HomeEntertainmentFilmမကောင်းဆိုးဝါး ပူးကပ်မှုတွေအကြောင်း ရိုက်ကူးထားတဲ့ အကောင်းဆုံး ရုပ်ရှင်(၇) ကား

မကောင်းဆိုးဝါး ပူးကပ်မှုတွေအကြောင်း ရိုက်ကူးထားတဲ့ အကောင်းဆုံး ရုပ်ရှင်(၇) ကား

Horror ဇာတ်ကားတွေ ကြိုက်နှစ်သက်ကြတဲ့သူတွေအတွက် horror အမျိုးအစားထဲက မကောင်းဆိုးဝါး ပူးကပ်တဲ့ အကြောင်းတွေနဲ့ ဝိဉာဉ်လောကအကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေထဲက အကောင်းဆုံးကား (၇) ကားကို ဖော်ပြပေးချင်ပါတယ်။ ဘယ်လို ကြောက်ဖို့ကောင်းတဲ့ကားတွေ ပါမလည်းဆိုတာ ကြည့်လိုက်ရအောင်။

(7) Paranormal Activity
photo via screenrant

ဒီကားကတော့ ၂၀၀၇ခုနှစ်မှာ ထွက်ထားပြီး ဘက်ဂျက်နည်းနည်းနဲ့ ရိုက်ထားတာဆိုပေမယ့် ကြောက်ဖို့ကောင်းတဲ့ horror ကား တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အတွဲတစ်တွဲနေတဲ့ အိမ်ထဲမှာ ထူးဆန်းမှုတွေ ကြုံတွေ့ရတဲ့ အကြောင်းကို ရိုက်ကူးထားတာပါ။ ထူးဆန်းမှုတွေ ကြုံတွေ့ခဲ့ရတာကြောင့် သူတို့ရဲ့အိမ်မှာ ကင်မရာတပ်ပြီး ဘာတွေဖြစ်နေလည်းဆိုတဲ့ အမှန်တရားကို ရှာဖွေဖို့ ကြိုးစားကြရာက မခန့်မှန်းထားတဲ့ ထိတ်လန့်စရာတွေ ဖြစ်လာတဲ့အကြောင်းကို ကြည့်ရမှာပါ။

(6) The Amityville Horror
photo via screenrant

ဒီဇာတ်ကားကတော့ ဖြစ်ရပ်မှန်အပေါ် တစ်ဝက်တစ်ပျက် အခြေခံထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ နယူးယော့ခ်က သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ အိမ်ကြီးတစ်အိမ်ကို မိသားစုတစ်စု ပြောင်းလာကြရာက ထူးဆန်းပြီး ကြောက်ဖို့ကောင်းတာတွေ ဖြစ်လာတဲ့အကြောင်း ရိုက်ပြထားတာပါ။ ဒီဇာတ်ကားဟာ ၁၉၇၉ခုနှစ်က ပထမဆုံး ထွက်ရှိခဲ့ပြီး အောင်မြင်ခဲ့တာကြောင့် အဲ့ဒီ့နောက်ပိုင်းမှာ ပုံစံအမျိုးမျိုးနဲ့ ခဏခဏ ပြန်ရိုက်ကူးခဲ့ပါတယ်။

(5) Annabelle Creation
photo via screenrant

The Conjuring universe ရဲ့ spin-off ဖြစ်တဲ့ Annabelle trilogy ကလည်း နာမည်ကြီးတဲ့ horror ကားတွေထဲမှာပါပါတယ်။ ဒီကားကတော့ Annabelle ရဲ့ ဒုတိယမြောက်ကား ဖြစ်ပေမယ့် timeline အရဆိုရင်တော့ ပထမကား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အရုပ်လုပ်တဲ့လူနဲ့ ဇနီးဖြစ်သူတို့ဟာ သူတို့ရဲ့ကလေး သေသွားပြီးတဲ့နောက်မှာ သူ့တို့ရဲ့အိမ်ကို မိဘမဲ့ဂေဟာ လုပ်ဖို့အတွက် ပေးခဲ့ပါတယ်။ တစ်ရက်မှာတော့ အဲ့ဒီ့ထဲက ကောင်မလေးတစ်ယောက်က အရုပ်တစ်ရုပ်ကို သူတို့ရဲ့ ဗီရိုထဲမှာ တွေ့ခဲ့ပါတယ်။ ကံဆိုးချင်တော့ အဲ့ဒီ့အရုပ်က ဝင်ပူးရမယ့်လူကို ရှာနေတဲ့ မကောင်းဆိုးဝါး ဝိဉာဉ်နဲ့ ဆက်စပ်နေခဲ့ပါတယ်။

(4) Insidious
photo via screenrant

ဒီကားထဲက ကောင်လေးက အိပ်နေရင်း အိပ်မက်မက်နေတဲ့အချိန်ဆိုရင် ဝိဉာဉ်လောကထဲကို သွားလာနိုင်တဲ့ အစွမ်းရှိတဲ့သူပဲ ဖြစ်ပါတယ်။ တစ်ရက်မှာတော့ ဝိဉာဉ်လောကထဲကို သွားရင်းနဲ့ သူ့ရဲ့ဝိဉာဉ်က ခန္ဓာကိုယ်နဲ့ အရမ်းဝေးသွားပြီး မကောင်းဆိုးဝါးတစ်ကောင်က ဖမ်းထားလိုက်တဲ့အခါမှာတော့……။ ကောင်လေးရဲ့မိဘတွေက သူတို့ရဲ့သားလေးကို ဝိဉာဉ်လောကထဲထိလိုက်ပြီး ကယ်တင်တာကို ကြည့်ရှုရမှာပါ။

(3) The Exorcism Of Emily Rose
photo via screenrant

ဒီကားကတော့ တကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်ကို အခြေခံပြီး ရိုက်ထားတဲ့ ကားလေး ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်မှာ ထွက်ရှိထားပြီး ဇာတ်လမ်းကတော့ ဝိဉာဉ်ပူးကပ်နေတဲ့ ကောင်မလေးတစ်ယောက်ကို ဘုန်းတော်ကြီးတစ်ပါးက အပနှင်နေရင်းနဲ့ သေသွားတာကြောင့် အမှုဖြစ်ပွားပြီး ဘုန်းတော်ကြီးကို တရားစီရင်ပါတော့တယ်။ စစပြချင်းမှာတော့ ဘုန်းတော်ကြီးကို တရားခွင်မှာ စစ်ဆေးနေတဲ့ အခန်းကစပြပြီး ဘုန်းတော်ကြီးက ပြန်ဖြေတာတွေကို နောက်ကြောင်းပြန်ရင်းနဲ့ ဘာတွေဖြစ်ခဲ့တာလည်း ဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။

(2) The Last Exorcism
photo via screenrant

ဘုန်းတော်ကြီးတစ်ပါးဟာ သရဲပူးကပ်မှုဆိုတာ တကယ်မရှိကြောင်း၊ လိမ်စဉ်ကြီးသာဖြစ်ကြောင်း သက်သေပြချင်တဲ့အတွက် လူနှစ်ယောက်ကို ကင်မရာနဲ့မှတ်တမ်းတင်ခိုင်းပါတယ်။ ဖြစ်ချင်တော့ အရင်တုန်းက အဲ့ဒီ့ဘုန်းတော်ကြီးဟာ သူတို့ကိုယ်သူတို့ သရဲပူးနေပါတယ်ဆိုပြီး ယုံကြည်နေတဲ့သူတွေကိုပဲ တန်းစီပြီး သရဲနှင်ပေးခဲ့ရသူ ဖြစ်ပါတယ်။ ဒီလိုနဲ့တစ်ရက်မှာတော့ လယ်သမားတစ်ယောက်က သူ့ရဲ့သမီးဟာ ထူးဆန်းတာတွေလုပ်ပြီး သရဲပူးနေတယ်လို့ ယူဆကြောင်း ဘုန်းတော်ကြီးဆီကို ဖုန်းဆက်၊ အကူအညီတောင်းခဲ့ပါတယ်။ အဲ့ဒီနေရာကစပြီးတော့ ဒီကားက ပိုပြီး ကြောက်ဖို့ကောင်းလာမှာ ဖြစ်ပါတယ်။

(1) Hereditary
photo via screenrant

ဒီကားလေးကတော့ ၂၀၁၈ခုနှစ်မှာ ထွက်ထားပြီးတော့ IMDb 7.3 အထိရထားတဲ့ ကားကောင်းလေးပါ။ ဇာတ်လမ်းကတော့ နတ်ဆိုးတစ်ကောင်ဟာ သူ့ကိုသတိမထားမိမယ့် မိသားစုတစ်စုစုမှာ ဝင်ရောက်ပူးကပ်ဖို့ host ရှာတဲ့ ဇာတ်လမ်း ဖြစ်ပါတယ်။ Annie Graham ဆိုတဲ့ အမျိုးသမီးတစ်ယောက်မှာ Charlie ဆိုတဲ့ (၁၃)နှစ်အရွယ် သမီးလေးနဲ့  Peter ဆိုတဲ့ (၁၆)နှစ်အရွယ် သားလေးတစ်ယောက် ရှိပါတယ်။ ဒီလိုနဲ့ Annie ရဲ့အမေ သေဆုံးသွားပြီးနောက်မှာတော့ သူတို့နေတဲ့အိမ်မှာ ထိတ်လန့်စရာ ဖြစ်ရပ်တွေ ဖြစ်လာပြီး သမီးငယ်လေး Charlie အပေါ် မကောင်းတဲ့ လွှမ်းမိုးမှုတစ်ခုက အုပ်စိုးလာပါတော့တယ်။ သူတို့ရဲ့မိသားစုလေး ဘယ်လိုအဖြစ်ဆိုးတွေနဲ့ ကြုံရမလည်းဆိုတာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။

ဒါကတော့ နတ်ဆိုး၊မိစ္ဆာဝင်ရောက်ပူးကပ်တဲ့ ဖြစ်ရပ်တွေအပေါ် အခြေခံရိုက်ကူးထားတဲ့ horror ဇာတ်ကားတွေပဲ ဖြစ်ပါတယ်။ horror ပရိသတ်များ ကြည့်ရှုပြီး ရသတစ်စုံတစ်ရာ ရရှိမယ်လို့ မျှော်လင့်ပါတယ်။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular