HomeEntertainmentFilm၂၀၂၀ခုနှစ်မှာ Disney+ က ပြသခဲ့တဲ့ IMDb အမြင့်ဆုံး ဇာတ်ကားကောင်းများ

၂၀၂၀ခုနှစ်မှာ Disney+ က ပြသခဲ့တဲ့ IMDb အမြင့်ဆုံး ဇာတ်ကားကောင်းများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

၂၀၂၀ ခုနှစ်တုန်းကတော့ အားလုံးသိကြတဲ့အတိုင်း ကိုဗစ်ကြောင့် ရုပ်ရှင်ထုတ်လုပ်ရေးတွေဟာ သူတို့ရဲ့ရုပ်ရှင်တွေကို ရုံမတင်နိုင်ခဲ့ပါဘူး။ ဒါကြောင့်ပဲ ရုပ်ရှင်ထုတ်လုပ်ရေး အများစုကတော့ သူတို့ရဲ့ ရုပ်ရှင်တွေကို streaming service တွေကနေတဆင့် ပြသခဲ့ကြပါတယ်။ Disney ဟာလည်း သူတို့ရဲ့ ရုပ်ရှင်တွေကို ရုံတင်လို့ အဆင်မပြေတာကြောင့် Disney+ ကနေ ပြသခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ ၂၀၂၀ ခုနှစ်မှာ Disney+ က ပြသခဲ့တဲ့ IMDb အကောင်းဆုံး ဇာတ်ကားတွေကို ဖော်ပြပေးချင်ပါတယ်။

(7) Black Beauty
photo via screenrant

ဒီရုပ်ရှင်ကတော့ IMDb (6.4) နဲ့ Rotten Tomatoes 48% ရရှိထားတဲ့ ဒရာမာဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ ဒါ့အပြင် ဒီရုပ်ရှင်ဟာ ၁၈၇၇ခုနှစ်က ထွက်ရှိခဲ့တဲ့ ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မြင်းရိုင်းတစ်ကောင်နဲ့ ဆယ်ကျော်သက်အရွယ် ကောင်မလေးတစ်ယောက်တို့ တွေ့ဆုံမိပြီး ဖျက်ဆီးလို့ မရနိုင်တဲ့ သံယောဇဉ်တွေ ဖြစ်ပေါ်လာတဲ့အကြောင်း ရိုက်ကူးထားတာပါ။ Kate Winslet နဲ့ Mackenzie Foy တို့က အဓိကသရုပ်ဆောင်အနေနဲ့ ပါဝင်ထားပါတယ်။

(6) The One and Only Ivan
photo via screenrant

ဒီရုပ်ရှင်ကတော့ IMDb (6.6) နဲ့ Rotten Tomatoes 70% ရရှိထားတဲ့ ဟာသဒရာမာ အမျိူးအစားပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Ivan လို့ ခေါ်တဲ့ မျောက်ဝံတစ်ကောင်နဲ့ Ruby ဆိုတဲ့ ဆင်တစ်ကောင်ဟာ ဖမ်းဆီးခံထားရတဲ့ အခြေအနေကနေ လွတ်မြောက်နိုင်ဖို့ ကြိုးစားကြတာပဲ ဖြစ်ပါတယ်။ လွတ်မြောက်ဖို့ ကြိုးစားနေကြတဲ့အချိန်မှာပဲ Ivan ဟာ Ruby ရဲ့ အကူအညီနဲ့ သူ့ရဲ့ အတိတ်ကို ပြန်လည်မှတ်မိနိုင်ဖို့ ကြိုးစားတာကို မြင်တွေ့ရမှာပါ။ ဒါ့အပြင် ဒီရုပ်ရှင်ဟာ အော်စကာဆု တစ်ဆုအတွက် စံကာတင်စာရင်း ဝင်ခဲ့ပြီး Sam Rockwell ၊ Bryan Cranston နဲ့ Angelina Jolie တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

(5) Safety
photo via screenrant

ဒီရုပ်ရှင်ကတော့ IMDb (6.9) နဲ့ Rotten Tomatoes 80% ရရှိထားတဲ့ အားကစား၊ ဒရာမာ ဇာတ်လမ်းအမျိူးအစား ဖြစ်ပါတယ်။ ဘောလုံးကစားသမား Ray McElrathbey ရဲ့ ဘဝအကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Ray ဟာ တက္ကသိုလ်တစ်ခုရဲ့ ကစားသမားအသစ် တစ်ယောက် ဖြစ်ပြီး သူ့ရဲ့ ညီဖြစ်သူကို ပြုစုပျိူးထောင်ပေးတာကို မြင်တွေ့ရမှာပါ။ သရုပ်ဆောင်တွေကတော့ Jay Reeves ၊ Thaddeus J. Mixson နဲ့ Corinne Foxx တို့ ပါဝင်ထားပါတယ်။

(4) Phineas and Ferb The Movie: Candace Against the Universe
photo via screenrant

ဒီဇာတ်လမ်းကတော့ IMDb (7.1) နဲ့ Rotten Tomatoes 100% ရရှိထားတဲ့ စွန့်စားခန်း၊ အက်ရှင်ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Candace ဟာ ဂြိုလ်သားတွေရဲ့ ပြန်ပေးဆွဲခံလိုက်ရရာက စတင်ပါတယ်။ ဒါကြောင့်ပဲ Phineas နဲ့ Ferb တို့ဟာ Candace ကို ပြန်လည်ကယ်တင်ဖို့အတွက် စွန့်စားခန်း ထွက်လာတာကို ကြည့်ရှုရမှာပါ။ Vincent Martella ၊ Ashley Tisdale နဲ့ David Errigo Jr. တို့က အသံသရုပ်ဆောင်အနေနဲ့ ပါဝင်ထားပါတယ်။

(3) Clouds
photo via screenrant

ဒီရုပ်ရှင်ကတော့ IMDb (7.5) နဲ့ Rotten Tomatoes 76% ရရှိထားတဲ့ ဒရာမာ၊ musical ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Zach Sobiech ဆိုတဲ့ လူငယ် ဂီတပညာရှင်တစ်ယောက်ဟာ ကင်ဆာရောဂါကို ခံစားနေရပါတယ်။ Zach ဟာ သူ့ရဲ့ကင်ဆာရောဂါကြောင့် လအနည်းငယ်ပဲ အသက်ရှင်ရတော့မယ့် လူတစ်ယောက်ဆိုလည်း မမှားပါဘူး။ အဲ့ဒီအချိန်မှာတော့ သူ့အတွက် ကျန်ရှိနေတဲ့ အချိန်တွေကို သူ့ရဲ့အိပ်မက်တွေ အကောင်အထည်ဖော်ဖို့အတွက် အသုံးချပါတော့တယ်။ Fin Argus ၊ Neve Campbell နဲ့ Sabrina Carpenter တို့က အဓိကသရုပ်ဆောင်တွေအနေနဲ့ ပါဝင်ထားပါတယ်။

(2) Soul
photo via screenrant

ဒီဇာတ်လမ်းကတော့ IMDb (8.1) နဲ့ Rotten Tomatoes 95% ရရှိထားတဲ့ စွန့်စားခန်း ဟာသ အမျိူးအစား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Jazz ဂီတပညာရှင်တစ်ယောက်ဟာ တစ်ရက်မှာ သူ့ရဲ့အိပ်မက်ဖြစ်တဲ့ စတိတ်စင်ပေါ်မှာ ဖျော်ဖြေဖို့ အခွင့်အရေး ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ကံဆိုးစွာနဲ့ပဲ အကြောင်းတစ်ခုကြောင့် သူဟာ ကမ္ဘာနဲ့ တမလွန်ကြားက ထူးဆန်းတဲ့ နေရာတစ်ခုကို ရောက်ရှိသွားပါတယ်။ ဒါကြောင့်ပဲ သူဟာ လူမဖြစ်သေးတဲ့ Soul တစ်ယောက်ရဲ့ အကူအညီနဲ့ ကမ္ဘာပေါ်ကို ပြန်လာဖို့ ကြိုးစားပါတော့တယ်။ ဒီဇာတ်လမ်းဟာ အော်စကာဆု နှစ်ခု ဆွတ်ခူးနိုင်ခဲ့ပြီး Jamie Foxx နဲ့ Tina Fey တို့က အသံသရုပ်ဆောင်အဖြစ် ပါဝင်ထားပါတယ်။

(1) Hamilton
photo via screenrant

ဒီရုပ်ရှင်ကတော့ IMDb (8.5) နဲ့ Rotten Tomatoes 98% ရရှိထားတဲ့ ဒရာမာ ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ အပြင်မှာ တကယ်ရှိခဲ့တဲ့ Alexander Hamilton ရဲ့ ဘဝအကြောင်းကို ပြဇာတ်ပုံစံမျိူး ဖန်တီးထားတာ ဖြစ်ပါတယ်။ Hamilton ဟာ မိဘမဲ့ကလေးဘဝကနေ ကြီးပြင်းလာပြီး အမေရိကန်ရဲ့ ပထမဆုံးသမ္မတကို စီးပွားရေးဆိုင်ရာ အကြံပေးခဲ့သူ ဖြစ်ပါတယ်။ ကြည့်ရှုရတဲ့ ပရိသတ်တွေအနေနဲ့လည်း ပြဇာတ်ရုံထဲမှာ တကယ် ရောက်နေသလို ခံစားရအောင် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Lin-Manuel Miranda ၊ Daveed Diggs ၊ Renee Elise Goldsberry နဲ့ Jonathan Groff တို့က ပါဝင်ထားပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

၂၀၂၀ ခုႏွစ္တုန္းကေတာ့ အားလုံးသိၾကတဲ့အတိုင္း ကိုဗစ္ေၾကာင့္ ႐ုပ္ရွင္ထုတ္လုပ္ေရးေတြဟာ သူတို႔ရဲ႕႐ုပ္ရွင္ေတြကို ႐ုံမတင္ႏိုင္ခဲ့ပါဘူး။ ဒါေၾကာင့္ပဲ ႐ုပ္ရွင္ထုတ္လုပ္ေရး အမ်ားစုကေတာ့ သူတို႔ရဲ႕ ႐ုပ္ရွင္ေတြကို streaming service ေတြကေနတဆင့္ ျပသခဲ့ၾကပါတယ္။ Disney ဟာလည္း သူတို႔ရဲ႕ ႐ုပ္ရွင္ေတြကို ႐ုံတင္လို႔ အဆင္မေျပတာေၾကာင့္ Disney+ ကေန ျပသခဲ့ပါတယ္။ ဒီတစ္ခါမွာေတာ့ ၂၀၂၀ ခုႏွစ္မွာ Disney+ က ျပသခဲ့တဲ့ IMDb အေကာင္းဆုံး ဇာတ္ကားေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(7) Black Beauty
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ IMDb (6.4) နဲ႔ Rotten Tomatoes 48% ရရွိထားတဲ့ ဒရာမာဇာတ္လမ္းတစ္ပုဒ္ ျဖစ္ပါတယ္။ ဒါ့အျပင္ ဒီ႐ုပ္ရွင္ဟာ ၁၈၇၇ခုႏွစ္က ထြက္ရွိခဲ့တဲ့ ဝတၳဳကို ျပန္လည္႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ ျမင္း႐ိုင္းတစ္ေကာင္နဲ႔ ဆယ္ေက်ာ္သက္အ႐ြယ္ ေကာင္မေလးတစ္ေယာက္တို႔ ေတြ႕ဆုံမိၿပီး ဖ်က္ဆီးလို႔ မရႏိုင္တဲ့ သံေယာဇဥ္ေတြ ျဖစ္ေပၚလာတဲ့အေၾကာင္း ႐ိုက္ကူးထားတာပါ။ Kate Winslet နဲ႔ Mackenzie Foy တို႔က အဓိကသ႐ုပ္ေဆာင္အေနနဲ႔ ပါဝင္ထားပါတယ္။

(6) The One and Only Ivan
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ IMDb (6.6) နဲ႔ Rotten Tomatoes 70% ရရွိထားတဲ့ ဟာသဒရာမာ အမ်ိဴးအစားပဲ ျဖစ္ပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ Ivan လို႔ ေခၚတဲ့ ေမ်ာက္ဝံတစ္ေကာင္နဲ႔ Ruby ဆိုတဲ့ ဆင္တစ္ေကာင္ဟာ ဖမ္းဆီးခံထားရတဲ့ အေျခအေနကေန လြတ္ေျမာက္ႏိုင္ဖို႔ ႀကိဳးစားၾကတာပဲ ျဖစ္ပါတယ္။ လြတ္ေျမာက္ဖို႔ ႀကိဳးစားေနၾကတဲ့အခ်ိန္မွာပဲ Ivan ဟာ Ruby ရဲ႕ အကူအညီနဲ႔ သူ႔ရဲ႕ အတိတ္ကို ျပန္လည္မွတ္မိႏိုင္ဖို႔ ႀကိဳးစားတာကို ျမင္ေတြ႕ရမွာပါ။ ဒါ့အျပင္ ဒီ႐ုပ္ရွင္ဟာ ေအာ္စကာဆု တစ္ဆုအတြက္ စံကာတင္စာရင္း ဝင္ခဲ့ၿပီး Sam Rockwell ၊ Bryan Cranston နဲ႔ Angelina Jolie တို႔ ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

(5) Safety
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ IMDb (6.9) နဲ႔ Rotten Tomatoes 80% ရရွိထားတဲ့ အားကစား၊ ဒရာမာ ဇာတ္လမ္းအမ်ိဴးအစား ျဖစ္ပါတယ္။ ေဘာလုံးကစားသမား Ray McElrathbey ရဲ႕ ဘဝအေၾကာင္းကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ Ray ဟာ တကၠသိုလ္တစ္ခုရဲ႕ ကစားသမားအသစ္ တစ္ေယာက္ ျဖစ္ၿပီး သူ႔ရဲ႕ ညီျဖစ္သူကို ျပဳစုပ်ိဴးေထာင္ေပးတာကို ျမင္ေတြ႕ရမွာပါ။ သ႐ုပ္ေဆာင္ေတြကေတာ့ Jay Reeves ၊ Thaddeus J. Mixson နဲ႔ Corinne Foxx တို႔ ပါဝင္ထားပါတယ္။

(4) Phineas and Ferb The Movie: Candace Against the Universe
photo via screenrant

ဒီဇာတ္လမ္းကေတာ့ IMDb (7.1) နဲ႔ Rotten Tomatoes 100% ရရွိထားတဲ့ စြန႔္စားခန္း၊ အက္ရွင္ဇာတ္လမ္းတစ္ပုဒ္ ျဖစ္ပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ Candace ဟာ ၿဂိဳလ္သားေတြရဲ႕ ျပန္ေပးဆြဲခံလိုက္ရရာက စတင္ပါတယ္။ ဒါေၾကာင့္ပဲ Phineas နဲ႔ Ferb တို႔ဟာ Candace ကို ျပန္လည္ကယ္တင္ဖို႔အတြက္ စြန႔္စားခန္း ထြက္လာတာကို ၾကည့္ရႈရမွာပါ။ Vincent Martella ၊ Ashley Tisdale နဲ႔ David Errigo Jr. တို႔က အသံသ႐ုပ္ေဆာင္အေနနဲ႔ ပါဝင္ထားပါတယ္။

(3) Clouds
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ IMDb (7.5) နဲ႔ Rotten Tomatoes 76% ရရွိထားတဲ့ ဒရာမာ၊ musical ႐ုပ္ရွင္တစ္ကား ျဖစ္ပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ Zach Sobiech ဆိုတဲ့ လူငယ္ ဂီတပညာရွင္တစ္ေယာက္ဟာ ကင္ဆာေရာဂါကို ခံစားေနရပါတယ္။ Zach ဟာ သူ႔ရဲ႕ကင္ဆာေရာဂါေၾကာင့္ လအနည္းငယ္ပဲ အသက္ရွင္ရေတာ့မယ့္ လူတစ္ေယာက္ဆိုလည္း မမွားပါဘူး။ အဲ့ဒီအခ်ိန္မွာေတာ့ သူ႔အတြက္ က်န္ရွိေနတဲ့ အခ်ိန္ေတြကို သူ႔ရဲ႕အိပ္မက္ေတြ အေကာင္အထည္ေဖာ္ဖို႔အတြက္ အသုံးခ်ပါေတာ့တယ္။ Fin Argus ၊ Neve Campbell နဲ႔ Sabrina Carpenter တို႔က အဓိကသ႐ုပ္ေဆာင္ေတြအေနနဲ႔ ပါဝင္ထားပါတယ္။

(2) Soul
photo via screenrant

ဒီဇာတ္လမ္းကေတာ့ IMDb (8.1) နဲ႔ Rotten Tomatoes 95% ရရွိထားတဲ့ စြန႔္စားခန္း ဟာသ အမ်ိဴးအစား ျဖစ္ပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ Jazz ဂီတပညာရွင္တစ္ေယာက္ဟာ တစ္ရက္မွာ သူ႔ရဲ႕အိပ္မက္ျဖစ္တဲ့ စတိတ္စင္ေပၚမွာ ေဖ်ာ္ေျဖဖို႔ အခြင့္အေရး ရရွိခဲ့ပါတယ္။ ဒါေပမယ့္လည္း ကံဆိုးစြာနဲ႔ပဲ အေၾကာင္းတစ္ခုေၾကာင့္ သူဟာ ကမာၻနဲ႔ တမလြန္ၾကားက ထူးဆန္းတဲ့ ေနရာတစ္ခုကို ေရာက္ရွိသြားပါတယ္။ ဒါေၾကာင့္ပဲ သူဟာ လူမျဖစ္ေသးတဲ့ Soul တစ္ေယာက္ရဲ႕ အကူအညီနဲ႔ ကမာၻေပၚကို ျပန္လာဖို႔ ႀကိဳးစားပါေတာ့တယ္။ ဒီဇာတ္လမ္းဟာ ေအာ္စကာဆု ႏွစ္ခု ဆြတ္ခူးႏိုင္ခဲ့ၿပီး Jamie Foxx နဲ႔ Tina Fey တို႔က အသံသ႐ုပ္ေဆာင္အျဖစ္ ပါဝင္ထားပါတယ္။

(1) Hamilton
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ IMDb (8.5) နဲ႔ Rotten Tomatoes 98% ရရွိထားတဲ့ ဒရာမာ ဇာတ္လမ္းတစ္ပုဒ္ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ဟာ အျပင္မွာ တကယ္ရွိခဲ့တဲ့ Alexander Hamilton ရဲ႕ ဘဝအေၾကာင္းကို ျပဇာတ္ပုံစံမ်ိဴး ဖန္တီးထားတာ ျဖစ္ပါတယ္။ Hamilton ဟာ မိဘမဲ့ကေလးဘဝကေန ႀကီးျပင္းလာၿပီး အေမရိကန္ရဲ႕ ပထမဆုံးသမၼတကို စီးပြားေရးဆိုင္ရာ အႀကံေပးခဲ့သူ ျဖစ္ပါတယ္။ ၾကည့္ရႈရတဲ့ ပရိသတ္ေတြအေနနဲ႔လည္း ျပဇာတ္႐ုံထဲမွာ တကယ္ ေရာက္ေနသလို ခံစားရေအာင္ ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Lin-Manuel Miranda ၊ Daveed Diggs ၊ Renee Elise Goldsberry နဲ႔ Jonathan Groff တို႔က ပါဝင္ထားပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular