HomeEntertainmentFilmရေသူမတွေအကြောင်း ရိုက်ကူးထားတဲ့ IMDb Rating အမြင့်ဆုံး ရုပ်ရှင်ကားကောင်း(၇)ကား

ရေသူမတွေအကြောင်း ရိုက်ကူးထားတဲ့ IMDb Rating အမြင့်ဆုံး ရုပ်ရှင်ကားကောင်း(၇)ကား

ရေသူမတွေဟာ ဒဏ္ဍာရီလာသတ္တဝါတွေ ဖြစ်ကြပြီး ရှေးခေတ်ကနေ ယခုအချိန်ထိ လူတွေကြားမှာ ပြောဆိုခဲ့ကြတဲ့ ပုံပြင်တွေနဲ့ ဇာတ်လမ်းတွေမှာ ပါဝင်နေပါတယ်။ သူတို့ဟာ ဒဏ္ဍာရီလာသတ္တဝါတွေ ဖြစ်ကြတာကြောင့် သူတို့ရဲ့တည်ရှိမှုကို သက်သေပြနိုင်တာမျိူး မရှိခဲ့ဖူးပေမယ့်လည်း လူတွေကြားမှာ အငြင်းပွားစေတဲ့ ဗွီဒီယိုတွေ၊ ဓာတ်ပုံတွေနဲ့ ပြောစကားတွေတော့ ရှိခဲ့ဖူးပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ ယခုလိုမျိူး ထူးဆန်းတဲ့ ရေသူမတွေနဲ့ ရေသူမနဲ့ ဆင်တူတဲ့ သတ္တဝါတွေအကြောင်း ရိုက်ကူးထားတဲ့ IMDb rating အမြင့်ဆုံး ရုပ်ရှင်ကားကောင်းတွေကို ဖော်ပြပေးချင်ပါတယ်။

(7) The Little Mermaid: Ariel’s Beginning

photo via screenrant

ဒီ Animation ကတော့ ၂၀၀၈ ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (6.1) ရရှိထားကာ The Little Mermaid ရဲ့ Prequel ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ King Triton ဟာ Atlantica မြို့တော်ကြီးမှာ ဂီတကို ပိတ်ပင်တားမြစ်ထားပေမယ့် Ariel တစ်ယောက် မွေးဖွားလာတဲ့ အချိန်မှာတော့ သူမဟာ ဂီတကို ချစ်မြတ်နိုးနေပါတယ်။ ဒါကြောင့်ပဲ သူမဟာ Atlantica မြို့တော်ကြီးမှာ ဂီတတွေ တဖန်ပြန်လည်မွေးဖွားလာဖို့ ကြိုးစားတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အသံသရုပ်ဆောင်တွေကတော့ Jodi Benson ၊ Samuel E. Wright နဲ့ Parker Goris တို့ အဓိကပါဝင်ထားကြပါတယ်။

(6) Splash

photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၈၄ ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီး IMDb (6.3) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Allen ဆိုတဲ့ ကောင်လေးတစ်ယောက် ရေနစ်နေတဲ့အချိန်မှာပဲ ရေသူမလေးတစ်ယောက်က သူ့ကို ကယ်တင်သွားပါတယ်။ နှစ်‌တွေကြာမြင့်သွားတဲ့ အချိန်မှာတော့ Allen ဟာ ကောင်မလေးတစ်ယောက်နဲ့ ချစ်ကြိုက်မိသွားပါတယ်။ သို့သော်လည်း သူ မသိတဲ့အချက်ကတော့ အဲဒီကောင်မလေးဟာ ကလေးဘဝတုန်းက သူ့ကိုကယ်တင်ခဲ့တဲ့ ရေသူမလေးဆိုတာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Tom Hanks ၊ Daryl Hannah နဲ့ John Candy တို့ ပါဝင်ထားပြီး အော်စကာတစ်ဆုအတွက် စံကာတင်ဆု ရရှိထားပါတယ်။

(5) Lu Over the Wall

photo via screenrant

ဒီ Anime ကတော့ ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (6.8) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ မပျော်ရွှင်ဘဲ ထိုင်းထိုင်းမှိုင်းမှိုင်း ဖြစ်နေတဲ့ အလယ်တန်း ကျောင်းသားလေးတစ်ယောက်အကြောင်းကို မြင်တွေ့ရမှာပါ။ တစ်ရက်မှာတော့ သူဟာ မမျှော်လင့်ထားဘဲ Lu ဆိုတဲ့ ရေသူမလေးနဲ့ တွေ့ဆုံပြီးတဲ့နောက်မှာတော့ သူ့ရဲ့ဘဝဟာ လုံးဝကို ပြောင်းလဲသွားပါတော့တယ်။

(4) The Shape of Water

photo via screenrant

ဒီဇာတ်ကားကတော့ ၂၀၁၇ ခုနှစ်မှာ ထွက်ရှိထားပြီးတော့ IMDb (7.3) ရရှိထားပါတယ်။ ဇာတ်လမ်းကိုတော့ ၁၉၆၀ခုနှစ် ဝန်းကျင်လောက်မှာ ဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်လမ်းကတော့ အလွန်လျှို့ဝှက်တဲ့ အဆောက်အဦးတစ်ခုမှာ ထူးဆန်းတဲ့ ရေနေသတ္တဝါတစ်ကောင်ကို ဖမ်းဆီး ချုပ်နှောင်ထားပါတယ်။ အဲဒီနောက်မှာတော့ အဲဒီအဆောက်အဉီးက ဝန်ထမ်းအမျိုးသမီးတစ်ယောက်နဲ့ အဲဒီသတ္တဝါကြီးရဲ့ကြားထဲမှာ မမြင်ရတဲ့ကြိုးနဲ့ ချည်နှောင်မှုတွေ ရှိလာပါတော့တယ်။ Sally Hawkins နဲ့ Doug Jones တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီးတော့ အော်စကာလေးဆုလည်း ရရှိထားပါသေးတယ်။

(3) The Secret of Roan Inish

photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၉၄ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.4) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Fiona ဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ တံငါရွာလေးတစ်ခုမှာ သူမရဲ့ အဘိုးအဘွားတွေနဲ့အတူ နေထိုင်နေပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ သူမဟာ ထူးဆန်းတဲ့ အဖြစ်အပျက်တွေကို ရှာတွေ့သွားပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Jeni Courtney ၊ John Lynch နဲ့ Richard Sheridan တို့ ပါဝင်ထားပါတယ်။

(2) Ponyo

photo via screenrant

ဒီ Anime ကတော့ ၂၀၀၈ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.6) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ကောင်လေးတစ်ယောက်ဟာ ကမ်းစပ်မှာ မျောပါလာတဲ့ ပုလင်းတစ်လုံးထဲမှာ ပိတ်နေတဲ့ ရွှေငါးလေးတစ်ကောင်ကို ကယ်တင်ပေးလိုက်ပါတယ်။ အဲဒီရွှေငါးလေးကတော့ စုန်းတစ်ယောက်ရဲ့သမီး ဖြစ်နေပြီး မှော်ပညာကို အသုံးပြုကာ သူမကိုယ်သူမ လူအဖြစ် ပြောင်းလဲစေခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ရွှေငါးမလေးဟာ အဲဒီကောင်လေးနဲ့ ချစ်ကြိုက်မိသွားပါတော့တယ်။ အင်္ဂလိပ်စကားပြော ဗားရှင်းမှာတော့ Matt Damon ၊ Liam Neeson နဲ့ Noah Cyrus တို့က ပါဝင်ထားပါတယ်။

(1) The Little Mermaid

photo via screenrant

ဒီ Animation ကတော့ ၁၉၈၉ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.6) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Ariel ဆိုတဲ့ ရေသူမလေးတစ်‌ယောက်ဟာ Eric ဆိုတဲ့ လူသားမင်းသားတစ်ယောက်ကို တွေ့ဆုံမိပြီး ချစ်ကြိုက်သွားပါတယ်။ ဒါကြောင့်ပဲ သူမဟာ Eric နေထိုင်တဲ့ ကုန်းမြေပေါ်ကို လိုက်သွားဖို့အတွက် စုန်းမ Ursula နဲ့ အပေးအယူတစ်ခု လုပ်လိုက်မိပါတော့တယ်။ အသံသရုပ်ဆောင်တွေကတော့ Jodi Benson ၊ Samuel E. Wright နဲ့ Edie McClurg တို့ ပါဝင်ထားပြီး အော်စကာနှစ်ဆု ရရှိထားပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular