HomeCharacterOriginal ကောမစ်ထဲမှာ Batman ပထမဆုံး ရင်ဆိုင်ခဲ့ရတဲ့ ဗီလိန်ဟာ ဘယ်သူလဲ?

Original ကောမစ်ထဲမှာ Batman ပထမဆုံး ရင်ဆိုင်ခဲ့ရတဲ့ ဗီလိန်ဟာ ဘယ်သူလဲ?

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Batman ဟာ ကောမစ်လောကထဲမှာ ကျင်လည်နေတာ နှစ်ပေါင်းရှစ်ဆယ်လောက်ရှိပြီ ဖြစ်ပြီး မရေတွက်နိုင်လောက်တဲ့ ရန်သူတွေနဲ့လည်း ရင်ဆိုင်ခဲ့ဖူးပါတယ်။ ဘယ်လောက်ထိ စွမ်းအားကြီးတဲ့ ဟီးရိုးပဲ ဖြစ်နေပါစေ၊ သူနဲ့ယှဉ်ပြိုင်နိုင်တဲ့ ဗီလိန်တစ်ယောက်မရှိရင် အလကားပါပဲ။ ဒီသဘောတရားကြောင့်ပဲ Batman ဟာလည်း နှစ်တွေအကြာကြီးမှာ ရန်သူပေါင်းစုံနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် Batman ဟာ စူပါဟီးရိုးလောကရဲ့ ရှေးအကျဆုံး ဟီးရိုးတွေထဲမှာ ပါဝင်ပါတယ်။ Batman ရဲ့ အကြီးမားဆုံးရန်သူလို့ ပြောရင်တော့ လူတိုင်းက Joker ကိုပဲ ပြေးမြင်မိကြမှာ ဖြစ်ပေမယ့်လည်း Batman ရဲ့ ပထမဆုံးဗီလိန်ဆိုရင်တော့ အများစုက မသိကြပါဘူး။

Batman ဟာ ၁၉၃၉ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Detective Comics #27 ထဲမှာ စတင်ပြီး ကောမစ်လောကထဲကို ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ Joker ကတော့ နောက်ထပ် တစ်နှစ်ကြာတဲ့အချိန် ၁၉၄၀ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Batman #1 ထဲမှာ စတင်ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် Joker ဟာ သေချာပေါက် Batman ရဲ့ ပထမဆုံးဗီလိန် မဟုတ်ပါဘူး။ ဒါပေမယ့်လည်း လူတစ်ယောက်ရဲ့ စဉ်းစားတဲ့ပုံအပေါ် မူတည်ပြီးတော့ Batman ရဲ့ ပထမဆုံးဗီလိန်ဟာ ပြောင်းလဲသွားနိုင်ပါတယ်။ အကြောင်းကတော့ အဲ့ဒီ့လို ယူဆလို့ရတဲ့ ဗီလိန်ဟာ သုံးယောက် ရှိနေတာကြောင့်ပဲ ဖြစ်ပါတယ်။

photo via screenrant

ကောမစ်ထဲမှာတော့ Batman နဲ့ ပထမဆုံး ဆုံတွေ့ခဲ့ရတဲ့ ဗီလိန်ဟာ Alfred Stryker ဆိုတဲ့ ပုံမှန် ရာဇဝတ်သားတစ်ယောက် ဖြစ်ပါတယ်။ Stryker ဟာ ဓာတုပစ္စည်းတွေ ထုတ်လုပ်တဲ့လုပ်ငန်းကို တစ်ခြားလူသုံးယောက်နဲ့အတူ ပူးပေါင်းပြီး လုပ်ဆောင်နေသူ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ Stryker ဟာ တစ်ခြားပိုင်ရှင်သုံးယောက်ကို သတ်ပစ်ခဲ့ပြီး အဲ့ဒီစီးပွားရေးလုပ်ငန်းကို တစ်ယောက်တည်း လက်ဝါးကြီး အုပ်ခဲ့ပါတယ်။

အဲ့ဒီဇာတ်လမ်းရဲ့ နောက်ဆုံးမှာတော့ Batman ဟာ Stryker ကို အားပြင်းပြင်းနဲ့ ကန်လိုက်ပြီး Stryker ဟာ ဓာတုပစ္စည်းတွေ ထည့်ထားတဲ့ ကန်ကြီးထဲကို ပြုတ်ကျပြီး သေဆုံးသွားခဲ့ပါတယ်။ ဒါ့အပြင် Batman ကလည်း “သူ့လိုလူမျိူးနဲ့ သင့်တော်တဲ့ ဇာတ်သိမ်းပဲ … ” လို့ ပြောခဲ့ပါသေးတယ်။ အဲ့ဒီအချိန်တုန်းကတော့ Batman ဟာ No Killing Rule ကို မသတ်မှတ်ရသေးပါဘူး။

ဒါပေမယ့်လည်း Detective Comics #29 ထဲမှာတော့ ပိုပြီးဗီလိန်ဆန်တယ်လို့ ယူဆလို့ရတဲ့ လူတစ်ယောက် ပါဝင်လာပါတယ်။ အဲ့ဒီလူကတော့ အလွန်ဉာဏ်ကောင်းတဲ့ သိပ္ပံပညာရှင်တစ်ယောက် ဖြစ်ပြီး Doctor Death လို့ ခေါ်ပါတယ်။ Dr. Death ကတော့ သူ့ရဲ့ကိုယ်ပိုင်တီထွင်မှုတစ်ခုကို အသုံးပြုပြီး ဂေါ်သမ်မြို့က လူချမ်းသာတွေဆီက ပိုက်ဆံတွေကို လုယူချင်တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ Batman ရဲ့ အန္တရာယ်ကို ကြိုမြင်ခဲ့တာကြောင့် သူ့ရဲ့အစီအစဉ်တွေကို မစတင်ခင်မှာ Batman ကို ထောင်ခြောက်ဆင်ပြီး သတ်ပစ်ဖို့အတွက် ကြိုးစားခဲ့ပါတယ်။

photo via screenrant

ဒါပေမယ့်လည်း Batman ဟာ သူ့ကို အနိုင်ယူသွားပြီး သူ့ရဲ့အစီအစဉ်တွေကိုလည်း ဖျက်ဆီးသွားပါတယ်။ Detective Comics #30 ထဲမှာလည်း သူဟာ ပြန်လည်ပါဝင်လာသလို ၂၀၁၃ခုနှစ်မှာ ထွက်ရှိထားတဲ့ Batman: Zero Year ဆိုတဲ့ ကောမစ်စီးရီးထဲမှာလည်း ပြန်လည်ပါဝင်လာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ အရင်တုန်းကလိုမျိူး သိပ္ပံပညာရှင်တစ်ယောက် သက်သက် မဟုတ်တော့ဘဲ Dr. Death ရဲ့ ပုံသဏ္ဍာန်ကို မကောင်းဆိုးဝါးပုံစံအဖြစ် ဖန်တီးခဲ့ပြီး Batman နဲ့ ရုပ်ပိုင်းဆိုင်ရာပါ ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။

နောက်ထပ်တစ်ယောက်ကတော့ Joe Chill လို့ခေါ်တဲ့ ရာဇဝတ်သားတစ်ယောက် ဖြစ်ပြီး Detective Comics #33 ထဲမှာ flashback အနေနဲ့ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ Joe Chill ကတော့ Bruce ရဲ့ ငယ်ဘဝတုန်းက Thomas နဲ့ Martha တို့ကို သေနတ်နဲ့ ပစ်သတ်သွားသူပဲ ဖြစ်ပါတယ်။ အဲ့ဒီဖြစ်ရပ်ကြောင့်ပဲ Bruce ဟာ Batman ဖြစ်လာတာ ဖြစ်ပါတယ်။ အခုဖော်ပြသွားတဲ့ သုံးယောက်ကတော့ သင်စဉ်းစားတဲ့ပုံစံပေါ်မှာ မူတည်ပြီးတော့ Batman ရဲ့ ပထမဆုံးဗီလိန်ဟာ ပြောင်းလဲသွားနိုင်ပါတယ်။

photo via screenrant

ကောမစ်ထဲမှာ အစောဆုံး ရင်ဆိုင်ရတဲ့ ဗီလိန်ကတော့ Alfred Stryker ဖြစ်တာကြောင့် Stryker လို့လည်း ယူဆလို့ရပါတယ်။ ဒါမှမဟုတ် Stryker ဟာ သာမန် ရာဇဝတ်သားတစ်ယောက်လို့ပဲ ယူဆပြီး Dr. Death ဟာ ပိုပြီးဗီလိန်ဆန်တယ်လို့ ယူဆရင်တော့ Stryker ဟာ Batman ပထမဆုံး ရင်ဆိုင်ခဲ့တဲ့ ရာဇဝတ်သားနဲ့ Dr. Death ဟာ Batman ပထမဆုံး ရင်ဆိုင်ခဲ့တဲ့ ဗီလိန်လို့ သတ်မှတ်လို့လည်း ရပါတယ်။ ဒါပေမယ့်လည်း Joe Chill သာ Bruce ရဲ့ အဖေနဲ့အမေကို မသတ်ပစ်ခဲ့ရင် အခုဇာတ်လမ်းတွေဟာ ဖြစ်လာမှာ မဟုတ်တာကြောင့် Joe Chill ဟာ Batman ရင်ဆိုင်ဖူးတဲ့ ပထမဆုံးဗီလိန်လို့ ပြောလည်းရပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Batman ဟာ ေကာမစ္ေလာကထဲမွာ က်င္လည္ေနတာ ႏွစ္ေပါင္းရွစ္ဆယ္ေလာက္ရွိၿပီ ျဖစ္ၿပီး မေရတြက္ႏိုင္ေလာက္တဲ့ ရန္သူေတြနဲ႔လည္း ရင္ဆိုင္ခဲ့ဖူးပါတယ္။ ဘယ္ေလာက္ထိ စြမ္းအားႀကီးတဲ့ ဟီး႐ိုးပဲ ျဖစ္ေနပါေစ၊ သူနဲ႔ယွဥ္ၿပိဳင္ႏိုင္တဲ့ ဗီလိန္တစ္ေယာက္မရွိရင္ အလကားပါပဲ။ ဒီသေဘာတရားေၾကာင့္ပဲ Batman ဟာလည္း ႏွစ္ေတြအၾကာႀကီးမွာ ရန္သူေပါင္းစုံနဲ႔ ရင္ဆိုင္ခဲ့ရတာ ျဖစ္ပါတယ္။ ဒါ့အျပင္ Batman ဟာ စူပါဟီး႐ိုးေလာကရဲ႕ ေရွးအက်ဆုံး ဟီး႐ိုးေတြထဲမွာ ပါဝင္ပါတယ္။ Batman ရဲ႕ အႀကီးမားဆုံးရန္သူလို႔ ေျပာရင္ေတာ့ လူတိုင္းက Joker ကိုပဲ ေျပးျမင္မိၾကမွာ ျဖစ္ေပမယ့္လည္း Batman ရဲ႕ ပထမဆုံးဗီလိန္ဆိုရင္ေတာ့ အမ်ားစုက မသိၾကပါဘူး။

Batman ဟာ ၁၉၃၉ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Detective Comics #27 ထဲမွာ စတင္ၿပီး ေကာမစ္ေလာကထဲကို ဝင္ေရာက္ခဲ့တာ ျဖစ္ပါတယ္။ Joker ကေတာ့ ေနာက္ထပ္ တစ္ႏွစ္ၾကာတဲ့အခ်ိန္ ၁၉၄၀ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Batman #1 ထဲမွာ စတင္ပါဝင္လာခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ Joker ဟာ ေသခ်ာေပါက္ Batman ရဲ႕ ပထမဆုံးဗီလိန္ မဟုတ္ပါဘူး။ ဒါေပမယ့္လည္း လူတစ္ေယာက္ရဲ႕ စဥ္းစားတဲ့ပုံအေပၚ မူတည္ၿပီးေတာ့ Batman ရဲ႕ ပထမဆုံးဗီလိန္ဟာ ေျပာင္းလဲသြားႏိုင္ပါတယ္။ အေၾကာင္းကေတာ့ အဲ့ဒီ့လို ယူဆလို႔ရတဲ့ ဗီလိန္ဟာ သုံးေယာက္ ရွိေနတာေၾကာင့္ပဲ ျဖစ္ပါတယ္။

photo via screenrant

ေကာမစ္ထဲမွာေတာ့ Batman နဲ႔ ပထမဆုံး ဆုံေတြ႕ခဲ့ရတဲ့ ဗီလိန္ဟာ Alfred Stryker ဆိုတဲ့ ပုံမွန္ ရာဇဝတ္သားတစ္ေယာက္ ျဖစ္ပါတယ္။ Stryker ဟာ ဓာတုပစၥည္းေတြ ထုတ္လုပ္တဲ့လုပ္ငန္းကို တစ္ျခားလူသုံးေယာက္နဲ႔အတူ ပူးေပါင္းၿပီး လုပ္ေဆာင္ေနသူ ျဖစ္ပါတယ္။ ေနာက္ပိုင္းမွာေတာ့ Stryker ဟာ တစ္ျခားပိုင္ရွင္သုံးေယာက္ကို သတ္ပစ္ခဲ့ၿပီး အဲ့ဒီစီးပြားေရးလုပ္ငန္းကို တစ္ေယာက္တည္း လက္ဝါးႀကီး အုပ္ခဲ့ပါတယ္။

အဲ့ဒီဇာတ္လမ္းရဲ႕ ေနာက္ဆုံးမွာေတာ့ Batman ဟာ Stryker ကို အားျပင္းျပင္းနဲ႔ ကန္လိုက္ၿပီး Stryker ဟာ ဓာတုပစၥည္းေတြ ထည့္ထားတဲ့ ကန္ႀကီးထဲကို ျပဳတ္က်ၿပီး ေသဆုံးသြားခဲ့ပါတယ္။ ဒါ့အျပင္ Batman ကလည္း “သူ႔လိုလူမ်ိဴးနဲ႔ သင့္ေတာ္တဲ့ ဇာတ္သိမ္းပဲ … ” လို႔ ေျပာခဲ့ပါေသးတယ္။ အဲ့ဒီအခ်ိန္တုန္းကေတာ့ Batman ဟာ No Killing Rule ကို မသတ္မွတ္ရေသးပါဘူး။

ဒါေပမယ့္လည္း Detective Comics #29 ထဲမွာေတာ့ ပိုၿပီးဗီလိန္ဆန္တယ္လို႔ ယူဆလို႔ရတဲ့ လူတစ္ေယာက္ ပါဝင္လာပါတယ္။ အဲ့ဒီလူကေတာ့ အလြန္ဉာဏ္ေကာင္းတဲ့ သိပၸံပညာရွင္တစ္ေယာက္ ျဖစ္ၿပီး Doctor Death လို႔ ေခၚပါတယ္။ Dr. Death ကေတာ့ သူ႔ရဲ႕ကိုယ္ပိုင္တီထြင္မႈတစ္ခုကို အသုံးျပဳၿပီး ေဂၚသမ္ၿမိဳ႕က လူခ်မ္းသာေတြဆီက ပိုက္ဆံေတြကို လုယူခ်င္တာပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ သူဟာ Batman ရဲ႕ အႏၲရာယ္ကို ႀကိဳျမင္ခဲ့တာေၾကာင့္ သူ႔ရဲ႕အစီအစဥ္ေတြကို မစတင္ခင္မွာ Batman ကို ေထာင္ေျခာက္ဆင္ၿပီး သတ္ပစ္ဖို႔အတြက္ ႀကိဳးစားခဲ့ပါတယ္။

photo via screenrant

ဒါေပမယ့္လည္း Batman ဟာ သူ႔ကို အႏိုင္ယူသြားၿပီး သူ႔ရဲ႕အစီအစဥ္ေတြကိုလည္း ဖ်က္ဆီးသြားပါတယ္။ Detective Comics #30 ထဲမွာလည္း သူဟာ ျပန္လည္ပါဝင္လာသလို ၂၀၁၃ခုႏွစ္မွာ ထြက္ရွိထားတဲ့ Batman: Zero Year ဆိုတဲ့ ေကာမစ္စီးရီးထဲမွာလည္း ျပန္လည္ပါဝင္လာခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ အရင္တုန္းကလိုမ်ိဴး သိပၸံပညာရွင္တစ္ေယာက္ သက္သက္ မဟုတ္ေတာ့ဘဲ Dr. Death ရဲ႕ ပုံသ႑ာန္ကို မေကာင္းဆိုးဝါးပုံစံအျဖစ္ ဖန္တီးခဲ့ၿပီး Batman နဲ႔ ႐ုပ္ပိုင္းဆိုင္ရာပါ ယွဥ္ၿပိဳင္ႏိုင္ခဲ့ပါတယ္။

ေနာက္ထပ္တစ္ေယာက္ကေတာ့ Joe Chill လို႔ေခၚတဲ့ ရာဇဝတ္သားတစ္ေယာက္ ျဖစ္ၿပီး Detective Comics #33 ထဲမွာ flashback အေနနဲ႔ ပါဝင္ခဲ့တာ ျဖစ္ပါတယ္။ Joe Chill ကေတာ့ Bruce ရဲ႕ ငယ္ဘဝတုန္းက Thomas နဲ႔ Martha တို႔ကို ေသနတ္နဲ႔ ပစ္သတ္သြားသူပဲ ျဖစ္ပါတယ္။ အဲ့ဒီျဖစ္ရပ္ေၾကာင့္ပဲ Bruce ဟာ Batman ျဖစ္လာတာ ျဖစ္ပါတယ္။ အခုေဖာ္ျပသြားတဲ့ သုံးေယာက္ကေတာ့ သင္စဥ္းစားတဲ့ပုံစံေပၚမွာ မူတည္ၿပီးေတာ့ Batman ရဲ႕ ပထမဆုံးဗီလိန္ဟာ ေျပာင္းလဲသြားႏိုင္ပါတယ္။

photo via screenrant

ေကာမစ္ထဲမွာ အေစာဆုံး ရင္ဆိုင္ရတဲ့ ဗီလိန္ကေတာ့ Alfred Stryker ျဖစ္တာေၾကာင့္ Stryker လို႔လည္း ယူဆလို႔ရပါတယ္။ ဒါမွမဟုတ္ Stryker ဟာ သာမန္ ရာဇဝတ္သားတစ္ေယာက္လို႔ပဲ ယူဆၿပီး Dr. Death ဟာ ပိုၿပီးဗီလိန္ဆန္တယ္လို႔ ယူဆရင္ေတာ့ Stryker ဟာ Batman ပထမဆုံး ရင္ဆိုင္ခဲ့တဲ့ ရာဇဝတ္သားနဲ႔ Dr. Death ဟာ Batman ပထမဆုံး ရင္ဆိုင္ခဲ့တဲ့ ဗီလိန္လို႔ သတ္မွတ္လို႔လည္း ရပါတယ္။ ဒါေပမယ့္လည္း Joe Chill သာ Bruce ရဲ႕ အေဖနဲ႔အေမကို မသတ္ပစ္ခဲ့ရင္ အခုဇာတ္လမ္းေတြဟာ ျဖစ္လာမွာ မဟုတ္တာေၾကာင့္ Joe Chill ဟာ Batman ရင္ဆိုင္ဖူးတဲ့ ပထမဆုံးဗီလိန္လို႔ ေျပာလည္းရပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular