HomeEntertainmentFilmမကြာခင် ကြည့်ရှုရတော့မယ့် Baymax! ဇာတ်လမ်းတွဲ

မကြာခင် ကြည့်ရှုရတော့မယ့် Baymax! ဇာတ်လမ်းတွဲ

Big Hero 6 Animation ထွက်ရှိခဲ့တာကတော့ (၈)နှစ်တောင် ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး ယခုအချိန်မှာတော့ Disney ဟာ ဒီ Animation ရဲ့ Spin-Off ဇာတ်လမ်းတွဲတစ်ခု ဖြစ်တဲ့ Baymax! ကိုလည်း မကြာခင်မှာ ပြသတော့မှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲရဲ့ ထွေလာကလည်း မကြာသေးခင်ကပဲ ထွက်ရှိလာခဲ့ပြီး ဇာတ်လမ်းကတော့ အမည်အတိုင်းပဲ သူနာပြုစက်ရုပ်ကြီး ဖြစ်တဲ့ Baymax ရဲ့အကြောင်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

photo via screenrant

ဒီ Franchise ကတော့ ၂၀၁၇ ခုနှစ်မှာ Big Hero 6: The Series ဆိုတဲ့ 2D Animation ဇာတ်လမ်းတွဲကို ဖန်တီးခဲ့ပါသေးတယ်။ အဲဒီဇာတ်လမ်းတွဲကတော့ ၂၀၂၁ ခုနှစ်မှာပဲ ပြီးဆုံးသွားခဲ့ပါတယ်။ ယခု Baymax! ဇာတ်လမ်းတွဲ ထွက်ရှိလာမယ် ဆိုတာကိုတော့ ၂၀၂၀ ခုနှစ်ရဲ့ Disney Investor Day မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။ မကြာသေးခင်ကပဲ ပရိသတ်တွေ ကြိုက်နှစ်သက်ကြတဲ့ Baymax ရဲ့ Spin-Off ဇာတ်လမ်းတွဲအတွက် ထွေလာလည်း ထွက်ရှိလာပြီ ဖြစ်ပါတယ်။

ဒီထွေလာထဲမှာတော့ Baymax ဟာ San Fransokyo မြို့တခွင်မှာ စွန့်စားခန်းတွေ ကြုံတွေ့ရတာကို မြင်တွေ့ရပါတယ်။ ဒါ့အပြင် Baymax ဟာ သူနာပြုစက်ရုပ် ဖြစ်တာကြောင့် သူ့ရဲ့မူလရည်ရွယ်ချက်ဖြစ်တဲ့ ဒဏ်ရာရနေတဲ့လူတွေကို လိုက်လံကူညီနေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အကူအညီ မလိုအပ်တဲ့သူတွေိကိုတောင် လိုက်လံကူညီနေပြီး အလွဲတွေ ဖြစ်နေတာကိုလည်း ဟာသဆန်ဆန် မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲထဲမှာတော့ Baymax အပြင် Big Hero 6 ထဲက အဓိကဇာတ်ကောင်တွေလည်း ပြန်လည်ပါဝင်လာမှာ ဖြစ်ပြီး အပိုင်း(၆)ပိုင်း ပါဝင်တယ်လို့ သိရပါတယ်။ ဒီဇာတ်လမ်းတွဲကိုတော့ ဇွန်လ (၂၉)ရက်နေ့မှာ Disney+ ကနေ ပြသသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Baymax! ဇာတ်လမ်းတွဲဟာ ပရိသတ်တွေကို ဘယ်လောက်ထိ စိတ်ကျေနပ်မှုပေးနိုင်မလည်း ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular