HomeCelebs Update NewsInternationalJLo ရဲ့မွေးနေ့မှာ အဓိပ္ပာယ်များစွာပါဝင်တဲ့ မွေးနေ့လက်ဆောင်ပေးခဲ့တဲ့ Ben Affleck 

JLo ရဲ့မွေးနေ့မှာ အဓိပ္ပာယ်များစွာပါဝင်တဲ့ မွေးနေ့လက်ဆောင်ပေးခဲ့တဲ့ Ben Affleck 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မင်းသား Ben Affleck ကတော့ ချစ်သူ Jennifer Lopez ရဲ့ မွေးနေ့မှာ ကိုယ်ပိုင်စိတ်ကူးနဲ့ ပုံဖော်ထားတဲ့ မွေးနေ့လက်ဆောင်တစ်ခု ပေးခဲ့တယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ ဇူလိုင်လ(၂၄)ရက်နေ့က အသက်(၅၂)နှစ် ပြည့်သွားတဲ့ ချစ်သူ JLo ရဲ့ မွေးနေ့မှာ Ben က သူ့စိတ်ကူးနဲ့ ပုံဖော်ထားတဲ့ ရတနာပစ္စည်းတစ်ခုကို လက်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ JLo ဟာ သူမရဲ့မွေးနေ့ကို ပြင်သစ်ပင်လယ်ပြင်မှာ ဇိမ်ခံသင်္ဘောကြီးနဲ့ ပါတီတွေပေးပြီး ကျင်းပခဲ့တာ ဖြစ်ပါတယ်။ အဲဒီနေ့မှာပဲ သူမရဲ့ချစ်သူ Ben ဟာ “တားဆီးမရတဲ့ အချစ်” လို့ သူကိုယ်တိုင် အမည်ပေးထားတဲ့ ရတနာပစ္စည်းကို လက်ဆောင်ပေးခဲ့တာပါ။

Photo: bennifer_02/ Instagram

ဒီအကြောင်းကိုတော့ Ben အပ်နှံခဲ့တဲ့ နာမည်ကြီး လက်ဝတ်ရတနာ brand Foundrae ရဲ့ creative director က E! News နဲ့ အင်တာဗျူးမှာ ပြောပြလိုက်တာ ဖြစ်ပါတယ်။ အဆိုပါ creative director ရဲ့ အဆိုအရ Ben ဟာ သူနဲ့ JLo တို့နှစ်ယောက်ကြားက ကိုယ်ပိုင်ဇာတ်လမ်း၊ အမှတ်တရတွေကို ကိုယ်စားပြုတဲ့ ရတနာပစ္စည်းကို ကိုယ်တိုင်ဒီဇိုင်းပုံဖော်ပြီး ပြုလုပ်ခိုင်းခဲ့တာလို့ သိရပါတယ်။

အဆိုပါ ရတနာပစ္စည်းကတော့ လည်ဆွဲတစ်ခုဖြစ်ပြီး လော့ကတ်လေးတွေလည်း ပါဝင်ပါတယ်။ ဒီရတနာပစ္စည်းလေးဟာ သူတို့နှစ်ယောက်ကြားက အချစ်ကို ဖော်ပြနေပြီး နှစ်ယောက်စလုံးရဲ့ ပြုပြင် ပြောင်းလဲလွယ်မှု၊ ကြီးထွားရှင်သန်လာမှုတွေကိုပါ သတိရစေတဲ့ အဓိပ္ပာယ်တွေ ပါရှိတယ်လို့ ဆိုပါတယ်။ ဒီလည်ဆွဲလေးကိုတော့ JLo ဟာ သူမရဲ့ မွေးနေ့မှာ ဝတ်ဆင်ထားတာ တွေ့ရပြီး အဆိုပါ ပုံရိပ်တွေကိုတော့ အင်စတာဂရမ်မှာ ပရိသတ်တွေနဲ့ ဝေမျှထားပါသေးတယ်။

Photo: jlo/ Instagram

“ဥပမာပြောရရင် သူ ရွေးချယ်ထားတဲ့ လော့ကတ်တစ်ခုကဆိုရင် ဒူပေနာပေခံမှုကို ကိုယ်စားပြုထားပါတယ်။ ဒါ့အပြင် အဲဒီလော့ကတ်လေးဟာ အရိုင်းဆန်မှု၊ ပေါများကြွယ်ဝမှုနဲ့ ထိန်းချုပ်ပုံသွင်းလို့ မရဘူးဆိုတဲ့ သဘောတရားတွေလည်း ပါဝင်ပါတယ်။ ပြီးတော့ ပန်းပွင့်ပုံ လော့ကတ်လေးတွေကတော့ ပြင်းပြတဲ့အချစ်စိတ်နဲ့ ခက်ခဲပင်ပန်းတဲ့ အခြေအနေတွေ၊ မှောင်မိုက်တဲ့ ကာလတွေမှာတောင် ဆက်လက် ဖူးပွင့်ရှင်သန်မယ်ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ် … ”

“ဒါ့အပြင် ပန်းပွင့် ရှိပြီဆို ဆူးလေးတွေလည်း ရှိလာပြီပေါ့။ အဲဒီဆူးလေးတွေကတော့ ကျွန်တော်တို့ ချစ်ရတဲ့အရာတွေ၊ ချစ်ရတဲ့သူတွေအတွက် ယူထားရတဲ့ risk တစ်ခုကို ကိုယ်စားပြုပါတယ်။ ဒါကြောင့် ဒီရတနာပစ္စည်းလေးတွေဟာ ဝတ်ဆင်မယ့်သူရဲ့ ကိုယ်ပိုင်ဇာတ်လမ်း၊ အဖြစ်အပျက်တွေ၊ အမှတ်တရတွေကို ကိုယ်စားပြုနေမှာ ဖြစ်ပါတယ် … ” လို့ Foundrae ရတနာကုမ္ပဏီက creative director က ပြောပြထားပါတယ်။

Photo: jlo/ Instagram

Ben ရဲ့ အခုလို နက်နဲတဲ့ အတွေးနဲ့ နူးညံ့သိမ်မွေ့လွန်းတဲ့ အဓိပ္ပာယ်တွေ ပါဝင်နေတဲ့ လက်ဆောင်ပစ္စည်းလေးကို ပြင်ဆင်ပေးရတဲ့အတွက် အဆိုပါ ရတနာကုမ္ပဏီက တာဝန်ရှိသူတွေကတောင် ရိုမန့်တစ်ဆန်လွန်းတယ်ဆိုပြီး အံ့အားသင့်ခဲ့ကြရသေးတယ်လို့လည်း ဆိုပါတယ်။

Ben နဲ့ JLo တို့ဟာ ၂၀၀၂ခုနှစ်ကနေ ၂၀၀၄ခုနှစ်အထိ ချစ်သူတွေ ဖြစ်ခဲ့ကြပြီး အဲဒီအချိန်ကာလမှာတော့ ဟောလိဝုဒ်ရဲ့ ပါဝါစုံတွဲတစ်တွဲအဖြစ် အများက အားကျခဲ့ရသူနှစ်ဦး ဖြစ်ပါတယ်။ အဲဒီနောက် သူတို့နှစ်ယောက်ဟာ ကွဲကွာသွားခဲ့ပြီး ဆိုင်ရာအချစ်သစ်တွေနဲ့ ရှေ့ဆက်နေခဲ့ပြီးမှ ပြီးခဲ့တဲ့ မေလမှာ ပြန်လည်ပေါင်းထုပ်ပြီး အချစ်ခရီးအသစ်ကို စတင်ခဲ့ကြတာ ဖြစ်ပါတယ်။

Glasgow

Source: hollywoodlife

(Zawgyi Version)

မင္းသား Ben Affleck ကေတာ့ ခ်စ္သူ Jennifer Lopez ရဲ႕ ေမြးေန႔မွာ ကိုယ္ပိုင္စိတ္ကူးနဲ႔ ပုံေဖာ္ထားတဲ့ ေမြးေန႔လက္ေဆာင္တစ္ခု ေပးခဲ့တယ္လို႔ သိရပါတယ္။

လြန္ခဲ့တဲ့ ဇူလိုင္လ(၂၄)ရက္ေန႔က အသက္(၅၂)ႏွစ္ ျပည့္သြားတဲ့ ခ်စ္သူ JLo ရဲ႕ ေမြးေန႔မွာ Ben က သူ႔စိတ္ကူးနဲ႔ ပုံေဖာ္ထားတဲ့ ရတနာပစၥည္းတစ္ခုကို လက္ေဆာင္ေပးခဲ့တာ ျဖစ္ပါတယ္။ JLo ဟာ သူမရဲ႕ေမြးေန႔ကို ျပင္သစ္ပင္လယ္ျပင္မွာ ဇိမ္ခံသေဘၤာႀကီးနဲ႔ ပါတီေတြေပးၿပီး က်င္းပခဲ့တာ ျဖစ္ပါတယ္။ အဲဒီေန႔မွာပဲ သူမရဲ႕ခ်စ္သူ Ben ဟာ “တားဆီးမရတဲ့ အခ်စ္” လို႔ သူကိုယ္တိုင္ အမည္ေပးထားတဲ့ ရတနာပစၥည္းကို လက္ေဆာင္ေပးခဲ့တာပါ။

Photo: bennifer_02/ Instagram

ဒီအေၾကာင္းကိုေတာ့ Ben အပ္ႏွံခဲ့တဲ့ နာမည္ႀကီး လက္ဝတ္ရတနာ brand Foundrae ရဲ႕ creative director က E! News နဲ႔ အင္တာဗ်ဴးမွာ ေျပာျပလိုက္တာ ျဖစ္ပါတယ္။ အဆိုပါ creative director ရဲ႕ အဆိုအရ Ben ဟာ သူနဲ႔ JLo တို႔ႏွစ္ေယာက္ၾကားက ကိုယ္ပိုင္ဇာတ္လမ္း၊ အမွတ္တရေတြကို ကိုယ္စားျပဳတဲ့ ရတနာပစၥည္းကို ကိုယ္တိုင္ဒီဇိုင္းပုံေဖာ္ၿပီး ျပဳလုပ္ခိုင္းခဲ့တာလို႔ သိရပါတယ္။

အဆိုပါ ရတနာပစၥည္းကေတာ့ လည္ဆြဲတစ္ခုျဖစ္ၿပီး ေလာ့ကတ္ေလးေတြလည္း ပါဝင္ပါတယ္။ ဒီရတနာပစၥည္းေလးဟာ သူတို႔ႏွစ္ေယာက္ၾကားက အခ်စ္ကို ေဖာ္ျပေနၿပီး ႏွစ္ေယာက္စလုံးရဲ႕ ျပဳျပင္ ေျပာင္းလဲလြယ္မႈ၊ ႀကီးထြားရွင္သန္လာမႈေတြကိုပါ သတိရေစတဲ့ အဓိပၸာယ္ေတြ ပါရွိတယ္လို႔ ဆိုပါတယ္။ ဒီလည္ဆြဲေလးကိုေတာ့ JLo ဟာ သူမရဲ႕ ေမြးေန႔မွာ ဝတ္ဆင္ထားတာ ေတြ႕ရၿပီး အဆိုပါ ပုံရိပ္ေတြကိုေတာ့ အင္စတာဂရမ္မွာ ပရိသတ္ေတြနဲ႔ ေဝမွ်ထားပါေသးတယ္။

Photo: jlo/ Instagram

“ဥပမာေျပာရရင္ သူ ေ႐ြးခ်ယ္ထားတဲ့ ေလာ့ကတ္တစ္ခုကဆိုရင္ ဒူေပနာေပခံမႈကို ကိုယ္စားျပဳထားပါတယ္။ ဒါ့အျပင္ အဲဒီေလာ့ကတ္ေလးဟာ အ႐ိုင္းဆန္မႈ၊ ေပါမ်ားႂကြယ္ဝမႈနဲ႔ ထိန္းခ်ဳပ္ပုံသြင္းလို႔ မရဘူးဆိုတဲ့ သေဘာတရားေတြလည္း ပါဝင္ပါတယ္။ ၿပီးေတာ့ ပန္းပြင့္ပုံ ေလာ့ကတ္ေလးေတြကေတာ့ ျပင္းျပတဲ့အခ်စ္စိတ္နဲ႔ ခက္ခဲပင္ပန္းတဲ့ အေျခအေနေတြ၊ ေမွာင္မိုက္တဲ့ ကာလေတြမွာေတာင္ ဆက္လက္ ဖူးပြင့္ရွင္သန္မယ္ဆိုတဲ့ အဓိပၸာယ္ ျဖစ္ပါတယ္ … ”

“ဒါ့အျပင္ ပန္းပြင့္ ရွိၿပီဆို ဆူးေလးေတြလည္း ရွိလာၿပီေပါ့။ အဲဒီဆူးေလးေတြကေတာ့ ကြၽန္ေတာ္တို႔ ခ်စ္ရတဲ့အရာေတြ၊ ခ်စ္ရတဲ့သူေတြအတြက္ ယူထားရတဲ့ risk တစ္ခုကို ကိုယ္စားျပဳပါတယ္။ ဒါေၾကာင့္ ဒီရတနာပစၥည္းေလးေတြဟာ ဝတ္ဆင္မယ့္သူရဲ႕ ကိုယ္ပိုင္ဇာတ္လမ္း၊ အျဖစ္အပ်က္ေတြ၊ အမွတ္တရေတြကို ကိုယ္စားျပဳေနမွာ ျဖစ္ပါတယ္ … ” လို႔ Foundrae ရတနာကုမၸဏီက creative director က ေျပာျပထားပါတယ္။

Photo: jlo/ Instagram

Ben ရဲ႕ အခုလို နက္နဲတဲ့ အေတြးနဲ႔ ႏူးညံ့သိမ္ေမြ႕လြန္းတဲ့ အဓိပၸာယ္ေတြ ပါဝင္ေနတဲ့ လက္ေဆာင္ပစၥည္းေလးကို ျပင္ဆင္ေပးရတဲ့အတြက္ အဆိုပါ ရတနာကုမၸဏီက တာဝန္ရွိသူေတြကေတာင္ ႐ိုမန႔္တစ္ဆန္လြန္းတယ္ဆိုၿပီး အံ့အားသင့္ခဲ့ၾကရေသးတယ္လို႔လည္း ဆိုပါတယ္။

Ben နဲ႔ JLo တို႔ဟာ ၂၀၀၂ခုႏွစ္ကေန ၂၀၀၄ခုႏွစ္အထိ ခ်စ္သူေတြ ျဖစ္ခဲ့ၾကၿပီး အဲဒီအခ်ိန္ကာလမွာေတာ့ ေဟာလိဝုဒ္ရဲ႕ ပါဝါစုံတြဲတစ္တြဲအျဖစ္ အမ်ားက အားက်ခဲ့ရသူႏွစ္ဦး ျဖစ္ပါတယ္။ အဲဒီေနာက္ သူတို႔ႏွစ္ေယာက္ဟာ ကြဲကြာသြားခဲ့ၿပီး ဆိုင္ရာအခ်စ္သစ္ေတြနဲ႔ ေရွ႕ဆက္ေနခဲ့ၿပီးမွ ၿပီးခဲ့တဲ့ ေမလမွာ ျပန္လည္ေပါင္းထုပ္ၿပီး အခ်စ္ခရီးအသစ္ကို စတင္ခဲ့ၾကတာ ျဖစ္ပါတယ္။

Glasgow

Source: hollywoodlife

RELATED ARTICLES

Most Popular