HomeUncategorizedအမိႈက္ထဲက ေရႊျဖစ္ေစမယ့္ ငွက္ေပ်ာခြံေတြရဲ႕ အသုံး၀င္ပုံမ်ား

အမိႈက္ထဲက ေရႊျဖစ္ေစမယ့္ ငွက္ေပ်ာခြံေတြရဲ႕ အသုံး၀င္ပုံမ်ား

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ရှုပါ။

သဘာ၀အသီးအႏွံေတြမွာ ထင္မွတ္မထားတဲ့ အစြမ္းသတၱိေတြ ျပည့္ႏွက္ေနတာေၾကာင့္ အလွအပေရးရာေတြမွာ ထည့္သြင္းအသုံးျပဳလို႔ရတာ သိၾကမွာပါ။ ဒါေပမယ့္ အသုံးမက်ေလာက္ပါဘူးလို႔ ထင္ၿပီး သင္အၿမဲတမ္း လႊင့္ပစ္ေနတဲ့ ငွက္ေပ်ာသီးအခြံေတြရဲ႕ အစြမ္းေတြကိုေရာ သိပါသလား။ ပ်ိဳေမတို႔ရဲ႕ အလွအပေရးရာေတြမွာ က႑စုံစုံလင္လင္ အသုံးျပဳလို႔ရတဲ့ ငွက္ေပ်ာသီးအခြံေတြရဲ႕ အသုံး၀င္ပုံေတြကေတာ့ ….

သြားေလးေတြကို ျဖဴေဖြး၀င္းပေစပါတယ္။

ငွက္ေပ်ာခြံနဲ႔ သင့္ရဲ႕သြားေတြကို တစ္မိနစ္ေလာက္ ပြတ္တိုက္ေပးရုံပါပဲ။ ေန႔စဥ္ေန႔တိုင္း ျပဳလုပ္မယ္ဆိုရင္ တစ္ပတ္ေလာက္ၾကာတဲ့အခါ အဖိုးအခ တစ္ျပားမွ မကုန္ဘဲ ျဖဴေဖြးေတာက္ပေနတဲ့ သြားလွလွေလးေတြကို ပိုင္ဆိုင္ရမွာပါ။

ၾကြက္ႏို႔၊ အသားမာေတြကို ဖယ္ရွားေပးပါတယ္။

လူမသိေသးတဲ့ ငွက္ေပ်ာခြံရဲ႕ အစြမ္းတစ္ခုကေတာ့ ၾကြက္ႏို႔နဲ႔ အျခားေသာ အသားမာေတြကို ဖယ္ရွားေပးၿပီး ေနာက္ထပ္ ျဖစ္မလာေအာင္ တားဆီးကာကြယ္ေပးတာပါပဲ။ ျပဳလုပ္နည္းကေတာ့ ျဖစ္တဲ့ေနရာကို ငွက္ေပ်ာခြံနဲ႔ ပြတ္တိုက္ေပးပါ။ ဒါမွမဟုတ္ ငွက္ေပ်ာခြံနဲ႔ တစ္ညေလာက္ ပတ္စည္းေပးထားလိုက္ရုံပါပဲ။

Photo: pixabay
၀က္ၿခံေတြကို ေပ်ာက္ကင္းေစပါတယ္။

ငွက္ေပ်ာခြံကို မ်က္ႏွာေပၚမွာ ကပ္ၿပီး အေပၚကေန ညင္ညင္သာသာေလး ႏွိပ္နယ္ေပးမယ္ဆိုရင္ ၀က္ၿခံေတြ တျဖည္းျဖည္းနဲ႔ ေလ်ာ႔ပါးသက္သာလာမွာပါ။ ေန႔တိုင္းျပဳလုပ္ေပးမယ္ဆိုရင္ တစ္ပတ္ေလာက္ၾကာတဲ့အခါ သိသာတဲ့ရလဒ္ကို ေတြ႕ရပါလိမ့္မယ္။

အေရးအေၾကာင္းေတြ ေပ်ာက္ကင္းေစပါတယ္။

ငွက္ေပ်ာခြံဟာ အသားအေရကို ေရဓာတ္ျဖည့္တင္းေပးႏိုင္ပါတယ္။ ငွက္ေပ်ာခြံကို ေက်ညက္ေအာင္ ေထာင္းၿပီး ၾကက္ဥအႏွစ္နဲ႔ ေရာကာ မ်က္ႏွာေပၚကို လိမ္းက်ံေပးပါ။ ငါးမိနစ္ခန္႔ ၾကာတဲ့အခါ ေရနဲ႔ ျပန္ေဆးခ်ေပးပါ။ ပုံမွန္ျပဳလုပ္ေပးမယ္ဆိုရင္ မ်က္ႏွာေပၚမွာ အေရးအေၾကာင္းေတြ ေလ်ာ႔ပါးလာတာ ေတြ႕ရပါလိမ့္မယ္။

အကိုက္အခဲေပ်ာက္ေစပါတယ္။

နာက်င္ကိုက္ခဲေနတဲ့ ေနရာကို ငွက္ေပ်ာခြံနဲ႔ ကပ္ထားေပးပါ။ နာရီ၀က္ခန္႔ ၾကာတဲ့အခါ နာက်င္မႈ သိသာစြာ ေလ်ာ႔နည္းလာမွာပါ။

Photo: pixabay
အင္ျပင္ေတြကို ေပ်ာက္ကင္းေစပါတယ္။

တစ္ခါတစ္ရံမွာ နီရဲၿပီး ေရာင္ရမ္းေနတဲ့ အင္ျပင္ေတြ ျပင္လိုက္ ထြက္တတ္ပါတယ္။ ဒီအခါမွာ ယားယံမႈသက္သာေအာင္ ျဖစ္တဲ့ေနရာကို ငွက္ေပ်ာခြံ ကပ္ေပးလို႔ရပါတယ္။ ေရဓာတ္အျပည့္ ပါတာေၾကာင့္ ေျခာက္ေသြ႕ၿပီး ယားယံေနတဲ့ အင္ျပင္ေတြကို သက္သာသြားေစမွာပါ။

အေရာင္တင္တဲ့ေနရာမွာ သုံးႏိုင္ပါတယ္။

လည္သာဖိနပ္ေတြ၊ ေငြထည္ပစၥည္းေတြကို ေတာက္ေျပာင္ဖို႔အတြက္ဆိုရင္ ငွက္ေပ်ာခြံနဲ႔ ပြတ္တိုက္ေပးႏိုင္ပါတယ္။ ေတာက္ပၿပီး အသစ္အတိုင္း သစ္လြင္ေနေစမွာပါ။

ငွက္ေပ်ာခြံကို သုံးေတာ့မယ္ဆိုရင္ ဒါေလးေတြ သတိျပဳပါ။

  • လတ္လတ္ဆတ္ဆတ္ ႏႊာၿပီးကာစ ငွက္ေပ်ာခြံကိုသာ အသုံးျပဳပါ။
  • ငွက္ေပ်ာသီးေတြကို ေအးျမၿပီး ေျခာက္ေသြ႕တဲ့ေနရာမွာသာ သိမ္းဆည္းပါ။ ေနေရာင္ျခည္ တိုက္ရိုက္က်တဲ့ေနရာမွာ မထားပါနဲ႔။
  • ငွက္ေပ်ာခြံကို ေရခဲေသတၱာထဲမွာ မသိမ္းပါနဲ႔။

Xei

Source: stylecraze

(Unicode Version)

သဘာဝအသီးအနှံတွေမှာ ထင်မှတ်မထားတဲ့ အစွမ်းသတ္တိတွေ ပြည့်နှက်နေတာကြောင့် အလှအပရေးရာတွေမှာ ထည့်သွင်းအသုံးပြုလို့ရတာ သိကြမှာပါ။ ဒါပေမယ့် အသုံးမကျလောက်ပါဘူးလို့ ထင်ပြီး သင်အမြဲတမ်း လွှင့်ပစ်နေတဲ့ ငှက်ပျောသီးအခွံတွေရဲ့ အစွမ်းတွေကိုရော သိပါသလား။ ပျိုမေတို့ရဲ့ အလှအပရေးရာတွေမှာ ကဏ္ဍစုံစုံလင်လင် အသုံးပြုလို့ရတဲ့ ငှက်ပျောသီးအခွံတွေရဲ့ အသုံးဝင်ပုံတွေကတော့ ….

သွားလေးတွေကို ဖြူဖွေးဝင်းပစေပါတယ်။

ငှက်ပျောခွံနဲ့ သင့်ရဲ့သွားတွေကို တစ်မိနစ်လောက် ပွတ်တိုက်ပေးရုံပါပဲ။ နေ့စဉ်နေ့တိုင်း ပြုလုပ်မယ်ဆိုရင် တစ်ပတ်လောက်ကြာတဲ့အခါ အဖိုးအခ တစ်ပြားမှ မကုန်ဘဲ ဖြူဖွေးတောက်ပနေတဲ့ သွားလှလှလေးတွေကို ပိုင်ဆိုင်ရမှာပါ။

ကြွက်နို့၊ အသားမာတွေကို ဖယ်ရှားပေးပါတယ်။

လူမသိသေးတဲ့ ငှက်ပျောခွံရဲ့ အစွမ်းတစ်ခုကတော့ ကြွက်နို့နဲ့ အခြားသော အသားမာတွေကို ဖယ်ရှားပေးပြီး နောက်ထပ် ဖြစ်မလာအောင် တားဆီးကာကွယ်ပေးတာပါပဲ။ ပြုလုပ်နည်းကတော့ ဖြစ်တဲ့နေရာကို ငှက်ပျောခွံနဲ့ ပွတ်တိုက်ပေးပါ။ ဒါမှမဟုတ် ငှက်ပျောခွံနဲ့ တစ်ညလောက် ပတ်စည်းပေးထားလိုက်ရုံပါပဲ။

Photo: pixabay
ဝက်ခြံတွေကို ပျောက်ကင်းစေပါတယ်။

ငှက်ပျောခွံကို မျက်နှာပေါ်မှာ ကပ်ပြီး အပေါ်ကနေ ညင်ညင်သာသာလေး နှိပ်နယ်ပေးမယ်ဆိုရင် ဝက်ခြံတွေ တဖြည်းဖြည်းနဲ့ လျော့ပါးသက်သာလာမှာပါ။ နေ့တိုင်းပြုလုပ်ပေးမယ်ဆိုရင် တစ်ပတ်လောက်ကြာတဲ့အခါ သိသာတဲ့ရလဒ်ကို တွေ့ရပါလိမ့်မယ်။

အရေးအကြောင်းတွေ ပျောက်ကင်းစေပါတယ်။

ငှက်ပျောခွံဟာ အသားအရေကို ရေဓာတ်ဖြည့်တင်းပေးနိုင်ပါတယ်။ ငှက်ပျောခွံကို ကျေညက်အောင် ထောင်းပြီး ကြက်ဥအနှစ်နဲ့ ရောကာ မျက်နှာပေါ်ကို လိမ်းကျံပေးပါ။ ငါးမိနစ်ခန့် ကြာတဲ့အခါ ရေနဲ့ ပြန်ဆေးချပေးပါ။ ပုံမှန်ပြုလုပ်ပေးမယ်ဆိုရင် မျက်နှာပေါ်မှာ အရေးအကြောင်းတွေ လျော့ပါးလာတာ တွေ့ရပါလိမ့်မယ်။

အကိုက်အခဲပျောက်စေပါတယ်။

နာကျင်ကိုက်ခဲနေတဲ့ နေရာကို ငှက်ပျောခွံနဲ့ ကပ်ထားပေးပါ။ နာရီဝက်ခန့် ကြာတဲ့အခါ နာကျင်မှု သိသာစွာ လျော့နည်းလာမှာပါ။

Photo: pixabay
အင်ပြင်တွေကို ပျောက်ကင်းစေပါတယ်။

တစ်ခါတစ်ရံမှာ နီရဲပြီး ရောင်ရမ်းနေတဲ့ အင်ပြင်တွေ ပြင်လိုက် ထွက်တတ်ပါတယ်။ ဒီအခါမှာ ယားယံမှုသက်သာအောင် ဖြစ်တဲ့နေရာကို ငှက်ပျောခွံ ကပ်ပေးလို့ရပါတယ်။ ရေဓာတ်အပြည့် ပါတာကြောင့် ခြောက်သွေ့ပြီး ယားယံနေတဲ့ အင်ပြင်တွေကို သက်သာသွားစေမှာပါ။

အရောင်တင်တဲ့နေရာမှာ သုံးနိုင်ပါတယ်။

လည်သာဖိနပ်တွေ၊ ငွေထည်ပစ္စည်းတွေကို တောက်ပြောင်ဖို့အတွက်ဆိုရင် ငှက်ပျောခွံနဲ့ ပွတ်တိုက်ပေးနိုင်ပါတယ်။ တောက်ပပြီး အသစ်အတိုင်း သစ်လွင်နေစေမှာပါ။

ငှက်ပျောခွံကို သုံးတော့မယ်ဆိုရင် ဒါလေးတွေ သတိပြုပါ။

  • လတ်လတ်ဆတ်ဆတ် နွှာပြီးကာစ ငှက်ပျောခွံကိုသာ အသုံးပြုပါ။
  • ငှက်ပျောသီးတွေကို အေးမြပြီး ခြောက်သွေ့တဲ့နေရာမှာသာ သိမ်းဆည်းပါ။ နေရောင်ခြည် တိုက်ရိုက်ကျတဲ့နေရာမှာ မထားပါနဲ့။
  • ငှက်ပျောခွံကို ရေခဲသေတ္တာထဲမှာ မသိမ်းပါနဲ့။

Xei

Source: stylecraze

 

RELATED ARTICLES

Most Popular