HomeEntertainmentFilmCancel သွားကြပြီ ဖြစ်တဲ့ Batwoman နဲ့ Legends of Tomorrow

Cancel သွားကြပြီ ဖြစ်တဲ့ Batwoman နဲ့ Legends of Tomorrow

CW ရုပ်သံလိုင်းက ထုတ်လွှင့်ပြသနေတဲ့ Batwoman ဇာတ်လမ်းတွဲနဲ့ Legends of Tomorrow ဇာတ်လမ်းတွဲတို့ဟာ မကြာသေးခင်တုန်းကပဲ Cancel သွားပြီလို့ သိရပါတယ်။ Legends of Tomorrow ဇာတ်လမ်းတွဲကတော့ Season (၇)ခု ထွက်ရှိထားပြီး Season 8 ထပ်မံ မထွက်လာတော့ဘဲ Cancel ဖြစ်သွားပြီလို့ ဒီဇာတ်လမ်းတွဲ ဖန်တီးသူက အတည်ပြုခဲ့ပါတယ်။

ပုံမှန်ဆိုရင်တော့ CW ဇာတ်လမ်းတွဲတွေဟာ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီတို့လောက်မှာ နောက်ထပ် Season သစ် ထွက်ရှိလာမယ့်အကြောင်း ကြေညာလေ့ရှိပြီး ဒီတစ်ခါမှာတော့ ဧပြီလအထိ ဘာသတင်းမှ ထွက်မလာခဲ့ပါဘူး။ ယခုအခါကျမှသာ Cancel ဖြစ်သွားပြီလို့ တွစ်တာပေါ်မှာ ကြေညာလိုက်တာ ဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ တစ်ရက်တည်းမှာတင် နောက်ထပ် CW ဇာတ်လမ်းတွဲတစ်ခု ဖြစ်တဲ့ Batwoman ကလည်း Cancel ဖြစ်သွားပါတယ်။

ဒါကြောင့်ပဲ Batwoman ဇာတ်လမ်းတွဲကတော့ Season 3 နဲ့တင် ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကို စတင်ဖန်တီးတုန်းကတော့ Ruby Rose က အဓိက ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပထမဆုံး Season အပြီးမှာတော့ အကြောင်းအမျိူးမျိူးကြောင့် Batwoman သရုပ်ဆောင် ပြောင်းလဲသွားပါတယ်။ သရုပ်ဆောင်အသစ်ကတော့ Javicia Leslie ပဲ ဖြစ်ပြီး သူမကတော့ Season နှစ်ခု ပါဝင်သရုပ်ဆောင်လိုက်ရပါတယ်။

ယခုဆိုရင်တော့ ဒီဇာတ်လမ်းတွဲရဲ့ ဖန်တီးသူဖြစ်တဲ့ Caroline Dries ဟာ တွစ်တာပေါ်ကနေတဆင့် Cancel သွားပြီဆိုတဲ့အကြောင်း ပြောပြခဲ့ပါတယ်။ ဒီလိုဖြစ်ရတဲ့အကြောင်းကတော့ ၂၀၂၂ ခုနှစ်ရဲ့ နှစ်ဆန်းပိုင်းမှာတော့ CW ကို တစ်ဝက်စီ ပိုင်ဆိုင်ကြတဲ့ Warner Bros. စတူဒီယိုနဲ့ Paramount စတူဒီယိုတို့ဟာ ဒီရုပ်သံလိုင်းကို ရောင်းချတော့မယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။ ဒါကြောင့်ပဲ CW ရဲ့ ဇာတ်လမ်းတွဲတွေကို Season အသစ် သက်တမ်းတိုးဖို့ ကြာမြင့်နေခဲ့တာ ဖြစ်ပြီး နောက်ဆက်တွဲအနေနဲ့ Legends of Tomorrow နဲ့ Batwoman တို့ကတော့ Cancel ခံလိုက်ရတာပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular