HomeCharacterBatman fan တွေအားလုံး သိကို သိထားသင့်တဲ့ အချက်များ

Batman fan တွေအားလုံး သိကို သိထားသင့်တဲ့ အချက်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

၁၉၃၉ ခုနှစ်မှာ ထွက်ခဲ့တဲ့ Detective Comics #27 ထဲမှာ Batman ဟာ ပထမဦးဆုံး ပါဝင်ခဲ့ပါတယ်။ အခုချိန်မှာ ဒီ comic ကို ဝယ်ချင်တယ်ဆိုရင် ဒေါ်လာ မီလီယမ်ကျော်ကျော် သုံးနိုင်မှ ရမှာပါ။ စပြီးထွက်တဲ့အချိန်ထဲက အောင်မြင်ခဲ့တာဟာ အခုချိန်ထိကို အောင်မြင်နေတုန်းပါပဲ။ အဲ့ဒါအပြင် သူ့ရဲ့ ပရိသတ်တွေကလည်း အများအပြား ရှိတာကြောင့် သူ့အကြောင်း စိတ်ဝင်စားဖို့ကောင်းတာတွေကို ဖော်ပြပေးချင်ပါတယ်။

Batman မှာ နာမည်တွေ အများကြီး ရှိပါတယ်။
Photo via screenrant

Batman ဟာ စတင်ပြီး ဖန်တီးခဲ့တဲ့ အချိန်ထဲစပြီး ဖြတ်သန်းလာခဲ့တစ်လျှောက်မှာ နာမည်တွေ အများကြီး ရရှိခဲ့ပါတယ်။ အဲ့ဒီနာမည်တွေထဲမှာ သူ့ကို တင်စားပြီး ခေါ်ခဲ့တဲ့ နာမည်တွေလည်း ရှိသလို ဗီလိန်တွေက ပေးခဲ့တဲ့ နာမည်တွေလည်း ရှိပါတယ်။ ဥပမာ – Harley Quinn က သူ့ကို Batsy ဆိုပြီး ခေါ်သလိုမျိုးပါ။ အဲ့နာမည်တွေက လူသိများတဲ့ နာမည်တစ်ခုက World’s Greatest Detective ဖြစ်ပါတယ်။  Bob Kane ဟာ သူ့ကို စုံထောက် စွမ်းရည်ကိုသုံးပြီး မှုခင်းတွေကို ဖြေရှင်းဖို့အတွက် Sherlock Holmes ကို အခြေခံပြီး ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ ထက်မြက်လှတဲ့ စုံထောက်စွမ်းရည်ကြောင့်ပဲ World’s Greatest Detective ဆိုတဲ့ နာမည်ကို ရရှိခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ် အသုံးများတဲ့ နာမည်ကတော့  The Caped Crusader ( ဝတ်ရုံခြုံထားတဲ့ လူစွမ်းကောင်း) ဖြစ်ပါတယ်။ အဲ့လိုမျိုး နာမည်တွေ အများကြီးထဲကမှ လူတိုင်းလည်းသိပြီး Batman ဇာတ်ကောင်နဲ့ လုံးဝကို လိုက်ဖက်တဲ့ နာမည်တစ်ခုကတော့ The Dark Knight ပဲဖြစ်ပါတယ်။ ဒီနာမည်နဲ့ comic တွေ များစွာလည်း ထွက်ခဲ့သလိုမျိုး ရုပ်ရှင်မှာလည်း Batman trilogy ထဲက The Dark Knight နဲ့ The Dark Knight Rises တို့ နှစ်ကားဟာလည်း အရမ်းကို အောင်မြင်ခဲ့ပါတယ်။

Batman ဟာ လူတွေ အများကြီးကို သတ်ခဲ့ဖူးပါတယ်။
Photo via screenrant

သင်ဟာ Batman ရဲ့ အမာခံ ပရိသတ်ပဲဖြစ်ဖြစ် ၊ သူ့အကြောင်းကို ဘာမှမသိတဲ့သူပဲ ဖြစ်ဖြစ် အားလုံးသိကြတဲ့အရာတစ်ခုကတော့ Batman ဟာ ဘယ်တော့မှ လူမသတ်ဘူး ဆိုတာပါပဲ။ တကယ်တော့ အဲ့ဒီအချက်ဟာ မှားပါတယ်။ Batman ဟာ သူဖြတ်သန်းခဲ့တဲ့ တစ်လျှောက်မှာ လူတွေ အများကြီးကို သတ်ခဲ့ဖူးပါတယ်။ Batman ကို စပြီး ဖန်တီးကာစတုန်းကဆိုရင် အသက်ရှင်သန်ဖို့အတွက် မထိုက်တန်ဘူးလို့ သူထင်တဲ့ ဒုစရိုက်သမားတွေ အများကြီးကို မကြာခဏ သတ်ခဲ့ဖူးပါတယ်။

သူသတ်ခဲ့သမျှထဲမှာ အရက်စက်ဆုံးကတော့ သူ့ရဲ့  Bat-Wing မှာ ပျံသန်းနေရင်းနဲ့ လူတစ်ယောက်ကို သေတဲ့အထိ တွဲလောင်းချည်ထားပြီးတော့ သတ်ခဲ့တာ ဖြစ်ပါတယ်။ တစ်ခြားအမှတ်ရနေတဲ့ သတ်ခဲ့တဲ့လူတွေကတော့ Final Crisis ဆိုတဲ့ comic ထဲမှာ Darkseid ၊ The Dark Knight ထဲမှာ Harvey Dent ၊ Batman: Arkham City ထဲမှာ Joker ၊ Batman #420 ထဲမှာ KGBeast တို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်ခြား ဒုစရိုက်သမားတွေကိုလည်း မျက်နှာကို ကန်တာ ၊ အရှင်လတ်လတ် မီးရှို့တာ ၊ ကားနဲ့ တိုက်တာတို့ကို လုပ်ပြီးတော့ နည်းလမ်းမျိုးစုံနဲ့ လူသတ်ခဲ့ဖူးပါတယ်။

Batman ဟာ နတ်ဘုရား ဖြစ်ခဲ့ဖူးပါတယ်။
Photo via screenrant

ဒီအချက်ကိုတော့ သိတဲ့လူတွေ တော်တော်များများ ရှိမယ်လို့ ထင်ပါတယ်။ Justice League: Darkseid War ဆိုတဲ့ comic စီးရီးထဲမှာ ထွက်ခဲ့သမျှ Batman တွေထဲက အသန်မာဆုံးပုံစံကို တွေ့ရမှာပါ။ Justice League #42 ဆိုတဲ့ အပိုင်းမှာ Justice League အဖွဲ့သားတွေ အားလုံးပေါင်းပြီး Metron ကို သူ့ရဲ့ Mobius chair နဲ့ ကွဲကွာအောင် လုပ်နိုင်ခဲ့ပါတယ်။

အဲ့ဒီအချိန်မှာ Batman ဟာ Mobius chair ပေါ်ကို ခုန်တက်လိုက်ပြီး အရာရာကို သိမြင်တဲ့ New God ဖြစ်လာ ခဲ့ပါတယ်။ အဲ့လိုမျိုး ဖြစ်လာတဲ့ အချိန်မှာ Mobius chair ဟာ Batman ရဲ့ စိတ်ကို တဖြည်းဖြည်းနဲ့ ထိခိုက်လာ စေပေမယ့်လည်း သူဟာ Mobius chair ရဲ့ စွမ်းအားကို ကောင်းကောင်း ထိန်းချုပ်နိုင်တဲ့အထိ စိတ်ခွန်အား ကြီးမားခဲ့ပါတယ်ဆိုတာကို သက်သေပြခဲ့ပါတယ်။

Batman ရဲ့ အကြီးမားဆုံး လက်နက်က ပစ္စည်းကိရိယာတွေ မဟုတ်ပါဘူး။
Photo via screenrant

အချိန်တွေ ကြာလာတာနဲ့အမျှ Batman ဟာ DC universe မှာ ရှိတဲ့ စွမ်းအားကြီးတဲ့ ဗီလိန်တွေကို တစ်ဖြည်းဖြည်းနဲ့ အနိုင်ယူ နိုင်ခဲ့ပါတယ်။ အဲ့လိုမျိုး စွမ်းအားကြီးတဲ့ ဗီလိန်တွေကို နှိမ်နင်းခဲ့တာက သူအသုံးပြုတဲ့ ပစ္စည်းကိရိယာတွေကြောင့် မဟုတ်ဘဲ သူ့ရဲ့ စိတ်စွမ်းအားနဲ့ ဉာဏ်ကောင်းမှုတို့ကြောင့် အနိုင်ယူနိုင်ခဲ့တာပါ။ Batman ရဲ့စိတ် ခွန်အားဟာ အရမ်းကို ကြီးမားတာကြောင့် သူ့ရဲ့ အကြောက်ဆုံး အရာကိုတောင် တွန်းလှန် ပစ်နိုင်ပါတယ်။

ဥပမာပြရမယ်ဆိုရင် Arkham Knight ဆိုတဲ့ ဂိမ်းထဲမှာ Batman ဟာ Scarecrow ရဲ့ ကြောက်လန့်စေတဲ့ အဆိပ်ကို ထိုးခံလိုက်ရပါတယ်။ အဲ့လိုဖြစ်တာကြောင့် Batman ဟာ သူ့ရဲ့စိတ်ထဲမှာပဲ Joker ကတစ်ဖက်နဲ့ သူက တစ်ဖက် ကွဲသွားခဲ့ပါတယ်။ အဲ့ဒါကြောင့် Joker ကလည်း ဂိမ်းတစ်လျှောက်လုံးကို လိုက်ပြီး Batman ကို ခြောက်လှန့် နေခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူ့ရဲ့စိတ်စွမ်းအားနဲ့ပဲ Joker အနိုင်တိုက်နိုင်ခဲ့ပြီး သူ့စိတ်ရဲ့ အနက်ရှိုင်းဆုံးနေရာမှာ ချုပ်နှောင် ထားလိုက်ပါတယ်။ အဲ့အချိန်မှာပဲ Batman ဟာ ဆေးရဲ့အစွမ်း ပြယ်ပြီး သတိရလာကာ ဒီဆေးဟာ သူ့အပေါ်ကို နောက်တစ်ခါထပ်ပြီး ဘာသက်ရောက်မှုမှ မရှိတော့ပါဘူး။

Bruce ရဲ့မိဘတွေ အသတ်မခံခဲ့ရတဲ့ timeline လည်း ရှိပါတယ်။
Photo via screenrant

Batman ဖြစ်လာရတဲ့ အကြောင်းအရင်းဟာ သူ့ရဲ့မိဘတွေက ငယ်ငယ်ထဲက သတ်ခံလိုက်ရတာကြောင့် ဖြစ်ပါတယ်။ ဒါပေမဲ့လည်း Flash point comic စီးရီးထဲမှာတော့ သူ့ရဲ့မိဘတွေ အသတ်မခံခဲ့ရပါဘူး။ အဲ့ဒီ comic ဟာ ၂၀၁၁ ခုနှစ်မှာ ထွက်ခဲ့တာ ဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာတော့ animated movie ထွက်လာခဲ့ပါတယ်။ Flash point ဖြစ်လာရတဲ့ အကြောင်းအရင်းက Flash ဟာ သူ့ရဲ့မိဘတွေကို ကယ်တင်ဖို့အတွက် အတိတ်ကို ခရီးသွားနဲ့ ဖြစ်လာခဲ့တာပါ။ အဲ့ဒီ timeline မှာဆိုရင် သမိုင်းကြောင်းတွေနဲ့ ကာရိုက်တာတွေဟာ အကုန်လုံး ပြောင်းလဲ သွားခဲ့ပေမယ့် Batman ကတော့ ရှိနေပါသေးတယ်။

ဒါပေမဲ့လည်း Batman ဟာ Bruce Wayne မဟုတ်တော့ဘဲ Thomas Wayne ဖြစ်နေခဲ့ပါတယ်။ Timeline ပြောင်းလိုက်တာကြောင့် ဖြစ်ရပ်တွေဟာလည်း ပြောင်းလဲခဲ့ပါတယ်။ Bruce Wayne ရဲ့မိဘတွေ အသတ်ခံရမယ့်နေရာမှာတော့ အဲ့လိုမဖြစ်ခဲ့ဘဲနဲ့ Bruce Wayne ဟာ သတ်ခံလိုက်ရပါတယ်။ အဲ့ဒါကြောင့်ပဲ Thomas Wayne ဟာ Batman ဖြစ်လာခဲ့ပြီးတော့ အဲ့အပြင် Martha Wayne ဟာလည်း အဲ့ဒီဖြစ်ရပ်ကြောင့်ပဲ Joker ဖြစ်လာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ Thomas က Reverse Flash ကို သတ်ပြီးတော့ Flash ကို timeline ပြန်ပြင်ဖို့အတွက် ကူညီခဲ့ပါတယ်။

Lego Les
(Zawgyi version)

၁၉၃၉ ခုႏွစ္မွာ ထြက္ခဲ့တဲ့ Detective Comics #27 ထဲမွာ Batman ဟာ ပထမဦးဆုံး ပါဝင္ခဲ့ပါတယ္။ အခုခ်ိန္မွာ ဒီ comic ကို ဝယ္ခ်င္တယ္ဆိုရင္ ေဒၚလာ မီလီယမ္ေက်ာ္ေက်ာ္ သုံးႏိုင္မွ ရမွာပါ။ စၿပီးထြက္တဲ့အခ်ိန္ထဲက ေအာင္ျမင္ခဲ့တာဟာ အခုခ်ိန္ထိကို ေအာင္ျမင္ေနတုန္းပါပဲ။ အဲ့ဒါအျပင္ သူ႔ရဲ႕ ပရိသတ္ေတြကလည္း အမ်ားအျပား ရွိတာေၾကာင့္ သူ႔အေၾကာင္း စိတ္ဝင္စားဖို႔ေကာင္းတာေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

Batman မွာ နာမည္ေတြ အမ်ားႀကီး ရွိပါတယ္။
Photo via screenrant

Batman ဟာ စတင္ၿပီး ဖန္တီးခဲ့တဲ့ အခ်ိန္ထဲစၿပီး ျဖတ္သန္းလာခဲ့တစ္ေလွ်ာက္မွာ နာမည္ေတြ အမ်ားႀကီး ရရွိခဲ့ပါတယ္။ အဲ့ဒီနာမည္ေတြထဲမွာ သူ႔ကို တင္စားၿပီး ေခၚခဲ့တဲ့ နာမည္ေတြလည္း ရွိသလို ဗီလိန္ေတြက ေပးခဲ့တဲ့ နာမည္ေတြလည္း ရွိပါတယ္။ ဥပမာ – Harley Quinn က သူ႔ကို Batsy ဆိုၿပီး ေခၚသလိုမ်ိဳးပါ။ အဲ့နာမည္ေတြက လူသိမ်ားတဲ့ နာမည္တစ္ခုက World’s Greatest Detective ျဖစ္ပါတယ္။  Bob Kane ဟာ သူ႔ကို စုံေထာက္ စြမ္းရည္ကိုသုံးၿပီး မႈခင္းေတြကို ေျဖရွင္းဖို႔အတြက္ Sherlock Holmes ကို အေျခခံၿပီး ေရးဆြဲခဲ့တာ ျဖစ္ပါတယ္။

သူ႔ရဲ႕ ထက္ျမက္လွတဲ့ စုံေထာက္စြမ္းရည္ေၾကာင့္ပဲ World’s Greatest Detective ဆိုတဲ့ နာမည္ကို ရရွိခဲ့တာ ျဖစ္ပါတယ္။ ေနာက္ထပ္ အသုံးမ်ားတဲ့ နာမည္ကေတာ့  The Caped Crusader ( ဝတ္႐ုံၿခဳံထားတဲ့ လူစြမ္းေကာင္း) ျဖစ္ပါတယ္။ အဲ့လိုမ်ိဳး နာမည္ေတြ အမ်ားႀကီးထဲကမွ လူတိုင္းလည္းသိၿပီး Batman ဇာတ္ေကာင္နဲ႔ လုံးဝကို လိုက္ဖက္တဲ့ နာမည္တစ္ခုကေတာ့ The Dark Knight ပဲျဖစ္ပါတယ္။ ဒီနာမည္နဲ႔ comic ေတြ မ်ားစြာလည္း ထြက္ခဲ့သလိုမ်ိဳး ႐ုပ္ရွင္မွာလည္း Batman trilogy ထဲက The Dark Knight နဲ႔ The Dark Knight Rises တို႔ ႏွစ္ကားဟာလည္း အရမ္းကို ေအာင္ျမင္ခဲ့ပါတယ္။

Batman ဟာ လူေတြ အမ်ားႀကီးကို သတ္ခဲ့ဖူးပါတယ္။
Photo via screenrant

သင္ဟာ Batman ရဲ႕ အမာခံ ပရိသတ္ပဲျဖစ္ျဖစ္ ၊ သူ႔အေၾကာင္းကို ဘာမွမသိတဲ့သူပဲ ျဖစ္ျဖစ္ အားလုံးသိၾကတဲ့အရာတစ္ခုကေတာ့ Batman ဟာ ဘယ္ေတာ့မွ လူမသတ္ဘူး ဆိုတာပါပဲ။ တကယ္ေတာ့ အဲ့ဒီအခ်က္ဟာ မွားပါတယ္။ Batman ဟာ သူျဖတ္သန္းခဲ့တဲ့ တစ္ေလွ်ာက္မွာ လူေတြ အမ်ားႀကီးကို သတ္ခဲ့ဖူးပါတယ္။ Batman ကို စၿပီး ဖန္တီးကာစတုန္းကဆိုရင္ အသက္ရွင္သန္ဖို႔အတြက္ မထိုက္တန္ဘူးလို႔ သူထင္တဲ့ ဒုစ႐ိုက္သမားေတြ အမ်ားႀကီးကို မၾကာခဏ သတ္ခဲ့ဖူးပါတယ္။

သူသတ္ခဲ့သမွ်ထဲမွာ အရက္စက္ဆုံးကေတာ့ သူ႔ရဲ႕  Bat-Wing မွာ ပ်ံသန္းေနရင္းနဲ႔ လူတစ္ေယာက္ကို ေသတဲ့အထိ တြဲေလာင္းခ်ည္ထားၿပီးေတာ့ သတ္ခဲ့တာ ျဖစ္ပါတယ္။ တစ္ျခားအမွတ္ရေနတဲ့ သတ္ခဲ့တဲ့လူေတြကေတာ့ Final Crisis ဆိုတဲ့ comic ထဲမွာ Darkseid ၊ The Dark Knight ထဲမွာ Harvey Dent ၊ Batman: Arkham City ထဲမွာ Joker ၊ Batman #420 ထဲမွာ KGBeast တို႔ပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ တစ္ျခား ဒုစ႐ိုက္သမားေတြကိုလည္း မ်က္ႏွာကို ကန္တာ ၊ အရွင္လတ္လတ္ မီးရႈိ႕တာ ၊ ကားနဲ႔ တိုက္တာတို႔ကို လုပ္ၿပီးေတာ့ နည္းလမ္းမ်ိဳးစုံနဲ႔ လူသတ္ခဲ့ဖူးပါတယ္။

Batman ဟာ နတ္ဘုရား ျဖစ္ခဲ့ဖူးပါတယ္။
Photo via screenrant

ဒီအခ်က္ကိုေတာ့ သိတဲ့လူေတြ ေတာ္ေတာ္မ်ားမ်ား ရွိမယ္လို႔ ထင္ပါတယ္။ Justice League: Darkseid War ဆိုတဲ့ comic စီးရီးထဲမွာ ထြက္ခဲ့သမွ် Batman ေတြထဲက အသန္မာဆုံးပုံစံကို ေတြ႕ရမွာပါ။ Justice League #42 ဆိုတဲ့ အပိုင္းမွာ Justice League အဖြဲ႕သားေတြ အားလုံးေပါင္းၿပီး Metron ကို သူ႔ရဲ႕ Mobius chair နဲ႔ ကြဲကြာေအာင္ လုပ္ႏိုင္ခဲ့ပါတယ္။

အဲ့ဒီအခ်ိန္မွာ Batman ဟာ Mobius chair ေပၚကို ခုန္တက္လိုက္ၿပီး အရာရာကို သိျမင္တဲ့ New God ျဖစ္လာ ခဲ့ပါတယ္။ အဲ့လိုမ်ိဳး ျဖစ္လာတဲ့ အခ်ိန္မွာ Mobius chair ဟာ Batman ရဲ႕ စိတ္ကို တျဖည္းျဖည္းနဲ႔ ထိခိုက္လာ ေစေပမယ့္လည္း သူဟာ Mobius chair ရဲ႕ စြမ္းအားကို ေကာင္းေကာင္း ထိန္းခ်ဳပ္ႏိုင္တဲ့အထိ စိတ္ခြန္အား ႀကီးမားခဲ့ပါတယ္ဆိုတာကို သက္ေသျပခဲ့ပါတယ္။

Batman ရဲ႕ အႀကီးမားဆုံး လက္နက္က ပစၥည္းကိရိယာေတြ မဟုတ္ပါဘူး။
Photo via screenrant

အခ်ိန္ေတြ ၾကာလာတာနဲ႔အမွ် Batman ဟာ DC universe မွာ ရွိတဲ့ စြမ္းအားႀကီးတဲ့ ဗီလိန္ေတြကို တစ္ျဖည္းျဖည္းနဲ႔ အႏိုင္ယူ ႏိုင္ခဲ့ပါတယ္။ အဲ့လိုမ်ိဳး စြမ္းအားႀကီးတဲ့ ဗီလိန္ေတြကို ႏွိမ္နင္းခဲ့တာက သူအသုံးျပဳတဲ့ ပစၥည္းကိရိယာေတြေၾကာင့္ မဟုတ္ဘဲ သူ႔ရဲ႕ စိတ္စြမ္းအားနဲ႔ ဉာဏ္ေကာင္းမႈတို႔ေၾကာင့္ အႏိုင္ယူႏိုင္ခဲ့တာပါ။ Batman ရဲ႕စိတ္ ခြန္အားဟာ အရမ္းကို ႀကီးမားတာေၾကာင့္ သူ႔ရဲ႕ အေၾကာက္ဆုံး အရာကိုေတာင္ တြန္းလွန္ ပစ္ႏိုင္ပါတယ္။

ဥပမာျပရမယ္ဆိုရင္ Arkham Knight ဆိုတဲ့ ဂိမ္းထဲမွာ Batman ဟာ Scarecrow ရဲ႕ ေၾကာက္လန႔္ေစတဲ့ အဆိပ္ကို ထိုးခံလိုက္ရပါတယ္။ အဲ့လိုျဖစ္တာေၾကာင့္ Batman ဟာ သူ႔ရဲ႕စိတ္ထဲမွာပဲ Joker ကတစ္ဖက္နဲ႔ သူက တစ္ဖက္ ကြဲသြားခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ Joker ကလည္း ဂိမ္းတစ္ေလွ်ာက္လုံးကို လိုက္ၿပီး Batman ကို ေျခာက္လွန႔္ ေနခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ သူ႔ရဲ႕စိတ္စြမ္းအားနဲ႔ပဲ Joker အႏိုင္တိုက္ႏိုင္ခဲ့ၿပီး သူ႔စိတ္ရဲ႕ အနက္ရႈိင္းဆုံးေနရာမွာ ခ်ဳပ္ေႏွာင္ ထားလိုက္ပါတယ္။ အဲ့အခ်ိန္မွာပဲ Batman ဟာ ေဆးရဲ႕အစြမ္း ျပယ္ၿပီး သတိရလာကာ ဒီေဆးဟာ သူ႔အေပၚကို ေနာက္တစ္ခါထပ္ၿပီး ဘာသက္ေရာက္မႈမွ မရွိေတာ့ပါဘူး။

Bruce ရဲ႕မိဘေတြ အသတ္မခံခဲ့ရတဲ့ timeline လည္း ရွိပါတယ္။
Photo via screenrant

Batman ျဖစ္လာရတဲ့ အေၾကာင္းအရင္းဟာ သူ႔ရဲ႕မိဘေတြက ငယ္ငယ္ထဲက သတ္ခံလိုက္ရတာေၾကာင့္ ျဖစ္ပါတယ္။ ဒါေပမဲ့လည္း Flash point comic စီးရီးထဲမွာေတာ့ သူ႔ရဲ႕မိဘေတြ အသတ္မခံခဲ့ရပါဘူး။ အဲ့ဒီ comic ဟာ ၂၀၁၁ ခုႏွစ္မွာ ထြက္ခဲ့တာ ျဖစ္ၿပီး ၂၀၁၃ ခုႏွစ္မွာေတာ့ animated movie ထြက္လာခဲ့ပါတယ္။ Flash point ျဖစ္လာရတဲ့ အေၾကာင္းအရင္းက Flash ဟာ သူ႔ရဲ႕မိဘေတြကို ကယ္တင္ဖို႔အတြက္ အတိတ္ကို ခရီးသြားနဲ႔ ျဖစ္လာခဲ့တာပါ။ အဲ့ဒီ timeline မွာဆိုရင္ သမိုင္းေၾကာင္းေတြနဲ႔ ကာ႐ိုက္တာေတြဟာ အကုန္လုံး ေျပာင္းလဲ သြားခဲ့ေပမယ့္ Batman ကေတာ့ ရွိေနပါေသးတယ္။

ဒဒါေပမဲ့လည္း Batman ဟာ Bruce Wayne မဟုတ္ေတာ့ဘဲ Thomas Wayne ျဖစ္ေနခဲ့ပါတယ္။ Timeline ေျပာင္းလိုက္တာေၾကာင့္ ျဖစ္ရပ္ေတြဟာလည္း ေျပာင္းလဲခဲ့ပါတယ္။ Bruce Wayne ရဲ႕မိဘေတြ အသတ္ခံရမယ့္ေနရာမွာေတာ့ အဲ့လိုမျဖစ္ခဲ့ဘဲနဲ႔ Bruce Wayne ဟာ သတ္ခံလိုက္ရပါတယ္။ အဲ့ဒါေၾကာင့္ပဲ Thomas Wayne ဟာ Batman ျဖစ္လာခဲ့ၿပီးေတာ့ အဲ့အျပင္ Martha Wayne ဟာလည္း အဲ့ဒီျဖစ္ရပ္ေၾကာင့္ပဲ Joker ျဖစ္လာခဲ့ပါတယ္။ ေနာက္ဆုံးမွာေတာ့ Thomas က Reverse Flash ကို သတ္ၿပီးေတာ့ Flash ကို timeline ျပန္ျပင္ဖို႔အတြက္ ကူညီခဲ့ပါတယ္။

Lego Les
RELATED ARTICLES

Most Popular