HomeCelebs Update NewsInternationalဒါရိုက်တာ လုပ်ချင်သေးတယ်ဆိုတဲ့ Benedict Cumberbatch

ဒါရိုက်တာ လုပ်ချင်သေးတယ်ဆိုတဲ့ Benedict Cumberbatch

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Benedict Cumberbatch ဟာ Doctor Strange နဲ့ တခြားဇာတ်ကောင်တွေနေရာမှာ သရုပ်ဆောင်နေရတာကြောင့် မအားမလပ် ဖြစ်နေပေမယ့်လည်း ဒါရိုက်တာ လုပ်ချင်ပါသေးတယ်လို့ ပြောလာပါတယ်။

Benedict Cumberbatch ကတော့ BBC ရုပ်သံလိုင်းမှာ ထုတ်လွှင့်ခဲ့တဲ့ Sherlock ဇာတ်လမ်းတွဲနဲ့ MCU က Doctor Strange တို့အဖြစ် ပရိသတ်တွေကြားမှာ ရေပန်းစားပါတယ်။ Benedict ဟာ ၂၀၂၁ ခုနှစ်အတွင်းမှာတင် ပရောဂျက်များစွာ ရိုက်ကူးခဲ့တာပါ။ ယခုနှစ်အတွင်း ထွက်ရှိထားတဲ့ သူ့ရဲ့ ဇာတ်ကားသစ်တွေနဲ့ နောက်ထပ် ထွက်ရှိလာဦးမယ့် ဇာတ်ကားတွေကတော့  The Mauritanian ၊ Power of the Dog ၊ The Electrical Life of Louis Wain ၊ What If…? နဲ့ Spider-Man: No Way Home တို့ပဲ ဖြစ်ပါတယ်။

photo via screenrant

Benedict ဟာ Entertainment နယ်ပယ်မှာ ပုံစံအမျိူးမျိူးနဲ့ ကျင်လည်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ သူဟာ ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်ခဲ့ဖူးသလို Sherlock အဖြစ် သရုပ်မဆောင်ခင်တုန်းကတော့ ပြဇာတ်တွေမှာလည်း ပါဝင်ခဲ့ဖူးပါတယ်။ ဒါ့အပြင် ရေဒီယိုတွေမှာလည်း အသံပါဝင်ခဲ့ဖူးသလို National Geographic နဲ့ တခြားရုပ်သံလိုင်းတွေမှာလည်း ဇာတ်ကြောင်းပြောသူအဖြစ် ကျင်လည်ခဲ့ဖူးပါတယ်။

Podcast တစ်ခုမှာတော့ အင်တာဗျူးသူဟာ Benedict Cumberbatch ကို ဒါရိုက်တာရော လုပ်ချင်လားလို့ မေးမြန်းခဲ့ပြီး Benedict ကလည်း လုပ်ချင်ပါတယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဘယ်အချိန်လောက်မှာ ဒါရိုက်တာအဖြစ် စတင်ပြုလုပ်မလည်းလို့ မေးတဲ့အချိန်မှာတော့ “နောက်ထပ် နှစ်အနည်းငယ်အထိတော့ လုပ်ဖြစ်ဦးမှာ မဟုတ်ပါဘူး …” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဒါ့အပြင် သူဟာ ဒါရိုက်တာအဖြစ် စတင်တဲ့အချိန်မှာတော့ Blockbuster တွေ မဟုတ်ဘဲ သာမန်ရုပ်ရှင်လေးတွေနဲ့ စတင်ချင်ပါတယ်လို့ ပြောသွားပါတယ်။

photo via screenrant

Benedict ရဲ့ ဒါရိုက်တာ ပြုလုပ်မယ့် အစီအစဉ်ဟာ လောလောဆယ်မှာတော့ မဖြစ်လာသေးပေမယ့်လည်း သူဟာ ကင်မရာနောက်ကွယ်က အရာတွေနဲ့ ရင်းနှီးပြီးသား လူတစ်ယောက် ဖြစ်ပါတယ်။ အကြောင်းကတော့ သူဟာ သူ့ရဲ့သူငယ်ချင်းဖြစ်သူ Adam Ackland နဲ့အတူ SunnyMarch ဆိုတဲ့ Production Company တစ်ခု တည်ထောင်ထားတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့်လည်း နာမည်ကြီးဇာတ်လမ်းတွဲတွေဖြစ်တဲ့ The Courier နဲ့ Patrick Melrose တို့မှာ Benedict ဟာ Production အနေနဲ့ရော၊ သရုပ်ဆောင်အနေနဲ့ပါ ပါဝင်ခဲ့ပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

Benedict Cumberbatch ဟာ Doctor Strange နဲ႔ တျခားဇာတ္ေကာင္ေတြေနရာမွာ သ႐ုပ္ေဆာင္ေနရတာေၾကာင့္ မအားမလပ္ ျဖစ္ေနေပမယ့္လည္း ဒါရိုက္တာ လုပ္ခ်င္ပါေသးတယ္လို႔ ေျပာလာပါတယ္။

Benedict Cumberbatch ကေတာ့ BBC ႐ုပ္သံလိုင္းမွာ ထုတ္လႊင့္ခဲ့တဲ့ Sherlock ဇာတ္လမ္းတြဲနဲ႔ MCU က Doctor Strange တို႔အျဖစ္ ပရိသတ္ေတြၾကားမွာ ေရပန္းစားပါတယ္။ Benedict ဟာ ၂၀၂၁ ခုႏွစ္အတြင္းမွာတင္ ပေရာဂ်က္မ်ားစြာ ရိုက္ကူးခဲ့တာပါ။ ယခုႏွစ္အတြင္း ထြက္ရွိထားတဲ့ သူ႔ရဲ့ ဇာတ္ကားသစ္ေတြနဲ႔ ေနာက္ထပ္ ထြက္ရွိလာဦးမယ့္ ဇာတ္ကားေတြကေတာ့  The Mauritanian ၊ Power of the Dog ၊ The Electrical Life of Louis Wain ၊ What If…? နဲ႔ Spider-Man: No Way Home တို႔ပဲ ျဖစ္ပါတယ္။

photo via screenrant

Benedict ဟာ Entertainment နယ္ပယ္မွာ ပုံစံအမ်ိဴးမ်ိဴးနဲ႔ က်င္လည္ခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ သူဟာ ႐ုပ္ရွင္နဲ႔ ဇာတ္လမ္းတြဲေတြမွာ ပါဝင္ခဲ့ဖူးသလို Sherlock အျဖစ္ သ႐ုပ္မေဆာင္ခင္တုန္းကေတာ့ ျပဇာတ္ေတြမွာလည္း ပါဝင္ခဲ့ဖူးပါတယ္။ ဒါ့အျပင္ ေရဒီယိုေတြမွာလည္း အသံပါဝင္ခဲ့ဖူးသလို National Geographic နဲ႔ တျခား႐ုပ္သံလိုင္းေတြမွာလည္း ဇာတ္ေၾကာင္းေျပာသူအျဖစ္ က်င္လည္ခဲ့ဖူးပါတယ္။

Podcast တစ္ခုမွာေတာ့ အင္တာဗ်ဴးသူဟာ Benedict Cumberbatch ကို ဒါရိုက္တာေရာ လုပ္ခ်င္လားလို႔ ေမးျမန္းခဲ့ၿပီး Benedict ကလည္း လုပ္ခ်င္ပါတယ္လို႔ ျပန္လည္ေျဖၾကားခဲ့ပါတယ္။ ဘယ္အခ်ိန္ေလာက္မွာ ဒါရိုက္တာအျဖစ္ စတင္ျပဳလုပ္မလည္းလို႔ ေမးတဲ့အခ်ိန္မွာေတာ့ “ေနာက္ထပ္ ႏွစ္အနည္းငယ္အထိေတာ့ လုပ္ျဖစ္ဦးမွာ မဟုတ္ပါဘူး …” လို႔ ျပန္လည္ေျဖၾကားခဲ့ပါတယ္။ ဒါ့အျပင္ သူဟာ ဒါရိုက္တာအျဖစ္ စတင္တဲ့အခ်ိန္မွာေတာ့ Blockbuster ေတြ မဟုတ္ဘဲ သာမန္႐ုပ္ရွင္ေလးေတြနဲ႔ စတင္ခ်င္ပါတယ္လို႔ ေျပာသြားပါတယ္။

photo via screenrant

Benedict ရဲ့ ဒါရိုက္တာ ျပဳလုပ္မယ့္ အစီအစဥ္ဟာ ေလာေလာဆယ္မွာေတာ့ မျဖစ္လာေသးေပမယ့္လည္း သူဟာ ကင္မရာေနာက္ကြယ္က အရာေတြနဲ႔ ရင္းႏွီးၿပီးသား လူတစ္ေယာက္ ျဖစ္ပါတယ္။ အေၾကာင္းကေတာ့ သူဟာ သူ႔ရဲ့သူငယ္ခ်င္းျဖစ္သူ Adam Ackland နဲ႔အတူ SunnyMarch ဆိုတဲ့ Production Company တစ္ခု တည္ေထာင္ထားတာေၾကာင့္ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း နာမည္ႀကီးဇာတ္လမ္းတြဲေတြျဖစ္တဲ့ The Courier နဲ႔ Patrick Melrose တို႔မွာ Benedict ဟာ Production အေနနဲ႔ေရာ၊ သ႐ုပ္ေဆာင္အေနနဲ႔ပါ ပါဝင္ခဲ့ပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular