HomeEntertainmentFilmBenedict Cumberbatch ကို ကောင်းဘွိုင်အဖြစ် မြင်တွေ့ရမယ့် Power of the Dog ရုပ်ရှင်

Benedict Cumberbatch ကို ကောင်းဘွိုင်အဖြစ် မြင်တွေ့ရမယ့် Power of the Dog ရုပ်ရှင်

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Benedict Cumberbatch ရဲ့ Power of the Dog လို့ အမည်ရတဲ့ ရုပ်ရှင်သစ်တစ်ကားကိုတော့ မကြာသေးခင်ကပဲ Netflix က ထွေလာ ထုတ်ပေးလိုက်ပါတယ်။

ဒီဇာတ်ကားဟာ ၁၉၆၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ Thomas Savage ရဲ့ အမည်တူဝတ္ထုကို မှီငြမ်းပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။ ဒါရိုက်တာ Jane Campion ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပြီး သရုပ်ဆောင်တွေကတော့ Benedict Cumberbatch ၊ Kirsten Dunst ၊ Jesse Plemons နဲ့ Kodi Smit-McPhee တို့က အဓိက ပါဝင်ထားပါတယ်။

Photo via IMDb

ဇာတ်လမ်းကတော့ (၂၀)ရာစုအစောပိုင်း Montana ပြည်နယ်မှာ အခြေတည်ထားပါတယ်။ Phil Burbank (Benedict Cumberbatch) ဟာ ဩဇာတိက္ကမ ကြီးမားပြီး သူ့ပတ်ဝန်းကျင်က လူတွေ လေးစားကြောက်ရွံ့ရတဲ့ မွေးမြူရေးခြံပိုင်ရှင် ဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ သူ့ရဲ့ ညီဖြစ်သူက မိန်းမနဲ့ ကလေးတစ်ယောက်ကို ခေါ်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Phil Burbank ဟာ အဲဒီမိန်းမနဲ့ ကလေးကို စိတ်ပိုင်းဆိုင်ရာအရ ညှင်းပန်းနှိပ်စက်ပါတော့တယ်။

ဒီရုပ်ရှင်ဇာတ်ကားရဲ့ အထူးပွဲကိုတော့ (၇၈)ကြိမ်မြောက် Venice နိုင်ငံတကာ ရုပ်ရှင်ပွဲတော်နဲ့ Toronto ရုပ်ရှင်ပွဲတော်တို့မှာ ပြသသွားမှာ ဖြစ်ပြီး Netflix မှာတော့ ဒီဇင်ဘာလ(၁)ရက်နေ့မှာ စတင်ပြသမယ်လို့ သိရပါတယ်။

Glasgow

Source: screenrant/ wiki

(Zawgyi Version)

Benedict Cumberbatch ရဲ႕ Power of the Dog လို႔ အမည္ရတဲ့ ႐ုပ္ရွင္သစ္တစ္ကားကိုေတာ့ မၾကာေသးခင္ကပဲ Netflix က ေထြလာ ထုတ္ေပးလိုက္ပါတယ္။

ဒီဇာတ္ကားဟာ ၁၉၆၇ ခုႏွစ္က ထြက္ရွိခဲ့တဲ့ Thomas Savage ရဲ႕ အမည္တူဝတၳဳကို မွီျငမ္းၿပီး ႐ိုက္ကူးထားတဲ့ ဇာတ္ကားလည္း ျဖစ္ပါတယ္။ ဒါ႐ိုက္တာ Jane Campion ႐ိုက္ကူးထားတဲ့ ဇာတ္ကားျဖစ္ၿပီး သ႐ုပ္ေဆာင္ေတြကေတာ့ Benedict Cumberbatch ၊ Kirsten Dunst ၊ Jesse Plemons နဲ႔ Kodi Smit-McPhee တို႔က အဓိက ပါဝင္ထားပါတယ္။

Photo via IMDb

ဇာတ္လမ္းကေတာ့ (၂၀)ရာစုအေစာပိုင္း Montana ျပည္နယ္မွာ အေျခတည္ထားပါတယ္။ Phil Burbank (Benedict Cumberbatch) ဟာ ဩဇာတိကၠမ ႀကီးမားၿပီး သူ႔ပတ္ဝန္းက်င္က လူေတြ ေလးစားေၾကာက္႐ြံ႕ရတဲ့ ေမြးျမဴေရးၿခံပိုင္ရွင္ ျဖစ္ပါတယ္။ ဒီလိုနဲ႔ တစ္ရက္မွာေတာ့ သူ႔ရဲ႕ ညီျဖစ္သူက မိန္းမနဲ႔ ကေလးတစ္ေယာက္ကို ေခၚလာခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ Phil Burbank ဟာ အဲဒီမိန္းမနဲ႔ ကေလးကို စိတ္ပိုင္းဆိုင္ရာအရ ညႇင္းပန္းႏွိပ္စက္ပါေတာ့တယ္။

ဒီ႐ုပ္ရွင္ဇာတ္ကားရဲ႕ အထူးပြဲကိုေတာ့ (၇၈)ႀကိမ္ေျမာက္ Venice ႏိုင္ငံတကာ ႐ုပ္ရွင္ပြဲေတာ္နဲ႔ Toronto ႐ုပ္ရွင္ပြဲေတာ္တို႔မွာ ျပသသြားမွာ ျဖစ္ၿပီး Netflix မွာေတာ့ ဒီဇင္ဘာလ(၁)ရက္ေန႔မွာ စတင္ျပသမယ္လို႔ သိရပါတယ္။

Glasgow

Source: screenrant/ wiki

RELATED ARTICLES

Most Popular