HomeCelebs Update NewsInternationalအယ္လ္ဘမ္သစ္ထြက္ဖို႔ ေဆာ္ၾသေနၾကတဲ့ Justin Bieber ရဲ႕ဖန္မ်ား

အယ္လ္ဘမ္သစ္ထြက္ဖို႔ ေဆာ္ၾသေနၾကတဲ့ Justin Bieber ရဲ႕ဖန္မ်ား

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

Justin Bieber ဟာ ၂၀၁၅ခုႏွစ္တည္းကစလို႔ အယ္လ္ဘမ္အသစ္ မထြက္ေသးတာ ေလးႏွစ္ေက်ာ္ ၾကာျမင့္ေနပါၿပီ။ ဒါေၾကာင့္လည္း သူ႔ရဲ႕ပရိသတ္ေတြက အယ္လ္ဘမ္သစ္ထြက္ဖို႔အတြက္ ၀ိုင္း၀န္းတိုက္တြန္းေနၾကတာ ျဖစ္ပါတယ္။

ျဖစ္ပုံကေတာ့ JB ဟာ သူ႔ရဲ႕ IG အေကာင့္မွာ မင္းသား Ryan Gosling ရဲ႕ပုံကိုတင္ၿပီး ရုပ္ရွင္အသစ္တစ္ကားေလာက္ေတာ့ ရိုက္ဖို႔အခ်ိန္တန္ၿပီဆိုတဲ့ ပုိ႔စ္ကို တင္လိုက္ရာက စပါတယ္။ ဒီအခါမွာ သူ႔ရဲ႕ပရိသတ္ေတြဟာ Ryan Gosling ကို မေျပာဘဲ JB အေနနဲ႔လည္း အယ္လ္ဘမ္အသစ္ထြက္ဖို႔ အခ်ိန္တန္ေနၿပီျဖစ္ေၾကာင္း ၀ိုင္း၀န္းတိုက္တြန္းၾကေတာ့တာပါ။

https://www.instagram.com/p/B1VFgW8njff/

ဒီဘက္ႏွစ္ပိုင္းေတြမွာ JB ဟာ သီခ်င္းအသစ္ေတြေရာ၊ အယ္လ္ဘမ္အသစ္ပါ မထြက္ဘဲ ၿငိမ္ခ်က္သားေကာင္းေနသူ ျဖစ္ပါတယ္။ ၂၀၁၈ခုႏွစ္တုန္းက DJ Khaled နဲ႔ No Brainer သီခ်င္းမွာ Featuring ပါ၀င္သီဆိုေပးထားၿပီး အခု ၂၀၁၉ခုႏွစ္ ေမလမွာ Ed Sheeran နဲ႔ I Don’t Care သီခ်င္းမွာ Featuring သီဆိုေပးထားတာကလြဲလို႔ သူ႔ရဲ႕ ကိုယ္ပိုင္ ဆင္ဂယ္လ္တစ္ပုဒ္တစ္ေလမွလည္း မထြက္ရိွေသးပါဘူး။

https://www.instagram.com/p/B0OxEZyHSYQ/

JB ေနာက္ဆုံး ထြက္ထားတဲ့ Purpose အယ္လ္ဘမ္ဟာ ၂၀၁၅ခုႏွစ္ကျဖစ္လို႔ အေတာ္ေလး ၾကာေနၿပီလို႔ ေျပာရမွာပါ။ JB ရဲ႕ သီခ်င္းအသစ္ေတြကို နားေထာင္ခ်င္ေနၿပီျဖစ္တဲ့ ပရိသတ္ေတြဟာ အခါအခြင့္သင့္တုန္းေလး အယ္လ္ဘမ္အသစ္အတြက္ ၀ိုင္း၀န္းတိုက္တြန္း ႏိႈးေဆာ္ေနၾကတာေၾကာင့္ မ်ားမၾကာခင္မွာေတာ့ ထူးျခားမႈတစ္ခုခုကို ျမင္ေတြ႕ရမယ္လို႔ ေမွ်ာ္လင့္ရင္း …။

Xei

Ref: hollywoodlife

(Unicode Version)

Justin Bieber ဟာ ၂၀၁၅ခုနှစ်တည်းကစလို့ အယ်လ်ဘမ်အသစ် မထွက်သေးတာ လေးနှစ်ကျော် ကြာမြင့်နေပါပြီ။ ဒါကြောင့်လည်း သူ့ရဲ့ပရိသတ်တွေက အယ်လ်ဘမ်သစ်ထွက်ဖို့အတွက် ဝိုင်းဝန်းတိုက်တွန်းနေကြတာ ဖြစ်ပါတယ်။

ဖြစ်ပုံကတော့ JB ဟာ သူ့ရဲ့ IG အကောင့်မှာ မင်းသား Ryan Gosling ရဲ့ပုံကိုတင်ပြီး ရုပ်ရှင်အသစ်တစ်ကားလောက်တော့ ရိုက်ဖို့အချိန်တန်ပြီဆိုတဲ့ ပို့စ်ကို တင်လိုက်ရာက စပါတယ်။ ဒီအခါမှာ သူ့ရဲ့ပရိသတ်တွေဟာ Ryan Gosling ကို မပြောဘဲ JB အနေနဲ့လည်း အယ်လ်ဘမ်အသစ်ထွက်ဖို့ အချိန်တန်နေပြီဖြစ်ကြောင်း ဝိုင်းဝန်းတိုက်တွန်းကြတော့တာပါ။

https://www.instagram.com/p/B1VFgW8njff/

ဒီဘက်နှစ်ပိုင်းတွေမှာ JB ဟာ သီချင်းအသစ်တွေရော၊ အယ်လ်ဘမ်အသစ်ပါ မထွက်ဘဲ ငြိမ်ချက်သားကောင်းနေသူ ဖြစ်ပါတယ်။ ၂၀၁၈ခုနှစ်တုန်းက DJ Khaled နဲ့ No Brainer သီချင်းမှာ Featuring ပါဝင်သီဆိုပေးထားပြီး အခု ၂၀၁၉ခုနှစ် မေလမှာ Ed Sheeran နဲ့ I Don’t Care သီချင်းမှာ Featuring သီဆိုပေးထားတာကလွဲလို့ သူ့ရဲ့ ကိုယ်ပိုင် ဆင်ဂယ်လ်တစ်ပုဒ်တစ်လေမှလည်း မထွက်ရှိသေးပါဘူး။

https://www.instagram.com/p/B0OxEZyHSYQ/

JB နောက်ဆုံး ထွက်ထားတဲ့ Purpose အယ်လ်ဘမ်ဟာ ၂၀၁၅ခုနှစ်ကဖြစ်လို့ အတော်လေး ကြာနေပြီလို့ ပြောရမှာပါ။ JB ရဲ့ သီချင်းအသစ်တွေကို နားထောင်ချင်နေပြီဖြစ်တဲ့ ပရိသတ်တွေဟာ အခါအခွင့်သင့်တုန်းလေး အယ်လ်ဘမ်အသစ်အတွက် ဝိုင်းဝန်းတိုက်တွန်း နှိုးဆော်နေကြတာကြောင့် များမကြာခင်မှာတော့ ထူးခြားမှုတစ်ခုခုကို မြင်တွေ့ရမယ်လို့ မျှော်လင့်ရင်း …။

Xei

Ref: hollywoodlife

RELATED ARTICLES

Most Popular