HomeEntertainmentFilmယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုကြောင့် The Batman ရုပ်ရှင်နဲ့ Disney ရုပ်ရှင်အားလုံး ရုရှားတွင် ပြသဖို့ဆိုင်းငံ့ထား

ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုကြောင့် The Batman ရုပ်ရှင်နဲ့ Disney ရုပ်ရှင်အားလုံး ရုရှားတွင် ပြသဖို့ဆိုင်းငံ့ထား

မကြာသေးခင်ကပဲ ရုရှားနိုင်ငံဟာ ယူကရိန်းနိုင်ငံကို ကျူးကျော် တိုက်စစ်ဆင်ခဲ့တာကြောင့် နိုင်ငံအများစုဟာ ရုရှားကို စီးပွားရေး ကန့်သတ်ပိတ်ဆို့မှုတွေ ပြုလုပ်နေကြပါတယ်။ ဒါကြောင့်လည်း Warner Bros. စတူဒီယိုဟာလည်း နောက်နှစ်ရက်အတွင်းမှာ ထွက်ရှိလာမယ့် The Batman ရုပ်ရှင်ကို ရုရှားနိုင်ငံမှာ မပြသတော့ဘူးလို့ ကြေညာလိုက်ပါတယ်။ အလားတူပဲ Disney စတူဒီယိုဟာလည်း သူတို့ရဲ့ ပရောဂျက်အားလုံးကို ရုရှားနိုင်ငံမှာ ရုံတင်ပြသခြင်း မပြုလုပ်တော့ဘူးလို့ ဆိုထားပါတယ်။

photo via screenrant

ဖေဖော်ဝါရီလ (၂၄)ရက်နေ့မှာတော့ ရုရှားဟာ ယူကရိန်းကို ဒုံးကျည်တွေနဲ့ စတင်တိုက်ခိုက်ခဲ့ပြီး ယူကရိန်းရဲ့မြို့တော် ဖြစ်တဲ့ ကီယက်မြို့အပြင် တခြားမြို့တွေ အများအပြားဟာလည်း ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်နေပါတယ်။ Warner Bros. စတူဒီယိုကတော့ Deadline သတင်းဌာနကို အောက်ပါအတိုင်း ပြောပြခဲ့ပါတယ်။

“အခုဖြစ်နေတဲ့ အဖြစ်အပျက်တွေကြောင့် WARNER BROS. စတူဒီယိုက THE BATMAN ရုပ်ရှင်ကို ရုရှားနိုင်ငံမှာ ပြသဖို့ ဆိုင်းငံ့ထားပါတယ်။ အခြေအနေတွေကို ဆက်လက် စောင့်ကြည့်နေပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြီးဆုံးသွားဖို့ကို စောင့်မျှော်နေပါတယ် … “

photo via screenrant

Disney စတူဒီယိုကလည်း လောလောဆယ်မှာ သူတို့ရဲ့ ပရောဂျက်အားလုံးကို ရုရှားမှာ ပြသဖို့ ဆိုင်းငံ့ထားပါတယ်လို့ ကြေညာခဲ့ပြီး NGO အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ကာ ယူကရိန်းဒုက္ခသည်တွေကို အကူအညီတွေ ပေးသွားမယ်လို့လည်း သိရပါတယ်။ Disney စတူဒီယိုကတော့ လက်ရှိ ရုရှားရဲ့ ကျူးကျော်စစ်နဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေကြောင့် သူ့ရဲ့ရုပ်ရှင်တွေကို ရုရှားမှာ ရုံတင်ပြသမှာ မဟုတ်ဘဲ ဆိုင်းငံ့ထားမှာ ဖြစ်ပြီး နောက်လာမယ့် လုပ်ငန်းတွေကိုလည်း ရှေ့ဆက်ဖြစ်ပေါ်လာမယ့် အခြေအနေတွေပေါ် မူတည်ပြီး ဆုံးဖြတ်သွားမယ်လို့ ဆိုထားပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular