HomeCharacterခေါင်းစွပ်မှာပါတဲ့ နားရွက်နှစ်ခုကိုလည်း အသုံးဝင်ကြောင်း ပြသလိုက်တဲ့ Batman

ခေါင်းစွပ်မှာပါတဲ့ နားရွက်နှစ်ခုကိုလည်း အသုံးဝင်ကြောင်း ပြသလိုက်တဲ့ Batman

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Batman ရဲ့ခေါင်းစွပ်မှာပါတဲ့ နားရွက်နှစ်ခုဟာ အလှသပ်သပ် တပ်ဆင်ထားတာ မဟုတ်ဘဲ အသုံးပြုလို့ရတဲ့ နည်းလမ်းတွေ ရှိတယ်ဆိုတာ Detective Comics ထဲမှာ ပြသလိုက်ပါတယ်။ Batman ဟာ ဂေါ်သမ်မြို့က ရာဇဝတ်မှုတွေကို တိုက်ခိုက်တဲ့အချိန်မှာ သူ့ရဲ့ကိရိယာတွေကို အသုံးပြုလေ့ရှိပါတယ်။ သူ အသုံးပြုတဲ့ ကိရိယာတွေဟာ မျိူးစုံရှိပြီးတော့ သူ့ရဲ့ခေါင်းစွပ်မှာပါတဲ့ နားရွက်နှစ်ခုကလည်း အဲ့ဒီကိရိယာတွေထဲကတစ်ခု ဖြစ်ပါတယ်။

photo via screenrant

Detective Comics #1029 ထဲမှာတော့ Joker War အဖြစ်အပျက်အပြီးမှာ Batman ဟာ သာမန်ရာဇဝတ်မှုလေးတွေကို တိုက်ဖျက်နေခဲ့ပါတယ်။ Joker War အတွင်းမှာတော့ Joker ဟာ ဂေါ်သမ်မြို့ကို တိုက်ခိုက်ဖို့အတွက် Bruce ရဲ့ ပိုက်ဆံတွေကို ခိုးယူခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ Batman ဟာ အရင်လိုမျိူး ရာဇဝတ်မှုတွေကို တိုက်ခိုက်ဖို့အတွက် ငွေကို ရေလို အသုံးပြုလို့ မရတော့ပါဘူး။ ဒါ့အပြင် Bruce ဟာ Wayne အိမ်တော်ကနေ ထွက်လာခဲ့ပြီးတော့ ဂေါ်သမ်မြို့နေပြည်သူတွေကို ကာကွယ်ဖို့နဲ့ သူတို့နဲ့ ပိုပြီးတော့ နီးစပ်စေဖို့အတွက် မြို့ထဲမှာ နေထိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း Joker War အဖြစ်အပျက်ကြောင့်ပဲ ဂေါ်သမ်မြို့နေ ပြည်သူတွေကတော့ Batman ကို ဆန္ဒပြနေခဲ့ပါတယ်။

ဒါပေမယ့်လည်း အခုလို ဆန္ဒပြလိုက်ရုံနဲ့ Batman ရဲ့ ရာဇဝတ်မှုတွေ တိုက်ဖျက်တဲ့အလုပ်ကို ရပ်နားသွားအောင် မပြုလုပ်နိုင်ပါဘူး။ Detective Comics #1029 ထဲမှာတော့ Batman ဟာ ဓားစာခံတစ်ယောက်ကို ဖမ်းပြီးခေါ်သွားတဲ့ ဘဏ်ဓားပြတိုက်သူတွေနောက်ကို လိုက်နေခဲ့ပါတယ်။ ဓားပြတွေရဲ့ ကားနောက်ကို လိုက်နေရင်းနဲ့ Batman ဟာ သူတို့ကားရဲ့ ခေါင်မိုးပေါ်ကို ရောက်အောင်သွားနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဒရိုင်ဘာကို ကားထဲက ဆွဲထုတ်ပြီး Batman ကိုယ်တိုင် ကားဝင်မောင်းခဲ့ပါတယ်။ ဒီမှာတင် ဓားပြနှစ်ယောက်နဲ့ ဓားစာခံတို့ဟာ လန့်သွားကြပြီး ဓားပြတစ်ယောက်ကတော့ Batman ရဲ့ ခေါင်းကို သေနတ်နဲ့ပစ်ဖို့ ကြိုးစားခဲ့ပါတယ်။

photo via screenrant

Batman ကလည်း ကျောကို လှဲချလိုက်ပြီး သူ့ရဲ့ခေါင်းစွပ်မှာပါတဲ့ နားရွက်နဲ့ ပစ်လိုက်ပါတယ်။ ဒီအချက်ဟာ ကြည့်လိုက်ရင်တော့ ရယ်ချင်စရာကြီး ဖြစ်နေပေမယ့်လည်း တကယ်တော့ တော်တော်လေးကို အသုံးဝင်ပါတယ်။ ဒီအကွက်ကြောင့်ပဲ Batman ဟာ ကားကိုရပ်ဖို့ အချိန်ရသွားပြီး ဓားပြနှစ်ယောက်ကို အနိုင်ယူကာ ဓားစာခံကိုလည်း ကယ်တင်နိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဓားပြတွေကို ရဲလက်အပ်လိုက်ပြီးတော့ သူ့ရဲ့နားရွက်နှစ်ခုကို ပြန်ယူကာ ခေါင်းစွပ်မှာ ပြန်လည်တပ်ဆင်ခဲ့ပါတယ်။ Batman ဟာ အခြေအနေတွေ အမျိူးမျိူးအတွက် ပြင်ဆင်ထားတတ်သူ ဖြစ်ပြီး သူ့ရဲ့ Batarang ကို ပစ်ဖို့ လက်မအားတဲ့ အခြေအနေတွေမှာ အသုံးပြုနိုင်ဖို့အတွက် အဲ့ဒီနားရွက်တွေကို တပ်ဆင်ထားတယ်လို့ ပြောလို့ရပါတယ်။

photo via screenrant

အခုအခြေအနေမှာတော့ Batman ဟာ အရင်လို ဘီလျံနာတစ်ယောက် မဟုတ်တော့တာကြောင့် ယာဉ်တွေအမျိူးမျိူးလည်း မစီးနိုင်တော့သလို သူ အသုံးပြုတဲ့ ကိရိယာတွေကိုလည်း တစ်ခုပြီးတစ်ခု တီထွင်နေလို့ မရနိုင်တော့ပါဘူး။ အဲ့ဒါကြောင့်ပဲ Batman ဟာ သူ့မှာရှိတဲ့ ကိရိယာတွေကိုပဲ အခြေအနေပေါ် မူတည်ပြီး အသုံးဝင်အောင် ပြုလုပ်ကာ ဟီးရိုးကောင်းတစ်ယောက် ဖြစ်လာဖို့ ကြိုးစားနေရပါတယ်။ အခုလိုမျိုး သူ့ရဲ့ခေါင်းစွပ်မှာပါတဲ့ နားရွက်တွေကို သေနတ်လိုမျိူး ပစ်လို့ရတာကတော့ အနည်းငယ် ကြောင်တောင်တောင် ဖြစ်နေပေမယ့်လည်း ဘယ်သူမှ မထင်ထားလောက်တဲ့ အရာတစ်ခု ဖြစ်တာကြောင့် ရုတ်တရက် တိုက်ခိုက်မှုတွေမှာလည်း အသုံးပြုလို့ ရပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Batman ရဲ႕ေခါင္းစြပ္မွာပါတဲ့ နား႐ြက္ႏွစ္ခုဟာ အလွသပ္သပ္ တပ္ဆင္ထားတာ မဟုတ္ဘဲ အသုံးျပဳလို႔ရတဲ့ နည္းလမ္းေတြ ရွိတယ္ဆိုတာ Detective Comics ထဲမွာ ျပသလိုက္ပါတယ္။ Batman ဟာ ေဂၚသမ္ၿမိဳ႕က ရာဇဝတ္မႈေတြကို တိုက္ခိုက္တဲ့အခ်ိန္မွာ သူ႔ရဲ႕ကိရိယာေတြကို အသုံးျပဳေလ့ရွိပါတယ္။ သူ အသုံးျပဳတဲ့ ကိရိယာေတြဟာ မ်ိဴးစုံရွိၿပီးေတာ့ သူ႔ရဲ႕ေခါင္းစြပ္မွာပါတဲ့ နား႐ြက္ႏွစ္ခုကလည္း အဲ့ဒီကိရိယာေတြထဲကတစ္ခု ျဖစ္ပါတယ္။

photo via screenrant

Detective Comics #1029 ထဲမွာေတာ့ Joker War အျဖစ္အပ်က္အၿပီးမွာ Batman ဟာ သာမန္ရာဇဝတ္မႈေလးေတြကို တိုက္ဖ်က္ေနခဲ့ပါတယ္။ Joker War အတြင္းမွာေတာ့ Joker ဟာ ေဂၚသမ္ၿမိဳ႕ကို တိုက္ခိုက္ဖို႔အတြက္ Bruce ရဲ႕ ပိုက္ဆံေတြကို ခိုးယူခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ Batman ဟာ အရင္လိုမ်ိဴး ရာဇဝတ္မႈေတြကို တိုက္ခိုက္ဖို႔အတြက္ ေငြကို ေရလို အသုံးျပဳလို႔ မရေတာ့ပါဘူး။ ဒါ့အျပင္ Bruce ဟာ Wayne အိမ္ေတာ္ကေန ထြက္လာခဲ့ၿပီးေတာ့ ေဂၚသမ္ၿမိဳ႕ေနျပည္သူေတြကို ကာကြယ္ဖို႔နဲ႔ သူတို႔နဲ႔ ပိုၿပီးေတာ့ နီးစပ္ေစဖို႔အတြက္ ၿမိဳ႕ထဲမွာ ေနထိုင္ခဲ့ပါတယ္။

ဒါေပမယ့္လည္း Joker War အျဖစ္အပ်က္ေၾကာင့္ပဲ ေဂၚသမ္ၿမိဳ႕ေန ျပည္သူေတြကေတာ့ Batman ကို ဆႏၵျပေနခဲ့ပါတယ္။ဒါေပမယ့္လည္း အခုလို ဆႏၵျပလိုက္႐ုံနဲ႔ Batman ရဲ႕ ရာဇဝတ္မႈေတြ တိုက္ဖ်က္တဲ့အလုပ္ကို ရပ္နားသြားေအာင္ မျပဳလုပ္ႏိုင္ပါဘူး။ Detective Comics #1029 ထဲမွာေတာ့ Batman ဟာ ဓားစာခံတစ္ေယာက္ကို ဖမ္းၿပီးေခၚသြားတဲ့ ဘဏ္ဓားျပတိုက္သူေတြေနာက္ကို လိုက္ေနခဲ့ပါတယ္။ ဓားျပေတြရဲ႕ ကားေနာက္ကို လိုက္ေနရင္းနဲ႔ Batman ဟာ သူတို႔ကားရဲ႕ ေခါင္မိုးေပၚကို ေရာက္ေအာင္သြားႏိုင္ခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ ဒ႐ိုင္ဘာကို ကားထဲက ဆြဲထုတ္ၿပီး Batman ကိုယ္တိုင္ ကားဝင္ေမာင္းခဲ့ပါတယ္။ ဒီမွာတင္ ဓားျပႏွစ္ေယာက္နဲ႔ ဓားစာခံတို႔ဟာ လန႔္သြားၾကၿပီး ဓားျပတစ္ေယာက္ကေတာ့ Batman ရဲ႕ ေခါင္းကို ေသနတ္နဲ႔ပစ္ဖို႔ ႀကိဳးစားခဲ့ပါတယ္။

photo via screenrant

Batman ကလည္း ေက်ာကို လွဲခ်လိုက္ၿပီး သူ႔ရဲ႕ေခါင္းစြပ္မွာပါတဲ့ နား႐ြက္နဲ႔ ပစ္လိုက္ပါတယ္။ ဒီအခ်က္ဟာ ၾကည့္လိုက္ရင္ေတာ့ ရယ္ခ်င္စရာႀကီး ျဖစ္ေနေပမယ့္လည္း တကယ္ေတာ့ ေတာ္ေတာ္ေလးကို အသုံးဝင္ပါတယ္။ ဒီအကြက္ေၾကာင့္ပဲ Batman ဟာ ကားကိုရပ္ဖို႔ အခ်ိန္ရသြားၿပီး ဓားျပႏွစ္ေယာက္ကို အႏိုင္ယူကာ ဓားစာခံကိုလည္း ကယ္တင္ႏိုင္ခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ ဓားျပေတြကို ရဲလက္အပ္လိုက္ၿပီးေတာ့ သူ႔ရဲ႕နား႐ြက္ႏွစ္ခုကို ျပန္ယူကာ ေခါင္းစြပ္မွာ ျပန္လည္တပ္ဆင္ခဲ့ပါတယ္။ Batman ဟာ အေျခအေနေတြ အမ်ိဴးမ်ိဴးအတြက္ ျပင္ဆင္ထားတတ္သူ ျဖစ္ၿပီး သူ႔ရဲ႕ Batarang ကို ပစ္ဖို႔ လက္မအားတဲ့ အေျခအေနေတြမွာ အသုံးျပဳႏိုင္ဖို႔အတြက္ အဲ့ဒီနား႐ြက္ေတြကို တပ္ဆင္ထားတယ္လို႔ ေျပာလို႔ရပါတယ္။

photo via screenrant

အခုအေျခအေနမွာေတာ့ Batman ဟာ အရင္လို ဘီလ်ံနာတစ္ေယာက္ မဟုတ္ေတာ့တာေၾကာင့္ ယာဥ္ေတြအမ်ိဴးမ်ိဴးလည္း မစီးႏိုင္ေတာ့သလို သူ အသုံးျပဳတဲ့ ကိရိယာေတြကိုလည္း တစ္ခုၿပီးတစ္ခု တီထြင္ေနလို႔ မရႏိုင္ေတာ့ပါဘူး။ အဲ့ဒါေၾကာင့္ပဲ Batman ဟာ သူ႔မွာရွိတဲ့ ကိရိယာေတြကိုပဲ အေျခအေနေပၚ မူတည္ၿပီး အသုံးဝင္ေအာင္ ျပဳလုပ္ကာ ဟီး႐ိုးေကာင္းတစ္ေယာက္ ျဖစ္လာဖို႔ ႀကိဳးစားေနရပါတယ္။ အခုလိုမ်ိဳး သူ႔ရဲ႕ေခါင္းစြပ္မွာပါတဲ့ နား႐ြက္ေတြကို ေသနတ္လိုမ်ိဴး ပစ္လို႔ရတာကေတာ့ အနည္းငယ္ ေၾကာင္ေတာင္ေတာင္ ျဖစ္ေနေပမယ့္လည္း ဘယ္သူမွ မထင္ထားေလာက္တဲ့ အရာတစ္ခု ျဖစ္တာေၾကာင့္ ႐ုတ္တရက္ တိုက္ခိုက္မႈေတြမွာလည္း အသုံးျပဳလို႔ ရပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular