HomeEntertainmentFilmBen Affleck သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းများ

Ben Affleck သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Ben Affleck ဟာ ၁၉၇၂ ခုနှစ် ဩဂုတ်လ (၁၂) ရက်နေ့မှာ မွေးဖွားခဲ့ပြီး အခုချိန်မှာတော့ (၄၈) နှစ် ရှိနေပြီ ဖြစ်ပါတယ်။ သူဟာ နာမည်ကြီးရုပ်ရှင်တွေ တော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးတဲ့ ကမ္ဘာကျော်သရုပ်ဆောင် တစ်ယောက် ဖြစ်ပါတယ်။ သူသရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားတွေနဲ့ သူ့ရဲ့သရုပ်ဆောင်ကောင်းမွန်မှုတွေကြောင့် ပရိသတ်တွေ တော်တော်များများရဲ့ အားပေးမှုကို ရရှိထားသူ ဖြစ်တာကြောင့် သူသရုပ်ဆောင်ခဲ့ဖူးတဲ့ ဇာတ်ကားကောင်း အနည်းငယ်ကို ဖော်ပြပေးချင်ပါတယ်။

(7) Shakespeare in Love
photo via imdb

ဒီဇာတ်လမ်းကတော့ ၁၉၉၈ ခုနှစ်တုန်းက ထွက်ခဲ့တာ ဖြစ်ပြီးတော့ IMDb (7.1) ရခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ နာမည်ကျော်ပြဇာတ်ရေးဆရာတစ်ယောက် ဖြစ်တဲ့ William Shakespeare အကြောင်းကို ပုံဖော်ထားခဲ့တာ ဖြစ်ပါတယ်။ Shakespeare ဟာ နောက်ထပ်ပြဇာတ်တွေကို ဖန်တီးဖို့အတွက် အကြံထုတ်မရဖြစ်နေတဲ့အချိန်မှာ သူ့အတွက် အရမ်းကို ပြီးပြည့်စုံတယ်လို့ ခံစားရစေတဲ့ ကောင်မလေးတစ်ယောက်နဲ့ တွေ့သွားကာ အဲ့ဒီကောင်မလေးကိုအခြေခံပြီးတော့ သူ့ရဲ့နာမည်ကြီးပြဇာတ်တစ်ပုဒ်ကို ရေးသားခဲ့ပုံကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။

(6) The Town
photo via imdb

ဒီကားကတော့ ၂၀၁၀ ခုနှစ်မှာ ထွက်ခဲ့ပြီးတော့ IMDb (7.5) ရထားပါတယ်။ ပရောဖက်ရှင်နယ်သူခိုးအဖွဲ့တစ်ဖွဲ့တစ်ခုဟာ ဘဏ်တစ်ခုကို ဓားပြတိုက်ပြီးနောက်မှာ အဲ့ဒီဘဏ်က မန်နေဂျာဖြစ်သူ Claire ကို ဓားစာခံအဖြစ် ဖမ်းခေါ်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း သူတို့အဖွဲ့ထဲက တစ်ယောက်က အဲ့ဒီမန်နေဂျာမလေးနဲ့ ချစ်ကြိုက်သွားတဲ့အချိန်မှာတော့…….။

(5) Dazed and Confused
photo via imdb

ဒီဇာတ်ကားကတော့ ၁၉၉၃ ခုနှစ်မှာ ထွက်ခဲ့တာ ဖြစ်ပြီးတော့ IMDb (7.6) ရထားပါတယ်။ ဇာတ်လမ်းကတော့ ၁၉၇၆ ခုနှစ်လောက်က အချိန်ကို အခြေခံပြီးရိုက်ထားတာ ဖြစ်ပါတယ်။ ဆယ်ကျော်သက်ကျောင်းသားတစ်သိုက်ဟာ အထက်တန်းကျောင်းသားဘဝရဲ့ နောက်ဆုံးနေ့ရက်မှာ အောင်ပွဲခံနေကြပြီး ပါတီတွေပြုလုပ်ကာ ပျော်ပါးနေကြပါတယ်။ ဒီကားကတော့ ပေါ့ပေါ့ပါးပါးနဲ့ ရီမောပြီးကြည့်ရှုရမယ့် ဟာသကားလေး ဖြစ်ပါတယ်။

(4) Gone Baby Gone
photo via imdb

ဒီဇာတ်လမ်းကတော့ ၂၀၀၇ ခုနှစ်မှာ ထွက်ခဲ့ပြီးတော့ IMDb (7.6) ရခဲ့ပါတယ်။ Amanda ဆိုတဲ့ လေးနှစ်အရွယ်ကောင်မလေးတစ်ယောက်ဟာ ပျောက်ဆုံးသွားတာကြောင့် သူ့ရဲ့အဒေါ်ဟာ Angie နဲ့ Patrick လို့ခေါ်တဲ့ စုံထောက်နှစ်ယောက်ကို ငှားခဲ့ပြီး အဲ့ဒီကောင်မလေးကို ရှာဖွေစေခဲ့ပါတယ်။ အဲ့လိုနဲ့နောက်ပိုင်းမှာတော့ ဒါဟာ သာမန်လူပျောက်မှုတစ်ခုမဟုတ်ဘဲ ရာဇဝတ်ဂိုဏ်းတွေနဲ့ပါ ပတ်သက်နေတဲ့အခါမှာတော့…….။

(3) Argo
photo via screenrant

ဒီဇာတ်ကားကတော့ ၂၀၁၂ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.7) ရရှိထားပါတယ်။ မင်းသား Ben Affleck ပါဝင်သရုပ်ဆောင်ထားပြီး ဖြစ်ရပ်မှန်ကို အခြေခံ ရိုက်ကူးထားတဲ့ဇာတ်ကား ဖြစ်တဲ့အပြင် အော်စကာဆုသုံးဆုတောင် ရခဲ့တာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ၁၉၇၉ခုနှစ်တုန်းက အီရန်နိုင်ငံ Tehran မြို့မှာ အဖမ်းခံထားရတဲ့ အမေရိကန်ဓားစာခံတွေကို ကယ်တင်ဖို့အတွက် အေးဂျင့်အဖွဲ့တစ်ခုက ကနေဒါနိုင်ငံသား ရုပ်ရှင်ရိုက်တဲ့သူတွေအဖြစ်နဲ့ ရုပ်ဖျက်ပြီးတော့ ကယ်တင်ဖို့ ကြိုးစားကြပုံကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။

(2) Gone Girl
photo via screenrant

ဒီကားကတော့ ၂၀၁၄ ခုနှစ်မှာ ထွက်ခဲ့တာ ဖြစ်ပြီး IMDb (8.1) ရထားခဲ့ပါတယ်။ Nick Dunne နဲ့ Amy Dunne တို့ဟာ ဇနီးမောင်နှံတွေ ဖြစ်ကြပြီးတော့ သူတို့ရဲ့အိမ်ထောင်ရေးအကြောင်းကို ပုံမှန်မဟုတ်တဲ့ပုံစံမျိုးနဲ့ ရိုက်ပြထားပါတယ်။ ဇာတ်လမ်းကတော့ သူတို့နှစ်ယောက်ရဲ့ ငါးနှစ်မြောက် မင်္ဂလာနှစ်ပတ်လည်နေ့မှာ ဇနီးဖြစ်သူ Amy ဟာ ရုတ်တရက်ကြီး ပျောက်ဆုံးသွားခဲ့ပါတယ်။ အဲ့လိုပျောက်သွားတာဟာလည်း သူ့ဘဝရဲ့ အကြီးမားဆုံး ပြောင်းလဲမှုတစ်ခုဖြစ်ပြီး အဲ့ဒီ့နောက်ပိုင်းမှာတော့ Nick ဟာ ဘယ်လိုဒုက္ခတွေကို ကြုံတွေ့ရမလည်းဆိုတာ စိတ်လှုပ်ရှားဖွယ်ရာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။

(1) Good Will Hunting
photo via imdb

ဒီဇာတ်လမ်းကတော့ ၁၉၉၇ ခုနှစ်မှာ ထွက်ခဲ့ပြီးတော့ IMDb (8.3) ရရှိထားပါတယ်။ ဒီကားထဲမှာတော့ Ben ဟာ Matt Damon နဲ့အတူတူ ပါဝင်သရုပ်ဆောင်ထားပါတယ်။ Matt Damon ဟာ Will Hunting ဆိုတဲ့ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ထားပြီးတော့ သူ့ရဲ့ဇာတ်ကောင်ဟာ သင်္ချာပညာရပ်မှာ အရမ်းကိုထူးချွန်တဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူဟာ အကြောင်းတစ်ခုခုကြောင့် စိတ်ခံစားချက်တွေ ထိန်းမရဖြစ်လာတဲ့အချိန်မှာတော့ စိတ်ရောဂါကုဆရာဝန်တစ်ယောက်ဆီကနေ အကြံဉာဏ်တွေကို တောင်းပြီးတော့ ရှေ့ဆက်ရပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Ben Affleck ဟာ ၁၉၇၂ ခုႏွစ္ ဩဂုတ္လ (၁၂) ရက္ေန႔မွာ ေမြးဖြားခဲ့ၿပီး အခုခ်ိန္မွာေတာ့ (၄၈) ႏွစ္ ရွိေနၿပီ ျဖစ္ပါတယ္။ သူဟာ နာမည္ႀကီး႐ုပ္ရွင္ေတြ ေတာ္ေတာ္မ်ားမ်ားမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ဖူးတဲ့ ကမာၻေက်ာ္သ႐ုပ္ေဆာင္ တစ္ေယာက္ ျဖစ္ပါတယ္။ သူသ႐ုပ္ေဆာင္ခဲ့တဲ့ ဇာတ္ကားေတြနဲ႔ သူ႔ရဲ႕သ႐ုပ္ေဆာင္ေကာင္းမြန္မႈေတြေၾကာင့္ ပရိသတ္ေတြ ေတာ္ေတာ္မ်ားမ်ားရဲ႕ အားေပးမႈကို ရရွိထားသူ ျဖစ္တာေၾကာင့္ သူသ႐ုပ္ေဆာင္ခဲ့ဖူးတဲ့ ဇာတ္ကားေကာင္း အနည္းငယ္ကို ေဖာ္ျပေပးခ်င္ပါတယ္။

(7) Shakespeare in Love
photo via imdb

ဒီဇာတ္လမ္းကေတာ့ ၁၉၉၈ ခုႏွစ္တုန္းက ထြက္ခဲ့တာ ျဖစ္ၿပီးေတာ့ IMDb (7.1) ရခဲ့ပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ နာမည္ေက်ာ္ျပဇာတ္ေရးဆရာတစ္ေယာက္ ျဖစ္တဲ့ William Shakespeare အေၾကာင္းကို ပုံေဖာ္ထားခဲ့တာ ျဖစ္ပါတယ္။ Shakespeare ဟာ ေနာက္ထပ္ျပဇာတ္ေတြကို ဖန္တီးဖို႔အတြက္ အႀကံထုတ္မရျဖစ္ေနတဲ့အခ်ိန္မွာ သူ႔အတြက္ အရမ္းကို ၿပီးျပည့္စုံတယ္လို႔ ခံစားရေစတဲ့ ေကာင္မေလးတစ္ေယာက္နဲ႔ ေတြ႕သြားကာ အဲ့ဒီေကာင္မေလးကိုအေျခခံၿပီးေတာ့ သူ႔ရဲ႕နာမည္ႀကီးျပဇာတ္တစ္ပုဒ္ကို ေရးသားခဲ့ပုံကို ၾကည့္ရႈရမွာ ျဖစ္ပါတယ္။

(6) The Town
photo via imdb

ဒီကားကေတာ့ ၂၀၁၀ ခုႏွစ္မွာ ထြက္ခဲ့ၿပီးေတာ့ IMDb (7.5) ရထားပါတယ္။ ပေရာဖက္ရွင္နယ္သူခိုးအဖြဲ႕တစ္ဖြဲ႕တစ္ခုဟာ ဘဏ္တစ္ခုကို ဓားျပတိုက္ၿပီးေနာက္မွာ အဲ့ဒီဘဏ္က မန္ေနဂ်ာျဖစ္သူ Claire ကို ဓားစာခံအျဖစ္ ဖမ္းေခၚလာခဲ့ပါတယ္။ ဒါေပမယ့္လည္း သူတို႔အဖြဲ႕ထဲက တစ္ေယာက္က အဲ့ဒီမန္ေနဂ်ာမေလးနဲ႔ ခ်စ္ႀကိဳက္သြားတဲ့အခ်ိန္မွာေတာ့…….။

(5) Dazed and Confused
photo via imdb

ဒီဇာတ္ကားကေတာ့ ၁၉၉၃ ခုႏွစ္မွာ ထြက္ခဲ့တာ ျဖစ္ၿပီးေတာ့ IMDb (7.6) ရထားပါတယ္။ ဇာတ္လမ္းကေတာ့ ၁၉၇၆ ခုႏွစ္ေလာက္က အခ်ိန္ကို အေျခခံၿပီး႐ိုက္ထားတာ ျဖစ္ပါတယ္။ ဆယ္ေက်ာ္သက္ေက်ာင္းသားတစ္သိုက္ဟာ အထက္တန္းေက်ာင္းသားဘဝရဲ႕ ေနာက္ဆုံးေန႔ရက္မွာ ေအာင္ပြဲခံေနၾကၿပီး ပါတီေတြျပဳလုပ္ကာ ေပ်ာ္ပါးေနၾကပါတယ္။ ဒီကားကေတာ့ ေပါ့ေပါ့ပါးပါးနဲ႔ ရီေမာၿပီးၾကည့္ရႈရမယ့္ ဟာသကားေလး ျဖစ္ပါတယ္။

(4) Gone Baby Gone
photo via imdb

ဒီဇာတ္လမ္းကေတာ့ ၂၀၀၇ ခုႏွစ္မွာ ထြက္ခဲ့ၿပီးေတာ့ IMDb (7.6) ရခဲ့ပါတယ္။ Amanda ဆိုတဲ့ ေလးႏွစ္အ႐ြယ္ေကာင္မေလးတစ္ေယာက္ဟာ ေပ်ာက္ဆုံးသြားတာေၾကာင့္ သူ႔ရဲ႕အေဒၚဟာ Angie နဲ႔ Patrick လို႔ေခၚတဲ့ စုံေထာက္ႏွစ္ေယာက္ကို ငွားခဲ့ၿပီး အဲ့ဒီေကာင္မေလးကို ရွာေဖြေစခဲ့ပါတယ္။ အဲ့လိုနဲ႔ေနာက္ပိုင္းမွာေတာ့ ဒါဟာ သာမန္လူေပ်ာက္မႈတစ္ခုမဟုတ္ဘဲ ရာဇဝတ္ဂိုဏ္းေတြနဲ႔ပါ ပတ္သက္ေနတဲ့အခါမွာေတာ့…….။

(3) Argo
photo via screenrant

ဒီဇာတ္ကားကေတာ့ ၂၀၁၂ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (7.7) ရရွိထားပါတယ္။ မင္းသား Ben Affleck ပါဝင္သ႐ုပ္ေဆာင္ထားၿပီး ျဖစ္ရပ္မွန္ကို အေျခခံ ႐ိုက္ကူးထားတဲ့ဇာတ္ကား ျဖစ္တဲ့အျပင္ ေအာ္စကာဆုသုံးဆုေတာင္ ရခဲ့တာ ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ ၁၉၇၉ခုႏွစ္တုန္းက အီရန္ႏိုင္ငံ Tehran ၿမိဳ႕မွာ အဖမ္းခံထားရတဲ့ အေမရိကန္ဓားစာခံေတြကို ကယ္တင္ဖို႔အတြက္ ေအးဂ်င့္အဖြဲ႕တစ္ခုက ကေနဒါႏိုင္ငံသား ႐ုပ္ရွင္႐ိုက္တဲ့သူေတြအျဖစ္နဲ႔ ႐ုပ္ဖ်က္ၿပီးေတာ့ ကယ္တင္ဖို႔ ႀကိဳးစားၾကပုံကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။

(2) Gone Girl
photo via screenrant

ဒီကားကေတာ့ ၂၀၁၄ ခုႏွစ္မွာ ထြက္ခဲ့တာ ျဖစ္ၿပီး IMDb (8.1) ရထားခဲ့ပါတယ္။ Nick Dunne နဲ႔ Amy Dunne တို႔ဟာ ဇနီးေမာင္ႏွံေတြ ျဖစ္ၾကၿပီးေတာ့ သူတို႔ရဲ႕အိမ္ေထာင္ေရးအေၾကာင္းကို ပုံမွန္မဟုတ္တဲ့ပုံစံမ်ိဳးနဲ႔ ႐ိုက္ျပထားပါတယ္။ ဇာတ္လမ္းကေတာ့ သူတို႔ႏွစ္ေယာက္ရဲ႕ ငါးႏွစ္ေျမာက္ မဂၤလာႏွစ္ပတ္လည္ေန႔မွာ ဇနီးျဖစ္သူ Amy ဟာ ႐ုတ္တရက္ႀကီး ေပ်ာက္ဆုံးသြားခဲ့ပါတယ္။ အဲ့လိုေပ်ာက္သြားတာဟာလည္း သူ႔ဘဝရဲ႕ အႀကီးမားဆုံး ေျပာင္းလဲမႈတစ္ခုျဖစ္ၿပီး အဲ့ဒီ့ေနာက္ပိုင္းမွာေတာ့ Nick ဟာ ဘယ္လိုဒုကၡေတြကို ႀကဳံေတြ႕ရမလည္းဆိုတာ စိတ္လႈပ္ရွားဖြယ္ရာ ၾကည့္ရႈရမွာ ျဖစ္ပါတယ္။

(1) Good Will Hunting
photo via imdb

ဒီဇာတ္လမ္းကေတာ့ ၁၉၉၇ ခုႏွစ္မွာ ထြက္ခဲ့ၿပီးေတာ့ IMDb (8.3) ရရွိထားပါတယ္။ ဒီကားထဲမွာေတာ့ Ben ဟာ Matt Damon နဲ႔အတူတူ ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။ Matt Damon ဟာ Will Hunting ဆိုတဲ့ဇာတ္ေကာင္ေနရာမွာ သ႐ုပ္ေဆာင္ထားၿပီးေတာ့ သူ႔ရဲ႕ဇာတ္ေကာင္ဟာ သခ်ၤာပညာရပ္မွာ အရမ္းကိုထူးခြၽန္တဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း သူဟာ အေၾကာင္းတစ္ခုခုေၾကာင့္ စိတ္ခံစားခ်က္ေတြ ထိန္းမရျဖစ္လာတဲ့အခ်ိန္မွာေတာ့ စိတ္ေရာဂါကုဆရာဝန္တစ္ေယာက္ဆီကေန အႀကံဉာဏ္ေတြကို ေတာင္းၿပီးေတာ့ ေရွ႕ဆက္ရပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular