HomeEntertainmentFilmမကြာခင်ကြည့်ရှုရတော့မယ့် Ben Affleck နဲ့ Ana de Armas တို့ရဲ့ ရုပ်ရှင်သစ် Deep Water

မကြာခင်ကြည့်ရှုရတော့မယ့် Ben Affleck နဲ့ Ana de Armas တို့ရဲ့ ရုပ်ရှင်သစ် Deep Water

နာမည်ကျော် သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Ben Affleck နဲ့ Ana de Armas တို့ရဲ့ ရုပ်ရှင်အသစ် Deep Water ကိုတော့ မကြာခင်မှာပဲ hulu မှာ ကြည့်ရှုနိုင်တော့မှာ ဖြစ်ပါတယ်။

ဒီဇာတ်ကားရဲ့ ထွေလာကတော့ မကြာသေးခင်ကပဲ ထွက်ရှိလာပြီး Ben Affleck နဲ့ Ana de Armas တို့ကို အကြင်လင်မယားတွေအဖြစ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Melinda နဲ့ Vic တို့ဟာ ဇနီးမောင်နှံတွေ ဖြစ်ပါတယ်။ ခင်ပွန်းသည်ဖြစ်သူ Vic ဟာ ငွေကြေးချမ်းသာ ကြွယ်ဝသူ ဖြစ်ပြီး ဇနီးသည် Melinda ကတော့ အခြားဇနီးသည်တွေနဲ့ မတူဘဲ ကွဲပြားပါတယ်။

Photo Credit: Claire Folger/ 20th Century Studio

အဲဒါကတော့ Melinda ဟာ သူ့ယောက်ျားမဟုတ်တဲ့ အခြားသော အမျိုးသား ငယ်ငယ်ချောချောလေးတွေနဲ့ ဇာတ်လမ်းတွေ ရှုပ်တတ်တာပဲ ဖြစ်ပါတယ်။ သူမရဲ့အမျိုးသား Vic ကတော့ ကွာရှင်းရမှာ ကြောက်တဲ့အတွက် သူ့မိန်းမရဲ့ ဒီအကျင့်ကို ခွင့်ပြုပေးထားရပါတယ်။ သို့ပေမယ့် Melinda နဲ့ ဇာတ်လမ်းဖြစ်ထားတဲ့သူတွေက ရုတ်တရက် သေဆုံးလာတဲ့အခါမှာတော့ သူမရဲ့ခင်ပွန်းသည် Vic ဟာ အဓိက သံသယရှိသူ ဖြစ်လာပါတော့တယ်။

Photo Credit: Claire Folger/ 20th Century Studio

ထွေလာထဲမှာတော့ Melinda နဲ့ Vic တို့ကြားက အိမ်ထောင်ရေး အခြေအနေကို မြင်တွေ့ရမှာ ဖြစ်သလို ဇနီးလုပ်သူက ကဲချင်တိုင်းကဲ၊ ဖြစ်ချင်တိုင်း ဖြစ်နေတာကို လက်ပိုက်ကြည့်နေရတဲ့ ယောက်ျားတစ်ယောက်ရဲ့ ခံပြင်းမှုကိုလည်း Vic ရဲ့ မျက်နှာပေါ်မှာ အထင်းသား တွေ့ရမှာ ဖြစ်ပါတယ်။ ထွေလာမှာ ပြသွားတဲ့ပုံအရတော့ ဒီဇာတ်ကားဟာ Ben Affleck ရိုက်ကူးထားဖူးတဲ့ Gone Girl ရုပ်ရှင်နဲ့ သဘောတရားချင်း ခပ်ဆင်ဆင် တွေ့မြင်ရမှာ ဖြစ်ပါတယ်။

Deep Water ရုပ်ရှင်ကိုတော့ ဒါရိုက်တာ Adrian Lyne က ရိုက်ကူးပေးထားပြီး Ben Affleck ၊ Ana de Armas တို့အပြင် Jacob Elordi ၊ Rachel Blanchard ၊ Finn Wittrock နဲ့ Kristen Connolly တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားကိုတော့ လာမယ့် (၁၈)ရက်နေ့မှာ hulu ကနေ ပြသသွားမှာ ဖြစ်ပါတယ်။

တကယ်တော့ Ben နဲ့ Ana တို့ဟာ ဒီဇာတ်ကားရဲ့ ရိုက်ကွင်းမှာ တွေ့ဆုံပြီး ချစ်သူတွေ ဖြစ်ခဲ့ကြပါသေးတယ်။ ဒီဇာတ်ကားကိုတော့ ၂၀၁၉ ခုနှစ်မှာ ရိုက်ကူးခဲ့တာ ဖြစ်ပြီး သူတို့နှစ်ယောက်ကတော့ ၂၀၂၀ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ တွဲခဲ့ကြတာပါ။ အဲဒီနောက်မှာတော့ နှစ်ယောက်သား လမ်းခွဲခဲ့ကြပြီး လက်ရှိမှာတော့ Ben ဟာ တစ်ချိန်က အချစ်ဟောင်းဖြစ်တဲ့ Jennifer Lopez နဲ့ ပြန်ပေါင်းထုပ်နေပြီ ဖြစ်ပါတယ်။

Glasgow

Source: hollywoodlife

RELATED ARTICLES

Most Popular