HomeEntertainmentFilmSupernatural ဇာတ်လမ်းတွဲရဲ့ ဇာတ်သိမ်းအတွက် အသင့်တော်ဆုံး fan သီအိုရီများ
Supernatural ဇာတ်လမ်းတွဲရဲ့ ဇာတ်သိမ်းအတွက် အသင့်တော်ဆုံး fan သီအိုရီများ
အောက်တွင် ဇော်ဂျီဖြင့် ဖတ်ပါ။
Supernatural ဇာတ်လမ်းတွဲဟာ ၂၀၀၅ ခုနှစ်မှာ စတင် ရိုက်ကူးခဲ့တာ ဖြစ်ပြီးတော့ အခုချိန်မှာတော့ season (15) ရောက်နေပြီးတော့ ဇာတ်သိမ်းတော့မှာ ဖြစ်ပါတယ်။ ဇာတ်သိမ်းကို နီးကပ်လာတာနဲ့အမျှ ပရိသတ်တွေဟာ စိတ်ဝင်စားမှုတွေ မြင့်တက်လာပြီးတော့ fan သီရီအိုတွေလည်း အများကြီး ထွက်လာခဲ့ပါတယ်။ အဲ့ဒါကြောင့် ဒီတစ်ခါမှာတော့ Supernatural ရဲ့ဇာတ်သိမ်းအတွက် ထွက်ပေါ်လာတဲ့ အကောင်းဆုံး fan သီအိုရီတွေကို ဖော်ပြပေးချင်ပါတယ်။
(1) Sam နဲ့ Dean ဟာ သေဆုံးသွားကြပြီး Jack နဲ့ Castiel တို့က သူတို့ရဲ့အမွေကို ဆက်ခံသွားပါမယ်။
photo via screenrant
ဒီသီအိုရီကို ထုတ်ပြောခဲ့တဲ့သူက‌ Sam နဲ့ Dean ဟာ ဘယ်လိုမျိူး သေဆုံးသွားမလည်း ဆိုတာကိုတော့ မပြောခဲ့ပါဘူး။ သူတို့ညီအကိုနှစ်ယောက်လုံးဟာ သေဆုံးသွားကြတဲ့အပြင် သူတို့ဟာ ဘယ်လိုနေရာကို ရောက်သွားမလည်းဆိုတာကို မသိရတာလည်း ပရိသတ်တွေအတွက် တော်တော်လေးကို ဝမ်းနည်းဖို့ကောင်းတဲ့ ဇာတ်သိမ်းတစ်ခု ဖြစ်မှာပါ။
ဒါ့အပြင် Jack နဲ့ Castiel တို့ဟာ Impala ကို အသုံးပြုဖို့အတွက် ရေးထားခဲ့တဲ့ စာတစ်စောင်ကို လက်ခံရရှိသွားမှာ ဖြစ်တဲ့အပြင် သူတို့နှစ်ယောက်လုံးဟာ Sam နဲ့ Dean ရဲ့ အမွေကို ဆက်ခံပြီးတော့ သဘာဝလွန် ဖြစ်ရပ်တွေကို တစ်ခြားလူတွေရဲ့ ကောင်းကျိူးအတွက် ဆက်လက်တိုက်ခိုက်သွားမှာ ဖြစ်ပါတယ်ဆိုပြီးတော့ ပြောထားပါသေးတယ်။ ဒီသီအိုရီအတိုင်းသာ ဖြစ်လာမယ်ဆိုရင်တော့ ပရိသတ်တွေအတွက် တော်တော်လေးကို ဝမ်းနည်းဖို့ကောင်းမှာ ဖြစ်တဲ့အပြင် ဒီဇာတ်လမ်းအတွက် တော်တော်လေးကောင်းတဲ့ ဇာတ်သိမ်းတစ်ခုပဲ ဖြစ်ပါတယ်။
(2) Dean ဟာ Sam အတွက် သေဆုံးသွားပြီးတော့ Jack ကတော့ God အသစ် ဖြစ်လာပါမယ်။
photo via screenrant
ပရိသတ်တွေ တော်တော်များများဟာ Dean ကို မသေစေချင်ကြပေမယ့်လည်း Dean ကတော့ အကိုကြီးလည်း ဖြစ်တာကြောင့် သူဟာ Sam ကို ကာကွယ်ဖို့အတွက် အမြဲတမ်း သူ့ကိုယ်သူ စွန့်လွှတ်ဖို့အတွက် အဆင်သင့်ဖြစ်နေသူ တစ်ယောက် ဖြစ်ပါတယ်။ ကျွန်တော်တို့ သိပြီးသား အချက်တွေအရဆိုရင် Chuck နဲ့ Amara ထဲက တစ်ယောက် မရှိတော့ရင် ကမ္ဘာကြီး ပျက်စီးသွားမှာ ဖြစ်ပြီးတော့ အခုဖြစ်နေတဲ့ အခြေအနေအရဆိုရင် Chuck ကို သတ်ပစ်ဖို့အတွက် လိုအပ်နေပါတယ်။
အဲ့ဒီအခြေအနေအတိုင်းဆိုရင် ကမ္ဘာကြီးဟာ ပျက်စီးသွားမှာ ဖြစ်တာကြောင့် Chuck ရဲ့နေရာကို Jack ကအစားထိုးဝင်ပြီး God အသစ် ဖြစ်လာမယ်လို့ ပြောထားပါတယ်။ ဒါ့အပြင် အကြောင်းတစ်ခုခုကြောင့် Dean ဟာ Sam ကိုကယ်တင်ဖို့အတွက် သူ့ကိုယ်သူ အနစ်နာခံကာ အသက်စွန့်သွားမယ်လို့လည်း သီအိုရီ ထုတ်ထားပါသေးတယ်။
(3) သဘာဝလွန်သတ္တဝါတွေဟာ လုံးဝကို ပျောက်ကွယ်သွားပါမယ်။
photo via screenrant
ဒီဇာတ်လမ်းတွဲထဲမှာ ဟာသဆန်ဆန် ဇာတ်လမ်းတစ်ခု ဖြစ်ပျက်ခဲ့ပြီး အဲ့ဒါကတော့ Sam နဲ့ Dean ဟာ သဘာဝလွန်သတ္တဝါတွေ လုံးဝကို မတည်ရှိတဲ့ ကမ္ဘာတစ်ခုကို ရောက်သွားတာပဲ ဖြစ်ပါတယ်။ ဒီသီအိုရီအရဆိုရင် ဇာတ်သိမ်းမှာတော့ အဲ့ဒီအတိုင်း သဘာဝလွန်သတ္တဝါတွေ လုံးဝကို တည်ရှိတော့မှာ မဟုတ်ပါဘူးလို့ ပြောထားပါတယ်။
ဒါ့အပြင် သူတို့နှစ်ယောက်လုံးဟာ Chuck ကို အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ပြီး Chuck သေဆုံးပြီးသွားတဲ့နောက်မှာတော့ သဘာဝလွန်သတ္တဝါတွေ အားလုံးဟာလည်း သူနဲ့အတူတူ သေဆုံးသွားမှာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ Sam နဲ့ Dean တို့ဟာ သူတို့ရဲ့ဘဝကို အသစ်ကပြန်စနိုင်ပြီးတော့ ဘဝကြီးကို အေးအေးဆေးဆေး ကုန်ဆုံးသွားနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီသီအိုရီထဲမှာတော့ Jack နဲ့ Castiel တို့အကြောင်းကို လုံးဝကို မပြောထားပါဘူး။ ဒီသီအိုရီက ပရိသတ်တွေအတွက် ဝမ်းသာတစ်ခု ဖြစ်ပေမယ့်လည်း သိပ်ပြီးတော့ ဖြစ်နိုင်တဲ့ထဲမှာတော့ မပါပါဘူး။
(4) သူတို့တွေ ဘာဆုံးရှုံးမှုမှ မရှိဘဲ Chuck ကို အနိုင်ယူနိုင်သွားပါမယ်။
photo via screenrant
ဒီသီအိုရီကတော့ ပရိသတ်တွေ တော်တော်များများ ဖြစ်စေချင်တဲ့ ဇာတ်သိမ်းတစ်ခု ဖြစ်မယ်လို့ ထင်ပါတယ်။ အဲ့ဒါကတော့ Chuck ကို အောင်အောင်မြင်မြင်နဲ့ အနိုင်ယူခဲ့တဲ့အပြင် ကြီးကြီးမားမားလည်း ဘာဆုံးရှုံးမှုမှ ဖြစ်သွားမှာ မဟုတ်ပါဘူးလို့ ပြောထားပါတယ်။
သူတို့တွေဟာ အရင်ကတည်းက သဘာဝလွန်သတ္တဝါတွေကို အမဲလိုက်ပြီး လူတွေကို ကူညီခဲ့ကြတာကြောင့် Chuck ကိုအနိုင်ယူပြီးတဲ့နောက်မှာလည်း ဆက်လက်ပြီးတော့ အမဲလိုက်သွားမှာ ဖြစ်ပါတယ်ဆိုပြီးတော့ ဖော်ပြခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့တော့ ဒီသီအိုရီဟာ လုံးဝမဖြစ်နိုင်ဘူးလို့ ယူဆပြီး God ကိုယ်တိုင်နဲ့ တိုက်ခိုက်ပြီးတာတောင် ဘာဆုံးရှုံးမှုမှ မရှိဘူးဆိုရင်တော့ ဇာတ်သိမ်းဟာ တော်တော်လေးကို ပေါ့သွားလိမ့်မယ်လို့ ထင်ပါတယ်။
(5) ဆုံးရှုံးခဲ့တဲ့ လူတွေအကုန်လုံးနဲ့ ပြန်လည်တွေ့ဆုံရပါမယ်။
photo via screenrant
ဒီသီအိုရီထဲမှာတော့ Sam နဲ့ Dean တို့နှစ်ယောက်လုံးဟာ သေဆုံးသွားကြပြီး သူတို့နှစ်ယောက်လုံး နတ်ပြည်ကို ရောက်သွားတာကို ပရိသတ်တွေ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အဲ့ဒီကို ရောက်သွားတဲ့အချိန်မှာတော့ သူတို့ညီအကိုနှစ်ယောက်ဟာ Bobby ၊ John ၊ Mary ၊ Charlie ၊ Jo ၊ Ellen တို့အပြင် သူတို့ဆုံးရှုံးလိုက်ရတဲ့ တစ်ခြားလူတွေကိုလည်း ပြန်ဆုံတွေ့ကြမယ်လို့ ပြောထားပါတယ်။
Sam နဲ့ Dean တို့ နှစ်ယောက်ဟာ ခက်ခဲကြမ်းတမ်းတဲ့လမ်းကို တစ်ဘဝလုံးကို လျှောက်လာခဲ့ရပြီး နောက်ဆုံးမှာတော့ သူတို့ချစ်တဲ့သူတွေနဲ့ ပြန်ပြီး ဆုံတွေ့ခွင့်ရသင့်တယ်လို့လည်း ထင်ပါတယ်။ ဒီသီအိုရီထဲမှာ Sam ရော Dean ရော သေဆုံးသွားပေမယ့်လည်း ဒီဇာတ်သိမ်းကတော့ တော်တော်လေး ဖြစ်နိုင်တဲ့အထဲမှာပါပြီး အားလုံးထဲမှာ အကြိုက်ဆုံး သီအိုရီတစ်ခုလည်း ဖြစ်ပါတယ်။
Legos
(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)
(Zawgyi Version)
photo via screenrant
photo via screenrant
photo via screenrant
photo via screenrant
photo via screenrant
Legos
RELATED ARTICLES
Most Popular