HomeEntertainmentFilmလေကြောင်းတိုက်ပွဲတွေအကြောင်း ဖန်တီးထားတဲ့ အကောင်းဆုံးရုပ်ရှင်များ

လေကြောင်းတိုက်ပွဲတွေအကြောင်း ဖန်တီးထားတဲ့ အကောင်းဆုံးရုပ်ရှင်များ

စစ်ကားတွေကတော့ ရုပ်ရှင်ချစ်ပရိသတ်တွေနဲ့ မစိမ်းတဲ့ ရုပ်ရှင်အမျိူးအစားတစ်ခုပဲ ဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်းမှာတော့ စစ်ကားတွေ ထွက်ရှိနေပေမယ့်လည်း လေကြောင်းတိုက်ပွဲအကြောင်း ဖန်တီးထားတဲ့ ရုပ်ရှင်တွေကတော့ သိပ်အများကြီး မရှိပါဘူး။ မကြာခင်က ထွက်ရှိခဲ့တဲ့ မင်းသားကြီး Tom Cruise ရဲ့ Top Gun: Maverick ဆိုရင်လည်း လေကြောင်းတိုက်ပွဲတွေအကြောင်း ပြသထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Top Gun လိုပဲ လေကြောင်းတိုက်ပွဲတွေအကြောင်း ဖန်တီးထားတဲ့ ရုပ်ရှင်ကားကောင်းအချို့ကို ဖော်ပြပေးချင်ပါတယ်။

(6) Devotion

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၂၂ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (6.6) ရရှိထားပါတယ်။ ဒီရုပ်ရှင်ကတော့ အမေရိကန်ရေတပ်သမိုင်းရဲ့ ပထမဆုံးသောလူမည်း Pilot တစ်ယောက်ဖြစ်တဲ့ Jesse Brown ရဲ့အကြောင်းကို ပြန်လည်ဖန်တီးထားတာ ဖြစ်ပါတယ်။ Jesse Brown ရဲ့သူငယ်ချင်းဖြစ်သူ Pilot Tom Hudner တို့ဟာ ကြမ်းတမ်းလွန်းတဲ့ ကိုရီးယားစစ်ပွဲအတွင်းမှာ စစ်ပွဲရဲ့ရလဒ်ကို ပြောင်းလဲအောင် ပြုလုပ်ပေးခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Jonathan Majors ၊ Glen Powell နဲ့ Serinda Swan တို့ အဓိကပါဝင်ထားကြပါတယ်။

(5) Memphis Belle

photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၉၀ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (6.9) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတာပါ။ ဒုတိယကမ္ဘာစစ်အတွင်းမှာ လူငယ် Pilot တစ်ယောက်ဟာ အန္တရာယ်များတဲ့ မစ်ရှင်တစ်ခုကို ပြုလုပ်ဖို့ တာဝန်ကျလာပါတယ်။ အဲဒီမစ်ရှင်ကတော့ အလွန်ခိုင်မာပြီး ခံစစ်ကောင်းလွန်းတဲ့ မြို့တစ်ခုကို ဗုံးသွားကြဲရမှာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Matthew Modine ၊ Eric Stoltz နဲ့ Sean Astin တို့ ပါဝင်ထားကြပြီး BAFTA ဆုတစ်ဆုအတွက် စံကာတင်စာရင်း ဝင်ခဲ့ပါတယ်။

(4) Top Gun

photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၈၆ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (6.9) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Pilot Maverick ဟာ သူ့ရဲ့တွဲဖက် Pilot ကို ဆုံးရှုံးသွားပြီး နောက်မှာတော့ သူ့ကိုယ်သူ ပြန်လည်အဖတ်ဆယ်ဖို့ ဒုတိယအကြိမ် အခွင့်အရေး ရလာပါတယ်။ ဒါကြောင့်ပဲ သူဟာ မစ်ရှင်အောင်မြင်ဖို့ အကောင်းဆုံး ကြိုးစားနေရင်း နည်းပြ Charlie နဲ့ ချစ်ကြိုက်မိသွားတာကို မြင်တွေ့ရမှာပါ။ သရုပ်ဆောင်တွေကတော့ Tom Cruise ၊ Val Kilmer နဲ့ Kelly McGillis တို့ ပါဝင်ထားကြပြီး အော်စကာ(၁)ဆုလည်း ရရှိထားပါတယ်။

(3) The Tuskegee Airmen

photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၉၅ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.1) ရရှိထားပါတယ်။ ဒီရုပ်ရှင်ကလည်း ဒုတိယကမ္ဘာစစ်အတွင်းက ဖြစ်ရပ်မှန်တွေကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ လူမည်း Pilot တစ်စုဟာ သူတို့တပ်ဖွဲ့အတွင်းက လူမျိူးရေးခွဲခြားမှုတွေနဲ့ မတရားမှုတွေကြားထဲကနေ ကြံ့ကြံ့ခံပြီး ဒုတိယကမ္ဘာစစ်အတွင်းက အကောင်းဆုံးလေကြောင်းစစ်ဆင်ရေးတပ်ဖွဲ့ ဖြစ်လာအောင် ကြိုးစားကြတာကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Laurence Fishburne ၊ Cuba Gooding Jr. နဲ့ Andre Braugher တို့ ပါဝင်ထားပြီး Primetime Emmy (၃)ဆု ရရှိထားပါတယ်။

(2) Dunkirk

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၇ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (7.8) ရရှိထားပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဇာတ်အိမ်တည်ထားပြီး ဂျာမနီတပ်တွေနဲ့ ရင်ဆိုင်နေရတဲ့ မဟာမိတ်တပ်တွေအကြောင်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဂျာမနီတွေနဲ့ ရင်ဆိုင်နေရတဲ့ မဟာမိတ်တွေဟာ Dunkirk မြို့ကနေ ဆုတ်ခွာဖို့ ကြိုးစားကြတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Harry Styles ၊ Tom Hardy နဲ့ Cillian Murphy တို့ ပါဝင်ထားပြီး အော်စကာသုံးဆု ရရှိထားပါတယ်။

(1) Top Gun: Maverick

photo via screenrant

ဒီရုပ်ရှင်ကတော့ IMDb (8.4) ရရှိထားပြီး မင်းသားကြီး Tom Cruise ရဲ့ ပထမဆုံး ဝင်ငွေဒေါ်လာ (၁)ဘီလျံကျော်တဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ပထမရုပ်ရှင်အပြီး နှစ်ပေါင်းသုံးဆယ်မှာ ဇာတ်အိမ်တည်ထားပါတယ်။ Maverick ဟာ အလွန်အန္တရာယ်များတဲ့ မစ်ရှင်တစ်ခုကို ပြုလုပ်ဖို့အတွက် လက်ရွေးစင် ပိုင်းလော့တွေကို ပြန်ထရိန်နင်ပေးရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Tom Cruise ၊ Miles Teller နဲ့ Glen Powell တို့ အဓိကပါဝင်ထားပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular