HomeCelebs Update NewsInternationalဇာတ်ကောင်စရိုက် ပီပြင်ဖို့ အလှပျက်ခံခဲ့ကြတဲ့ မင်းသမီးချောများ 

ဇာတ်ကောင်စရိုက် ပီပြင်ဖို့ အလှပျက်ခံခဲ့ကြတဲ့ မင်းသမီးချောများ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဟောလိဝုဒ် ရုပ်ရှင်လောကမှာတော့ သရုပ်ဆောင်ပညာ ပြည့်ဝပြီး ဇာတ်ရုပ်မျိုးစုံကို ပီပြင်စွာ သရုပ်ဆောင်နိုင်ကြတဲ့ မင်းသမီးများစွာ ရှိပါတယ်။ အလွန်တရာမှ ချောမောလှပတဲ့ ရုပ်ရည် ရူပကာကို ပိုင်ဆိုင်ထားကြပေမယ့် နုနုရွရွ၊ လှလှပပ သရုပ်ဆောင်ရတဲ့ ဇာတ်ရုပ်တွေမှ မဟုတ်ဘဲ ကြမ်းကြမ်းတမ်းတမ်းနဲ့ ရုပ်ဆိုးအကျည်းတန်တဲ့ ဇာတ်ရုပ်တွေကိုလည်း လိုလားစွာ သရုပ်ဆောင်တတ်ကြပါသေးတယ်။ သရုပ်ဆောင်ပညာကို တကယ် တန်ဖိုးထားပြီး မိမိရဲ့ အနုပညာကို တကယ် ထုတ်ပြချင်သူတွေကတော့ ရုပ်ရည်အလှအပတွေကို စိတ်မဝင်စားဘဲ ဇာတ်ရုပ်ပီပြင်ဖို့ကိုပဲ အာရုံစိုက်တတ်ကြပါတယ်။ ဇာတ်ရုပ်တစ်ခုအတွက် အလှပျက်ခံပြီး ပီပြင်စွာ သရုပ်ဆောင်ခဲ့ကြတဲ့ ဟောလိဝုဒ်မင်းသမီးအချို့ကတော့ …

Kate Winslet
Photo via brightside

မင်းသမီးချော Kate Winslet ဟာ မိန်းမလှဇာတ်ရုပ်တွေများစွာမှာ သရုပ်ဆောင်ခဲ့ဖူးပါတယ်။ ဒါကြောင့်လည်း သူမရဲ့ ရုပ်ရည်သွင်ပြင်ကို အမှုမထားဘဲ ထူးခြားတဲ့ ဇာတ်ရုပ်တစ်ခုကို ရွေးချယ်သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ The Reader လို့ အမည်ရတဲ့ ဇာတ်ကားထဲမှာတော့ Kate ဟာ စာမတတ်တဲ့ ဂျာမန်အမျိုးသမီးတစ်ယောက်အဖြစ် သရုပ်ဆောင်ပြီး ပရိသတ်ရဲ့ အသည်းကို ခြွေခဲ့ပါတယ်။

ဒီဇာတ်ကားထဲမှာတော့ သူမဟာ ငယ်ရွယ်သူအဖြစ်ရော၊ အိုမင်းသွားတဲ့ အမျိုးသမီးတစ်ယောက်အဖြစ်ပါ သရုပ်ဆောင်ထားတာပါ။ ဒါကြောင့်လည်း သူမဟာ ဒီဇာတ်ကားနဲ့ပဲ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုအဖြစ် အော်စကာ ရရှိခဲ့တာ ဖြစ်ပါတယ်။

Natalie Portman
Photo via brightside

မင်းသမီးချော Natalie Portman ဟာ စွယ်စုံရ မင်းသမီးတစ်လက်အဖြစ် နာမည်ကြီးသူပါ။ သူမဟာ V For Vendetta ရုပ်ရှင်ထဲက ဇာတ်ရုပ်အတွက် ကတုံးတုံးခဲ့သလို Goya’s Ghosts ဇာတ်ကားထဲက စပိန်နိုင်ငံရဲ့ အပြစ်ပေးမှုကို ခံစားခဲ့ရတဲ့ အမျိုးသမီးတစ်ယောက် ဇာတ်ရုပ်အတွက်ကိုလည်း ပီပြင်စွာ သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။

Cameron Diaz
Photo via brightside

Cameron Diaz ကတော့ ဟောလိဝုဒ်ရဲ့ ရွှေရောင်ဆံပင်နဲ့ မင်းသမီးချောတစ်လက် ဖြစ်ပါတယ်။ သူမရဲ့အပြုံးနဲ့ ဆွဲဆောင်မှုရှိတဲ့ ရုပ်ရည်ကြောင့် ရုပ်ဆိုးဆိုး၊ ပုံတုံးတုံး အမျိုးသမီးတစ်ယောက်အဖြစ် ပုံဖော်ရခက်သူ ဖြစ်ပါတယ်။ သို့သော်လည်း သူမဟာ ၁၉၉၉ခုနှစ်က ထွက်ရှိခဲ့တဲ့ Being John Malkovich ဇာတ်ကားမှာတော့ ရုပ်ရည်မလှပသူအဖြစ် ပုံဖျက်ပြီး သရုပ်ဆောင်ခဲ့ပါတယ်။

အဲဒီဇာတ်ကားမှာတော့ သူမဟာ မိတ်ကပ်မလိမ်းဘဲ သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ရှုပ်ပွ၊ ဖွာယောင်းနေတဲ့ ဆံပင်ကောက်ကောက်တွေနဲ့ ပုံတုံးတုံး အမျိုးသမီးအဖြစ် သရုပ်ဆောင်ခဲ့တာပါ။ ဒါကြောင့်လည်း ဒီဇာတ်ရုပ်အတွက် ရွှေကမ္ဘာလုံးဆုနဲ့ BAFTA ဆုလို ဂုဏ်သိက္ခာမြင့်မားတဲ့ ဆုပေးပွဲတွေမှာ စံကာတင်စာရင်းဝင်ခဲ့တာ ဖြစ်ပါတယ်။

Charlize Theron
Photo via brightside

Charlize Theron ဟာလည်း သူမရဲ့ လှပပြီး ဆွဲဆောင်မှုကောင်းတဲ့ ရုပ်ရည်ကို ပေါ်လွင်စေမယ့် ဇာတ်ရုပ်များစွာမှာ သရုပ်ဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။ သို့သော်လည်း Monster ရုပ်ရှင်ထဲက သူမရဲ့ဇာတ်ရုပ်အတွက်ကိုတော့ ရုပ်ရှင်ဝေဖန်သူတွေရဲ့ ချီးကျူးမှုတွေနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်လေးစားတဲ့ လက်ခုပ်သံများစွာကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ ဒီဇာတ်ကားထဲမှာတော့ Charlize ဟာ ကွင်းဆက် လူသတ်သမားနေရာက သရုပ်ဆောင်ထားတာပါ။ ပြင်ပဘဝက တကယ့် လူသတ်သမားနဲ့ တူညီအောင် အထူးမိတ်ကပ်တွေကို လိမ်းခြယ်ခဲ့ရသလို ကိုယ်အလေးချိန် (၂၂)ပေါင် တိုးလာအောင်လည်း ကြိုးစားခဲ့ရပါတယ်။ ကြိုးစားရကျိုး နပ်အောင်ပဲ ဒီဇာတ်ကားထဲက သူမရဲ့ဇာတ်ရုပ်နဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုအဖြစ် အော်စကာဆု၊ ရွှေကမ္ဘာလုံးဆု၊ Screen Actors Guild Awards နဲ့ အခြားသော ရုပ်ရှင်ထူးချွန်ဆုများစွာကို ဆွတ်ခူးခဲ့ပါတယ်။

Michelle Pfeiffer
Photo via brightside

မြန်မာပရိသတ်တွေကြားမှာ Ant-Man 2 ဇာတ်ကားထဲက Wasp လို့ လူသိများကြမယ့် မင်းသမီးကြီး Michelle Pfeiffer ကတော့ တချိန်က ဟောလိဝုဒ်ရဲ့ မိန်းမလှတစ်ယောက် ဖြစ်ပါတယ်။ ဒါရိုက်တာ Matthew Vaughn ရဲ့ Stardust ရုပ်ရှင်ထဲမှာဆိုရင် သူမဟာ ရုပ်ဆိုးအကျည်းတန်တဲ့ စုန်းမအိုကြီးနေရာက သရုပ်ဆောင်ခဲ့တာပါ။ အဲဒီနောက် စုန်းမအိုကြီးအဖြစ်ကနေ မိန်းမလှလေးအဖြစ် ပြောင်းလဲသွားတော့လည်း ပရိသတ်တွေမှာ မှင်သက်သွားကြရပါတယ်။

Anne Hathaway
Photo via brightside

Anne Hathaway ကတော့ သူမရဲ့ သရုပ်ဆောင်စွမ်းရည်ကို အကောင်းဆုံး ပြသထားတဲ့ မင်းသမီးတစ်လက် ဖြစ်ပါတယ်။ နာမည်ကျော်ပြဇာတ်လည်း ရှိခဲ့ပြီး ပြင်သစ်တော်လှန်ရေးကြီးအကြောင်းကို အခြေခံ ရိုက်ကူးထားတဲ့ Les Miserable ဇာတ်ကားမှာဆိုရင်တော့ သူမဟာ Fantine ဆိုတဲ့ ဇာတ်ကောင်ကနေ သရုပ်ဆောင်ခဲ့ပါတယ်။ Fantine ဟာ ကြပ်တည်းတဲ့ တော်လှန်ရေးကာလမှာ သမီးလေးတစ်ယောက်နဲ့ အားကိုးရာမရှိ ဖြစ်နေတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်တာကြောင့် အသက်ရှင်သန်ဖို့အတွက် သူမရဲ့ဆံပင်တွေကိုတောင် ရောင်းချခဲ့ရသူ ဖြစ်ပြီး နောက်ဆုံးမှာတော့ ပြည့်တန်ဆာတစ်ယောက် ဖြစ်သွားခဲ့ရပါတယ်။

Anne ဟာ ဒီဇာတ်ရုပ်မှာ သရုပ်ဆောင်ဖို့အတွက် အချိန်တိုအတွင်း ကိုယ်အလေးချိန် (၂၂)ပေါင် ချခဲ့ရသလို ဇာတ်ဝင်ခန်းထဲမှာ သရုပ်ဆောင်ရင်းနဲ့ပဲ သူမရဲ့ ဆံပင်တွေကိုလည်း ဖြတ်ပစ်ခဲ့ပြီး တကယ် ကတုံးတုံးပစ်ခဲ့ရပါတယ်။ ဒီလိုသရုပ်ဆောင်မှုကြောင့်ပဲ အော်စကာဆု၊ ရွှေကမ္ဘာလုံးဆုနဲ့ Screen Actors Guild Awards တွေ ရရှိခဲ့ပါတယ်။

Gwyneth Paltrow
Photo via brightside

မြန်မာပရိသတ်အများစု Pepper Potts လို့ သိကြမယ့် မင်းသမီး Gwyneth Paltrow ကတော့ Shallow Hal ဆိုတဲ့ ဟာသဒရာမာ ဇာတ်ကားထဲမှာ သူမနဲ့ လုံးဝမတူညီတဲ့ ဇာတ်ရုပ်တစ်ခုနဲ့ သရုပ်ဆောင်ခဲ့ရပါတယ်။ အဆိုပါဇာတ်ကားထဲမှာတော့ သူမဟာ အဝလွန်နေတဲ့ မိန်းကလေးတစ်ယောက်အဖြစ် သရုပ်ဆောင်ခဲ့ရပြီး (၂၅)ပေါင်လေးတဲ့ အသားကပ်ဝတ်စုံကြီးကို ဝတ်ဆင်ခဲ့ရပါတယ်။ ဒါတင်မက မျက်နှာမှာလည်း အထူးမိတ်ကပ်တွေ လိမ်းခြယ်ခဲ့ရပါသေးတယ်။

Gwyneth ကတော့ တစ်ခါက ဒီဝတ်စုံကြီးဝတ်ပြီး လမ်းမပေါ်မှာ လျှောက်သွားဖူးတယ်လို့ ပြောပြဖူးပါတယ်။ အဲဒီတုန်းကဆိုရင် လူတွေဟာ သူမကို နာမည်ကျော် ဟောလိဝုဒ်မင်းသမီးတစ်လက်လို့တောင် သတိမထားမိခဲ့ကြဘဲ သူမကို မြင်တာနဲ့ ရှောင်ကွင်းသွားကြတယ်လို့ ဆိုပါတယ်။ ဒီမှာတင် Gwyneth တစ်ယောက်လည်း အဝလွန်နေသူအတွက် လူ့အသိုင်းအဝိုင်းက ဒီလိုဆက်ဆံမှုတွေအကြောင်းကို နဖူးတွေ့၊ ဒူးတွေ့ သိခဲ့ရတယ်လို့ ဆိုပါတယ်။

Lena Headey
Photo via brightside

Lena Headey ကတော့ Game of Thrones ဇာတ်လမ်းတွဲထဲက Cersei Lannister ဇာတ်ရုပ်နဲ့ အောင်မြင်ကျော်ကြားလာခဲ့သူ ဖြစ်ပါတယ်။ ၂၀၁၂ခုနှစ်က ထွက်ရှိခဲ့တဲ့ Dredd ရုပ်ရှင်ဇာတ်ကားထဲမှာတော့ သူမဟာ သနားညှာတာမှု ကင်းမဲ့ပြီး ရက်စက်ကြမ်းတမ်းတဲ့ အမျိုးသမီး ဂိုဏ်းစတားတစ်ယောက်အဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။ ဒီဇာတ်ရုပ်မှာအတွက် မျက်နှာပေါ်မှာ အမာရွတ်အကြီးကြီးတွေကိုပါ အထူးမိတ်ကပ်နဲ့ ပြုလုပ်ခဲ့ရပါတယ်။ ဒါတင်မက မိန်းမတစ်ယောက်ကို အရုပ်ဆိုးစေမယ့် ကွဲအက်ခြောက်သွေ့နေတဲ့ နှုတ်ခမ်းတွေ၊ ညစ်ထေးပျက်စီးနေတဲ့ သွားတွေကိုပါ မိတ်ကပ်နဲ့ ပြုပြင်ခဲ့ရပါသေးတယ်။

ဒါကတော့ ဇာတ်ရုပ်ပီပြင်ဖို့အတွက် အလှပျက်ခံခဲ့ကြတဲ့ နာမည်ကျော် ဟောလိဝုဒ်သရုပ်ဆောင်တွေပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်တဲ့ အခြားသရုပ်ဆောင်တွေလည်း ရှိရင်လည်း ပြောပြခဲ့ပါဦး။

Glasgow

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

ေဟာလိဝုဒ္ ႐ုပ္ရွင္ေလာကမွာေတာ့ သ႐ုပ္ေဆာင္ပညာ ျပည့္ဝၿပီး ဇာတ္႐ုပ္မ်ိဳးစုံကို ပီျပင္စြာ သ႐ုပ္ေဆာင္ႏိုင္ၾကတဲ့ မင္းသမီးမ်ားစြာ ရွိပါတယ္။ အလြန္တရာမွ ေခ်ာေမာလွပတဲ့ ႐ုပ္ရည္ ႐ူပကာကို ပိုင္ဆိုင္ထားၾကေပမယ့္ ႏုႏု႐ြ႐ြ၊ လွလွပပ သ႐ုပ္ေဆာင္ရတဲ့ ဇာတ္႐ုပ္ေတြမွ မဟုတ္ဘဲ ၾကမ္းၾကမ္းတမ္းတမ္းနဲ႔ ႐ုပ္ဆိုးအက်ည္းတန္တဲ့ ဇာတ္႐ုပ္ေတြကိုလည္း လိုလားစြာ သ႐ုပ္ေဆာင္တတ္ၾကပါေသးတယ္။ သ႐ုပ္ေဆာင္ပညာကို တကယ္ တန္ဖိုးထားၿပီး မိမိရဲ႕ အႏုပညာကို တကယ္ ထုတ္ျပခ်င္သူေတြကေတာ့ ႐ုပ္ရည္အလွအပေတြကို စိတ္မဝင္စားဘဲ ဇာတ္႐ုပ္ပီျပင္ဖို႔ကိုပဲ အာ႐ုံစိုက္တတ္ၾကပါတယ္။ ဇာတ္႐ုပ္တစ္ခုအတြက္ အလွပ်က္ခံၿပီး ပီျပင္စြာ သ႐ုပ္ေဆာင္ခဲ့ၾကတဲ့ ေဟာလိဝုဒ္မင္းသမီးအခ်ိဳ႕ကေတာ့ …

Kate Winslet
Photo via brightside

မင္းသမီးေခ်ာ Kate Winslet ဟာ မိန္းမလွဇာတ္႐ုပ္ေတြမ်ားစြာမွာ သ႐ုပ္ေဆာင္ခဲ့ဖူးပါတယ္။ ဒါေၾကာင့္လည္း သူမရဲ႕ ႐ုပ္ရည္သြင္ျပင္ကို အမႈမထားဘဲ ထူးျခားတဲ့ ဇာတ္႐ုပ္တစ္ခုကို ေ႐ြးခ်ယ္သ႐ုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္။ The Reader လို႔ အမည္ရတဲ့ ဇာတ္ကားထဲမွာေတာ့ Kate ဟာ စာမတတ္တဲ့ ဂ်ာမန္အမ်ိဳးသမီးတစ္ေယာက္အျဖစ္ သ႐ုပ္ေဆာင္ၿပီး ပရိသတ္ရဲ႕ အသည္းကို ေႁခြခဲ့ပါတယ္။

ဒီဇာတ္ကားထဲမွာေတာ့ သူမဟာ ငယ္႐ြယ္သူအျဖစ္ေရာ၊ အိုမင္းသြားတဲ့ အမ်ိဳးသမီးတစ္ေယာက္အျဖစ္ပါ သ႐ုပ္ေဆာင္ထားတာပါ။ ဒါေၾကာင့္လည္း သူမဟာ ဒီဇာတ္ကားနဲ႔ပဲ အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ေဆာင္ဆုအျဖစ္ ေအာ္စကာ ရရွိခဲ့တာ ျဖစ္ပါတယ္။

Natalie Portman
Photo via brightside

မင္းသမီးေခ်ာ Natalie Portman ဟာ စြယ္စုံရ မင္းသမီးတစ္လက္အျဖစ္ နာမည္ႀကီးသူပါ။ သူမဟာ V For Vendetta ႐ုပ္ရွင္ထဲက ဇာတ္႐ုပ္အတြက္ ကတုံးတုံးခဲ့သလို Goya’s Ghosts ဇာတ္ကားထဲက စပိန္ႏိုင္ငံရဲ႕ အျပစ္ေပးမႈကို ခံစားခဲ့ရတဲ့ အမ်ိဳးသမီးတစ္ေယာက္ ဇာတ္႐ုပ္အတြက္ကိုလည္း ပီျပင္စြာ သ႐ုပ္ေဆာင္ခဲ့သူ ျဖစ္ပါတယ္။

Cameron Diaz
Photo via brightside

Cameron Diaz ကေတာ့ ေဟာလိဝုဒ္ရဲ႕ ေ႐ႊေရာင္ဆံပင္နဲ႔ မင္းသမီးေခ်ာတစ္လက္ ျဖစ္ပါတယ္။ သူမရဲ႕အၿပဳံးနဲ႔ ဆြဲေဆာင္မႈရွိတဲ့ ႐ုပ္ရည္ေၾကာင့္ ႐ုပ္ဆိုးဆိုး၊ ပုံတုံးတုံး အမ်ိဳးသမီးတစ္ေယာက္အျဖစ္ ပုံေဖာ္ရခက္သူ ျဖစ္ပါတယ္။ သို႔ေသာ္လည္း သူမဟာ ၁၉၉၉ခုႏွစ္က ထြက္ရွိခဲ့တဲ့ Being John Malkovich ဇာတ္ကားမွာေတာ့ ႐ုပ္ရည္မလွပသူအျဖစ္ ပုံဖ်က္ၿပီး သ႐ုပ္ေဆာင္ခဲ့ပါတယ္။

အဲဒီဇာတ္ကားမွာေတာ့ သူမဟာ မိတ္ကပ္မလိမ္းဘဲ သ႐ုပ္ေဆာင္ခဲ့တာျဖစ္ၿပီး ရႈပ္ပြ၊ ဖြာေယာင္းေနတဲ့ ဆံပင္ေကာက္ေကာက္ေတြနဲ႔ ပုံတုံးတုံး အမ်ိဳးသမီးအျဖစ္ သ႐ုပ္ေဆာင္ခဲ့တာပါ။ ဒါေၾကာင့္လည္း ဒီဇာတ္႐ုပ္အတြက္ ေ႐ႊကမာၻလုံးဆုနဲ႔ BAFTA ဆုလို ဂုဏ္သိကၡာျမင့္မားတဲ့ ဆုေပးပြဲေတြမွာ စံကာတင္စာရင္းဝင္ခဲ့တာ ျဖစ္ပါတယ္။

Charlize Theron
Photo via brightside

Charlize Theron ဟာလည္း သူမရဲ႕ လွပၿပီး ဆြဲေဆာင္မႈေကာင္းတဲ့ ႐ုပ္ရည္ကို ေပၚလြင္ေစမယ့္ ဇာတ္႐ုပ္မ်ားစြာမွာ သ႐ုပ္ေဆာင္ခဲ့ဖူးသူ ျဖစ္ပါတယ္။ သို႔ေသာ္လည္း Monster ႐ုပ္ရွင္ထဲက သူမရဲ႕ဇာတ္႐ုပ္အတြက္ကိုေတာ့ ႐ုပ္ရွင္ေဝဖန္သူေတြရဲ႕ ခ်ီးက်ဴးမႈေတြနဲ႔ ပရိသတ္ေတြရဲ႕ ခ်စ္ခင္ေလးစားတဲ့ လက္ခုပ္သံမ်ားစြာကို သိမ္းပိုက္ႏိုင္ခဲ့ပါတယ္။

ျဖစ္ရပ္မွန္ကို အေျခခံ႐ိုက္ကူးထားတဲ့ ဒီဇာတ္ကားထဲမွာေတာ့ Charlize ဟာ ကြင္းဆက္ လူသတ္သမားေနရာက သ႐ုပ္ေဆာင္ထားတာပါ။ ျပင္ပဘဝက တကယ့္ လူသတ္သမားနဲ႔ တူညီေအာင္ အထူးမိတ္ကပ္ေတြကို လိမ္းျခယ္ခဲ့ရသလို ကိုယ္အေလးခ်ိန္ (၂၂)ေပါင္ တိုးလာေအာင္လည္း ႀကိဳးစားခဲ့ရပါတယ္။ ႀကိဳးစားရက်ိဳး နပ္ေအာင္ပဲ ဒီဇာတ္ကားထဲက သူမရဲ႕ဇာတ္႐ုပ္နဲ႔ အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ေဆာင္ဆုအျဖစ္ ေအာ္စကာဆု၊ ေ႐ႊကမာၻလုံးဆု၊ Screen Actors Guild Awards နဲ႔ အျခားေသာ ႐ုပ္ရွင္ထူးခြၽန္ဆုမ်ားစြာကို ဆြတ္ခူးခဲ့ပါတယ္။

Michelle Pfeiffer
Photo via brightside

ျမန္မာပရိသတ္ေတြၾကားမွာ Ant-Man 2 ဇာတ္ကားထဲက Wasp လို႔ လူသိမ်ားၾကမယ့္ မင္းသမီးႀကီး Michelle Pfeiffer ကေတာ့ တခ်ိန္က ေဟာလိဝုဒ္ရဲ႕ မိန္းမလွတစ္ေယာက္ ျဖစ္ပါတယ္။ ဒါ႐ိုက္တာ Matthew Vaughn ရဲ႕ Stardust ႐ုပ္ရွင္ထဲမွာဆိုရင္ သူမဟာ ႐ုပ္ဆိုးအက်ည္းတန္တဲ့ စုန္းမအိုႀကီးေနရာက သ႐ုပ္ေဆာင္ခဲ့တာပါ။ အဲဒီေနာက္ စုန္းမအိုႀကီးအျဖစ္ကေန မိန္းမလွေလးအျဖစ္ ေျပာင္းလဲသြားေတာ့လည္း ပရိသတ္ေတြမွာ မွင္သက္သြားၾကရပါတယ္။

Anne Hathaway
Photo via brightside

Anne Hathaway ကေတာ့ သူမရဲ႕ သ႐ုပ္ေဆာင္စြမ္းရည္ကို အေကာင္းဆုံး ျပသထားတဲ့ မင္းသမီးတစ္လက္ ျဖစ္ပါတယ္။ နာမည္ေက်ာ္ျပဇာတ္လည္း ရွိခဲ့ၿပီး ျပင္သစ္ေတာ္လွန္ေရးႀကီးအေၾကာင္းကို အေျခခံ ႐ိုက္ကူးထားတဲ့ Les Miserable ဇာတ္ကားမွာဆိုရင္ေတာ့ သူမဟာ Fantine ဆိုတဲ့ ဇာတ္ေကာင္ကေန သ႐ုပ္ေဆာင္ခဲ့ပါတယ္။ Fantine ဟာ ၾကပ္တည္းတဲ့ ေတာ္လွန္ေရးကာလမွာ သမီးေလးတစ္ေယာက္နဲ႔ အားကိုးရာမရွိ ျဖစ္ေနတဲ့ အမ်ိဳးသမီးတစ္ေယာက္ ျဖစ္တာေၾကာင့္ အသက္ရွင္သန္ဖို႔အတြက္ သူမရဲ႕ဆံပင္ေတြကိုေတာင္ ေရာင္းခ်ခဲ့ရသူ ျဖစ္ၿပီး ေနာက္ဆုံးမွာေတာ့ ျပည့္တန္ဆာတစ္ေယာက္ ျဖစ္သြားခဲ့ရပါတယ္။

Anne ဟာ ဒီဇာတ္႐ုပ္မွာ သ႐ုပ္ေဆာင္ဖို႔အတြက္ အခ်ိန္တိုအတြင္း ကိုယ္အေလးခ်ိန္ (၂၂)ေပါင္ ခ်ခဲ့ရသလို ဇာတ္ဝင္ခန္းထဲမွာ သ႐ုပ္ေဆာင္ရင္းနဲ႔ပဲ သူမရဲ႕ ဆံပင္ေတြကိုလည္း ျဖတ္ပစ္ခဲ့ၿပီး တကယ္ ကတုံးတုံးပစ္ခဲ့ရပါတယ္။ ဒီလိုသ႐ုပ္ေဆာင္မႈေၾကာင့္ပဲ ေအာ္စကာဆု၊ ေ႐ႊကမာၻလုံးဆုနဲ႔ Screen Actors Guild Awards ေတြ ရရွိခဲ့ပါတယ္။

Gwyneth Paltrow
Photo via brightside

ျမန္မာပရိသတ္အမ်ားစု Pepper Potts လို႔ သိၾကမယ့္ မင္းသမီး Gwyneth Paltrow ကေတာ့ Shallow Hal ဆိုတဲ့ ဟာသဒရာမာ ဇာတ္ကားထဲမွာ သူမနဲ႔ လုံးဝမတူညီတဲ့ ဇာတ္႐ုပ္တစ္ခုနဲ႔ သ႐ုပ္ေဆာင္ခဲ့ရပါတယ္။ အဆိုပါဇာတ္ကားထဲမွာေတာ့ သူမဟာ အဝလြန္ေနတဲ့ မိန္းကေလးတစ္ေယာက္အျဖစ္ သ႐ုပ္ေဆာင္ခဲ့ရၿပီး (၂၅)ေပါင္ေလးတဲ့ အသားကပ္ဝတ္စုံႀကီးကို ဝတ္ဆင္ခဲ့ရပါတယ္။ ဒါတင္မက မ်က္ႏွာမွာလည္း အထူးမိတ္ကပ္ေတြ လိမ္းျခယ္ခဲ့ရပါေသးတယ္။

Gwyneth ကေတာ့ တစ္ခါက ဒီဝတ္စုံႀကီးဝတ္ၿပီး လမ္းမေပၚမွာ ေလွ်ာက္သြားဖူးတယ္လို႔ ေျပာျပဖူးပါတယ္။ အဲဒီတုန္းကဆိုရင္ လူေတြဟာ သူမကို နာမည္ေက်ာ္ ေဟာလိဝုဒ္မင္းသမီးတစ္လက္လို႔ေတာင္ သတိမထားမိခဲ့ၾကဘဲ သူမကို ျမင္တာနဲ႔ ေရွာင္ကြင္းသြားၾကတယ္လို႔ ဆိုပါတယ္။ ဒီမွာတင္ Gwyneth တစ္ေယာက္လည္း အဝလြန္ေနသူအတြက္ လူ႔အသိုင္းအဝိုင္းက ဒီလိုဆက္ဆံမႈေတြအေၾကာင္းကို နဖူးေတြ႕၊ ဒူးေတြ႕ သိခဲ့ရတယ္လို႔ ဆိုပါတယ္။

Lena Headey
Photo via brightside

Lena Headey ကေတာ့ Game of Thrones ဇာတ္လမ္းတြဲထဲက Cersei Lannister ဇာတ္႐ုပ္နဲ႔ ေအာင္ျမင္ေက်ာ္ၾကားလာခဲ့သူ ျဖစ္ပါတယ္။ ၂၀၁၂ခုႏွစ္က ထြက္ရွိခဲ့တဲ့ Dredd ႐ုပ္ရွင္ဇာတ္ကားထဲမွာေတာ့ သူမဟာ သနားညႇာတာမႈ ကင္းမဲ့ၿပီး ရက္စက္ၾကမ္းတမ္းတဲ့ အမ်ိဳးသမီး ဂိုဏ္းစတားတစ္ေယာက္အျဖစ္ သ႐ုပ္ေဆာင္ခဲ့ပါတယ္။ ဒီဇာတ္႐ုပ္မွာအတြက္ မ်က္ႏွာေပၚမွာ အမာ႐ြတ္အႀကီးႀကီးေတြကိုပါ အထူးမိတ္ကပ္နဲ႔ ျပဳလုပ္ခဲ့ရပါတယ္။ ဒါတင္မက မိန္းမတစ္ေယာက္ကို အ႐ုပ္ဆိုးေစမယ့္ ကြဲအက္ေျခာက္ေသြ႕ေနတဲ့ ႏႈတ္ခမ္းေတြ၊ ညစ္ေထးပ်က္စီးေနတဲ့ သြားေတြကိုပါ မိတ္ကပ္နဲ႔ ျပဳျပင္ခဲ့ရပါေသးတယ္။

ဒါကေတာ့ ဇာတ္႐ုပ္ပီျပင္ဖို႔အတြက္ အလွပ်က္ခံခဲ့ၾကတဲ့ နာမည္ေက်ာ္ ေဟာလိဝုဒ္သ႐ုပ္ေဆာင္ေတြပဲ ျဖစ္ပါတယ္။ စာဖတ္သူတို႔ ႏွစ္သက္တဲ့ အျခားသ႐ုပ္ေဆာင္ေတြလည္း ရွိရင္လည္း ေျပာျပခဲ့ပါဦး။

Glasgow

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular