HomeEntertainmentFilmSpider-Man 3 မှာ ပါဝင်လာမယ့် Dr. Strange 

Spider-Man 3 မှာ ပါဝင်လာမယ့် Dr. Strange 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

MCU ရဲ့ တတိယမြောက် ထွက်ရှိလာမယ့် Spider-Man ရုပ်ရှင်ဇာတ်ကားမှာတော့ မင်းသား Benedict Cumberbatch ဟာ Dr. Strange ဇာတ်ကောင်နဲ့ ပါဝင်လာဦးမယ်လို့ သိရပါတယ်။

Hollywood Reporter သတင်းဌာနရဲ့ ဖော်ပြချက်အရ Dr. Strange ဟာ Peter Parker ရဲ့ဘဝမှာ တစ်ချိန်က နေရာယူခဲ့ဖူးတဲ့ Tony Stark ရဲ့နေရာကို ဝင်ရောက်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်က ရုံတင်ပြသခဲ့တဲ့ Spider-Man: Far From Home ဟာ MCU ရဲ့ ဒုတိယမြောက် Spider-Man ဇာတ်ကားဖြစ်ပြီး အဲ့ဒီ့ထဲမှာတော့ Peter Parker ရဲ့ သရုပ်မှန်ကို လူထုက သိရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

Photo via IMDb

Spider-Man: Far From Home ဟာ Peter Parker အနေနဲ့ Tony Stark ရဲ့အရိပ်အောက်ကနေ ရုန်းထွက်ပြီး သူ့ရဲ့ကိုယ်ပိုင်လမ်းကြောင်းကို ရှာဖွေတဲ့ ဇာတ်လမ်းလည်း ဖြစ်ပါတယ်။ ဒီအခါမှာ Peter Parker ကြုံတွေ့လာရမယ့် အခက်အခဲနဲ့ ပြဿနာတွေအတွက် Dr. Strange က ဝင်ရောက်ပြီး ကူညီဖေးမမယ့် သဘောတရားမှာ ရှိနေပါတယ်။

ယခုလက်ရှိမှာတော့ မင်းသား Benedict Cumberbatch ဟာ ၂၀၁၆ခုနှစ်က ထွက်ရှိခဲ့တဲ့ Doctor Strange ဇာတ်ကားရဲ့ အဆက်ဖြစ်တဲ့ Doctor Strange and the Multiverse of Madness လို့ အမည်ပေးထားတဲ့ ဇာတ်ကားကို သရုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

Photo via IMDb

လာမယ့် Spider-Man 3 ရုပ်ရှင်ကိုတော့ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၁၇)ရက်နေ့မှာ ရုံတင်ပြသဖို့ လျာထားပေမယ့် လက်ရှိ ကိုဗစ်ကပ်ရောဂါ အခြေအနေအရ ရုံတင်ရက်ဟာ နောက်ဆုတ်ချင်လည်း ဆုတ်သွားနိုင်ပါတယ်။ Doctor Strange and the Multiverse of Madness ကတော့ ၂၀၂၂ခုနှစ် မတ်လ(၂၅)ရက်နေ့မှာ ရုံတင်ပြသဖို့ စီစဉ်ထားပါတယ်။

Glasgow

Source: indian express

(Zawgyi Version)

MCU ရဲ႕ တတိယေျမာက္ ထြက္ရွိလာမယ့္ Spider-Man ႐ုပ္ရွင္ဇာတ္ကားမွာေတာ့ မင္းသား Benedict Cumberbatch ဟာ Dr. Strange ဇာတ္ေကာင္နဲ႔ ပါဝင္လာဦးမယ္လို႔ သိရပါတယ္။

Hollywood Reporter သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ Dr. Strange ဟာ Peter Parker ရဲ႕ဘဝမွာ တစ္ခ်ိန္က ေနရာယူခဲ့ဖူးတဲ့ Tony Stark ရဲ႕ေနရာကို ဝင္ေရာက္လာမွာ ျဖစ္တယ္လို႔ သိရပါတယ္။ ၿပီးခဲ့တဲ့ႏွစ္က ႐ုံတင္ျပသခဲ့တဲ့ Spider-Man: Far From Home ဟာ MCU ရဲ႕ ဒုတိယေျမာက္ Spider-Man ဇာတ္ကားျဖစ္ၿပီး အဲ့ဒီ့ထဲမွာေတာ့ Peter Parker ရဲ႕ သ႐ုပ္မွန္ကို လူထုက သိရွိသြားခဲ့ၿပီ ျဖစ္ပါတယ္။

Photo via IMDb

Spider-Man: Far From Home ဟာ Peter Parker အေနနဲ႔ Tony Stark ရဲ႕အရိပ္ေအာက္ကေန ႐ုန္းထြက္ၿပီး သူ႔ရဲ႕ကိုယ္ပိုင္လမ္းေၾကာင္းကို ရွာေဖြတဲ့ ဇာတ္လမ္းလည္း ျဖစ္ပါတယ္။ ဒီအခါမွာ Peter Parker ႀကဳံေတြ႕လာရမယ့္ အခက္အခဲနဲ႔ ျပႆနာေတြအတြက္ Dr. Strange က ဝင္ေရာက္ၿပီး ကူညီေဖးမမယ့္ သေဘာတရားမွာ ရွိေနပါတယ္။

ယခုလက္ရွိမွာေတာ့ မင္းသား Benedict Cumberbatch ဟာ ၂၀၁၆ခုႏွစ္က ထြက္ရွိခဲ့တဲ့ Doctor Strange ဇာတ္ကားရဲ႕ အဆက္ျဖစ္တဲ့ Doctor Strange and the Multiverse of Madness လို႔ အမည္ေပးထားတဲ့ ဇာတ္ကားကို သ႐ုပ္ေဆာင္ရမွာ ျဖစ္ပါတယ္။

Photo via IMDb

လာမယ့္ Spider-Man 3 ႐ုပ္ရွင္ကိုေတာ့ ၂၀၂၁ခုႏွစ္ ဒီဇင္ဘာလ(၁၇)ရက္ေန႔မွာ ႐ုံတင္ျပသဖို႔ လ်ာထားေပမယ့္ လက္ရွိ ကိုဗစ္ကပ္ေရာဂါ အေျခအေနအရ ႐ုံတင္ရက္ဟာ ေနာက္ဆုတ္ခ်င္လည္း ဆုတ္သြားႏိုင္ပါတယ္။ Doctor Strange and the Multiverse of Madness ကေတာ့ ၂၀၂၂ခုႏွစ္ မတ္လ(၂၅)ရက္ေန႔မွာ ႐ုံတင္ျပသဖို႔ စီစဥ္ထားပါတယ္။

Glasgow

Source: indian express

RELATED ARTICLES

Most Popular