HomeEntertainmentFilmပိတ်ရက်မှာ ကောင်းကောင်းခွီရမယ့် ဟာသဇာတ်လမ်းတွဲများ

ပိတ်ရက်မှာ ကောင်းကောင်းခွီရမယ့် ဟာသဇာတ်လမ်းတွဲများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

လူတွေဟာ အလုပ်တွေနဲ့တစ်ခြားကိုယ်ရေးကိုယ်တာကိစ္စတွေကြောင့် စိတ်ပင်ပန်းတဲ့အချိန်မှာတော့ စိတ်ထွက်ပေါက်အဖြစ်နဲ့ ဟာသကားတွေကို ကြည့်လေ့ရှိကြပါတယ်။ ဒါ့အပြင် ဘယ်လိုအချိန်ပဲဖြစ်ဖြစ် ဟာသကားတွေကို ကြည့်ရတာ ကြိုက်နှစ်သက်သူတွေလည်း ရှိပါတယ်။ သာမန်ရုပ်ရှင်ကားတွေဆိုရင် တစ်ကားတည်းကြည့်ပြီးသွားတာကို မကြိုက်တဲ့သူတွေအတွက်လည်း ဒီတစ်ခါတော့ ဟာသကိုအသားပေးရိုက်ကူးထားတဲ့ စီးရီးတွေကို ဖော်ပြပေးချင်ပါတယ်။

(7) The IT Crowd
photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ ၂၀၀၆ ခုနှစ်တုန်းက ထွက်ခဲ့တာ ဖြစ်ပြီးတော့ IMDb (8.5) ရရှိထားခဲ့ပါတယ်။ ဇာတ်လမ်းကတော့ လန်ဒန်မြို့မှာရှိတဲ့ ရုံးတစ်ခုရဲ့ IT ဌာနမှာရှိတဲ့ လူတွေရဲ့အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အဲ့ဒီဌာနမှာတော့ Maurice နဲ့ Roy လို့ခေါ်တဲ့ အလုပ်သမားနှစ်ယောက်နဲ့ IT အကြောင်းကို ဘာမှနားမလည်တဲ့ သူတို့ရဲ့အထက်လူကြီးတို့ကြားက ပြဿာနာတွေကို ဟာသဆန်ဆန် ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲလေးတစ်ခု ဖြစ်ပါတယ်။

(6) After Life
photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၉ ခုနှစ်မှာ ထွက်ခဲ့ပြီးတော့ IMDb (8.5) ရထားပါတယ်။ Tony ဟာပျော်ဖို့ကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပေမယ့် တစ်ရက်မှာတော့ မထင်မှတ်ဘဲသူ့ရဲ့အမျိုးသမီးဖြစ်သူ Lisa ဟာသေဆုံးသွားခဲ့ပါတယ်။ သူဟာအစကတော့ သဘောကောင်းတဲ့လူတစ်ယောက်ဖြစ်ပြီး အဲ့ဒီအဖြစ်အပျက်ဖြစ်သွားပြီးတဲ့နောက်မှာတော့ သူဟာဘာကိုမှ ဂရုမစိုက်တော့ဘဲ နေချင်သလိုနေပါတော့တယ်။ သူ့ကိုယ်သူအပါအဝင် တစ်ခြားဘယ်သူ့ကိုမှလည်း ဂရုမစိုက်တော့ဘဲ နေချင်သလိုနေနေတာကြောင့် သူ့ရဲ့သူငယ်ချင်းနဲ့ မိသားစုတွေက သူ့ကိုအရင်တုန်းကလိုလူမျိုး ပြန်ပြီးဖြစ်လာအောင် ကြိုးစားပါတော့တယ်။

(5) Community
photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ ၂၀၀၉ ခုနှစ်မှာ ထွက်ခဲ့တာဖြစ်ပြီး IMDb (8.5) ရရှိထားပါတယ်။ စိတ်ကြီးဝင်ပြီးတော့ တစ်ကိုယ်ကောင်းသမားတစ်ယောက်ဖြစ်တဲ့ ရှေ့နေ Jeff ဟာတစ်ရက်မှာတော့ သူပြုလုပ်ထားတဲ့ဘွဲ့အတုကို မိသွားတာကြောင့် သူဟာ ကောလိပ်တစ်ခုကို ပြန်လည်တက်ရပါတော့တယ်။ အဲ့ဒီကောလိပ်မှာပဲ သူ့ကို လူကြီးလူကောင်းတစ်ယောက်အဖြစ် ပြောင်းလဲပေးမယ့် လူတွေနဲ့တွေ့ဆုံခဲ့ရပါတယ်။

(4) Parks and Recreation
photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ ၂၀၀၉ ခုနှစ်မှာ ထွက်ခဲ့ဖြစ်ပြီးတော့ IMDb (8.6) ရထားခဲ့ပါတယ်။ ဇာတ်လမ်းကတော့ အလုပ်ခွင်မှာ ကြုံတွေ့ရတဲ့ ဟာသဆန်ဆန်ဖြစ်ရပ်တွေကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Leslie Knope ဆိုတဲ့ကောင်မလေးဟာ သူ့ရဲ့ရည်မှန်းချက်တွေကို အောင်မြင်အောင်လုပ်ဖို့ကြိုးစားနေရင်းနဲ့ သူ့ရဲ့အလုပ်ခွင်မှာလည်း အောင်မြင်အောင် လုပ်နိုင်အောင် ကြိုးစားနေခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ အဲ့လိုအရာနှစ်ခုကို တပြိုင်တည်းလုပ်နေရင်းနဲ့ ကြုံတွေ့ရမယ့်ဖြစ်ရပ်တွေကို ဟာသဆန်ဆန်ရိုက်ကူးထားပါတယ်။

(3) Arrested Development
photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ ၂၀၀၃ ခုနှစ်မှာ ထွက်ခဲ့ပြီးတော့ IMDb (8.7) ရထားပါတယ်။ Michael Bluth ရဲ့အဖေဟာ ငွေကြေးလိမ်လည်မှုကြောင့် အဖမ်းခံလိုက်ရပြီးတဲ့အချိန်မှာတော့ သူဟာ သူတို့မိသားစုရဲ့ သိက္ခာကိုပြန်ပြီး အဖတ်ဆည်ဖို့ ကြိုးစားရပါတော့တယ်။ ဒါ့အပြင် သူတို့မိသားစုတစ်ခုလုံးဟာ ပုံမှန်မဟုတ်တာကြောင့် သူ့မိသားစုတစ်ခုလုံးကိုလည်း ထိန်းချုပ်ပြီး နေထိုင်ရပါတော့တယ်။ ဒီဇာတ်လမ်းတွဲကလည်း သင့်ရဲ့စိတ်ပင်ပန်းမှုတွေကို ပြေပျောက်စေမယ့် ဟာသဇာတ်လမ်းတွဲလေး ဖြစ်ပါတယ်။

(2) BoJack Horseman
photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၄ ခုနှစ်က ထွက်ခဲ့တာဖြစ်ပြီး IMDb (8.7) ရရှိထားပါတယ်။ BoJack ဟာစကားပြောတတ်တဲ့မြင်းတစ်ကောင်ဖြစ်ပြီးတော့ သူဟာ ၁၉၉၀ နောက်ပိုင်းလောက်မှာ နာမည်ကြီး သရုပ်ဆောင်တစ်ယောက် ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အခုချိန်မှာတော့ သူဟာ အရက်စွဲနေတဲ့လူတစ်ယောက်ဖြစ်နေပြီးတော့ အရင်လိုနာမည်ကြီးလူတစ်ယောက် ဖြစ်ဖို့အတွက် ပြန်ပြီးကြိုးစားနေခဲ့ပါတယ်။

(1) The Office
photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ ၂၀၀၅ ခုနှစ်တုန်းက ထွက်ခဲ့ပြီးတော့ IMDb (8.9) ရထားခဲ့ပါတယ်။ Dunder-Mifflin လို့ခေါ်တဲ့ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ကြတဲ့ လူပေါင်းစုံတို့ရဲ့အကြောင်းကို ရိုက်ပြထားခဲ့တာ ဖြစ်ပါတယ်။ သူတို့တွေဟာ နေ့တိုင်းအဲ့ဒီကုမ္ပဏီမှာ အလုပ်လုပ်ကြပြီး ဖြစ်ပေါ်လာတဲ့ ပြဿနာတွေနဲ့ ဟာသဆန်ဆန်ဖြစ်ရပ်တွေကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

လူေတြဟာ အလုပ္ေတြနဲ႔တစ္ျခားကိုယ္ေရးကိုယ္တာကိစၥေတြေၾကာင့္ စိတ္ပင္ပန္းတဲ့အခ်ိန္မွာေတာ့ စိတ္ထြက္ေပါက္အျဖစ္နဲ႔ ဟာသကားေတြကို ၾကည့္ေလ့ရွိၾကပါတယ္။ ဒါ့အျပင္ ဘယ္လိုအခ်ိန္ပဲျဖစ္ျဖစ္ ဟာသကားေတြကို ၾကည့္ရတာ ႀကိဳက္ႏွစ္သက္သူေတြလည္း ရွိပါတယ္။ သာမန္႐ုပ္ရွင္ကားေတြဆိုရင္ တစ္ကားတည္းၾကည့္ၿပီးသြားတာကို မႀကိဳက္တဲ့သူေတြအတြက္လည္း ဒီတစ္ခါေတာ့ ဟာသကိုအသားေပး႐ိုက္ကူးထားတဲ့ စီးရီးေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(7) The IT Crowd
photo via screenrant

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၀၆ ခုႏွစ္တုန္းက ထြက္ခဲ့တာ ျဖစ္ၿပီးေတာ့ IMDb (8.5) ရရွိထားခဲ့ပါတယ္။ ဇာတ္လမ္းကေတာ့ လန္ဒန္ၿမိဳ႕မွာရွိတဲ့ ႐ုံးတစ္ခုရဲ႕ IT ဌာနမွာရွိတဲ့ လူေတြရဲ႕အေၾကာင္းကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ အဲ့ဒီဌာနမွာေတာ့ Maurice နဲ႔ Roy လို႔ေခၚတဲ့ အလုပ္သမားႏွစ္ေယာက္နဲ႔ IT အေၾကာင္းကို ဘာမွနားမလည္တဲ့ သူတို႔ရဲ႕အထက္လူႀကီးတို႔ၾကားက ျပႆာနာေတြကို ဟာသဆန္ဆန္ ႐ိုက္ကူးထားတဲ့ ဇာတ္လမ္းတြဲေလးတစ္ခု ျဖစ္ပါတယ္။

(6) After Life
photo via screenrant

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၉ ခုႏွစ္မွာ ထြက္ခဲ့ၿပီးေတာ့ IMDb (8.5) ရထားပါတယ္။ Tony ဟာေပ်ာ္ဖို႔ေကာင္းတဲ့ မိသားစုဘဝေလးကို ပိုင္ဆိုင္ထားေပမယ့္ တစ္ရက္မွာေတာ့ မထင္မွတ္ဘဲသူ႔ရဲ႕အမ်ိဳးသမီးျဖစ္သူ Lisa ဟာေသဆုံးသြားခဲ့ပါတယ္။ သူဟာအစကေတာ့ သေဘာေကာင္းတဲ့လူတစ္ေယာက္ျဖစ္ၿပီး အဲ့ဒီအျဖစ္အပ်က္ျဖစ္သြားၿပီးတဲ့ေနာက္မွာေတာ့ သူဟာဘာကိုမွ ဂ႐ုမစိုက္ေတာ့ဘဲ ေနခ်င္သလိုေနပါေတာ့တယ္။ သူ႔ကိုယ္သူအပါအဝင္ တစ္ျခားဘယ္သူ႔ကိုမွလည္း ဂ႐ုမစိုက္ေတာ့ဘဲ ေနခ်င္သလိုေနေနတာေၾကာင့္ သူ႔ရဲ႕သူငယ္ခ်င္းနဲ႔ မိသားစုေတြက သူ႔ကိုအရင္တုန္းကလိုလူမ်ိဳး ျပန္ၿပီးျဖစ္လာေအာင္ ႀကိဳးစားပါေတာ့တယ္။

(5) Community
photo via screenrant

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၀၉ ခုႏွစ္မွာ ထြက္ခဲ့တာျဖစ္ၿပီး IMDb (8.5) ရရွိထားပါတယ္။ စိတ္ႀကီးဝင္ၿပီးေတာ့ တစ္ကိုယ္ေကာင္းသမားတစ္ေယာက္ျဖစ္တဲ့ ေရွ႕ေန Jeff ဟာတစ္ရက္မွာေတာ့ သူျပဳလုပ္ထားတဲ့ဘြဲ႕အတုကို မိသြားတာေၾကာင့္ သူဟာ ေကာလိပ္တစ္ခုကို ျပန္လည္တက္ရပါေတာ့တယ္။ အဲ့ဒီေကာလိပ္မွာပဲ သူ႔ကို လူႀကီးလူေကာင္းတစ္ေယာက္အျဖစ္ ေျပာင္းလဲေပးမယ့္ လူေတြနဲ႔ေတြ႕ဆုံခဲ့ရပါတယ္။

(4) Parks and Recreation
photo via screenrant

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၀၉ ခုႏွစ္မွာ ထြက္ခဲ့ျဖစ္ၿပီးေတာ့ IMDb (8.6) ရထားခဲ့ပါတယ္။ ဇာတ္လမ္းကေတာ့ အလုပ္ခြင္မွာ ႀကဳံေတြ႕ရတဲ့ ဟာသဆန္ဆန္ျဖစ္ရပ္ေတြကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ Leslie Knope ဆိုတဲ့ေကာင္မေလးဟာ သူ႔ရဲ႕ရည္မွန္းခ်က္ေတြကို ေအာင္ျမင္ေအာင္လုပ္ဖို႔ႀကိဳးစားေနရင္းနဲ႔ သူ႔ရဲ႕အလုပ္ခြင္မွာလည္း ေအာင္ျမင္ေအာင္ လုပ္ႏိုင္ေအာင္ ႀကိဳးစားေနခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ အဲ့လိုအရာႏွစ္ခုကို တၿပိဳင္တည္းလုပ္ေနရင္းနဲ႔ ႀကဳံေတြ႕ရမယ့္ျဖစ္ရပ္ေတြကို ဟာသဆန္ဆန္႐ိုက္ကူးထားပါတယ္။

(3) Arrested Development
photo via screenrant

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၀၃ ခုႏွစ္မွာ ထြက္ခဲ့ၿပီးေတာ့ IMDb (8.7) ရထားပါတယ္။ Michael Bluth ရဲ႕အေဖဟာ ေငြေၾကးလိမ္လည္မႈေၾကာင့္ အဖမ္းခံလိုက္ရၿပီးတဲ့အခ်ိန္မွာေတာ့ သူဟာ သူတို႔မိသားစုရဲ႕ သိကၡာကိုျပန္ၿပီး အဖတ္ဆည္ဖို႔ ႀကိဳးစားရပါေတာ့တယ္။ ဒါ့အျပင္ သူတို႔မိသားစုတစ္ခုလုံးဟာ ပုံမွန္မဟုတ္တာေၾကာင့္ သူ႔မိသားစုတစ္ခုလုံးကိုလည္း ထိန္းခ်ဳပ္ၿပီး ေနထိုင္ရပါေတာ့တယ္။ ဒီဇာတ္လမ္းတြဲကလည္း သင့္ရဲ႕စိတ္ပင္ပန္းမႈေတြကို ေျပေပ်ာက္ေစမယ့္ ဟာသဇာတ္လမ္းတြဲေလး ျဖစ္ပါတယ္။

(2) BoJack Horseman
photo via screenrant

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၄ ခုႏွစ္က ထြက္ခဲ့တာျဖစ္ၿပီး IMDb (8.7) ရရွိထားပါတယ္။ BoJack ဟာစကားေျပာတတ္တဲ့ျမင္းတစ္ေကာင္ျဖစ္ၿပီးေတာ့ သူဟာ ၁၉၉၀ ေနာက္ပိုင္းေလာက္မွာ နာမည္ႀကီး သ႐ုပ္ေဆာင္တစ္ေယာက္ ျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္လည္း အခုခ်ိန္မွာေတာ့ သူဟာ အရက္စြဲေနတဲ့လူတစ္ေယာက္ျဖစ္ေနၿပီးေတာ့ အရင္လိုနာမည္ႀကီးလူတစ္ေယာက္ ျဖစ္ဖို႔အတြက္ ျပန္ၿပီးႀကိဳးစားေနခဲ့ပါတယ္။

(1) The Office
photo via screenrant

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၀၅ ခုႏွစ္တုန္းက ထြက္ခဲ့ၿပီးေတာ့ IMDb (8.9) ရထားခဲ့ပါတယ္။ Dunder-Mifflin လို႔ေခၚတဲ့ ကုမၸဏီတစ္ခုမွာ အလုပ္လုပ္ၾကတဲ့ လူေပါင္းစုံတို႔ရဲ႕အေၾကာင္းကို ႐ိုက္ျပထားခဲ့တာ ျဖစ္ပါတယ္။ သူတို႔ေတြဟာ ေန႔တိုင္းအဲ့ဒီကုမၸဏီမွာ အလုပ္လုပ္ၾကၿပီး ျဖစ္ေပၚလာတဲ့ ျပႆနာေတြနဲ႔ ဟာသဆန္ဆန္ျဖစ္ရပ္ေတြကို ႐ိုက္ကူးထားတဲ့ ဇာတ္လမ္းတြဲတစ္ခု ျဖစ္ပါတယ္။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular