတာ့ အဲ့ဒီ႐ြက္ေလွရဲ႕ အလုပ္သမားတစ္ေယာက္အေနနဲ႔ ႐ုပ္ဖ်က္ၿပီးေတာ့ သြားေရာက္စုံစမ္းခဲ့ပါတယ္။

သိပ္မၾကာခင္မွာပဲ အဲ့ဒီလည္ဆြဲကို The Cat လို႔ ေခၚတဲ့ သူခိုးတစ္ေယာက္က ခိုးယူသြားခဲ့ပါတယ္။ ( အဲ့ဒီအခ်ိန္တုန္းကေတာ့ Catwoman လို႔ မေဖာ္ျပေသးဘဲ The Cat လို႔ပဲ ေဖာ္ျပခဲ့ပါတယ္။) အဲ့ဒါတင္မဟုတ္ဘဲ လက္နက္ကိုင္ေဆာင္ထားတဲ့ လူတစ္စုဟာလည္း အဲ့ဒီလည္ဆြဲကိုပဲ လုယူဖို႔အတြက္ ေရာက္လာၾကပါတယ္။ သူတို႔ေရာက္လာတဲ့အခ်ိန္မွာေတာ့ အဲ့ဒီဆြဲႀကိဳးဟာ မရွိေတာ့တာေၾကာင့္ ႐ြက္ေလွေပၚမွာရွိတဲ့ လူေတြရဲ႕ ပစၥည္းေတြကိုပဲ လုယက္ၿပီးေတာ့ ထြက္ေျပးသြားခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Batman ဟာလည္း ႐ြက္ေလွေပၚကို ေရာက္လာၿပီးေတာ့ Robin နဲ႔အတူ ပူးေပါင္းကာ အဲ့ဒီရာဇဝတ္သားေတြေနာက္ကို လိုက္သြားခဲ့ပါတယ္။

photo via screenrant

Batman နဲ႔ Robin တို႔ဟာ အဲ့ဒီရာဇဝတ္သားေတြအမ်ားစုကို ႏွိမ္နင္းၿပီးသြားတဲ့ေနာက္မွာေတာ့ Batman ဟာ ဆိုး႐ြားလြန္းတဲ့ ကေလးသူငယ္ အႏၲရာယ္ျဖစ္ေစမႈ တစ္ခုကို က်ဴးလြန္ခဲ့တယ္လို႔ေတာင္ ေျပာလို႔ရပါတယ္။ အေၾကာင္းကေတာ့ အဲ့ဒီရာဇဝတ္သားေတြဟာ ေသနတ္မရွိရင္ ဘာေတြလုပ္ႏိုင္ေသးလည္း ဆိုတာကို သိခ်င္တာေၾကာင့္ ရာဇဝတ္သားေလးေယာက္ကို Robin တစ္ေယာက္တည္းနဲ႔ ရင္ဆိုင္ေစခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ Batman ဟာ ဘာမွမလုပ္ဘဲ ထိုင္ၾကည့္ေနခဲ့ပါတယ္။ ဒါေပမယ့္လည္း ထုံးစံအတိုင္း အဲ့ဒီရာဇဝတ္သား ေလးေယာက္ဟာ Robin ကို ယွဥ္ၿပီး မတိုက္ခိုက္ႏိုင္ဘဲ ရႈံးနိမ့္သြားတာေၾကာင့္ Batman ဟာလည္း စိတ္ပ်က္သြားခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ ရာဇဝတ္သားေတြ လုယူလာတဲ့ ပစၥည္းေတြအကုန္လုံးကို ႐ြက္ေလွဆီကို ျပန္ယူလာခဲ့ပါတယ္။

photo via screenrant

႐ြက္ေလွေပၚမွာေတာ့ အဲ့ဒီအခ်ိန္မွာ costume party က်င္းပေနၾကၿပီး Batman ေရာက္လာခ်င္းမွာပဲ လူတိုင္းဟာ အံ့ဩသြားၿပီး ခ်က္ခ်င္းပဲ Batman ကို ဆုေပးခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ Batman ဟာ သူယူလာတဲ့ ပစၥည္းေတြကို ပိုင္ရွင္ေတြဆီ ျပန္ေပးခဲ့ၿပီး သူဟာ တကယ့္ Batman ပါလို႔ သက္ေသျပခဲ့ပါတယ္။ ဒါေပမယ့္လည္း လည္ဆြဲကေတာ့ ေပ်ာက္ဆုံးေနဆဲပဲ ျဖစ္ၿပီးေတာ့ The Cat ကလည္း လြတ္ေနဆဲပဲ ျဖစ္ပါတယ္။ The Cat ဟာ သူ႔ကိုယ္သူ အဘြားႀကီးတစ္ေယာက္အျဖစ္ ႐ုပ္ဖ်က္ထားၿပီးေတာ့ Batman ကေတာ့ Scooby Doo စတိုင္နဲ႔ မ်က္ႏွာဖုံးကို ခြၽတ္ကာ တကယ့္တရားခံကို ေဖာ္ထုတ္ခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ မ်က္ႏွာဖုံးေအာက္မွာ ေခ်ာေမာလွပတဲ့ မိန္းကေလးတစ္ေယာက္ကို ျမင္ေတြ႕ခဲ့ရပါတယ္။

အဲ့ဒါေၾကာင့္ပဲ လည္ဆြဲကို ျပန္ရယူႏိုင္ခဲ့ေပမယ့္လည္း The Cat ရဲ႕ နာမည္အရင္းကို ဘယ္တုန္းကမွ မသိခဲ့ရပါဘူး။ ဒါ့အျပင္ သူမဟာ Batman ကိုလည္း သူမနဲ႔အတူတူ ရာဇဝတ္မႈေတြ က်ဴးလြန္တဲ့ေနရာမွာ တြဲဖက္အျဖစ္ ပူးေပါင္းဖို႔ ကမ္းလွမ္းခဲ့ပါေသးတယ္။ Batman ဟာလည္း ခ်က္ခ်င္း ျငင္းပယ္ခဲ့ျခင္းမရွိဘဲ စိတ္ဝင္စားဖို႔ေကာင္းတဲ့ ကမ္းလွမ္းမႈပဲလို႔ ျပန္ေျပာခဲ့ပါတယ္။ ဒါေပမယ့္လည္း သူတို႔ႏွစ္ေယာက္ဟာ ဉပေဒရဲ႕ မတူညီတဲ့ဘက္ ႏွစ္ခုမွာ ေနထိုင္ေနၾကတာပါလို႔လည္း ေျပာခဲ့ပါတယ္။ ဒါ့အျပင္ သူမက ထြက္ေျပးေတာ့မယ့္အခ်ိန္မွာလည္း Batman ဟာ Robin ကို တားဆီးခဲ့ၿပီး သူမကို လႊတ္ေပးခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူတို႔ႏွစ္ေယာက္ဟာ ေဂါ့သမ္ဆီကို ျပန္လာၿပီးေတာ့ Robin က ကားေမာင္းေနတဲ့အခ်ိန္မွာ Batman က The Cat ရဲ႕ လွပတဲ့မ်က္လုံးေလးေတြကို ျပန္ျမင္ေနရင္းနဲ႔ ဇာတ္သိမ္းသြားခဲ့ပါတယ္။

photo via screenrant

Batman #1 ထဲက ဇာတ္လမ္းေတြဟာ စိတ္ဝင္စားစရာေတြ အမ်ားႀကီး ျပည့္ႏွက္ေနၿပီး အခုခ်ိန္မွာ ကြၽန္ေတာ္တို႔သိထားတဲ့ Batman နဲ႔ အေတာ္ေလး ကြဲျပားတဲ့ Batman ကိုလည္း ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္လည္း Batman #1 ထဲက စိတ္ဝင္စားဖို႔ေကာင္းတဲ့ တစ္ျခားအခ်က္ေတြကိုလည္း ေဖာ္ျပသြားဖို႔အတြက္ အစီအစဥ္ရွိၿပီးေတာ့ Batman နဲ႔ Catwoman တို႔ရဲ႕ ပထမဆုံးအႀကိမ္ ေတြ႕ဆုံဖို႔အတြက္ အေၾကာင္းဖန္လာေစတဲ့ လည္ဆြဲေလးကလည္း Martha Wayne ရဲ႕ လည္ဆြဲေလးပဲ ျဖစ္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular